• Latest
  • Trending
  • All
  • News
  • Lifestyle
Single Parenting ရဲ့ကောင်းတဲ့ အကျိုးသက်ရောက်မှု ၅ ချက်နဲ့အတူ မကောင်းတဲ့ အကျိုးသက်ရောက်မှု ၅ ချက်
Single Parenting ရဲ့ကောင်းတဲ့ အကျိုးသက်ရောက်မှု ၅ ချက်နဲ့အတူ မကောင်းတဲ့ အကျိုးသက်ရောက်မှု ၅ ချက်
August 16, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Tuesday, February 7, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ရည်းစားဟောင်း
    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    မိန်းမချော့နည်း
    မိန်းမချော့နည်း
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Family
Single Parenting ရဲ့ကောင်းတဲ့ အကျိုးသက်ရောက်မှု ၅ ချက်နဲ့အတူ မကောင်းတဲ့ အကျိုးသက်ရောက်မှု ၅ ချက်
by Naung Naung Lwin
August 16, 2018
in Family
0
Single Parenting ရဲ့ကောင်းတဲ့ အကျိုးသက်ရောက်မှု ၅ ချက်နဲ့အတူ မကောင်းတဲ့ အကျိုးသက်ရောက်မှု ၅ ချက်
172
SHARES
14
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT
၃။ ရင့်ကျက်ခြင်း
၅။ မိဘအုပ်ထိန်းမှု ပဋိပက္ခများ အလွန်နည်းပါးခြင်း
၁။ စီးပွားရေးပြဿနာများ
သင့်ရဲ့ကလေးငယ်ကို သင်ကြားထားပေးသင့်တဲ့ အရေးအကြီးဆုံး ဘဝကျွမ်းကျင်မှု (၁၀) ချက်
၅။ အထီးကျန်မှု
#LM_Naung_Naung
#Lifestyle_Myanmar
Unicode
Single Parent တစ်ယောက်အနေနဲ့ ကလေးကိုကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ရတာဟာ အလွန်စိတ်ဖိစီးစရာတွေ များလိမ့်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ Single parent တစ်ယောက်အနေနဲ့ များပြားလှတဲ့တာဝန်တွေကို လက်တွဲဖော်မပါပဲ ဖြေရှင်းရမှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေများစွာကိုလည်း တစ်ကိုယ်တည်းချမှတ်ရမှာပါ။ ဒီလို မိဘတစ်ယောက်ဖြစ်လာခဲ့ရင် သင့်ရဲ့ကလေးအတွက် ပြုစုပျိုးထောင်မှုနည်းလမ်းတွေ၊ အတွေ့အကြုံတွေကိုသင်ယူရမှာ ဖြစ်ပြီးတော့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နိုင်ဖို့နဲ့ ထိရောက်တဲ့နည်းလမ်းတွေကို ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကလေးအတွက် သင်သိသင့်သိထိုက်တဲ့ Single Parenting နည်းလမ်းအချို့နဲ့ ကြံုတွေ့လာနိုင်တဲ့ အခက်အခဲအချို့ကို လေ့လာမိသလောက် မျှဝေပေးချင်ပါတယ်။
Single parent ဟာတနည်းအားဖြင့် လက်တွဲဖော်မပါတဲ့ မိဘတစ်ယောက်ကို ဆိုလိုတာဖြစ်ပြီးတော့ ပုံစံအမျိုးမျိုးနဲ့ ကွဲပြားနိုင်ပါတယ်။ အချို့က လင်မယားကွာရှင်းမှုကြောင့်၊ အချို့က လက်တွဲဖော်ဆုံးပါးသွားတာကြောင့်၊ အချို့က နှစ်လရက်ရှည် တနယ်တကျေး သို့မဟုတ် ပြည်ပမှာအလုပ်သွားလုပ်နေတာကြောင့်နဲ့ အချို့ကတော့ မတရားအနိုင်ကျင့်ခံရပြီး Single mother ဖြစ်လာတာတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲပုံစံကွဲပြားပါစေ သင့်ပတ်ဝန်းကျင်က ကလေးလူကြီး၊ အချို့ရဲ့အမြင်မှာတော့ သင်တို့မိသားစုကိုမြင်တဲ့ရှုထောင့်က ပြောင်းလဲဖို့ခက်ခဲပြီး သင့်ရဲ့ကလေးပါ ယခုလိုအခြေအနေတွေကို ရင်ဆိုင်နိုင်စွမ်း ရှိဖို့လိုအပ်ပါတယ်။
Single Parenting နဲ့ပတ်သတ်ပြီး ကောင်းတဲ့သက်ရောက်မှုများ
အချိန်အများစုမှာတော့ Single Parent ဘဝမှာ များပြားတဲ့အိမ်ထောင်မှုဆိုင်ရာ ပြဿနာတွေနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေ၊ ယုံကြည်မှုဆိုင်ရာပြဿနာများစွာကို ရင်ဆိုင်နိုင်ရဖွယ် ရှိပါတယ်။ ဒါပေမယ့် ကလေးတွေကို ပျိုးထောင်မှုနဲ့ပတ်သတ်ပြီး ကောင်းတဲ့သက်ရောက်မှုတွေလည်း ရှိပါသေးတယ်။
၁။ မိဘနဲ့သားသမီးကြား သံယောဇဉ် ပိုမိုကြီးမားခြင်း
တကယ်လို့ သင်ဟာအမေတစ်ခု သားတစ်ခုလိုမျိုး Single parent တစ်ယောက်ဆိုရင်တော့ ကလေးနဲ့သင့်ကြားက နှောင်ကြိုးဟာ တကယ်ကိုနျူးကလီးယားလောက်ကို စွမ်းအားကြီးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင်တို့နှစ်ယောက်ကြား ရှင်သန်မှုဟာ တစ်ယောက်ကိုတစ်ယောက် ပိုမိုမှီတည်နေပြီး သင်ဟာကလေးရဲ့တစ်သက်တာမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သင်တစ်ဦးတည်းရဲ့ အရေးပါမှုကို နာလည်သဘောပေါက်ပြီး တန်ဖိုးမလျော့ပါစေနဲ့။ တကယ်လို့ သင်ထင်သလောက် နှောင်ကြိုးကမခိုင်ခံ့ဖူးဆိုရင် ပိုမိုပြည့်စုံအောင်ကြိုးစားပါ။
သင့်ကလေးနဲ့ သင့်ရဲ့ဆက်သွယ်မှုက ဘယ်တော့မှရပ်သွားမှာ မဟုတ်ပါဘူး။ ပိုပြီးကြီးထွားလာမှာ ဖြစ်ပြီတော့ သူတို့ ၁၈ နှစ်ပြည့်တဲ့အခါ ပိုပြီးတော့တောင် တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။
၂။ တာဝန်တွေကို ဝေမျှနိုင်တယ်
ှSingle Parent တွေရဲ့ သားသမီးအများစုတွေဟာ အခြားကလေးတွေကဲ့သို့ အပျော်မပါးသိပ်မလိုက်စားတတ်ကြပဲ မိဘကိုကူညီလုပ်ကိုင်ပေးတတ်ကြကြောင်း သိရပါတယ်။ သူတို့တွေ အရွယ်ရောက်လာလို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း အခြားသူတွေထက် ဘဝအကြောင်း ပိုမိုနားလည်တတ်ကြပြီး တာဝန်ခံမှု မြင့်မားတတ်ကြပါတယ်။ တကယ်လို့
သင့်ရဲ့ကလေးက အိမ်အလုပ်တွေကို ဝိုင်းဝန်းကူညီပေးတဲ့အခါ သူတို့ကိုချီးမွန်းဖို့ မမေ့ပါနဲ့။ သူတို့ရဲ့ အားထုတ်မှုတိုင်းကို အသိအမှတ်ပြုပါ။
၃။ ရင့်ကျက်ခြင်း
ကလေးတွေဟာ သူတို့ရဲ့မိဘဖြစ်သူ ပင်ပန်းစွာအလုပ်လုပ်နေရတာကို မြင်တွေ့ကြပါတယ်။ ဒီလိုမြင်တွေ့မှုတွေက သူတို့ကိုမိဘနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် တွန်းအားတွေဖြစ်စေပါတယ်။ ဒါ့အပြင် ယခုလိုကလေးတွေဟာ သူတို့ဘဝရဲ့ စိတ်ပျက်စရာတွေကိုလည်း စီမံထိန်းချုပ်နိုင်ဖို့ အလိုလိုသင်ယူတတ်ကြပါတယ်။ တကယ်လို့ သင့်ရဲ့ကလေးမှာာ စိတ်ပျက်စရာကောင်းတဲ့ ကိစ္စတွေရှိကြောင်း သင်သိခဲ့ရင် သူတို့ကိုထောက်ပံ့ပေးပါ၊ စာနာမှုတွေနဲ့ အားပေးပါ။ ဒီအတွေ့အကြံုက သင့်ကလေးကြီးပြင်းလာတဲ့အခါ စာနာတတ်ပြီးကြင်နာတတ်တဲ့ အရွယ်ရောက်သူတွေ ဖြစ်လာစေပါတယ်။
၄။ စံပြမိဘဖြစ်နိုင်ဖို့ အခွင့်အလမ်းပိုများခြင်း
Single Parent မိသားစုအတွင်းက သားသမီးတွေဟာ မိဘဖြစ်သူရဲ့အသက်ရှင်ရပ်တည်မှုမှာ သူတို့ဟာအရေးကြီးကြောင်းနဲ့ သူတို့ဘဝအတွက်လည်း မိဘဟာ အရေးပါကြောင်း နားလည်သဘောပေါက်ကြပါတယ်။ ဒါဟာ တကယ့်ကမ္ဘာကြီးအတွင်း ကောင်းမွန်စွာ ရပ်တည်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု တစ်ခုကဲ့သို့ ဖြစ်စေပြီး ကလေးတွေရဲ့အနာဂတ်မှာ သူတို့ရဲ့စေ့စပ်ညှိနှိုင်းမှုစွမ်းရည်၊ အနာဂတ်ဘဝရဲ့စိန်ခေါ်မှု စတဲ့အရာတွေအတွက် သူတို့ကိုသူတို့ စိတ်ချမှုကို ဖြစ်စေပါလိမ့်မယ်။ သင့်ရဲ့ကလေးက သူတို့ရဲ့လိုအပ်ချက်တွေနဲ့အတူ မိဘတွေရဲ့ လိုအပ်ချက်တွေကို ဟန်ချက်ညီပါစေ။ အခြားသူတွေရဲ့ လိုအပ်မှုတွေကိုု ကောင်းစွာ ထည့်သွင်းစဉ်းစားတတ်ဖို့လည်း သူတို့ကိုသင်ကြားပေးပါ။
၅။ မိိဘအုပ်ထိန်းမှု ပဋိပက္ခများ အလွန်နည်းပါးခြင်း
Single မိဘဖြစ်လာတာနဲ့အမျှ မိသားစုအတွင်း အုပ်ထိန်းမှု ပဋိပက္ခတွေ မရှိသလောက်လျော့နည်းစေပြီး သင်နဲ့ကလေးရဲ့ တင်းမာမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို အခြေအနေတွေက လျော့ချပေးပါလိမ့်မယ်။ ဒီလိုစိတ်ညစ်စရာကောင်းတဲ့ ပဋိပက္ခတွေ မရှိခြင်းကြောင့် ကလေးရဲ့လူနေမှု ပတ်ဝန်းကျင်မှာ ပိုမိုလုံခြံုမှုတွေကို ခံစားရစေပါလိမ့်မယ်။
Single Parenting ရဲ့မကောင်းတဲ့ သက်ရောက်မှုများ
Single Parent တွေဟာ အကောင်းဆုံး မိဘတွေ ဖြစ်နိုင်သလိုပဲ မကောင်းတဲ့သက်ရောက်မှု အချို့ကိုလည်း ကြံုတွေနိုင်ပါသေးတယ်။ သို့သော်လည်း သင့်ရဲ့အုပ်ထိန်းမှုပုံစံ စိတ်ထားတွေကနေတဆင့် ယခုလိုမကောင်းတဲ့ သက်ရောက်မှုတွေကို နည်းပါးအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။
၁။ စီးပွားရေးပြဿနာများ
Single parent အများစုဟာ မိသားစုရဲ့ဘဏ္ဍာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခြားမိသားစုတွေထက် နာရီပေါင်းများစွာ ပိုမိုအလုပ်လုပ်ရလေ့ရှိပြီး ပိုပြီးတော့လည်း ကြိုးစားရလေ့ရှိပါတယ်။ ကလေးရဲ့ ပညာသင်စားရိတ်၊ မိသားစုစားဝတ်နေရေး၊ လူမှုရေးနဲ့ အခြားဗာရီယကိစ္စအဝဝကို တစ်ယောက်တည်းကြိုးစားရတာကြောင့် ပိုပြီးခက်ခဲနိုင်ပါတယ်။ ဒီလိုတွန်းအားတွေကြောင့်ပဲ အခြားသူတွေထက် စီးပွားရေးကို ပိုမိုနားလည်ပြီး ကြိုးစားမှုမှာလည်း သာနေပါလိမ့်မယ်။
၂။ မိဘအုပ်ထိန်းမှု အရည်အသွေးနိမ့်ကျခြင်း
မိသားစုစီးပွားရေးအတွက် ခက်ခက်ခဲခဲကြိုးစားနေရတာကြောင့် အခြားအုပ်ထိန်းမှုအားနည်းချက်တွေနဲ့ ကလေးအတွက်အရေးကြီးတဲ့ ကျောင်းနဲ့ပတ်သတ်တာတွေမှာ လက်လွှတ်သွားတာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုကျပ်တည်းနေတဲ့ အချိန်မျိုးမှာ ကလေးထိန်းတစ်ယောက် ငှားဖို့ဆိုတာလည်း လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒီလိုအုပ်ထိန်းမှုနဲ့ ပတ်သတ်ပြီး အားနည်းတာတွေဖြစ်ခဲ့ရင် ကလေးအတွက် ထိခိုက်နိုင်တယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် စီးပွားရေးလည်း လုပ်ပါ၊ ကလေးအတွက်လည်း အချိန်ပေးနိုင်အောင်ကြိုးစားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း အသင့်ရှိနေသင့်ပါတယ်။
၃။ ကွာရှင်းပြီးနောက် ကလေးရဲ့အခြေအနေ
တကယ်လို့ သင်ဟာ Single parent ဖြစ်လာခြင်းရဲ့ အကြောင်းပြချက်က လင်မယားကွားရှင်းမှုကြောင့်ဆိုရင် ကလေးမှာရှက်ကြောက်ခြင်းနဲ့၊ ညှိနှိုင်းမှုပြဿနာတွေအလယ်မှာ စိတ်ဆင်းရဲစေနိုင်ပါတယ်။ တကယ်လို့ ကွာရှင်းခဲ့တဲ့ သင့်ရဲ့လက်တွဲဖော်က ကလေးကိုအရင်လိုလုံးဝဂရုမစိုက်တော့ပဲ ပစ်ထားလျှင် ကလေးမှာကြီးမားတဲ့ မကျေနပ်မှုစိတ်ပိုင်း
အစိုင်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင်တို့ကွာရှင်းမှုရဲ့ မကောင်းတဲ့မှတ်ဉာဏ်တွေဟာ ကလေးမှာစွဲကပ်နေတတ်ပါတယ်။ တကယ်လို့သင့်ကလေးက ညဖက်အိပ်မပျော်တာတွေ၊ ကျောင်းမှာပြဿနာဖြစ်စေတဲ့ အတွေ့အကြံုတွေ ရှိခဲ့ရင် ပြန်လည်နေသားကျအဆင်ပြေစေဖို့အတွက် ကလေးအတွက် အကြံပေးမှုတွေ၊ ဂရုစိုက်မှုတွေ အရင်ကထက်ပိုမိုလိုအပ်ပါတယ်။
၄။ စိတ်ပိုင်းဆိုင်ရာ ပြဿာနာများ
သင့်ရဲ့ကလေးဟာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုဆိုင်ရာ လိုစိတ်ဆင်းရဲမှုတွေ ခံစားရနိုင်ပါတယ်။ သင့်ဆီကနေ သူတို့အတွက် လုံလောက်တဲ့အချိန်မရတဲ့အခါမျိုးမှာ မေတ္တာငတ်တဲ့ ခံစားမှုတွေဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင်က မိသားစုစားဝတ်နေရေးနဲ့ အခြားများပြားတဲ့ ပြဿနာကိစ္စတွေကို ဖြေရှင်းနေရတာကြောင့် ကလေးအတွက် အချိန်ပေးမှု လျော့နည်းနိုင်ပါတယ်။ ကြာလာတာနဲ့အမျှ မိသားစုဆက်ဆံရေးအတွက် မျှော်လင့်ချက်ကင်းမဲ့မှုတွေ၊ ကိုယ့်ရဲ့ဘဝကိုအပြစ်တင်မှုတွေနဲ့ အခြားသူတွေရဲ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲမှုတွေ ကလေးမှာ ကြံုတွေ့နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သင်က ကလေးအတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှု ပြန်လည်တည်ဆောက်စေနိုင်ဖို ကူညီပေးသင့်ပါတယ်။ ကလေးဝါသနာပါတဲ့ အရာတွေကို အားပေးပါ။ သူတို့ကောင်းတာတစ်ခုခုလုပ်တဲ့အခါတိုင်း အသိအမှတ်ပြုချီးမွန်းပေးဖို့ မမေ့ပါနဲ့။
၅။ အထီးကျန်မှု
အထီးကျန်မှုဟာ Single parent တွေရင်ဆိုင်ရနိုင်တဲ့ အခြားစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ထောင်ဖက်ကို ယခုလိုအခက်အခဲတွေ မျှဝေပေးနိုင်မှု မရှိခြင်း၊ သာယာမှုတွေ မျှဝေမပေးနိုင်တာကြောင့်လည်း ဖြစ်စေတတ်ပါတယ်။ တကယ်လို့ သင့်ရဲ့မိဘဖြစ်သူဟာ အဖြစ်ဆိုးတစ်ခုခုကြောင့်၊ သို့မဟုတ် လက်တွဲဖော်ဆုံးပါးမှုကြောင့်
Single parent တစ်ယောက်ဖြစ်ခဲ့ရင် တာဝန်အမျိုးမျိုးကို ရင်ဆိုင်ဖို့ နဲ့တာဝန်ခံမှုတွေကြောင့် စိတ်ဆင်းရဲနိုင်တာကို သတိပြုပြီး ကိုယ့်ရဲ့မိဘကို အရင်ကထက်ဂရုစိုက်ဖို့နဲ့ နားလည်မှုရှိဖို့ မမေ့ပါနဲ့။
#LM_Naung_Naung
#Lifestyle_Myanmar
Share172TweetShare
Naung Naung Lwin
Naung Naung Lwin
Related Posts
ပိတ်ရက်မှာတော့ မိသားစုနဲ့ နွေးထွေးပျော်ရွှင်စွာ အချိန်ကုန်ဆုံးနည်း (၅) သွယ်
ပိတ်ရက်မှာတော့ မိသားစုနဲ့ နွေးထွေးပျော်ရွှင်စွာ အချိန်ကုန်ဆုံးနည်း (၅) သွယ်
by Thinzar
November 25, 2022
0
ပိတ်ရက်တွေဆိုရင် တော်တော်များများကတော့ အပြင်သွားပြီး ချစ်သူနဲ့တွေ့တယ်၊ သူငယ်ချင်းတွေနဲ့တွေ့ပြီး လျှောက်လည်ကြတယ်။ ဒီလိုနဲ့ ဖွင့်ရက်တွေဆိုလည်းအလုပ်သွား၊ ကျောင်းသွားနေပြီး ပိတ်ရက်ကျပြန်တော့လည်း မိသားစုနဲ့မနေပဲ အပြင်တွေလျှောက်သွားနေကြမယ်ဆိုရင်တော့ မိသားစုအတူနေချိန်ဟာ နည်းသွားပါလိမ့်မယ်။ အပြင်ကပြန်လာလို့ အိမ်မှာနေတဲ့အချိန်နဲ့ မိသားစုအတွက် အချိန်ပေးပြီး တစ်နေ့တာကို ပျော်ရွှင်စွာဖြတ်သန်းတာက...
ကိုယ့်အိမ်မှာ ကိုယ့်မိဘနဲ့ အတူနေခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ
ကိုယ့်အိမ်မှာ ကိုယ့်မိဘနဲ့ အတူနေခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ
by Thinzar
August 25, 2022
0
အခုချိန်ထိ မိဘအိမ်မှာ နေနေတုန်းပဲလား။ အဆောင်မှာနေဖို့စဉ်းစားနေရင်၊ အလုပ်အကိုင် ရှာလို့မရသေးရင်၊ အိမ်ထောင်ရေးအဆင်မပြေရင်၊ ဒါမှမဟုတ် ကျောင်းပြန်တက်လို့ရှိရင် ဘယ်လိုအကြောင်းကြောင့်မို့ဖြစ်ဖြစ် အပြင်မှာသွားနေဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်မိဘနှင့်အတူ နေခြင်းအားဖြင့် အကျိုးကျေးဇူးတွေ မကုန်နိုင်မခန်းနိုင်အောင်ရှိတယ်ဆိုတာ မမေ့ဖို့ သတိပေးလိုပါတယ်။ အဖေအမေနဲ့...
မိသားစုအတွက် ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နားခိုရာအိမ်လေးတစ်လုံးကို ဖန်တီးကြမယ်
မိသားစုအတွက် ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နားခိုရာအိမ်လေးတစ်လုံးကို ဖန်တီးကြမယ်
by Thinzar
August 6, 2022
0
လူတိုင်းအတွက် နားခိုရာအိမ်ဟာ မရှိမဖြစ် အဆောက်အအုံတစ်ခုပါပဲ။ တစ်နေကုန် အလုပ်တွေကြောင့်၊ ကျောင်းကိစ္စတွေကြောင့် ပင်ပန်းခဲ့သမျှကို အိမ်ပြန်ရောက်တဲ့အခါမှာတော့ စိတ်လွတ်လက်လွတ်နဲ့ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ချင်တယ်ဆိုတာဟာ ဘယ်သူ့ကိုမေးမေး အားလုံးရဲ့အိမ်မက်လို့ပဲ ပြောကြမယ်ဆိုတာ သေချာပါတယ်။ အခုလိုမျိုး ကိုယ့်အတွက် အေးချမ်းပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့...
မိသားစုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ အားလပ်ရက်လေးဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေ
မိသားစုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ အားလပ်ရက်လေးဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေ
by Thinzar
July 16, 2022
0
မိသားစု ဆိုတာ လူတိုင်းလူတိုင်းအတွက် အဖိုးတန်ဆုံး လုံခြုံနွေးထွေးမှုပေးနိုင်ဆုံး ခိုးနားရာနေရာလေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ကိုယ့်ရဲ့ တစ်နေတာလုပ်တာဝန်တွေ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေနဲ့ပဲ လုံးပန်းနေကြပြီး မိသားစုကို သီးသန့်အချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။ အခုလာမယ့် အားလပ်ရက်လေးမှာတော့ မိသားစု ကို အချိန်ပေးမယ်လို့...
Lifestyle Myanmar
Copyright © 2017 Lifestyle Myanmar.
Digital Media Production in Myanmar.
  • About
  • Advertise
  • Privacy & Policy
  • Contact
Follow Us
No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Copyright © 2017 Lifestyle Myanmar.
Welcome Back!
Login to your account below
Forgotten Password?
Retrieve your password
Please enter your username or email address to reset your password.
Log In
error: Content is protected !!