(Tai Chi) ထိုက္ခ်ိေလ့က်င့္ခန္း ျပဳလုပ္ျခင္းရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

0
25

ထိုက္ခ်ိလို႔ေခၚတဲ့ သိုင္းပညာဟာ တ႐ုတ္႐ိုးရာေရွးေဟာင္း သိုင္းပညာတစ္မ်ိဳးျဖစ္ၿပီး ႏူးညံ့သိမ္ေမြ႕မႈနဲ႔ ေပ်ာ့ေပ်ာင္းမႈကို ကိုယ္စားျပဳတဲ့ သိုင္းနည္းစနစ္ တစ္မ်ိဳးျဖစ္ပါတယ္။ ထိုက္ခ်ိေလ့က်င့္ခန္းဟာလည္း အဆိုပါသိုင္းပညာမွ ျဖစ္ေပၚလာတာျဖစ္ၿပီး ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ ကိုအပန္းေျပေစ႐ံုသာမကပဲ အသက္အရြယ္ႀကီးသူေတြအတြက္
ဟန္ခ်က္နဲ႔ လႈပ္ရွားမႈ၊ ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ ကိုယ္ဟန္အေနအထား၊ စတဲ့မ်ားျပားလွတဲ့ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြကို ရရွိေစပါတယ္။ ထိုက္ခ်ိေလ့က်င့္ခန္းေတြဟာ အေႏွးလႈပ္ရွားမႈ (Slow motion) နဲ႔လႈပ္ရွားရတဲ့ ေလ့က်င့္ခန္းျဖစ္တာေၾကာင့္ အသက္အရြယ္ အိုမင္းသူေတြအတြက္ပါ အလြန္အဆင္ေျပၿပီး အဆစ္အျမစ္ေတြအတြက္ ႏူးည့ံၿပီး
ထိေရာက္တဲ့ ကုထံုးတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ထိုက္ခ်ိေလ့က်င့္ခန္း ျပဳလုပ္ျခင္းေၾကာင့္ ရရွိႏိုင္တဲ့ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြကို ေလ့လာၾကည့္ရေအာင္။

-Advertisement-

ေအာ္ရီဂြန္ သုေတသနဌာနရဲ႕ သုေတသနျပဳခ်က္ေတြအရ ထိုက္ခ်ိေလ့က်င့္ခန္းဟာ ဟန္ခ်က္ကိုတိုးတက္ေစၿပီး အသက္ႀကီးသူေတြ မၾကာခဏေခ်ာ္လဲမႈ အႏၱရာယ္ကို ကာကြယ္ေပးႏိုင္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္ေပ်ာ့ေျပာင္းမႈ၊ သန္မာၾကံ့ခိုင္မႈအတြက္လည္း မ်ားစြာထိေရာက္ေသာ ေလ့က်င့္ခန္းျဖစ္ပါတယ္။

ထိုက္ခ်ိေလ့က်င့္ခန္းဟာ နာက်င္မႈေတြကို ေလ်ာ့ခ်ေပးႏိုင္ၿပီး ေတာင့္တင္းမႈ နဲ႔ စိတ္ဖိစီးမႈကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း Tufts University ရဲ႕သုေတသီေတြရဲ႕ ေလ့လာမႈေတြအရ သိရပါတယ္။ အသက္ ၆၅ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ ဒူနာေဝဒနာခံစားေနရတဲ့ လူနာမ်ားကို တစ္ပတ္မွာႏွစ္ရက္ မိနစ္၆၀ေလာက္ ထိုက္ခ်ိေလ့က်င့္ခန္းျပဳလုပ္ေစၿပီး ၁၂ ပတ္ၾကာတဲ့အခါမွာေတာ့ နာက်င္မႈေတြ သက္သာ႐ံုသာမက ခႏၶာကိုယ္ဟန္ခ်က္ကိုလည္း ပိုမိုထိန္းႏိုင္လာေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ အဆိုပါလူနာေတြမွာ စိတ္က်ေရာဂါႏွင့္ က်န္းမာေရးအဆင့္အတန္း ပိုမိုတိုးတက္လာၿပီး ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနေတြလည္း မ်ားစြာတိုးတက္လာေၾကာင္း သိရပါတယ္။

ေအာ္ရီဂြန္တကၠသိုလ္နဲ႔ ကယ္လီဖိုးနီးယား ေလာ့အင္ဂ်လိ (UCLA) ကသုေတသီေတြရဲ႕ အစီရင္ခံစာမွာလည္း ထိုက္ခ်ိေလ့က်င့္ခန္းဟာ အိုမင္းသူေတြအတြက္ အိပ္စက္ျခင္းဆိုင္ရာ အရည္အေသြးေတြကို ပိုမိုတိုးျမွင့္ေပးႏိုင္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ေသြးတိုးေရာဂါႏွင့္ ေခါင္းကိုက္မႈ တင္းမာမႈေတြကိုလည္း ေလ်ာ့က်ေစေၾကာင္း ေဖာ္ျပထားပါေသးတယ္။ ေလျဖတ္ၿပီး လူနာေတြအတြက္လည္း ျပန္လည္ထူေထာင္ဖို႔အတြက္ ထိုက္ခ်ိေလ့က်င့္ခန္းက ကူညီေပးႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္ ဝသူေတြအတြက္ ထိုက္က်ိေလ့က်င့္ခန္းဟာ အေႏွးျပဳလုပ္ရတာေၾကာင့့္ အႏၱရာယ္ပိုကင္းၿပီး နာက်င္မႈမရွိပဲ ထိေရာက္ေစတဲ့ ကစားနည္းလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ကယ္လိုရီေတြကိုလည္း ေလာင္ကၽြမ္းေစတာေၾကာင့္ ဝိတ္ခ်လိုသူေတြအတြက္လည္း သင့္ေတာ္တဲ့ေလ့က်င့္ခန္းျဖစ္ပါတယ္။

ထိုက္ခ်ိေလ့က်င့္ခန္းဟာ ေစ်းသိပ္မႀကီးသလို၊ အၿပိဳင္အဆိုင္ျပဳလုပ္ရတဲ့ ေလ့က်င့္ခန္းမဟုတ္သကဲ့သို႔ အႏၱရာယ္ကင္းတဲ့ ကစားနည္းလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ အသက္အရြယ္မခြဲျခားပဲ ထိုက္ခ်ိေလ့က်င့္ကို လူတိုင္းနီးပါး သင္ယူထားသင့္သလို အိမ္အတြင္းမွာေရာ အိမ္အျပင္မွာ ကိရိယာမလိုပဲ ျပဳလုပ္ႏိုင္တဲ့ ကစားနည္းလည္း ျဖစ္ပါတယ္။
ထိုက္ခ်ိကစားနည္းနဲ႔ ပတ္သတ္ၿပီး မ်ားျပားတဲ့ ပံုစံေတြ၊ နည္းစနစ္ေတြ ရွိၿပီး ႐ုပ္ပိုင္းစိတ္ပိုင္းအတြက္ စည္းကမ္းခ်က္ေတြလည္း ကြဲျပားပါေသးတယ္။ စတိုင္အမ်ိဳးမ်ိဳးမွာ အေျခခံမူေတြရွိၿပီး ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစဖို႔ နည္းစနစ္မ်ားစြာရွိပါတယ္။


အခ်ိဳ႕ေသာစတိုင္ေတြဟာ ကိုယ္ခံပညာကိုအေလးေပးထာၿပီး martial art သမားေတြ အားကစားသမားေတြအတြက္ မ်ားစြာသင့္ေလ်ာ္ပါတယ္။ အျခားစတိုင္ေတြကေတာ့ စိတ္အပန္းေျဖဖို႔နဲ႔ အ႐ိုးအဆစ္ေတြနဲ႔ ဟန္ခ်က္ကို ကုစားႏိုင္ဖို႔ အထူးေကာင္းမြန္ပါတယ္။ တကယ္လို႔ ထိုက္ခ်ိကိုေလ့လာသင္ယူမယ္ ဆိုရင္ေတာ့ သင္စိတ္ဝင္စားတဲ့ စတိုင္မ်ိဳးကို အေသအခ်ာေရြးခ်ယ္ေလ့က်င့္ဖို႔ လိုအပ္ပါတယ္။ သင့္မွာမၾကာခဏ မူးေဝျခင္း၊ သို႔မဟုတ္ ေဆးဘက္ဆိုင္ရာ ျပႆနာေတြ ရွိပါက ထိုက္ခ်ိမကစားမီကပင္ ဆရာဝန္နဲ႔ ႀကိဳတင္ေဆြးေႏြးၿပီး အၾကံဥာဏ္ယူသင့္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar

Single Parenting ရဲ႕ေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈ ၅ ခ်က္နဲ႔အတူ မေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈ ၅ ခ်က္

Unicode

(Tai Chi) ထိုက်ချိလေ့ကျင့်ခန်း ပြုလုပ်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ထိုက်ချိလို့ခေါ်တဲ့ သိုင်းပညာဟာ တရုတ်ရိုးရာရှေးဟောင်း သိုင်းပညာတစ်မျိုးဖြစ်ပြီး နူးညံ့သိမ်မွေ့မှုနဲ့ ပျော့ပျောင်းမှုကို ကိုယ်စားပြုတဲ့ သိုင်းနည်းစနစ် တစ်မျိုးဖြစ်ပါတယ်။ ထိုက်ချိလေ့ကျင့်ခန်းဟာလည်း အဆိုပါသိုင်းပညာမှ ဖြစ်ပေါ်လာတာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကိုအပန်းပြေစေရုံသာမကပဲ အသက်အရွယ်ကြီးသူတွေအတွက်
ဟန်ချက်နဲ့ လှုပ်ရှားမှု၊ နူးညံ့ပျော့ပျောင်းတဲ့ ကိုယ်ဟန်အနေအထား၊ စတဲ့များပြားလှတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ထိုက်ချိလေ့ကျင့်ခန်းတွေဟာ အနှေးလှုပ်ရှားမှု (Slow motion) နဲ့လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် အသက်အရွယ် အိုမင်းသူတွေအတွက်ပါ အလွန်အဆင်ပြေပြီး အဆစ်အမြစ်တွေအတွက် နူးည့ံပြီး
ထိရောက်တဲ့ ကုထုံးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ထိုက်ချိလေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။

အော်ရီဂွန် သုတေသနဌာနရဲ့ သုတေသနပြုချက်တွေအရ ထိုက်ချိလေ့ကျင့်ခန်းဟာ ဟန်ချက်ကိုတိုးတက်စေပြီး အသက်ကြီးသူတွေ မကြာခဏချော်လဲမှု အန္တရာယ်ကို ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ပျော့ပြောင်းမှု၊ သန်မာကြံ့ခိုင်မှုအတွက်လည်း များစွာထိရောက်သော လေ့ကျင့်ခန်းဖြစ်ပါတယ်။

ထိုက်ချိလေ့ကျင့်ခန်းဟာ နာကျင်မှုတွေကို လျော့ချပေးနိုင်ပြီး တောင့်တင်းမှု နဲ့ စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ကြောင်း Tufts University ရဲ့သုတေသီတွေရဲ့ လေ့လာမှုတွေအရ သိရပါတယ်။ အသက် ၆၅နှစ်ကျော်ပြီဖြစ်တဲ့ ဒူနာဝေဒနာခံစားနေရတဲ့ လူနာများကို တစ်ပတ်မှာနှစ်ရက် မိနစ်၆၀လောက် ထိုက်ချိလေ့ကျင့်ခန်းပြုလုပ်စေပြီး ၁၂ ပတ်ကြာတဲ့အခါမှာတော့ နာကျင်မှုတွေ သက်သာရုံသာမက ခန္ဓာကိုယ်ဟန်ချက်ကိုလည်း ပိုမိုထိန်းနိုင်လာကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါလူနာတွေမှာ စိတ်ကျရောဂါနှင့် ကျန်းမာရေးအဆင့်အတန်း ပိုမိုတိုးတက်လာပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေလည်း များစွာတိုးတက်လာကြောင်း သိရပါတယ်။

အော်ရီဂွန်တက္ကသိုလ်နဲ့ ကယ်လီဖိုးနီးယား လော့အင်ဂျလိ (UCLA) ကသုတေသီတွေရဲ့ အစီရင်ခံစာမှာလည်း ထိုက်ချိလေ့ကျင့်ခန်းဟာ အိုမင်းသူတွေအတွက် အိပ်စက်ခြင်းဆိုင်ရာ အရည်အသွေးတွေကို ပိုမိုတိုးမြှင့်ပေးနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါနှင့် ခေါင်းကိုက်မှု တင်းမာမှုတွေကိုလည်း လျော့ကျစေကြောင်း ဖော်ပြထားပါသေးတယ်။ လေဖြတ်ပြီး လူနာတွေအတွက်လည်း ပြန်လည်ထူထောင်ဖို့အတွက် ထိုက်ချိလေ့ကျင့်ခန်းက ကူညီပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ဝသူတွေအတွက် ထိုက်ကျိလေ့ကျင့်ခန်းဟာ အနှေးပြုလုပ်ရတာကြောင့့် အန္တရာယ်ပိုကင်းပြီး နာကျင်မှုမရှိပဲ ထိရောက်စေတဲ့ ကစားနည်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေတာကြောင့် ဝိတ်ချလိုသူတွေအတွက်လည်း သင့်တော်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။

ထိုက်ချိလေ့ကျင့်ခန်းဟာ စျေးသိပ်မကြီးသလို၊ အပြိုင်အဆိုင်ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းမဟုတ်သကဲ့သို့ အန္တရာယ်ကင်းတဲ့ ကစားနည်းလည်းဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ်မခွဲခြားပဲ ထိုက်ချိလေ့ကျင့်ကို လူတိုင်းနီးပါး သင်ယူထားသင့်သလို အိမ်အတွင်းမှာရော အိမ်အပြင်မှာ ကိရိယာမလိုပဲ ပြုလုပ်နိုင်တဲ့ ကစားနည်းလည်း ဖြစ်ပါတယ်။
ထိုက်ချိကစားနည်းနဲ့ ပတ်သတ်ပြီး များပြားတဲ့ ပုံစံတွေ၊ နည်းစနစ်တွေ ရှိပြီး ရုပ်ပိုင်းစိတ်ပိုင်းအတွက် စည်းကမ်းချက်တွေလည်း ကွဲပြားပါသေးတယ်။ စတိုင်အမျိုးမျိုးမှာ အခြေခံမူတွေရှိပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေဖို့ နည်းစနစ်များစွာရှိပါတယ်။
အချို့သောစတိုင်တွေဟာ ကိုယ်ခံပညာကိုအလေးပေးထာပြီး martial art သမားတွေ အားကစားသမားတွေအတွက် များစွာသင့်လျော်ပါတယ်။ အခြားစတိုင်တွေကတော့ စိတ်အပန်းဖြေဖို့နဲ့ အရိုးအဆစ်တွေနဲ့ ဟန်ချက်ကို ကုစားနိုင်ဖို့ အထူးကောင်းမွန်ပါတယ်။ တကယ်လို့ ထိုက်ချိကိုလေ့လာသင်ယူမယ် ဆိုရင်တော့ သင်စိတ်ဝင်စားတဲ့ စတိုင်မျိုးကို အသေအချာရွေးချယ်လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ သင့်မှာမကြာခဏ မူးဝေခြင်း၊ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ပြဿနာတွေ ရှိပါက ထိုက်ချိမကစားမီကပင် ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးပြီး အကြံဉာဏ်ယူသင့်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here