0
64
-Advertisement-
#Lifestyle_Myanmar
#LM_Nandar
Source-kstarlive
Unicode
Suzy နှင့် Lee Donwook တို့ရဲ့ လမ်းခွဲမှုကို အင်တာနက်သုံးစွဲသူများက Lee Minho ရဲ့အင်စတာဂရမ်မှာ attack လုပ်ခဲ့
အင်တာနက်သုံးသူများက Lee Dongwook နှင့် Suzy တို့ရဲ့ လမ်းခွဲမှုနှင့်ပတ်သတ်ပြီး လီမင်ဟိုကို ကျီစားခဲ့ပါတယ်။
Suzy နှင့် Lee Dongwook တို့ဟာ သူတို့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ပရိတ်သတ်များရဲ့ တုံ့ပြန်မှုတွေကတော့ ကွဲပြားခြားနားပါတယ်။ တချို့က လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တဲ့ စုံတွဲအတွက် ဝမ်းနညး်ခဲ့ကြပြီး တစ်ချို့က သူတို့နှစ်ယောက်ရဲ့ အနုပညာလုပ်ငန်းကို ပိုပြီး အာရုံစိုက်လာနိုင်တာကြောင့် ဝမ်းသာခဲ့ကြပါတယ်။ တုံ့ပြန်မှုအမျိုးမျိုးကြားမှာ fan အတော်များများက မင်းသမီးရဲ့ ရည်းစားဟောင်းဖြစ်တဲ့ လီမင်ဟိုရဲ့ အင်စတာဂရမ်Post အောက်မှာ သွားနောက်ခဲ့ကြပါသေးတယ်။
လီမင်ဟိုရဲ့ အင်စတာဂရမ်ပေါ်က နောက်ဆုံး Post ပေါ်မှာတွေ့ရတဲ့ comment အတော်များများကတော့ “မင်းရဲ့ရည်းစားဟောင်း လမ်းခွဲသွားတာကိုမြင်ရတော့ ဘယ်လိုခံစားရလဲ?, ‘Suzy နဲ့ပတ်သတ်ပြီး မင်းအတွက် ကွန်းမန့်တစ်ကြောင်း ထားခဲ့ချင်ပေမယ့် ငါဘာပြောရမှန်း မသိဘူး’ အခု single တစ်ယောက်ဖြစ်သွားတဲ့ Suzy ကိုမြင်ပြီး လီမင်ဟို ပျော်ရွှင်နေတာဖြစ်ရမယ်။ နောက်တာပါ” စသဖြင့် လီမင်ဟိုကို သူ့ရဲ့ fan တွေ ချစ်စနိုးစနောက်ထားတဲ့ comment အတော်များများကို တွေ့ရပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-kstarlive
LEAVE A REPLY
Please enter your comment!
Please enter your name here