The Voice ၿပိဳင္ပြဲမွာ သီခ်င္းဆိုဝင္ၿပိဳင္ၿပီး ေကာင္မေလးကို လက္ထပ္ခြင့္ေတာင္းသြားတဲ့သူ

0
171
The Voice
The Voice

Denton Arnell လို႔ေခၚတဲ့ အဆိုၿပိဳင္ပြဲဝင္တစ္ဦး The Voice ရဲ႕ ျငင္းပယ္ျခင္းကို ၂ႀကိမ္အထိခံခဲ့ရပါတယ္။ ဒါေပမဲ့ ဇြဲမေလ်ာ့တဲ့စိတ္ေၾကာင့္ အခုရာသီ The Voice Blind Auditions 2019 ၿပိဳင္ပြဲမွာ ဒိုင္လူႀကီးျဖစ္သူ John Legend ရဲ႕ ေထာက္ခံမႈနဲ႔အတူ ေနာက္တစ္ဆင့္ဆက္တက္ခြင့္ရခဲ့ပါတယ္။

Denton Arnell ဟာ Drake ရဲ႕ “Hold On We’re Going Home” ဆိုတဲ့ သီခ်င္းနဲ႔ ဝင္ေယာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး သီခ်င္းဆိုအၿပီးမွာေတာ့ သူ႔ရဲ႕ ေကာင္မေလးကိုစင္ျမင့္ေပၚကို ခဏေခၚလို႔ရမလားလို႔ ဒိုင္လူႀကီးေတြဆီမွာ ခြင့္ေတာင္းခဲ့ပါတယ္။ ဒိုင္လူႀကီးေတြကလည္း ခြင့္ျပဳတဲ့အတြက္ သူဟာ သီခ်င္းဆိုတဲ့ stage စင္ေပၚကို သူ႔ေကာင္မေလးကို ေခၚလိုက္ပါတယ္။

ေကာင္မေလးကိုေခၚၿပီး ဒိုင္လူႀကီးေတြနဲ႔ မိတ္ဆက္ၿပီးတဲ့အခါ Arnell ဟာ ေဘာင္ဘီအိပ္ကပ္ထဲက အသင့္ပါလာတဲ့ Tiffany ေစ့စပ္လက္စြပ္ဗူးေလးကို ထုတ္ၿပီး တစ္ခါတည္း လက္ထပ္ခြင့္ေတာင္းလိုက္ပါတယ္။ Stage စင္ေပၚမွာ ေစ့စပ္လက္စြပ္ဗူးေလးကိုင္ၿပီး ဒူုးေထာက္ရဲ႕လက္ထပ္ခြင့္ေတာင္းေနတဲ့ပုံကိုျမင္ေတာ့ ကာယကံရွင္ မိန္းကေလးျဖစ္သူတင္မကဘူး ဒိုင္လူႀကီးေတြအပါအဝင္ အားလုံးက အံ့အားသင့္ၿပီး လက္ခုပ္ၾသဘာေတြနဲ႔ ခ်ီးေျမႇာက္ခဲ့ၾကပါတယ္။

#Lifestyle_Myanmar

#Thar_Nage

တစ္သက္လံုးေနာင္တမရဖို႔အတြက္ Relationship တစ္ခုမွာ သည္းမခံသင့္တဲ့ လုပ္ရပ္မ်ား

Unicode

The Voice ပြိုင်ပွဲမှာ သီချင်းဆိုဝင်ပြိုင်ပြီး ကောင်မလေးကို လက်ထပ်ခွင့်တောင်းသွားတဲ့သူ
Denton Arnell လို့ခေါ်တဲ့ အဆိုပြိုင်ပွဲဝင်တစ်ဦး The Voice ရဲ့ ငြင်းပယ်ခြင်းကို ၂ကြိမ်အထိခံခဲ့ရပါတယ်။ ဒါပေမဲ့ ဇွဲမလျော့တဲ့စိတ်ကြောင့် အခုရာသီ The Voice Blind Auditions 2019 ပြိုင်ပွဲမှာ ဒိုင်လူကြီးဖြစ်သူ John Legend ရဲ့ ထောက်ခံမှုနဲ့အတူ နောက်တစ်ဆင့်ဆက်တက်ခွင့်ရခဲ့ပါတယ်။

Denton Arnell ဟာ Drake ရဲ့ “Hold On We’re Going Home” ဆိုတဲ့ သီချင်းနဲ့ ဝင်ယောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး သီချင်းဆိုအပြီးမှာတော့ သူ့ရဲ့ ကောင်မလေးကိုစင်မြင့်ပေါ်ကို ခဏခေါ်လို့ရမလားလို့ ဒိုင်လူကြီးတွေဆီမှာ ခွင့်တောင်းခဲ့ပါတယ်။ ဒိုင်လူကြီးတွေကလည်း ခွင့်ပြုတဲ့အတွက် သူဟာ သီချင်းဆိုတဲ့ stage စင်ပေါ်ကို သူ့ကောင်မလေးကို ခေါ်လိုက်ပါတယ်။

ကောင်မလေးကိုခေါ်ပြီး ဒိုင်လူကြီးတွေနဲ့ မိတ်ဆက်ပြီးတဲ့အခါ Arnell ဟာ ဘောင်ဘီအိပ်ကပ်ထဲက အသင့်ပါလာတဲ့ Tiffany စေ့စပ်လက်စွပ်ဗူးလေးကို ထုတ်ပြီး တစ်ခါတည်း လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ Stage စင်ပေါ်မှာ စေ့စပ်လက်စွပ်ဗူးလေးကိုင်ပြီး ဒူုးထောက်ရဲ့လက်ထပ်ခွင့်တောင်းနေတဲ့ပုံကိုမြင်တော့ ကာယကံရှင် မိန်းကလေးဖြစ်သူတင်မကဘူး ဒိုင်လူကြီးတွေအပါအဝင် အားလုံးက အံ့အားသင့်ပြီး လက်ခုပ်သြဘာတွေနဲ့ ချီးမြှောက်ခဲ့ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here