• Latest
  • Trending
  • All
  • News
  • Lifestyle
Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

April 9, 2020
Scorpio (ဗြိစ္ဆာရာသီဖွား)လေးတွေရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်များ

Scorpio (ဗြိစ္ဆာရာသီဖွား)လေးတွေရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်များ

January 28, 2021
၂၀၂၀ ခုနှစ်အတွက် Google မှာ ရှာဖွေခံရမှုအများဆုံးအကြောင်းအရာများ၊ အနုပညာရှင်များနှင့် အားကစားသမားများ

၂၀၂၀ ခုနှစ်အတွက် Google မှာ ရှာဖွေခံရမှုအများဆုံးအကြောင်းအရာများ၊ အနုပညာရှင်များနှင့် အားကစားသမားများ

January 27, 2021
အသက် ၂၀အရွယ်မှာ အချစ်နဲ့ ပေါင်းသင်းဆက်ဆံရေးကို ကျွန်တော်တို့ ဘယ်လိုရှု့မြင်ကြသလဲ?

အသက် ၂၀အရွယ်မှာ အချစ်နဲ့ ပေါင်းသင်းဆက်ဆံရေးကို ကျွန်တော်တို့ ဘယ်လိုရှု့မြင်ကြသလဲ?

January 27, 2021
ဘဝကို အပြည့်အဝခံစားနိုင်အောင် အသက် ၂၀၊ ၃၀အရွယ်မှာ လုပ်ရမယ့်အရာ (၂၄)ခု

ဘဝကို အပြည့်အဝခံစားနိုင်အောင် အသက် ၂၀၊ ၃၀အရွယ်မှာ လုပ်ရမယ့်အရာ (၂၄)ခု

January 27, 2021
သင်မသိမဖြစ် သိသင့်တဲ့ အောင်မြင်မှုကြီးကြီးမားမားရရှိထားသူတွေရဲ့ သွင်ပြင်လက္ခဏာများ

သင်မသိမဖြစ် သိသင့်တဲ့ အောင်မြင်မှုကြီးကြီးမားမားရရှိထားသူတွေရဲ့ သွင်ပြင်လက္ခဏာများ

January 27, 2021
အိပ်ရာခင်းတွေကို မလျှော်ဖွပ်ဘူးဆိုရင် ဘာတွေကြုံရမလဲ?

အိပ်ရာခင်းတွေကို မလျှော်ဖွပ်ဘူးဆိုရင် ဘာတွေကြုံရမလဲ?

January 27, 2021
အဆိပ်အတောက်ဆန်တဲ့ ခင်မင်ရင်းနှီးမှု (Toxic Friendship) ရဲ့လက္ခဏာ (၇)ခု

အဆိပ်အတောက်ဆန်တဲ့ ခင်မင်ရင်းနှီးမှု (Toxic Friendship) ရဲ့လက္ခဏာ (၇)ခု

January 26, 2021
ခံတွင်းအနံ့ဆိုးခြင်းနှင့် သင့်ပါးစပ်ထဲက ဘက်တီးရီးယားတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း (၆) ခု

ခံတွင်းအနံ့ဆိုးခြင်းနှင့် သင့်ပါးစပ်ထဲက ဘက်တီးရီးယားတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း (၆) ခု

January 26, 2021
အနာဂတ်မှာ ဘာဖြစ်ပျက်လိမ့်မယ်ဆိုတာ ထူးဆန်းစွာ ခန့်မှန်းထားတဲ့ ‘The Simpsons’ ကာတွန်းစီးရီး

အနာဂတ်မှာ ဘာဖြစ်ပျက်လိမ့်မယ်ဆိုတာ ထူးဆန်းစွာ ခန့်မှန်းထားတဲ့ ‘The Simpsons’ ကာတွန်းစီးရီး

January 26, 2021
မယုံကြည်ထိုက်သူတစ်ယောက်ရဲ့ လက္ခဏာ (၉)ခု

မယုံကြည်ထိုက်သူတစ်ယောက်ရဲ့ လက္ခဏာ (၉)ခု

January 26, 2021
ကျွန်မတို့ကို မပျော်ရွှင်အောင် လုပ်နေမိသော ကျွန်မတို့ရဲ့ နေ့စဉ်အမူအကျင့် (၄) ချက်

ကျွန်မတို့ကို မပျော်ရွှင်အောင် လုပ်နေမိသော ကျွန်မတို့ရဲ့ နေ့စဉ်အမူအကျင့် (၄) ချက်

January 26, 2021
မင်းသမီးဒိုင်ယာနာဟာ လူအများစုရဲ့ နှလုံးသားရဲ့ ဘုရင်မဖြစ်ရတဲ့ အကြောင်းရင်း (၇) ချက်

မင်းသမီးဒိုင်ယာနာဟာ လူအများစုရဲ့ နှလုံးသားရဲ့ ဘုရင်မဖြစ်ရတဲ့ အကြောင်းရင်း (၇) ချက်

January 25, 2021
  • About
  • Advertise
  • Privacy & Policy
  • Contact
Thursday, January 28, 2021
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည်းစားဟောင်း

    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    မိန်းမချော့နည်း

    မိန်းမချော့နည်း

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Entertainment

Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

by Dmo aung
April 9, 2020
in Entertainment, Video
0
Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
39
SHARES
361
VIEWS
Share on FacebookShare on Twitter

အခုလို Stay at home ဖြစ်နေတဲ့အချိန်မှာ အပျင်းပြေကြည့်ရှုဖို့ Anime movies လေးတွေကို စုစည်းပေးလိုက်ပါတယ်။ကဲ ..ရှာဖွေကြည့်ရှုပြီး အပျင်းပြေကြပါစေလို့။

1.Stand by Me Doraemon

တကယ်တော့မင်းက ထိုင်းတယ်၊ နှေးတယ်၊ စာလုပ်ရမှာကိုပျင်းတယ်၊ မင်းကကြောက်တတ်တယ်၊ အပျင်းထူတယ်၊ အားကစားလည်းသုံးစားမရဘူး၊ သူရဲဘောကြောင်တယ်၊ အမေ့မေ့အလျော့လျော့နဲ့၊ စိတ်ချယုံကြည်လို့မရတဲ့ ထူထူထိုင်းထိုင်း၊ မင်းက လူပျော့လူညံ့၊ သဘောပေါက်လည်းနှေးတယ်၊ ဒီကြားထဲ ကံကလည်းခဏခဏဆိုးသေး၊ လူဆိုးလေး…ဆိုပြီး
ကြောင်စက်ရုပ်လေးဒိုရေမွန်ဟာ မျက်ရည်တွေကျနေတယ်။ အနာဂတ်ကစက်ရုပ်တွေဟာ ငိုတတ်သလားတော့ ကျနော်မသိပါဘူး။ ဒါပေမယ့် ရုပ်ရှင်ကိုကြည့်နေရတဲ့လူကတော့ ရင်ထဲဆို့ပြီး မျက်ရည်ဝဲတတ်လာတာဘဲ…။ အလွဲလွဲအချော်ချော်ဖြစ်တိုင်း၊ အနိုင်ကျင့်ခံရတိုင်း၊ ဒုက္ခရောက်တိုင်း အသံပြဲနဲ့ငိုပြီး ဒိုရေမွန်လို့ လှမ်းအကူညီတောင်းတတ်တဲ့ နိုဘိတကိုချစ်တယ်။ နိုဘိတ ပူဆာသမျှကို ဖြည့်ဆည်းပေးပြီး တလွဲတွေလုပ်တိုင်း နောက်ကနေလိုက်ရှင်းပေးပြီး နိုဘိတအတွက် စိတ်တွေညစ်နေတဲ့ ဒိုရေမွန်ဆိုတဲ့ ကြောင်စက်ရုပ်လေးကိုချစ်တယ်။ တကယ်ချစ်ဖို့ကောင်းတဲ့ ဇာတ်ကားလေးမို့ ကြည့်ကြည့်ကြပါဦး။ အော်..မေ့လို့ နိုဘိတ တစ်ဘက်သတ်ကြိုက်နေတဲ့ ရှီဇူကာဆိုတဲ့ ကောင်မလေးရဲ့ စိတ်ထားလေးကလည်း ချစ်ဖို့ကောင်းချက်…။

ADVERTISEMENT

2.Your Name

အင်နီမေးရှင်းဇာတ်ကားတွေထဲမှာ ပြောစမတ်တွင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ အနုစိတ်တဲ့ဖန်တီးရေးဆွဲမှုတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ ဇာတ်လမ်းသွား၊ ထင်မှတ်မထားတဲ့အချိုးအကွေ့တွေနဲ့မို့ ကြည့်ပြီးရင် “တသသ” ဖြစ်ကျန်နေမှာပါ။ ဇာတ်ကားအစပိုင်းမှာတော့ နည်းနည်းလေးနားမလည်နိုင်သလို ဖြစ်နေနိုင်ပေမယ့် နည်းနည်းကြာရင်တော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ဖြစ်သွားကြမှာပါ။ မကြည့်ရသေးရင် ကြည့်ကြည့်ကြပါဦး။ တကယ်ကောင်းတဲ့ ဇာတ်ကားဖြစ်တယ်ဆိုတာ အာမခံပါတယ်။

3.Shaun the Sheep movie

လယ်တောတစ်ခုထဲမှာ ခြံပိုင်ရှင်အဘိုးကြီးတစ်ယောက်ရယ်၊ အစောင့်ခွေးလေးတစ်ကောင်ရယ်၊ သိုးတစ်အုပ်ရယ်နဲ့ တိုင်ပတ်နေကြတာ …။ စကားပြောတာတွေဘာတွေမပါဘဲနဲ့ ကြည့်ပြီးတော့ ရယ်နေရတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ အိမ်တွင်းအောင်းနေရတဲ့ စိတ်ငြီးငွေ့မှုတွေကို ဖြေဖျောက်ပေးနိုင်မှာပါ။ ကြည့်ကြည့်ပါဦး။

4.Captain Underpants

တကယ့်အခွီကားလေးတစ်ကားပါ။ မူလတန်းကျောင်းက ပေါက်ကရလုပ်တတ်တဲ့ ကလေးနှစ်ယောက်နဲ့ စိတ်တိုဒေါသထွက်တတ်တဲ့ ကျောင်းအုပ်ကြီးရယ်ကြား စိတ်ညို့လို့ရတဲ့ လက်စွပ်တစ်ကွင်းရောက်လာတော့ တကယ်ရယ်ရတဲ့ စူပါဟီးရိုး ကက်ပတိန်အန်ဒါပန့်ခ် တစ်ယောက်ပေါ်ထွက်လာပါတယ်။ ကျောင်းအုပ်ကြီးကို စိတ်ညို့ပြီး လုပ်ချင်တာလုပ်ခိုင်း၊ ကျောင်းအုပ်ကြီးကလည်း စိတ်ညို့ခံရတဲ့ အချိန်မှာ စူပါပါဝါတွေရှိနေပြီး စိတ်ညို့ခံရတာပျယ်သွားတဲ့အချိန်မှာတော့ ဘာဖြစ်လို့ဖြစ်မှန်းမသိဆိုတော့ ကလေးနှစ်ယောက်က စိတ်ကြိုက်ပေါ့။ တစ်နေ့မှာတော့ ရယ်မောတာတွေကိုမုန်းတဲ့ ပရော်ဖက်ဆာတစ်ယောက်က ကျောင်းဆရာအဖြစ်ရောက်လာပါတယ်။ အဲ့ဒီမှာ ဘယ်လိုအလွဲတွေ၊ ရယ်မောစရာတွေ၊ စွန့်စားခန်းတွေကို တွေ့ရမလဲဆိုတာတော့ ကြည့်ကြည့်ကြပါဦး။ တကယ့်ကိုပါးစပ်မစိဘဲ ရယ်ရတဲ့ ဇာတ်ကားလေးတစ်ကားပါ။

5.Emoji Movie

ကျနော်တို့ အသုံးပြုတတ်ကြတဲ့ Emoji ရုပ်လေးတွေကို ဇာတ်ကောင်ထားပြီး ဖန်တီးထားတာမို့ ပျင်းဖို့ကောင်းမယ့် ဇာတ်ကားလို့ အစကထင်ခဲ့မိတာ၊ ကြည့်မိတော့မှ ထင်ထားသလိုပျင်းဖို့မကောင်းဘဲ ရသစုံ ပေးစွမ်းသွားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်နေပါတယ်။ တအားကြီးကောင်းတယ်လို့ မညွှန်းချင်ပေမယ့် မလျော့တဲ့ ဇာတ်ကားတစ်ကားလို့တော့ ပြောလို့ရပါတယ်။

6.The Peanuts Movie

ဘာလုပ်လုပ်မအောင်မြင်တဲ့ အရှုံးသမားလေး ချာလီဘရောင်းနဲ့ သူရဲ့ အချစ်တော်ခွေးကလေးရဲ့ တလွဲတွေကို ခံစားရယ်မောကြည့်ကြပါဦး။ နှစ်သက်မိတဲ့ ဇာတ်ကားလေးတစ်ကားဘဲ ဖြစ်ပါတယ်။

7.Monsters University

အများကြီးမညွှန်းချင်တော့ပါဘူး။ ဒီကားလေးကိုတော့ တော်တော်များများတော့ကြည့်ဖူးကြမယ်ထင်ပါတယ်။ မကြည့်ဖူးသေးရင်တော့ ကြည့်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ တကယ်ကောင်းတဲ့ ဇာတ်ကားလေးပါ။ နာမည်ကျော်အခြောက်အလှန့်သမားဖြစ်ချင်ပေမယ့် ပုံပန်းသဏ္ဍာန်ကြောင့် လှောင်ပြောင်ခံရတဲ့ မိုက်ခ်ဝါဇိုစကီးရယ်၊ နာမည်ကြီး မိသားစုကပေါက်ဖွားလာတဲ့ ဆူလီဗန်ရယ်၊ မွန်းစတားတက္ကသိုလ်က အနှိမ်ခံမွန်းစတားလေးတွေရယ် အတူတူပူပေါင်းပြီး အခြောက်အလှန့်သမားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ကြိုးစားကြပြီး အနှိမ်ခံ၊ အလှောင်ပြောင်ခံဘဝကနေ လွတ်မြောက်ကြဖို့ ကြိုးစားတဲ့အကြောင်းကို အခြေခံပြီး ရသစုံပေးစွမ်းသွားတဲ့ ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။

8.Monsters, Inc

ဒီကားလေးကတော့ ပထမကားထက် ပိုကြိုက်မိတဲ့ ကားလေးပါဘဲ။ မိုက်ခ်ဝါဇိုစကီးနဲ့ ဆူလီဗန်တို့ရဲ့ မွန်းစတားကမ္ဘာထဲကို လူသားကလေးမလေး Boo မတော်တဆရောက်လာပြီး ကလေးမလေး Boo ကို သံယောဇဉ်တွယ်သွားတဲ့အခါမှာတော့ Boo ကို ဒုက္ခပေးမယ့်မွန်းစတားတွေရဲ့ ရန်ကနေကာကွယ်ပေးဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် ကျောင်းတော်ကရန်စရှိတဲ့ မွန်းစတားတစ်ကောင်က Boo ကိုပစ်မှတ်ထားပြီး မိုက်ခ်နဲ့ ဆူလီဗန်တို့ကို ရည်ရွယ်ချက်ရှိရှိအကောက်ကြံတဲ့အခါမှာတော့ Boo ကို လူသားကမ္ဘာကို ပြန်ပို့ဖို့ ကြံစည်ထားတာတွေလက်တွေ့မှာဖြစ်နိုင်ပါ့မလားဆိုတာ ကြည့်ကြည့်ကြပါဦး။ ကြည့်ပြီးရင်တော့ စိတ်ထဲစွဲကျန်နေရစ်မယ်ဆိုတာ ယုံကြည်ပါတယ်။

9.A Monster In Paris

မတော်တဆဖြစ်ပွားမှုတစ်ခုကနေ ပဲရစ်မြို့ကြီးထဲမှာ မွန်းစတားတစ်ကောင်ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် လူအများအထိတ်လန့်ဖြစ်ကြတဲ့ အဲ့ဒီမွန်းစတားဟာ တကယ်တော့ လူတွေကို ဒုက္ခမပေးဘဲ သူ့ဘာသာအေးအေးဆေးဆေးနေပေမယ့် သူရဲကောင်းဖြစ်ချင်နေတဲ့လူတစ်စုကြောင့် သူဟာ အသက်လုပြေးလွှားရင်း အဆိုတော်ကောင်မလေးတစ်ယောက်ဆီ ရောက်ရှိသွားပါတယ်။ အဆိုတော်ကောင်မလေးနဲ့ သူနဲ့ နားလည်မှုရှိရှိ အေးချမ်းပျော်ရွှင်စွာ နေရပြီလို့ ထင်မှတ်ထားပေမယ့် သူ့ကို အလွတ်မပေးတဲ့ သူရဲဘောကြောင်တဲ့ အတုအယောင်သူရဲကောင်းတွေကြောင့် သူဟာနောက်ထပ်တစ်ကြိမ်အသက်လုပြေးရပြန်ပါတယ်။ ထပ်ပြောပြရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ ကိုယ့်ဘာသာဘဲ ကြည့်ကြပါတော့နော်။

10.Kubo and the Two Strings

မွေးရာပါ မှော်အတတ်ပညာရှိပေမယ့် စားဝတ်နေရေးအတွက် အရုပ်တိုက်ပွဲပြုလုပ်ပြီး ပုံဖော်ပြတာကလွဲလို့ အခြားမှာအသုံးချခွင့်မရှိခဲ့ပါဘူး။ သူရဲ့အဘိုး အရိပ်မိစ္ဆာကြီးက သူနဲ့ သူ့အမေကို လိုက်ဖမ်းနေတာမို့ နေဝင်ပြီဆို အပြင်မထွက်ရဲဘဲ ပုန်းနေခဲ့ရပါတယ်။ ဒါပေမယ့် တစ်နေ့တော့ သူ့အမေစကားကို လွန်ဆန်ပြီး ညဘက်အပြင်ထွက်မိတဲ့အခါ သူနဲ့ သူ့အမေရှိတဲ့နေရာကို သူ့အဘိုး မိစ္ဆာကြီးသိသွားပြီး လိုက်လံဖမ်းစီးရာမှာ သူ့အမေကိုဖမ်းမိသွားပေမယ့် သူကတော့လွတ်မြောက်သွားပါတယ်။ ဒီတော့ ဆက်ကြည့်ကြည့်ပါဦး။ တော်တော်ကောင်းတဲ့ ဇာတ်ကားလေးဘဲဖြစ်ပါတယ်။

#Lifestyle_myanmar

#Dmo_aung

Share39TweetShare
Dmo aung

Dmo aung

Related Posts

အနာဂတ်မှာ ဘာဖြစ်ပျက်လိမ့်မယ်ဆိုတာ ထူးဆန်းစွာ ခန့်မှန်းထားတဲ့ ‘The Simpsons’ ကာတွန်းစီးရီး

အနာဂတ်မှာ ဘာဖြစ်ပျက်လိမ့်မယ်ဆိုတာ ထူးဆန်းစွာ ခန့်မှန်းထားတဲ့ ‘The Simpsons’ ကာတွန်းစီးရီး

by Nandar Lwin
January 26, 2021
0

အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို သင်ဘယ်တော့မှ မသိပါဘူး။ ဒါပေမယ့် The Simpsons ကာတွန်းတွေကို အနီးကပ်ကြည့်မယ်ဆိုရင် သူ့ရဲ့ဖန်တီးသူတွေမှာ Magic 8-Ball (သို့) တစ်ခုခုရှိလိမ့်လို့ သင်စတွေးမိပါလိမ့်မယ်။ The Simpsons ကာတွန်းစီးရီးဟာဆိုရင် ဇာတ်ကားရဲ့ အပိုင်းတိုင်းလိုလိုမှာ...

JOOX 2020 Popular Song Award ရရှိသည့် တေးသီချင်း (၁၀) ပုဒ်

JOOX 2020 Popular Song Award ရရှိသည့် တေးသီချင်း (၁၀) ပုဒ်

by Nandar Lwin
January 7, 2021
0

JOOX မှ ၂၀၂၀ ပြည့်နှစ်အတွင်း မဲအများဆုံးရရှိခဲ့ကြသည့် ရေပန်းအစားဆုံး JOOX 2020 Popular Song Award ရရှိသွားသော တေးသီချင်း (၁၀) ပုဒ်၏ အမည်များကို ဇန်နဝါရီလ ၆ ရက်နေ့က JOOX...

ကိုယ့်ပါတနာက ကိုယ့်ရဲ့ သူငယ်ချင်းတွေကို မကြိုက်ဘူးဆိုရင် ပြုလုပ်ပေးရမယ့်နည်းလမ်း (၅) ချက်

ကိုယ့်ပါတနာက ကိုယ့်ရဲ့ သူငယ်ချင်းတွေကို မကြိုက်ဘူးဆိုရင် ပြုလုပ်ပေးရမယ့်နည်းလမ်း (၅) ချက်

by Nyein Thu
December 28, 2020
0

သင်သာ RS တစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တယ်ဆိုရင် သင့်ကောင်လေးနှင့် သူငယ်ချင်းတွေအကြား စိတ်ရှုတ်ထွေးရတာတွေ ကြုံဖူးပါလိမ့်မယ်။ တစ်ခါတလေ သင့်သူငယ်ချင်းတွေကိုပဲ ရွေးရမလား (သို့) သင့်ကောင်လေးပဲလားဆိုတာမျိုး အခက်တွေ့ကောင်းတွေ့နိုင်ပါတယ်။ လူသားတွေဟာ လူမှုဆက်ဆံရေးသတ္တဝါတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အပေါင်းအသင်းတွေကိုလည်း အဆက်ဖြတ်လိုက်ဖို့...

ရုပ်ရှင်မင်းသားတွေထက် သရုပ်ဆောင်ကောင်းကြသော အိမ်မွေးတိရစ္ဆာန်လေး အကောင် (၂၀)

ရုပ်ရှင်မင်းသားတွေထက် သရုပ်ဆောင်ကောင်းကြသော အိမ်မွေးတိရစ္ဆာန်လေး အကောင် (၂၀)

by Nyein Thu
December 15, 2020
0

တစ်ခါတလေမှာ ကျွန်မတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ အော်စကာဆုတွေတောင် ရယူနိုင်လောက်တဲ့အထိ စွမ်းဆောင်ရည်တွေ အပြည့်ရှိနေတတ်ပါတယ်။ ဒီလိုအကောင်လေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို အပြင်းထန်ဆုံး/ အနက်နဲဆုံး သရုပ်ဆောင်မှုတွေနဲ့ ထုတ်ပြတတ်ကြပါတယ်။ သင့်မှာ ကင်မရာတစ်လုံးသာရှိမယ်ဆိုရင် ဒီအချိန်လေးတွေက ကောင်းမွန်တဲ့အမှတ်တရာတွေဖြစ်လာပါလိမ့်မယ်။ ဒီကနေ့မှာ ဒီလိုခံစားချက်တွေကို...

  • Trending
  • Comments
  • Latest
ဝူဟန်ဗိုင်းရပ်စ်၊ တရုတ်ဇီဝလက်နက်နဲ့ နောက်ကွယ်ကဇာစ်မြစ်ကိုအထောက်အထားများနဲ့ဖော်ထုတ်ထားပြီ

ဝူဟန်ဗိုင်းရပ်စ်၊ တရုတ်ဇီဝလက်နက်နဲ့ နောက်ကွယ်ကဇာစ်မြစ်ကိုအထောက်အထားများနဲ့ဖော်ထုတ်ထားပြီ

April 11, 2020
သင့်စိတ်ဟာ ညစ်ပတ်နေလား? သန့်ရှင်းနေလားစစ်နိုင်မယ့် Mind Test

သင့်စိတ်ဟာ ညစ်ပတ်နေလား? သန့်ရှင်းနေလားစစ်နိုင်မယ့် Mind Test

April 3, 2020
အထိနာနေတဲ့ အမေရိကန်အတွက် အိုဘားမားပေးတဲ့အကြံ၊ ကယ်တင်ရှင်တရုတ် နဲ့ အမေရိကန်စူပါ ပါဝါနေရာက ဆင်းပေးရမလား?

အထိနာနေတဲ့ အမေရိကန်အတွက် အိုဘားမားပေးတဲ့အကြံ၊ ကယ်တင်ရှင်တရုတ် နဲ့ အမေရိကန်စူပါ ပါဝါနေရာက ဆင်းပေးရမလား?

April 10, 2020
ကိုယ်ဝန်ဆောင်ခြင်

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရဲ့ဘဝက ဘယ်လိုခက်ခဲကြောင်း ဖော်ပြနေတဲ့ သရုပ်ဖော်ပုံလေးတွေ

1
Scorpio (ဗြိစ္ဆာရာသီဖွား)လေးတွေရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်များ

Scorpio (ဗြိစ္ဆာရာသီဖွား)လေးတွေရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်များ

0
လေ့လာမှုတွေအရ ဥာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတွေအများစု Single ဖြစ်နေရတဲ့အကြောင်းရင်း

လေ့လာမှုတွေအရ ဥာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတွေအများစု Single ဖြစ်နေရတဲ့အကြောင်းရင်း

0
Scorpio (ဗြိစ္ဆာရာသီဖွား)လေးတွေရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်များ

Scorpio (ဗြိစ္ဆာရာသီဖွား)လေးတွေရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်များ

January 28, 2021
၂၀၂၀ ခုနှစ်အတွက် Google မှာ ရှာဖွေခံရမှုအများဆုံးအကြောင်းအရာများ၊ အနုပညာရှင်များနှင့် အားကစားသမားများ

၂၀၂၀ ခုနှစ်အတွက် Google မှာ ရှာဖွေခံရမှုအများဆုံးအကြောင်းအရာများ၊ အနုပညာရှင်များနှင့် အားကစားသမားများ

January 27, 2021
အသက် ၂၀အရွယ်မှာ အချစ်နဲ့ ပေါင်းသင်းဆက်ဆံရေးကို ကျွန်တော်တို့ ဘယ်လိုရှု့မြင်ကြသလဲ?

အသက် ၂၀အရွယ်မှာ အချစ်နဲ့ ပေါင်းသင်းဆက်ဆံရေးကို ကျွန်တော်တို့ ဘယ်လိုရှု့မြင်ကြသလဲ?

January 27, 2021
ADVERTISEMENT
Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In