Vape (အီး-စီးကရက်) သောက်ခြင်းက အမျိုးသမီးတွေရဲ့ မျိုးပွားမှုကို အန္တရာယ်ရှိစေ

0
18

CDC က Vape သောက်ခြင်းပေါ်မှာ ပြင်းပြန်းထန်ထန် ပြစ်တင်ဝေဖန်ထားပြီး e-cigarettes သောက်ခြင်းကို ဆန့်ကျင့်ဖို့ အကြံပေးထားပါတယ်။ Endocrine လူမှုအဖွဲ့အစည်းရဲ့ Oxford Academic ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုအသစ်တစ်ခုအရ သင်ဟာ ယခု ဒါမှမဟုတ် အနာဂတ်မှာ ကိုယ်ဝန်ဆောင်မယ်လို့ စဉ်စားထားတယ်ဆိုရင် ခေတ်မှီတဲ့ အီး- စီးကရက်နှင့် Vape သောက်ခြင်းအလေ့ကို စွန့်ပစ်ဖို့ သတိပေးထားပါတယ်။

-Advertisement-

ယေဘုယျအားဖြင့် Vape သောက်ခြင်းက သားဥအိမ်ထဲက မျိုးဥတွေကို ထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်တွေ ရှုရှိုက်မိခြင်းနှင့် လည်ပတ်မှုကို ဦးတည်နေတာကြောင့် စိုးရိမ်ရတယ်လို့ ကိုလံဗီယာတက္ကသိုလ် Irving Media Center မှ သားဖွားနှင့် မီးယပ်၏ လက်ထောက်ပါမောက္ခ Paula C. Brady ကပြောပါတယ်။

စီးကရက်သောက်ခြင်းက အောက်ပိုင်းအရိုးသိပ်သည်းဆနှင့် ဆက်စပ်နေပြီး သွေးဆုံးတဲ့ အသက်အရွယ်ကို လျော့နည်းစေခြင်းနှင့် သားအိမ်ကို ဆိုးကျိုးသက်ရောက်စေတယ်လို့ သူမကပြောပါတယ်။ ဒါ့အပြင် နီကိုတင်းက သန္ဓေသား ကြီးထွားမှုကို သက်ရောက်မှုရှိပြီး ဆေးလိပ်သောက်ခြင်းလိုပဲ မွေးကင်းစကလေး ရုတ်တရက်သေဆုံးမှုရောဂါနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သုတေသီများ ဦးဆောင်တဲ့ လေ့လာမှုအတွင်းမှာ e-စီးကရက်အခိုးအငွေ့နှင့် ထိတွေ့ခဲတဲ့ ကြွက်တွေဟာ မျိုးပွားမှုနှုန်း အကြီးအကျယ် ကျဆင်းသွားကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီတူညီတဲ့ သက်ရောက်မှုက လူသားတွေမှာ မတူညီတဲ့ ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် မျိုးဗီဇအချက်များကြောင့် ပိုပြီးပြင်းထန်စေနိုင်လားဆိုတာတော့ မသိရသေးပါဘူး။ နီကိုတင်းက သန္ဓေသားအာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်လို့ ကိုလံဘီယာတက္ကသိုလ် သားဖွားမီးယပ်စင်တာမှ မျိုးပွားမှုဆိုင်ရာ ဟော်မုန်းရောဂါအထူးကုတစ်ယောက်ဖြစ်တဲ့ Dr. Brady ကလည်း ပြောပါတယ်။

အမျိုးသမီးတစ်ချို့က စီးကရက်သောက်တာထက် အီး-စီးကရက်သောက်တာက ပိုပြီး ဘေးကင်းတယ်လို့ ထင်ကြပါတယ်။ vape က စီးကရက်တွေလို အဆိပ်သင့်ညစ်ညမ်းမှုတွေ မပါဝင်ပေမယ့်လည်း လေ့လာမှုမပြုထားတဲ့ ဓါတုပစ္စည်းတွေ၊ ဆီတွေနှင့် အပူဒြပ်ပေါင်းတွေ ပါဝင်တယ်လို့ Dr. Brady ကပြောပါတယ်။ E-cigarettes က ကိုယ်ဝန်ဆောင်တွေမှာ ဆိုးကျိုးသက်ရောက်စေတယ်လို့ သိကြတဲ့ စွဲလမ်းစေသော နီကိုတင်း ပါဝင်ပါတယ်။ ဒါ့ကြောင့် မူးယစ်ဆေးတစ်ခုလို ဖြစ်ပြီး အန္တရာယ်ရှိပါတယ်။
Vape သောက်ခြင်းက နည်းပညာအသစ်ဖြစ်ပေမယ့် သုတေသနမှာ အဆုတ်ရောဂါတွေနှင့် တိုက်ရိုက်ဆက်နွယ်နေကြောင်း ထောက်ပြထားပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

Vape (အီး-စီးကရက္) ေသာက္ျခင္းက အမ်ိဳးသမီးေတြရဲ႕ မ်ိဳးပြားမႈကို အႏၲရာယ္ရွိေစ

CDC က Vape ေသာက္ျခင္းေပၚမွာ ျပင္းျပန္းထန္ထန္ ျပစ္တင္ေဝဖန္ထားၿပီး e-cigarettes ေသာက္ျခင္းကို ဆန္႔က်င့္ဖို႔ အႀကံေပးထားပါတယ္။ Endocrine လူမႈအဖြဲ႕အစည္းရဲ႕ Oxford Academic ဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ ေလ့လာမႈအသစ္တစ္ခုအရ သင္ဟာ ယခု ဒါမွမဟုတ္ အနာဂတ္မွာ ကိုယ္ဝန္ေဆာင္မယ္လို႔ စဥ္စားထားတယ္ဆိုရင္ ေခတ္မွီတဲ့ အီး- စီးကရက္ႏွင့္ Vape ေသာက္ျခင္းအေလ့ကို စြန္႔ပစ္ဖို႔ သတိေပးထားပါတယ္။

ေယဘုယ်အားျဖင့္ Vape ေသာက္ျခင္းက သားဥအိမ္ထဲက မ်ိဳးဥေတြကို ထိခိုက္ေစႏိုင္တဲ့ အဆိပ္အေတာက္ေတြ ရႈရႈိက္မိျခင္းႏွင့္ လည္ပတ္မႈကို ဦးတည္ေနတာေၾကာင့္ စိုးရိမ္ရတယ္လို႔ ကိုလံဗီယာတကၠသိုလ္ Irving Media Center မွ သားဖြားႏွင့္ မီးယပ္၏ လက္ေထာက္ပါေမာကၡ Paula C. Brady ကေျပာပါတယ္။

စီးကရက္ေသာက္ျခင္းက ေအာက္ပိုင္းအ႐ိုးသိပ္သည္းဆႏွင့္ ဆက္စပ္ေနၿပီး ေသြးဆုံးတဲ့ အသက္အ႐ြယ္ကို ေလ်ာ့နည္းေစျခင္းႏွင့္ သားအိမ္ကို ဆိုးက်ိဳးသက္ေရာက္ေစတယ္လို႔ သူမကေျပာပါတယ္။ ဒါ့အျပင္ နီကိုတင္းက သေႏၶသား ႀကီးထြားမႈကို သက္ေရာက္မႈရွိၿပီး ေဆးလိပ္ေသာက္ျခင္းလိုပဲ ေမြးကင္းစကေလး ႐ုတ္တရက္ေသဆုံးမႈေရာဂါႏွင့္ ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။

သုေတသီမ်ား ဦးေဆာင္တဲ့ ေလ့လာမႈအတြင္းမွာ e-စီးကရက္အခိုးအေငြ႕ႏွင့္ ထိေတြ႕ခဲတဲ့ ႂကြက္ေတြဟာ မ်ိဳးပြားမႈႏႈန္း အႀကီးအက်ယ္ က်ဆင္းသြားေၾကာင္း ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ဒီတူညီတဲ့ သက္ေရာက္မႈက လူသားေတြမွာ မတူညီတဲ့ ပတ္ဝန္းက်င္၊ က်န္းမာေရးႏွင့္ မ်ိဳးဗီဇအခ်က္မ်ားေၾကာင့္ ပိုၿပီးျပင္းထန္ေစႏိုင္လားဆိုတာေတာ့ မသိရေသးပါဘူး။ နီကိုတင္းက သေႏၶသားအာ႐ုံေၾကာ ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစတယ္လို႔ ကိုလံဘီယာတကၠသိုလ္ သားဖြားမီးယပ္စင္တာမွ မ်ိဳးပြားမႈဆိုင္ရာ ေဟာ္မုန္းေရာဂါအထူးကုတစ္ေယာက္ျဖစ္တဲ့ Dr. Brady ကလည္း ေျပာပါတယ္။

အမ်ိဳးသမီးတစ္ခ်ိဳ႕က စီးကရက္ေသာက္တာထက္ အီး-စီးကရက္ေသာက္တာက ပိုၿပီး ေဘးကင္းတယ္လို႔ ထင္ၾကပါတယ္။ vape က စီးကရက္ေတြလို အဆိပ္သင့္ညစ္ညမ္းမႈေတြ မပါဝင္ေပမယ့္လည္း ေလ့လာမႈမျပဳထားတဲ့ ဓါတုပစၥည္းေတြ၊ ဆီေတြႏွင့္ အပူျဒပ္ေပါင္းေတြ ပါဝင္တယ္လို႔ Dr. Brady ကေျပာပါတယ္။ E-cigarettes က ကိုယ္ဝန္ေဆာင္ေတြမွာ ဆိုးက်ိဳးသက္ေရာက္ေစတယ္လို႔ သိၾကတဲ့ စြဲလမ္းေစေသာ နီကိုတင္း ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ မူးယစ္ေဆးတစ္ခုလို ျဖစ္ၿပီး အႏၲရာယ္ရွိပါတယ္။
Vape ေသာက္ျခင္းက နည္းပညာအသစ္ျဖစ္ေပမယ့္ သုေတသနမွာ အဆုတ္ေရာဂါေတြႏွင့္ တိုက္႐ိုက္ဆက္ႏြယ္ေနေၾကာင္း ေထာက္ျပထားပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here