Tech for Women Safety ခေါင်းစဉ်နဲ့ Startup Challenge 2019 မှာ “SafeMe Application” ကိုတီထွင်ပြီး အနိုင်ရရှိခဲ့တဲ့ အသင်းပေါ်ထွက်

0
20

LUX မှ ပံ့ပိုးပေးထားသော The Startup Challenge 2019 ၏ “Tech for Women Safety” ခေါင်းစဉ်အတွက် အနိုင်ရရှိသူကို ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ဖန်တီးရာက ကြေငြာခဲ့သည်။ အမျိုးသမီးများအတွက် မိန်းမသားဆန်မှုကို လုံခြုံလွတ်လပ်စွာ ဖော်ပြရန် အဟန့်အတားပြုနေသည့် အခက်အခဲများကို လျင်မြန်စွာအကူအညီပေးနိုင်မည့် “SafeMe” application ကိုတီထွင်ခဲ့သော Boolean အသင်းက ယင်းခေါင်းစဉ်အတွက်အနိုင်ရရှိခဲ့သည်။

Boolean အသင်းသည် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရသူအမျိုးသမီးများကို လျင်မြန်သည့်အကူအညီ ချက်ချင်းပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် “SafeMe” Application ကို တီထွင်ခဲ့ခြင်းဖြစ်သည်။ “SafeMe” တွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရသည့်အခါဖြစ်စေ၊ မလုံခြုံဘဲ အန္တရာယ်ရှိနေသည်ဟု ခံစားရသည့်အခါဖြစ်စေ အလျင်အမြန်အကူအညီတောင်းနိုင်သည့် အရေးပေါ်ခလုတ်ပါရှိသည်။ App တွင် GPS စနစ်ပါဝင်မှုကြောင့် သုံးစွဲသူအမျိုးသမီးက အကူအညီတောင်းခံသည့်အခါ ထိုအမျိုးသမီးက ခွင့်ပြုထားသောသူများသည် သူမ၏တည်နေရာကို ခြေရာခံနိုင်ပြီး ချက်ချင်းအကူအညီပေးပို့နိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအတွက် app ထဲတွင် ကိုယ်ခံပညာသရုပ်ပြပုံများလည်းပါဝင်သည့်အပြင် မိမိအား လိင်ပိုင်းဆိုင်ရာစော်ကားသူကို မည်သို့သော ဥပဒေများဖြင့် အရေးယူနိုင်သည်တို့ကိုပါ ထည့်သွင်းပေးထားသည်။

ပြိုင်ပွဲတွင် First runner up ရရှိခဲ့သူ Safie အသင်းကမူ အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံခဲ့ရသော နေရာများကို မှတ်သားထားပေးသော ဖုန်းအတွင်းအသုံးပြုနိုင်သည့် မြေပုံတစ်ခုကို တီထွင်ခဲ့ပြီး မည်သို့မည်ပုံ ထိပါးစော်ကားခံခဲ့ရကြောင်းကိုပါ အသုံးပြုသူများအား အသိပေးဝေမ ျှပေးပါသည်။ အနိုင်ရရှိသွားသော Boolean အသင်းနှင့် အလားတူ အရေးပေါ်ခလုတ်တစ်ခုလည်း ပါဝင်ပါသေးသည်။ ထို့အပြင် “WeLadies” ဟုခေါ်သည့် online platform ကိုဖန်တီးခဲ့သော MatchUp အသင်းမှလည်း “Most Potential Startup” ဆုကိုရရှိခဲ့ပါသည်။ “WeLadies” သည် ယင်း platform ကိုအသုံးပြုသူများအချင်းချင်း ချိတ်ဆက်နိုင်ရုံသာမက အမည်ဖော်စရာမလိုပဲ တိုင်ပင်ဆွေးနွေးကာ အကြံပြုချက်များရယူနိုင်သေည့် ကျွမ်းကျင်သူပညာရှင်များနှင့် ချိတ်ဆက်ပေးသော ဝန်ဆောင်မှုများ ပါဝင်ပါသည်။

ပြိုင်ပွဲတွင် “Tech for Women Safety” ခေါင်းစဉ်ဖြင့် အနိုင်ရရှိခဲ့သော Boolean အသင်းမှ အဖွဲ့ဝင် မသဲဦးငယ်က “ကျွန်မတို့အဖွဲ့က အမျိုးသမီးများကို ကူညီတဲ့နေရာမှာ ၃ ချက်စဉ်းစားခဲ့ပါတယ်။ ထိပါးစော်ကား မခံရအောင်ဘယ်လိုကြိုတင်ကာကွယ်မယ်၊ ဖြစ်တဲ့အခါ ဘယ်လိုတိုင်ကြား အကူအညီတောင်းခံမယ်၊ ဖြစ်ပြီး သွားတဲ့အခါကြရင်လည်း ဘယ်လိုဆက်လက်ရင်ဆိုင်မယ်ဆိုတဲ့ ၃ ချက်ကို အခြေခံပြီး ဒီ app ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဒီဖန်တီးမှုဟာ အမျိုးသမီးထုအတွက် အများကြီးအထောက်အကူဖြစ် စေမယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်” ဟု ရှင်းပြခဲ့သည်။

“ဒီလေးကြိမ်မြောက် Startup Challenge ဟာ ကျင်းပခဲ့စဉ်တစ်လျှောက်မှာ အကြီးမားဆုံးဖြစ်ပါတယ်။ Startup Challenge ဟာ မြန်မာနိုင်ငံမှာရှိတဲ့ tech startups တွေရဲ့ အင်အားကောင်းတဲ့ မွေးဖွားရာနေရာ လည်းဖြစ်ပါတယ်။ ပြိုင်ပွဲကာလ ၉ ရက်အတွင်းမှာ အရည်အချင်းရှိတဲ့ စွန့်ဦးတီထွင်သူ ၃၀၀ နီးပါးက အသစ်အသစ်သော စီးပွားရေးအကြံတွေကို ပုံစံငယ်တည်ဆောက်ခြင်းနဲ့ ဒီဇိုင်းပုံဖော်စဉ်းစားတာတွေ လုပ်ခဲ့တာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဖန်တီးရာဟာ နည်းပညာကို အသုံးပြုပြီး မြန်မာနိုင်ငံတွင်းမှာ ပြောင်းလဲမှုတွေကို လျင်မြန်အောင် ဆောင်ရွက်လိုတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ Startup Challenge ပြိုင်ပွဲဝင်တွေက ပြောင်းလဲမှုအရွေ့ကို မြန်အောင်လုပ်ပေးမယ့် ကိုယ်စားလှယ်များဖြစ်ပါတယ်” ဟု ဖန်တီးရာ၏ Accelerator Director ဖြစ်သူ Mr. João Dutra က ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အနိုင်ရရှိသောအသင်းက $၂၅၀၀၊ First Runner up အသင်းက $၁၅၀၀ နှင့် Startup with “Most Potential” အသင်းက $၁၀၀၀ အသီးသီး ဆွတ်ခူးရရှိခဲ့သည်။ ထို့အပြင် အနိုင်ရသူသည် $၂၀၀၀ တန်သည့် AWS Credits အပြင် အနီးကပ်သင်ကြားပို့ချမှုများ၊ ဖန်တီးရာဘက်မှ လမ်းညွှန်အကြံပေးမည့်သူများအပြင် ဖန်တီးရာရုံးခန်းကို ၃ လ အခမဲ့သုံးစွဲရမည့် အခွင့်အလမ်းများပါဝင်သည့် ဖန်တီးရာ၏ Pre-Accelerator Program ကို ဝင်ခွင့်ရမည်ဖြစ်ပါသည်။
Lifestyle_Myanmar

LUX မွ ပံ့ပိုးေပးထားေသာ The Startup Challenge 2019 ၏ “Tech for Women Safety” ေခါင္းစဥ္အတြက္ အႏိုင္ရရွိသူကို ၿပီးခဲ့ေသာ တနဂၤေႏြေန႔တြင္ ဖန္တီးရာက ေၾကျငာခဲ့သည္။ အမ်ိဳးသမီးမ်ားအတြက္ မိန္းမသားဆန္မႈကို လုံၿခဳံလြတ္လပ္စြာ ေဖာ္ျပရန္ အဟန႔္အတားျပဳေနသည့္ အခက္အခဲမ်ားကို လ်င္ျမန္စြာအကူအညီေပးႏိုင္မည့္ “SafeMe” application ကိုတီထြင္ခဲ့ေသာ Boolean အသင္းက ယင္းေခါင္းစဥ္အတြက္အႏိုင္ရရွိခဲ့သည္။

Boolean အသင္းသည္ လိင္ပိုင္းဆိုင္ရာထိပါးေစာ္ကားခံရသူအမ်ိဳးသမီးမ်ားကို လ်င္ျမန္သည့္အကူအညီ ခ်က္ခ်င္းေပးႏိုင္ရန္ရည္႐ြယ္ခ်က္ျဖင့္ “SafeMe” Application ကို တီထြင္ခဲ့ျခင္းျဖစ္သည္။ “SafeMe” တြင္ အမ်ိဳးသမီးမ်ား လိင္ပိုင္းဆိုင္ရာထိပါးေစာ္ကားခံရသည့္အခါျဖစ္ေစ၊ မလုံၿခဳံဘဲ အႏၲရာယ္ရွိေနသည္ဟု ခံစားရသည့္အခါျဖစ္ေစ အလ်င္အျမန္အကူအညီေတာင္းႏိုင္သည့္ အေရးေပၚခလုတ္ပါရွိသည္။ App တြင္ GPS စနစ္ပါဝင္မႈေၾကာင့္ သုံးစြဲသူအမ်ိဳးသမီးက အကူအညီေတာင္းခံသည့္အခါ ထိုအမ်ိဳးသမီးက ခြင့္ျပဳထားေသာသူမ်ားသည္ သူမ၏တည္ေနရာကို ေျခရာခံႏိုင္ၿပီး ခ်က္ခ်င္းအကူအညီေပးပို႔ႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ သုံးစြဲသူမ်ားအတြက္ app ထဲတြင္ ကိုယ္ခံပညာသ႐ုပ္ျပပုံမ်ားလည္းပါဝင္သည့္အျပင္ မိမိအား လိင္ပိုင္းဆိုင္ရာေစာ္ကားသူကို မည္သို႔ေသာ ဥပေဒမ်ားျဖင့္ အေရးယူႏိုင္သည္တို႔ကိုပါ ထည့္သြင္းေပးထားသည္။
ၿပိဳင္ပြဲတြင္ First runner up ရရွိခဲ့သူ Safie အသင္းကမူ အမ်ိဳးသမီးမ်ားလိင္ပိုင္းဆိုင္ရာ ထိပါးေစာ္ကားခံခဲ့ရေသာ ေနရာမ်ားကို မွတ္သားထားေပးေသာ ဖုန္းအတြင္းအသုံးျပဳႏိုင္သည့္ ေျမပုံတစ္ခုကို တီထြင္ခဲ့ၿပီး မည္သို႔မည္ပုံ ထိပါးေစာ္ကားခံခဲ့ရေၾကာင္းကိုပါ အသုံးျပဳသူမ်ားအား အသိေပးေဝမ ွ်ေပးပါသည္။ အႏိုင္ရရွိသြားေသာ Boolean အသင္းႏွင့္ အလားတူ အေရးေပၚခလုတ္တစ္ခုလည္း ပါဝင္ပါေသးသည္။ ထို႔အျပင္ “WeLadies” ဟုေခၚသည့္ online platform ကိုဖန္တီးခဲ့ေသာ MatchUp အသင္းမွလည္း “Most Potential Startup” ဆုကိုရရွိခဲ့ပါသည္။ “WeLadies” သည္ ယင္း platform ကိုအသုံးျပဳသူမ်ားအခ်င္းခ်င္း ခ်ိတ္ဆက္ႏိုင္႐ုံသာမက အမည္ေဖာ္စရာမလိုပဲ တိုင္ပင္ေဆြးေႏြးကာ အႀကံျပဳခ်က္မ်ားရယူႏိုင္ေသည့္ ကြၽမ္းက်င္သူပညာရွင္မ်ားႏွင့္ ခ်ိတ္ဆက္ေပးေသာ ဝန္ေဆာင္မႈမ်ား ပါဝင္ပါသည္။

ၿပိဳင္ပြဲတြင္ “Tech for Women Safety” ေခါင္းစဥ္ျဖင့္ အႏိုင္ရရွိခဲ့ေသာ Boolean အသင္းမွ အဖြဲ႕ဝင္ မသဲဦးငယ္က “ကြၽန္မတို႔အဖြဲ႕က အမ်ိဳးသမီးမ်ားကို ကူညီတဲ့ေနရာမွာ ၃ ခ်က္စဥ္းစားခဲ့ပါတယ္။ ထိပါးေစာ္ကား မခံရေအာင္ဘယ္လိုႀကိဳတင္ကာကြယ္မယ္၊ ျဖစ္တဲ့အခါ ဘယ္လိုတိုင္ၾကား အကူအညီေတာင္းခံမယ္၊ ျဖစ္ၿပီး သြားတဲ့အခါၾကရင္လည္း ဘယ္လိုဆက္လက္ရင္ဆိုင္မယ္ဆိုတဲ့ ၃ ခ်က္ကို အေျခခံၿပီး ဒီ app ကို ဖန္တီးခဲ့တာျဖစ္ပါတယ္။ ကြၽန္မတို႔ရဲ႕ ဒီဖန္တီးမႈဟာ အမ်ိဳးသမီးထုအတြက္ အမ်ားႀကီးအေထာက္အကူျဖစ္ ေစမယ္လို႔လည္း ယုံၾကည္ေမွ်ာ္လင့္ပါတယ္” ဟု ရွင္းျပခဲ့သည္။

“ဒီေလးႀကိမ္ေျမာက္ Startup Challenge ဟာ က်င္းပခဲ့စဥ္တစ္ေလွ်ာက္မွာ အႀကီးမားဆုံးျဖစ္ပါတယ္။ Startup Challenge ဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ tech startups ေတြရဲ႕ အင္အားေကာင္းတဲ့ ေမြးဖြားရာေနရာ လည္းျဖစ္ပါတယ္။ ၿပိဳင္ပြဲကာလ ၉ ရက္အတြင္းမွာ အရည္အခ်င္းရွိတဲ့ စြန႔္ဦးတီထြင္သူ ၃၀၀ နီးပါးက အသစ္အသစ္ေသာ စီးပြားေရးအႀကံေတြကို ပုံစံငယ္တည္ေဆာက္ျခင္းနဲ႔ ဒီဇိုင္းပုံေဖာ္စဥ္းစားတာေတြ လုပ္ခဲ့တာကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ခဲ့ရပါတယ္။ ဖန္တီးရာဟာ နည္းပညာကို အသုံးျပဳၿပီး ျမန္မာႏိုင္ငံတြင္းမွာ ေျပာင္းလဲမႈေတြကို လ်င္ျမန္ေအာင္ ေဆာင္႐ြက္လိုတာျဖစ္ပါတယ္။ ဒီလိုေဆာင္႐ြက္ရာမွာ Startup Challenge ၿပိဳင္ပြဲဝင္ေတြက ေျပာင္းလဲမႈအေ႐ြ႕ကို ျမန္ေအာင္လုပ္ေပးမယ့္ ကိုယ္စားလွယ္မ်ားျဖစ္ပါတယ္” ဟု ဖန္တီးရာ၏ Accelerator Director ျဖစ္သူ Mr. João Dutra က ေျပာၾကားခဲ့သည္။

ၿပိဳင္ပြဲတြင္ အႏိုင္ရရွိေသာအသင္းက $၂၅၀၀၊ First Runner up အသင္းက $၁၅၀၀ ႏွင့္ Startup with “Most Potential” အသင္းက $၁၀၀၀ အသီးသီး ဆြတ္ခူးရရွိခဲ့သည္။ ထို႔အျပင္ အႏိုင္ရသူသည္ $၂၀၀၀ တန္သည့္ AWS Credits အျပင္ အနီးကပ္သင္ၾကားပို႔ခ်မႈမ်ား၊ ဖန္တီးရာဘက္မွ လမ္းၫႊန္အႀကံေပးမည့္သူမ်ားအျပင္ ဖန္တီးရာ႐ုံးခန္းကို ၃ လ အခမဲ့သုံးစြဲရမည့္ အခြင့္အလမ္းမ်ားပါဝင္သည့္ ဖန္တီးရာ၏ Pre-Accelerator Program ကို ဝင္ခြင့္ရမည္ျဖစ္ပါသည္။
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here