
0
3202
Yeri







#Lifestyle_Myanmar
#LM_Nandar

Unicode

Yeri လိုအရပ်ပုတဲ့ ကောင်မလေးတွေ ဝတ်ဆင်နိုင်တဲ့ Yeri ရဲ့ထသွားထလာဖက်ရှင်လေးတွေ
Yeri လို့အများသိကြတဲ့ Redvelvet အဖွဲ့ဝင် Kim Yerim ဟာ 1999၊ မတ်လ ၅ရက်နေ့မှာ မွေးဖွားသူဖြစ်ပါတယ်။ Yeri ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မျာ မွေးဖွားခဲ့ပါတယ်။ သူမမှာ Kim Yoo-rim, Ye-eun နဲ့ Chae-eun ဆိုတဲ့ ညီမသုံးယောက်ရှိပါတယ်။

Yeri ဟာ တောင်ကိုရီးယား တေးရေး၊ တေးဆို၊ dancer တစ်ယောက်ဖြစ်ပြီး rapper တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ 2015 မတ်လ ၁၁ရက်နေ့မှာ Red Velvet ရဲ့အဖွဲ့ဝင်သစ် အဖြစ်မိတ်ဆတ်ခဲ့ပါတယ်။ သူမပထမဆုံးပါဝင်တဲ့ mini-album ကတော့ Ice Cream Cake ဖြစ်ပါတယ်။ သူမဟာ 2011 မှာ SM Entertainmnet တွင် လူတွေ့စစ်ဆေးခြင်း အောင်မြင်ခဲ့ပြီး ၄နှစ်လောက် ကုမ္ပဏီလက်အောက်မှာ လေ့ကျင့်သင်ကြားခဲ့ပါတယ်။

Yeri ဟာ Hanlim Multi Art အထက်တန်းကျောင်းမှာ တတ်ရောက်ခဲ့ပြီး 2018 မှာ ဘွဲ့ရခဲ့ပါတယ်။ Yeri ဟာ 2015 မေလ 9ရက်နေ့ကနေ နိုဝင်ဘာ 14ထိကျင်းပတဲ့ MBCရဲ့ ဂီတအစီအစဉ်ရှိုးမှာ SHINee အဖွဲ့ဝင် Minho နဲ့ VIXXအဖွဲ့ဝင် N တို့နှင့်အတူ ပါဝင်ခဲ့ပါတယ်။

သူမရဲ့ nickname ကတော့ Squirtle ဖြစ်ပါတယ်။ သူမရဲ့ကိုယ်စားပြုအရောင်က ခရမ်းရောင်ဖြစ်ပြီး သူမကိုကိုယ်စားပြုတဲ့ တိရိစ္ဆာန်ကတော့ လိပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သူမအကြိုက်ဆုံးအရောင်က ပန်းရောင်ဖြစ်ပြီး Hello Kitty ကိုနှစ်သက်ပါတယ်တဲ့။ Yeri ဟာ စတော်ဘယ်ရီနဲ့ ချောကလက်ရေခဲမုန့်ကို ကြိုက်နှစ်သက်သူပါ။

Yeri ရဲ့အရပ်အမြင့်ဟာ 5ပေ 2လက်မဖြစ်လို့ အဖွဲ့ဝင်အားလုံးထဲမှာ အရပ်အပုဆုံးဖြစ်ပေမယ့် သူမဟာ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တာကြောင့် ချစ်စရာကောင်းပြီး အရပ်ပုတယ်လို့တောင် မထင်ရပါဘူး။ ဒါ့ကြောင့် သူများထက်အရပ်ပုလို့ စိတ်မညစ်ပါနဲ့၊ Yeri လိုဖက်ရှင်လေးတွေ လိုက်ဝတ်လို့ရပါတယ်။


#Lifestyle_Myanmar
#LM_Nandar
Source- officialkoreanfashion

LEAVE A REPLY

Please enter your comment!
Please enter your name here