‘The Cupids’ တီဗီစီးရီး ရိုက်ကူးပြီးနောက် ပရိတ်သတ် သဘာတူတဲ့ စုံတွဲတွေ ဖြစ်လာခဲ့သော ထိုင်းသရုပ်ဆောင်များ
0
95
‘Cupids The Series’ဇာတ်လမ်းတွဲမှ ထိုင်းမင်းသား၊ မင်းသမီးတွေဟာ သူတို့ရဲ့ အတွဲညီမှုကြောင့် ဒီစီးရီးအပြီးမှာ ပရိတ်သတ် တွဲစေချင်တဲ့ စုံတွဲတွေ ဖြစ်လာခဲ့ပါတယ်။
-Advertisement-
၁။ မင်းသား Boy Pakorn နဲ့ မင်းသမီး Toey Jarinporn
သူတို့ဟာ The Cupids Series: Kammthep Hunsa’ဆိုတဲ့ တီဗီဒရမ်မာမှာ အတူတူ အလုပ်လုပ်ခဲ့ပါတယ်၊ ပရိတ်သတ်အတော်များများက သူတို့ကို တကယ့်စုံတွဲတွေ ဖြစ်လာစေဖို့ ဆန္ဒရှိကြပါတယ်။ မင်းသမီး Toey Jarinporn ဟာ မင်းသား Alek Teeradetch နဲ့လက်ရှိမှာ တွဲနေကြောင်း သူမရဲ့အချစ်ရေးကို ဖွင့်ပြောခဲ့ပါတယ်၊ မင်းသားချော Boy Pakorn ကတော့ လက်ရှိမှာ single တစ်ယောက်ဖြစ်ပါတယ်။
၂။ မင်းသား Indy Intad နဲ့ မင်းသမီး Wawa Nichari
သူတို့နှစ်ယောက်ဟာ ‘The Cupids Series: Loob Kom Kammathep’ဆိုတဲ့ တီဗီဒရမ်မာမှာ သရုပ်ဆောင်ခဲ့ပြီးနောက် ပရိတ်သတ် သဘောတူတဲ့ စုံတွဲဖြစ်လာခဲ့ပါတယ်။ သို့သော် မင်းသား Indy Intad ဟာ အနုပညာရှင်မဟုတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွဲနေတာကြောင့် မင်းသားနှင့် မင်းသမီးနှစ်ယောက်လုံးဟာ တကယ့်စုံတွဲတွေ ဖြစ်မလာနိုင်ပါဘူး။
၃။ မင်းသား Punjan Prama နဲ့ မင်းသမီး Cris Horwang
သူတို့နှစ်ယောက်ဟာ အတွဲညီခဲ့ပြီး ကြည့်ရှုသူများက သူတို့ကို တကယ့်စုံတွဲတွေ ဖြစ်လာစေချင်ပါတယ်။ သူတို့ဟာ တွဲဖက်သရုပ်ဆောင်တွေသာဖြစ်ပြီး သူတို့ရဲ့ တကယ့်ဘဝမှာ ချစ်သူကိုယ်စီရှိကြပါတယ်။
၄။ မင်းသားToey Pongsakorn နဲ့ မင်းသမီး Cheer Thikumporn
‘The Cupids Series: Sorn Ruk Kammathep’မှာ အတူတူသရုပ်ဆောင်ပြီးနောက် သူတို့ဟာ ပရိတ်သတ် တွဲစေချင်တဲ့ စုံတွဲတွေ ဖြစ်လာခဲ့ပါတယ်၊ တကယ့်လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။ မင်းသမီး Cheer Thikumpornဟာ ချစ်သူရှိနေကြောင်း မကြာသေးမီက ပွဲတစ်ခုမှာ ဖွင့်ပြောခဲ့ပါတယ်။
Lifestyle_Myanmar
LM_Nandar
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here