• Latest
  • Trending
  • All
  • News
  • Lifestyle

Single ဖြစ်ရတဲ့အတွက် ပိုကောင်းတဲ့အချက်များ

June 1, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Tuesday, February 7, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည်းစားဟောင်း

    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    မိန်းမချော့နည်း

    မိန်းမချော့နည်း

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle

Single ဖြစ်ရတဲ့အတွက် ပိုကောင်းတဲ့အချက်များ

by Nandar Lwin
June 1, 2018
in Lifestyle, Relationship
0
117
SHARES
54
VIEWS
Share on FacebookShare on Twitter

ရည်းစားမရှိသူ Single ဖြစ်ရတာဟာ အရေးအကြောင်းမရှိတဲ့ လည်ပင်းလိုပဲ အမြဲတမ်းနုပျိုနေပြီးတော့ စိတ်ညစ်စရာသိပ်မရှိပါဘူး။ Single တွေရဲ့ဘဝဟာ နူကလီိးယားစစ်ပွဲ ဘယ်တော့မှ ဖြစ်စရာမရှိတဲ့အတွက် အနာဂတ်ဟာလည်းတောက်ပပါတယ်။ လူတွေကပြောကြတယ် Single ဖြစ်ရတာဟာ လက်တွဲဖော်မရှိတဲ့အတွက် အထီးကျန်ဆန်တယ်၊ မကောင်းဘူးလို့ဆိုကြတယ်။

တကယ်တော့ Couple တွေသာစိတ်ရှုပ်စရာတွေနဲ့ပြည့်နှက်နေတာပါ။ ပထမဆုံး သင့်ချစ်သူနဲ့ ပျားရည်းဆမ်းခရီးထွက်ပြီး ၁၆ လလောက်မှာတင် သင်ဟာ သင့်ရဲ့သူငယ်ချင်းတွေရဲ့ ဖယ်ကျဉ်ခြင်းကို အရင်ဆုံးခံရပါလိမ့်မယ်။ သူငယ်ချင်းတွေကိုအရင်လိုအချိန်မပေးနိုင်တော့ပဲ ငြီးငွေ့စရာကောင်းတဲ့ အချစ်ဆိုတဲ့ ပုံစံခွက်ထဲမှာ သင်ထိုင်နေရမှာပါ။ အဲ့ထက်ဆိုးတာတွေလည်း Couple တွေကြုံတွေ့နိုင်ပါသေးတယ်။ Single ဖြစ်ရတာဘာကြောင့်ပိုကောင်းတယ်ဆိုတာ အောက်ပါအချက်တွေက သက်သေပြနေပါတယ်။

ADVERTISEMENT

သင့်ကိုယ်သင် အကောင်းဆုံးတည်ဆောက်ဖို့ အချိန်ပါပဲ
သင်ဟာ Single ဖြစ်နေတဲ့ အချိန်တွေအားလုံးဟာ လွတ်လပ်မှုတွေပြည့်နှက်နေပါတယ်။ ကျောင်းပြီးသွားပြီဆိုရင်တော့ အလုပ်တခုခုလုပ်ခြင်း ဒါမှမဟုတ် ပရဟိတ လုပ်အားပေးဖြစ်ဖြစ် လွတ်လပ်စွာလုပ်နိုင်ပါတယ်။ ဆိုးဝါးတဲ့တစ်ချက်က Single ဖြစ်နေရင် အိမ်ထဲမှာပဲ ထိုင်မနေပါနဲ့။ အဲ့ဒါဟာ ကိုယ့်အတွက်ပိုဆိုးစေပါတယ်။ အိမ်အပြင်ကိုထွက်ပြီး ကိုယ့်ကိုကိုယ်အကောင်းဆုံး တည်ဆောက်တာပိုကောင်းပါတယ်။

သင်လိုချင်တာရှိတာအခါ လိုချင်တာကိုလုပ်ပါ
စဉ်းစားကြည့်ပါ၊ သင့်ကိုစစ်ဆေးမယ့်လူမရှိသလို သင်အိမ်ပြန်နောက်ကျတာကို မျှော်နေမယ့်သူ မရှိတဲ့အတွက် နောက်ဆံတင်းစရာမလိုပါဘူး။ သင်ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲ၊ အရာအားလုံးဟာလွတ်လပ်ပါတယ်။

ညဘက်အပြင်ထွက်တဲ့အခါမှာ ပြဿနာမဖြစ်ခြင်း
စုံတွဲတွေအပြင်တွေဘာတွေ ညဘက်ထွက်တဲ့အခါမှာ ပြဿနာမျိုးစုံကြုံရလေ့ရှိပါတယ်။ တစ်ယောက်ထဲထွက်ရင် တစ်ယောက်ကမကျေနပ်တာမျိုး ဒါမှမဟုတ် နှစ်ယောက်စလုံး ထွက်တဲ့အခါမျိုးမှာ ဘေးကကိုယ့်ချစ်သူမိန်းကလေးကို စနောက်လို့ ပြဿနာဖြစ်ရတာမျိုး၊ တစ်ခြားမိန်းကလေးကိုကြည့်လို့ ကွိုင်ရှာတာမျိုး မကြာခဏဖြစ်တတ်ပါတယ်။ Single တွေမှာ အဲ့လိုပြဿနာမျိုးမရှိပါဘူး။

သင်ချိန်းတွေ့ချင်တဲ့သူ နဲ့ အကန့်အသတ်မရှိ ကြိုက်သလိုရွေးချယ် ချိန်းတွေ့နိုင်ခြင်း
ငယ်ရွယ်တဲ့ဘဝမှာ ဒီအတွေ့အကြုံဟာလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ချိန်းတွေ့တာလေးတစ်ခုတည်းကို ဒုစရိုက်မှုလိုပြောနေကြတဲ့ သူတွေအတွက်တော့ ပြောစရာ အကြောင်းပြချက်မရှိပါဘူး။ သင့်ရဲ့ချစ်စရာကောင်းတဲ့ အသစ်ကလေးတွေနဲ့ အတူတူညစာစားရင်း တခုခုသောက်ကြရင်းနဲ့ အချိန်ဖြုန်းရတာဟာ ငြီးငွေ့စရာမကောင်းပါဘူး။

ဆိုရှယ်မီဒီယာတွေမှာ ပို့စ်တွေတင်တဲ့ အခါ အပြစ်ရှိသလိုခံစားရန်မလိုပါဘူး
စုံတွဲဆက်ဆံရေးတွေမှာ ကံမကောင်းစွာနဲ့ပဲ ဖေ့ဘတ်ပေါ် ပို့စ်မှားတင်ခြင်း၊ အကြောင်းအရာနဲ့မဆိုင်တဲ့ ဓါတ်ပုံတွေ၊ ကွန်းမန့်တွေကြောင့် စုံတွဲတော်တော်များများပြဿနာ တက်ကြရပါတယ်။ Single တွေမှာအဲ့လို ပြဿနာတွေမရှိပါဘူး။

တခြားတစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာပေါ်မှာ စောင့်ကြည့်စရာမလိုဘူး
သင်ဟာ RS တစ်ယောက်ဆိုရင်တော့ ဆိုရှယ်မီဒီယာရဲတစ်ယောက်လိုပဲ တစ်ချိန်လုံးကင်းထောက်ရပါတော့မယ်။ သင့်ရဲ့ချစ်သူဟာ အရင်ရည်းစားဟောင်းရဲ့ ပို့စ်တွေ ဓါတ်ပုံတွေကို Like လုပ်နေလား ဘယ်သူနဲ့ Chat နေသလဲ ဆိုတာကို အမြဲတမ်းနိုးကြားစွာစောင့်ကြည့်နေရတော့မှာပါ။ စိတ်ရှုပ်စရာပါပဲ။

ဖုန်းသုံးတဲ့အချိန်နည်းလာခြင်း
Rs တွေရဲ့ပြဿနာတစ်ခုက ဖုန်းနဲ့တင်အချိန်ကုန်တာများတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပြောစရာစကားတွေမကုန်သလိုမျိုး အချိန်တိုင်းဖုန်းနဲ့ပဲ စာပို့ဖုန်းဆက်နေတဲ့အတွက် အခြားလုပ်စရာကိစ္စတွေ ဆုံးရှုံးရပါတယ်။ Single တွေမှာတော့ အချိန်ရင်းနှီးမြှပ်နှံစရာ မလိုတဲ့အတွက် အခြားလုပ်စရာရှိတာတွေကိုလုပ်နိုင်မှာပါ။

အတင်းအကျပ် ဆက်ဆံရေးမျိုးမရှိတော့ပါဘူး
သင်ဟာ RSတစ်ယောက်ဆိုရင် သင့်ချစ်သူရဲ့ မိသားစု၊ သူငယ်ချင်း၊ တွေနဲ့ သူ့ရဲ့အိမ်မွေးတိရိစ္ဆာန်ကိုတောင် တည့်အောင်ပေါင်းရတော့မှာပါ။ သူ့ရဲ့အသိုင်းအဝိုင်းထဲကို ဝင်ဖို့အတွက် စိတ်မပါလည်းသင်လုပ်ရတော့မှာပါ။

သင့်အိတ်ထဲက ပိုက်ဆံတွေအပြင် သိပ်မထွက်တော့ပါ
ဒီအချက်ကတော့ တော်တော်လေးအရေးပါတယ်။ သင်ဟာ RS ဆိုရင်သင့်ချစ်သူနဲ့ အပြင်မှာစားတာတွေ၊ လျှောက်လည်တာတွေ၊ လက်ဆောင်ပေးရတာတွေက အခန့်မသင့်ရင် သင့်ကို အကြွေးတွေဝိုင်းစေမှာပါ။ Single ဖြစ်ရင်တော့ RS တွေထက် ငွေပိုစုဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနိုင်မှာပါ။

ထာဝရပျော်ရွှင်စေဖို့အတွက် နေထိုင်မှုဆိုင်ရာလှို့ဝှက်ချက်များ

Source-ELITE DAILY
#LM_Naung_Naung
#Lifestyle_Myanmar

Unicode

“နေ့စဉ်နေ့တိုင်း အနည်းဆုံးလူတစ်ယောက်ကိုပဲဖြစ်ဖြစ် ပျော်ရွင်စေအောင် ကြိုးစားပါ။ ဆယ်နှစ်ကြာတဲ့အခါမှာ သင့်ကြောင့်ပျော်ရွင်ခဲ့ရတဲ့ လူပေါင်း ၃၆၅၀ နဲ့ ပျော်ရွင်စရာကောင်းတဲ့ မြို့လေးကို သင်ပိုင်ဆိုင်နေပါပြီ” ။(Sidney Smith)

သင့်ရဲ့စိတ်ထားက သင့်ကို ပျော်ရွင်ခြင်း၊ ဝမ်းနည်းခြင်းကို ဖန်တီးပေးပါတယ်။ တခါတလေမှာ ကိုယ်ကပေးလိုက်တဲ့ ပျော်ရွင်မှုနဲ့ထပ်တူ ကိုယ့်ဆီကိုအပျော်တွေ မထင်မှတ်ပဲပြန်ရောက်လာလေ့ ရှိပါတယ်။ နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ အခြေအနေအမျိုးမျိုးကနေ ပျော်ရွင်မှုတွေပဲ ရရှိအောင်ဘယ်လိုနေထိုင်မလဲ ဆိုတာကိုအကြံပေးလိုက်ပါတယ်။

၁။ နေ့စဉ်ကြံုတွေ့နေရတဲ့ မကောင်းတဲ့အရာတွေကို ကောင်းတဲ့ဘက်က မြင်နိုင်အောင်ကြိုးစားပါ။ စိတ်က မူးယစ်ဆေးနဲ့တူပါတယ်။ မမြဲတမ်း အဆိုးမြင်စိတ်တွေနဲ့ ခက်ခဲတာတွေကိုပဲ အများဆုံး တွေးဖြစ်တယ်။ စိတ်ရဲ့အလှည့်စားမခံပဲ ကြံုတွေ့လာရတဲ့ အခြေအနေတိုင်းကို အပြုသဘောဖက်ကပဲတွေးပါ။

၂။ အဖြေရှာဖို့ပဲ စဉ်းစားပါ၊ ပြဿနာကိုမတွေးပါနဲ့။

၃။ စိတ်ဖြေလျှော့ဖို့အတွက် စိတ်အားတက်ကြွစေတဲ့ ဂီတတွေနားထောင်ပါ။

၄။ ရယ်စရာကောင်းတဲ့ ဟာသတွေကြည့်ပါ၊ အဲ့ဒါတွေကသင့်ကိုပျော်ရွင်စေပါတယ်။

၅။နေ့စဉ်နေ့တိုင်း စိတ်ကူးကောင်းစေတဲ့စာအုပ် ၊ဆောင်းပါးတွေကို စာမျက်နှာအနည်းငယ်လောက်ဖြစ်ဖြစ် ဖတ်ရှုပြီး အချိန်ကိုမြှပ်နှံပါ။

၆။ သင့်ရဲ့အကြံအစည်တွေကို စောင့်ကြည့်ပါ။အဆိုးမြင်အကြံအစည်တွေကို သင်ကိုယ်တိုင်သတိထားမိတာနဲ့ ကောင်းတာတွေကို
ပြောင်းလဲတွေးတောဖို့ စတင်ပါ။

၇။ အမြဲတမ်း သင့်မှာရှိပြီးသား တွေကိုပဲကြည့်ပါ။ မရှိသေးတာတွေကိုတွေးပြီး လိုချင်ဖို့အတွက်ပဲမကြည့်ပါနဲ့။တခါတလေတွေမှာ သင်ဟာရည်ရွယ်ချက်တွေ ပြီးမြောက်ဖို့ ဆန္ဒတွေနဲ့နေ့တစ်နေ့ကိုစတင်ပါတယ်။ တနေကုန်သွားတဲ့အခါမှာ သင်ဟာစိတ်ပျက်ခြင်း၊ မပျော်ရွင်ခြင်းဖြစ်မိလိမ့်မယ်။ အဲဒါဟာ သင်လုပ်နိုင်တာထက် ပိုပြီး ဆန္ဒတွေကိုပြီးမြောက်အောင် မလုပ်နိုင်လို့ပါပဲ။သင်လုပ်နိုင်သလောက်ပဲတွေးပါ။

၈။နေ့တစ်နေ့အတွက် သင့်ကိုယ်တိုင်ကောင်းတာလေးတွေလုပ်ဆောင်ပါ။ ကိုယ်တိုင်စာအုပ်လေးတစ်အုပ်ဝယ်တာမျိုး၊ သင်ကြိုက်တဲ့စားစရာတခုခုစားတာ၊ သင်နှစ်သက်တဲ့ တီဗွီအစီအစဉ်တစ်ခုကြည့်တာ၊ ကမ်းခြေမှာလမ်းလျှောက်တာတွေက သင့်ရဲ့အကောင်းမြင်စိတ်ကိုတိုးပွားစေပါတယ်။

၉။ အနည်းဆုံးအခြားတစ်ယောက်ကိုပျော်ရွင်စေဖို့အတွက် ကြိုးစားပါ။ ကြင်ကြင်နာနာစကားပြောတာ၊ သင့်ကားရှေ့ကဖြတ်သွားတဲ့လူကို ကားရပ်ပေးတာ၊ ဘတ်စကားပေါ်မှာ အခြားတစ်ယောက်ကိုသင့်ခုံနေရာပေးတာ၊ သင့်ချစ်တဲ့သူတစ်ယောက်ကို လက်ဆောင်သေးသေးလေးပေးတာတွေမျိုးက အတိုင်းအဆမရှိသင့်ကိုပျော်ရွင်စေမှာပါ။

၁၀။ပျော်ရွင်မှုတွေကိုပဲ အမြဲတမ်းမျှော်လင့်နေပါစေ။

၁၁။ တခြားဘယ်သူပဲ ပျော်ရွင်နေပါစေ မနာလိုမဖြစ်ပါနဲ့။ မနာလိုမှုကိုဆန်ကျင်နိုင်ရင် သင်ပါပျော်ရွင်လာပါလိမ့်မယ်။

၁၂။ပျော်စရာကောင်းတဲ့လူတွေနဲ့ပေါင်းသင်းပြီး သူတို့ဘယ်လိုနေထိုင်တွေးတောလဲဆိုတာ သင်ယူပါ။ပျော်ရွင်မှုဆိုတာ ကူးစက်တတ်တယ်ဆိုတာမမေ့ပါနဲ့။

၁၃။ အစွဲအလန်းမထားပဲ နေထိုင်ခြင်းက သင့်အတွက်ပိုကောင်းစေပါတယ်။ စွဲလမ်းခဲ့တာတွေဆုံရှုံးခဲ့ရင်တောင်မှ သင့်စိတ်ကို အေးချမ်းအောင်ထိန်းသိမ်းနိုင်မှာပါ။

၁၄။ အရင်ကထက် မကြာခဏဆိုသလို ပိုပြီးပြံုးနိုင်အောင်ကြိုးစားပါ။ သင့်ရဲ့အပြံုးတပွင့်က တခြားသူတွေကိုပါ ပျော်ရွင်စေနိုင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

Share117TweetShare
Nandar Lwin

Nandar Lwin

Related Posts

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

by Thinzar
December 20, 2022
0

အောင်မြင်မှုကို ရယူလိုသူတိုင်း ဇွဲနပဲ ကြီးစွာ ကြိုးစားရမှာပါ။ ဒါပေမယ့် ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆိုရင်လည်း အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါပဲ။ အောင်မြင်မှုရရှိဖို့အတွက် နေ့စဉ်ဆောင်ရွက်သင့်တဲ့ အချက်ကလေးတွေကို ညွှန်းပေးပါရစေ။ ရည်မှန်းချက်ထားပါ အောင်မြင်မှုရဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်က...

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

by Thinzar
December 20, 2022
0

လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ...

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

by Thinzar
December 20, 2022
0

ဝိတ်ချဖို့စဉ်းစားကြတဲ့အခါ တော်တော်များများက အစားအသောက်ထိန်းတာ အားကစားအပြင်းထန်လုပ်တာတွေလောက်ပဲ တွေးမိကြပါတယ်။ သင်ဟာ ချွေးသံရွှဲရွှဲလုပ်ရတဲ့ အားကစားနည်းတွေနဲ့ ဝိတ်ချရတာ အဆင်မပြေဘူးဆိုရင်တော့ ရေကူးခြင်းဟာ အကောင်းဆုံး အားကစားနည်းတစ်ခုလို့ ညွှန်းပေးချင်ပါတယ်။ ရေကူးခြင်းဟာ ဝိတ်ကျစေတဲ့အပြင် စိတ်ဖိစီးမှုလျော့စေခြင်း ၊ အမောခံနိုင်ခြင်း ၊...

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

by Thinzar
December 20, 2022
0

Relationship တစ်ခုတည်ဆောက်ကြတဲ့ အခါလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိပါတယ်။ ဒီစည်းမျဉ်းတွေဟာ ဘယ်ပညာရှင်တွေကမှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ကိုယ့်ချစ်သူကောင်မလေးနဲ့ ကြားမှာ အဆင်ပြေပြေလက်တွဲနိုင်ဖို့ နှစ်ဦးသဘောတူ ညှိနှိုင်းချမှတ်ရတဲ့ အခြေခံစည်းမျဉ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေထဲကမှ ဘယ်လိုစကားတွေဟာ...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 263

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 264

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 265