တစ္ေန႔တစ္ေန႔ ရံုးသြားဖို႔ အဝတ္အစားေရြးခ်ယ္ရတာ ၿငီးေငြ႕စရာေကာင္းေနပါသလား? ဖက္ရွင္လည္းက်ၿပီး ကုမၸဏီ၊ရံုးေတြနဲ႔ လိုက္ဖက္မယ့္ “What’s Wrong With Secretary Kim”ဇာတ္လမး္တြဲထဲက ရံုးတတ္ဖက္ရွင္ေလးေတြကို ေဖာ္ျပေပးလိုက္တယ္ေနာ္။
pencil skirt ေလးေတြနဲ႔ classic blouses
အတြင္းေရးမွဴးကင္မ္(ပတ္ခ္မင္ေယာင္) ဝတ္ဆင္တဲ့ ဘေလာက္အက်ီၤေလးေတြလို အေရာင္ကြဲေလးေတြ စတုိင္မတူတာေလးေတြ ဝတ္ဆင္လို႔ရပါတယ္။ ေက္ာလံရိုးရိုး ဒါမွမဟုတ္ ဖဲျပားႀကိဳးခ်ည္ေလးေတြ၊ အတြန္႔အဖက္ေလးေတြပါတဲ့ ဘေလာက္အကၤ်ီေလးေတြကို စမတ္က်က်နဲ႔ ၾကည္ေကာင္းေအာင္ဖန္တီးဖိို႔ pencil skirts ေလးေတြနဲ႔အတူ ဝတ္ဆင္ႏုိင္္ပါတယ္။ ဒီယူနီေဖာင္းနဲ႔အတူ လိုက္ဖက္ေအာင္ သူမဝတ္ဆင္သလို အိတ္ႏွင့္ ေဒါက္ဖိနပ္ကို ေျပာင္ေလးေတြ တြဲစပ္ႏိုင္ပါတယ္။
ဒါကေတာ့ အလုပ္ဂ်ဴတီမရွိတဲ့ေန႔ ဝတ္ဆင္တဲ့ ေပါ့ေပါ့ပါးပါးဖက္ရွင္ေလးေတြပါ။ သက္ေတာင့္သက္သာရွိတဲ့ ဂါဝန္ေလးေတြကို ဝတ္ရတာ ႏွစ္သက္လွ်င္ ဒီဂါဝန္ေလးေတြဝတ္ၾကည့္ပါ။ ဇာတ္လမ္းတြဲထဲမွာေတာ့ သူမရဲ႕သူေဌး Lee YoungJonn နဲ႔ ဒိတ္လုပ္တဲ့အခါ ဝတ္ဆင္တဲ့ ဝတ္စံုေလးေတြပါ။
ရံုးျပင္ပ dinner ပါတီတတ္တဲ့အခါ၊ လုပ္ငန္းပါတနာေတြနဲ႔ ေတြ႕ဆံုတဲ့ပြဲေတြမွာ သူမဝတ္ဆင္တဲ့ formal dress ေလးပါ။ လိေမၼာ္ေရာင္ပခံုးေပ်ာက္ဂါဝန္ေလးနဲ႔အတူ လိုက္ဖက္ေအာင္ ႏႈတ္ခမ္းနီအေရာင္ကိုလည္း အေရာင္တူေလးဆိုးထားပါတယ္။
Lee Young Joon ဝတ္ဆင္တဲ့ ရံုးဝတ္စံုေလးေတြ
ရံုးဝန္ထမ္းအမ်ိဳးသားေတြ၊ ကုမၸဏီလုပ္ငန္းရွင္လူငယ္ေလးေတြအတြက္ လိုက္ဝတ္လို႔ရမယ့္ Lee Young Joon ဝတ္ဆင္တဲ့ဖက္ရွင္ေလးေတြပါ။ သူ႔ဝတ္ဆင္တဲ့ စတိုင္ကေတာ့ three-piece suit (ေဘာင္းဘီရွည္၊ အကၤ်ီႏွင့္ ဘေလဇာကုတ္ေပါင္းစပ္မႈ)ျဖစ္ပါတယ္။ Lee Young Joon လိုအရပ္ရွည္ရွည္နဲ႕အမ်ိဳးသားေတြအတြက္ ခံ့ညားမယ့္ဖက္ရွင္ေတြပါ။
အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ ႀကိဳက္တဲ့သူေတြအတြက္
အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ ဝတ္ရတာႀကိဳက္ရင္ေတာ့ ဒီဇာတ္လမ္းတြဲထဲက အတြင္းေရးမွဴးသစ္ ကင္မ္ဂ်ီအာ ဝတ္ဆင္တဲ့ ဝတ္စံုေလးေတြကို ေလ့လာၾကည့္ပါ။ သူမရဲ႕ဒီစတုိင္ေလးေတြက နည္းနညး္သြက္လက္ၿပီး ငယ္ရြယ္တဲ့ပံုစံကိုေပးပါတယ္။
စြန္႔စားရမွာကိုမေၾကာက္ပါနဲ႔
ဆန္႔က်င့္ဖက္အေရာင္/ဒီဇိုင္းေတြ၊ မ်က္မွန္၊ နားဆြဲႀကီးႀကီးေတြ ဝတ္ဆင္ရတာ ႀကိဳက္တဲ့ပ်ိဳေမေတြကေတာ့ Bong Se Ra ဝတ္ဆင္တဲ့ ဖက္ရွင္ေလးေတြကိုဝတ္ဆင္ႏိုင္ပါတယ္။ တျခားသူေတြနဲ႔ မတူဘဲ စတိုင္တစ္ခုခြဲထြက္ေနခ်င္ရင္ေတာ့ ဒါေတြကိုဝတ္ဆင္ဖို႔ မေၾကာက္ပါနဲ႔။
ခရီးေတြအမ်ားႀကီးထြက္ရၿပီး ကိုယ္ပိုင္အခ်ိန္နဲ႔ အလုပ္လုပ္ရတဲ့ လူငယ္ေတြအတြက္ Seong Yoon(Lee Tae Hwan) ဝတ္ဆင္တဲ့ စတိုင္ေလးေတြကို ေပါ့ေပါ့ပါးပါးဝတ္ဆင္ႏိုင္ပါတယ္။ Lee Tae Hwan ဟာ ဒီဇာတ္ကားမွာ စာေရးဆရာျဖစ္တဲ့ သူ႔ဇာတ္ေကာင္နဲ႔ ကိုက္ညီေအာင္ business casual ဝတ္စံုေလးေတြကို ဝတ္ဆင္ထားတာကိုေတြ႕ရပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Source-soompi
Unicode
တစ်နေ့တစ်နေ့ ရုံးသွားဖို့ အဝတ်အစားရွေးချယ်ရတာ ငြီးငွေ့စရာကောင်းနေပါသလား? ဖက်ရှင်လည်းကျပြီး ကုမ္ပဏီ၊ရုံးတွေနဲ့ လိုက်ဖက်မယ့် “What’s Wrong With Secretary Kim”ဇာတ်လမး်တွဲထဲက ရုံးတတ်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
pencil skirt လေးတွေနဲ့ classic blouses
အတွင်းရေးမှူးကင်မ်(ပတ်ခ်မင်ယောင်) ဝတ်ဆင်တဲ့ ဘလောက်အကျီင်္လေးတွေလို အရောင်ကွဲလေးတွေ စတိုင်မတူတာလေးတွေ ဝတ်ဆင်လို့ရပါတယ်။ ကေ်ာလံရိုးရိုး ဒါမှမဟုတ် ဖဲပြားကြိုးချည်လေးတွေ၊ အတွန့်အဖက်လေးတွေပါတဲ့ ဘလောက်အင်္ကျီလေးတွေကို စမတ်ကျကျနဲ့ ကြည်ကောင်းအောင်ဖန်တီးဖိို့ pencil skirts လေးတွေနဲ့အတူ ဝတ်ဆင်နိုင််ပါတယ်။ ဒီယူနီဖောင်းနဲ့အတူ လိုက်ဖက်အောင် သူမဝတ်ဆင်သလို အိတ်နှင့် ဒေါက်ဖိနပ်ကို ပြောင်လေးတွေ တွဲစပ်နိုင်ပါတယ်။
ဒါကတော့ အလုပ်ဂျူတီမရှိတဲ့နေ့ ဝတ်ဆင်တဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေပါ။ သက်တောင့်သက်သာရှိတဲ့ ဂါဝန်လေးတွေကို ဝတ်ရတာ နှစ်သက်လျှင် ဒီဂါဝန်လေးတွေဝတ်ကြည့်ပါ။ ဇာတ်လမ်းတွဲထဲမှာတော့ သူမရဲ့သူဌေး Lee YoungJonn နဲ့ ဒိတ်လုပ်တဲ့အခါ ဝတ်ဆင်တဲ့ ဝတ်စုံလေးတွေပါ။
ရုံးပြင်ပ dinner ပါတီတတ်တဲ့အခါ၊ လုပ်ငန်းပါတနာတွေနဲ့ တွေ့ဆုံတဲ့ပွဲတွေမှာ သူမဝတ်ဆင်တဲ့ formal dress လေးပါ။ လိမ္မော်ရောင်ပခုံးပျောက်ဂါဝန်လေးနဲ့အတူ လိုက်ဖက်အောင် နှုတ်ခမ်းနီအရောင်ကိုလည်း အရောင်တူလေးဆိုးထားပါတယ်။
Lee Young Joon ဝတ်ဆင်တဲ့ ရုံးဝတ်စုံလေးတွေ
ရုံးဝန်ထမ်းအမျိုးသားတွေ၊ ကုမ္ပဏီလုပ်ငန်းရှင်လူငယ်လေးတွေအတွက် လိုက်ဝတ်လို့ရမယ့် Lee Young Joon ဝတ်ဆင်တဲ့ဖက်ရှင်လေးတွေပါ။ သူ့ဝတ်ဆင်တဲ့ စတိုင်ကတော့ three-piece suit (ဘောင်းဘီရှည်၊ အင်္ကျီနှင့် ဘလေဇာကုတ်ပေါင်းစပ်မှု)ဖြစ်ပါတယ်။ Lee Young Joon လိုအရပ်ရှည်ရှည်နဲ့အမျိုးသားတွေအတွက် ခံ့ညားမယ့်ဖက်ရှင်တွေပါ။
အရောင်ဖျော့ဖျော့လေးတွေ ကြိုက်တဲ့သူတွေအတွက်
အရောင်ဖျော့ဖျော့လေးတွေ ဝတ်ရတာကြိုက်ရင်တော့ ဒီဇာတ်လမ်းတွဲထဲက အတွင်းရေးမှူးသစ် ကင်မ်ဂျီအာ ဝတ်ဆင်တဲ့ ဝတ်စုံလေးတွေကို လေ့လာကြည့်ပါ။ သူမရဲ့ဒီစတိုင်လေးတွေက နည်းနညး်သွက်လက်ပြီး ငယ်ရွယ်တဲ့ပုံစံကိုပေးပါတယ်။
စွန့်စားရမှာကိုမကြောက်ပါနဲ့
ဆန့်ကျင့်ဖက်အရောင်/ဒီဇိုင်းတွေ၊ မျက်မှန်၊ နားဆွဲကြီးကြီးတွေ ဝတ်ဆင်ရတာ ကြိုက်တဲ့ပျိုမေတွေကတော့ Bong Se Ra ဝတ်ဆင်တဲ့ ဖက်ရှင်လေးတွေကိုဝတ်ဆင်နိုင်ပါတယ်။ တခြားသူတွေနဲ့ မတူဘဲ စတိုင်တစ်ခုခွဲထွက်နေချင်ရင်တော့ ဒါတွေကိုဝတ်ဆင်ဖို့ မကြောက်ပါနဲ့။
ခရီးတွေအများကြီးထွက်ရပြီး ကိုယ်ပိုင်အချိန်နဲ့ အလုပ်လုပ်ရတဲ့ လူငယ်တွေအတွက် Seong Yoon(Lee Tae Hwan) ဝတ်ဆင်တဲ့ စတိုင်လေးတွေကို ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်ပါတယ်။ Lee Tae Hwan ဟာ ဒီဇာတ်ကားမှာ စာရေးဆရာဖြစ်တဲ့ သူ့ဇာတ်ကောင်နဲ့ ကိုက်ညီအောင် business casual ဝတ်စုံလေးတွေကို ဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-soompi