Sulli အတွက် အမှတ်ရစရာ ပိုစ့်ကို ထုတ်ပြန်ခဲ့တဲ့ SM Entertainment

0
93

SM Entertainment က သူမကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ကြောင်း ကတိပေးထားတဲ့ သတိရလွမ်းဆွတ်ခြင်း ပိုစ့်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ယခင်က ဖော်ပြရခြင်းမရှိသေးတဲ့ ဓါတ်ပုံတစ်ပုံနှင့်အတူ ဓါတ်ပုံထဲမှာ Sulli ဆီသို့ နောက်ထပ်စာတစ်စောင် ပို့ခဲ့ပါတယ်။

” Sulli နဲ့ တွေ့ဆုံခဲ့တဲ့ ပထမဆုံးအကြိမ်ကို ငါတို့ အမှတ်ရမိသေးတယ်။
တောက်ပတဲ့ အပြုံးလေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးဟာ လူအများ ချစ်ကြတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ ယခု သူမက သူမကိုချစ်တဲ့သူတွေရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမယ့် တောက်ပတဲ့ကြယ်တစ်ပွင့် ဖြစ်လာခဲ့ပါပြီ။ သူမရဲ့ နွေးထွေးတဲ့နှလုံးသားကို ငါတို့ ဘယ်တော့မှ မမေ့နိုင်ပါဘူး၊ သူမကို အမြဲတမ်း သတိရနေလိမ့်မယ်” လို့ SM Entertainment က ဖော်ပြထားပါတယ်။

ဒါက SM Entertainment အနေနဲ့ Sulli ကွယ်လွန်သွားတာနဲ့ ပတ်သတ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာ တတိယအကြိမ်ဖြစ်ပါတယ်။ အရင်ထုတ်ပြန်ချက်နှစ်ခုမှာတော့ သူမသေဆုံးမှုနှင့် ဇာပနလုပ်ထုံးလုပ်နည်းများကို အတည်ပြုခြင်း ဖြစ်ပါတယ်။ Sinchon Severance ဆေးရုံမှာ Sulli ရဲ့ ဇာပနကို ဝမ်းနည်းပူဆွေးဖို့ ပရိတ်သတ်တွေအတွက် နေရာတစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ကြပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi




Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here