Viber ရဲ့ Ford စတစ်ကာ ဒေါင်းလုပ်ဆွဲပြီးနောက် Ford Fiesta ကားအသစ် လက်ဆောင်ရခဲ့သူ

0
63

Single Mom တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အပ်ချုပ်ဆိုင်လေးဖွင့်ထာသည့် မသက်သက်မွန်သည် Viber ၏ ပင်တိုင် ပရိသတ်တစ်ယောက်ဖြစ်ပြီး Viber စတစ်ကာများကိုလည်း အရမ်းကြိုက်နှစ်သက်သူလည်းဖြစ်သည်။ သူမသည် Viber ကို ၁၀ စုနှစ် နီးပါး စွဲစွဲမြဲမြဲအသုံးပြုခဲ့ကာ ချစ်စရာကောင်းပြီး ထူးခြားသည့် ဒီဇိုင်းရုပ်ပုံများရှိသော  စတစ်ကာလေးတွေနှင့် Viber ပေါ်က သူမ သူငယ်ချင်းတွေဆီသို့ သူမရဲ့ ခံစားချက်တွေကို ပုံဖော်ပြရခြင်းကို အကြိုက်ဆုံးဖြစ်သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် Viber မှ Ford စတစ်ကာများ ထွက်လာသည့်အခါ ကံထူးသူအဖြစ် ရွေးချယ်ခံရဖို့ဆိုသည်မှာ သူမ၏ စိတ်ကူးထဲတွင် မရှိခဲ့ပါ။

 “ကျွန်မကိုယ် ကျွန်မ ကံကောင်းတဲ့ သူလို့ မထင်ထားတဲ့အတွက် အဲ့ဒီလို အွန်လိုင်းကံစမ်းတာတွေ၊ ပြိုင်ပွဲတွေမှာ ဘယ် တုန်းကမှ ဝင်မပါခဲ့ဘူး။ Ford စတစ်ကာလေးတွေ တွေ့တဲ့အခါမှာတော့ ကျွန်မ ချက်ချင်းပဲ ဒေါင်းလုတ် လုပ်ချင်ခဲ့တယ်။ အဲဒီ စတစ်ကာလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး စာသားလေးတွေကလည်း ကျွန်မမှာ ရှိတဲ့ တခြားစတစ်ကာတွေနဲ့ မတူဘူး။ တကယ်ကို ဆုရဖို့အတွက်ဆိုပြီး မစဉ်းစားမိခဲ့ဘူး” ဟု မသက်သက်မွန်က ဆိုခဲ့သည်။

အဆိုပါ ကမ်ပိန်းသည် Viber နှင့် Ford တို့ပူးပေါင်းကာ ပြုလုပ်ခဲ့သည့် ပွဲလေးဖြစ်ပြီး Ford စတစ်ကာကို ဒေါင်းလုပ်လုပ်ပြီး ပါဝင်သူတွေထဲမှ ကံစမ်းရွေးချယ်ခဲ့ကာ Ford Fiesta ကား လက်ဆောင်ပေးခဲ့သည်။ ယခုလို ကျပန်းရွေးချယ်ခဲ့ရာမှ မသက်သက်မွန်သည် အသစ်စက်စက် Ford Fiesta ကား၏ ပိုင်ရှင်ဖြစ်သွားခဲ့သည်။ “ပထမဦးဆုံး ကြားကြားချင်းတော့ တကယ့်ကို မယုံနိုင်အောင်ပါပဲ။ Viber ကနေတစ်ဆင့် လာရောက်အကြောင်းကြားတဲ့သူကိုတောင် Block လိုက်မိတယ်။ နောက်တော့မှ အလိမ်အညာမဟုတ်ဘဲ တကယ်ဟုတ်တယ်ဆိုတာသိတော့ ကျွန်မနဲ့ သမီးလေးရော အတိုင်းမသိဝမ်းသာ သွားတာ ပြောမပြတတ်အောင်ပါပဲ။ ခုထက်ထိ တစိမ့်စိမ့်တွေးရင်နဲ့ကို ပျော်နေတာ” ဟု မသက်သက်မွန်က သူမရဲ့ ပိတိကို ဝေမျှပါတယ်။

မသက်သက်မွန်သည် အဆိုပါ ကားသစ်နှင့် မြို့ပတ်လျှောက်လည်ဖို့ ရင်ခုန်နေသလို၊ ယခုလို ကံတရားရဲ့ မျက်နှာသာ ပေးပေမယ့်လည်း သူမ စိတ်ထဲတွင် မတင်မကျဖြစ်နေတာလေးတွေလည်း ခံစားနေရသည်။ တကယ်တော့ ထိုကားလေး သည် သူမနှင့် သမီးလေးအတွက် အလွန်မြတ်နိုးရသည့်အရာဖြစ်ပေမယ့်လည်း အနာဂတ်လမ်းခရီးတွင် လျှောက်လှမ်းရ သည့် အခါ ပိုမိုအဆင်ပြေဖို့အတွက် သူမဘဝ၏ အိမ်မက်တစ်ခုဖြစ်သည့် အလှပြင်ဆိုင်လေးတစ်ခု ဖွင့်ရန်အတွက်လည်း အခွင့်အရေးတစ်ရပ်လည်းဖြစ်သည်။ “ကျွန်မ ခုလို အပ်ချုပ်ဆိုင်လေး ဖွင့်လာတာ နှစ်အနည်းကြာပါပြီ။ ဒါပေမယ့်လည်း အလှပြင်ဆိုင်လေးဖွင့်ချင်လွန်းလို့ အမြဲတစေ အရင်းအနှီးအတွက် ကြံစည်စဉ်းစားနေခဲ့တာပါ။ ခုလို ကံကောင်းလာတော့ ကိုယ်လုပ်နိုင်ပြီ၊ ကိုယ်တကယ်ဖွင့်ဖို့ တတ်နိုင်ပြီလို့ ခံစားရတယ်။ တစ်ဖက်မှာလည်း ဒီကားလေးနဲ့ အရင်းအနှီး ပြုရမယ်ဆိုတော့ ရောင်းရတော့မှာပေါ့နော်။ အဲဒါကြောင့် ကျွန်မ ဇဝေဇဝါနဲ့ ရင်ထဲဝေခွဲမရ ဆုံးဖြတ်ရခက်နေတာပေါ့နော်” ဟု မသက်သက်မွန်က ရင်ဖွင့်ခဲ့ပါတယ်။

Single Mom တစ်ယောက်အနေဖြင့် သူမ ညီမ၏ အိမ်ဆိုင်လေးတွင် စတင် အရင်းအနှီး ထည့်ဝင်လုပ်ကိုင်ခဲ့ပြီး နောက်ဆုံးတွင် ကိုယ်ပိုင်လုပ်ငန်းလေး ဦးဆောင်ထူထောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် သူမ၏ မိသားစုသည် စားဝတ် နေရေးအတွက် လုပ်ငန်းများ လုပ်ကိုင်နေပေမယ့်လည်း ရေရှည်တွင် မိသားစုရပ်တည်နိုင်ရေးအတွက်ကို ဤလုပ်ငန်းများ လုပ်ဆောင်ဆောင်ရုံဖြင့် မလုံလောက်သေးဟု ခံစားရသည်။ အရေးကြီးဆုံးကတော့ သူမအတွက် အလှအပရေးရာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာရေးထက် ဘယ်အရာကမှ စိတ်လှုပ်ရှားစရာမကောင်းခဲ့ပေ။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဝါသနာအလျောက်သာ အလှပြင်သင်တန်းကို တက်ခဲ့ဖူးတယ်။ ဒါပေမယ့် စိတ်ထဲမှာ တော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အလှဖန်းတီးရှင်တစ်ယောက်အဖြစ် ပုံဖော်မှန်းဆမိတယ်။ တကယ်လို့ အလှပြင်ဆိုင် ဖွင့်ဖြစ်ခဲ့လို့ရှိရင်လည်း ကိုယ်တိုင်အောင်မြင်အောင် ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ရုံသာမက ကိုယ်သမီးလေး အတွက်လည်း လက်ဆင့်ကမ်းအမွေပေးနိုင်ခဲ့နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ ကျွန်မကိုယ်တိုင် အောင်မြင်အောင်လုပ် ဆောင် နိုင်လို့ရှိရင် ကျွန်မသမီးလည်း ဆက်လက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သမီးလေး လောကအလယ်မှာ အောင်မြင်စွာ ရပ်တည် နိုင်ဖို့က ကျွန်မအတွက် အရေးအကြီးဆုံးပါပဲ” ဟု မသက်သက်မွန်က ပြောကြားခဲ့သည်။

သူမအနေဖြင့် ထိုအရာအတွက် ဆုံးဖြတ်ချက်တစ်စုံတစ်ရာချ ပြီး မပြီး မေးမြန်းသည့်အခါ “အခုအချိန်မှာတော့ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ ဝေခွဲလို့မရသေးပါဘူး။ နောက်နှစ်ပတ်နေမှ ကားထုပ်လို့ရမယ်ဆိုတော့ စဉ်းစားဖို့အချိန် ရပါသေး တယ်လေ။ ဘယ်လိုပဲ ဆုံးဖြတ်မိပါစေ၊ Viber နဲ့ Ford ကိုတော့ အခုလို အခွင့်အလမ်းလေး ပေးခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟု သူမက ပြောကြားခဲ့သည်။

#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here