singleတစ်ယောက်အနေနဲ့ Valentine Dayကို ဖြတ်သန်းနည်း

singleတစ်ယောက်အနေနဲ့ Valentine Dayကို ဖြတ်သန်းနည်း

0
36

Valentineမှာ တစ်ကိုယ်ရေဖြစ်နေခြင်းက တစ်ခါတစ်ရံမှာ လုံး၀ဆိုးရွားသောလက္ခဏာလို့ထင်ရနိုင်ပါတယ်။ သင့်အနေနဲ့ အခုမှ လတ်လတ်ဆတ်ဆတ်single လေးဖြစ်သွားတယ်ဆိုရင်တော့ သင့်ချစ်သူနဲ့ အတူတူဖြတ်သန်းခဲ့တဲ့ Valentine Dayကို အမှတ်ရ သတိရနေမယ်ဆိုတာ မလွဲမသွေပါပဲ။ ဒါပေမယ့်လည်း မပူပါနဲ့။ ဒီနေ့က တစ်နှစ်လုံးမှ တစ်နေ့တည်းပါ။ ဖေဖော်၀ါရီလ၁၄ရက်နေ့ဟာ သင့်အတွက် ကိုယ့်ကိုယ်ကို သနားခြင်းကို ၃၆၅ရက်ထဲမှ တစ်ရက်ဖြစ်မယ်ဆိုရင်တောင် မလွယ်ကူလှပါဘူး။ အကယ်၍များ သင်ဟာ ယခုနှစ်မှာ တစ်ကိုယ်ရေဘ၀ကို ဖြတ်သန်းနေတဲ့ သန်းပေါင်းများစွာသော လူတွေထဲက တစ်ယောက်ဖြစ်မယ်ဆိုရင် သင့်ကို အာရုံပျံ့လွှင့်စေမယ့် ၂၄နာရီကို ဘယ်လိုသုံးစွဲရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံညဏ်တစ်ချို့ပေးချင်ပါတယ်။

-Advertisement-

သင့်ရဲ့ချစ်ခြင်းမေတ္တာကို ဖြန့်ကျက်ပါ

Valentine Dayက ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံခြင်းမရှိဘူးလို့ Robert Vandorက ပြောကြားခဲ့ပါတယ်။ သင့်အနေနဲ့ ယခုနှစ်မှာ ပန်းစည်းတွေ၊ ချောကလက်တွေမရဘူးဆိုရင် တစ်ခြားသူတွေကို သင်က ပေးပါ။ တစ်ခြားသူတွေကို ပြုံးပျော်စေတဲ့အတွက် သင့်စိတ်ကို ညစ်နွမ်းစရာတွေ၊ စိတ်ဓာတ်ကျစရာတွေ စတဲ့မကောင်းတဲ့ ဘယ်လိုအရာကမှ ကျရောက်စေနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး သင့်ကိုယ်သင် ဆုချတဲ့အနေနဲ့ အဆင့်မြင့်စားသောက်ဆိုင်တစ်ခုမှာ စိတ်လှုပ်ရှားဖွယ်အစားအစားတွေနဲ့ ကိုယ့်ကိုယ်ကို ချစ်ခြင်းမေတ္တာတွေ စုပုံချလိုက်ပါ။

Singleဆိုတာ အဆိုးဆုံးအရာတစ်ခုမဟုတ်ကြောင်း သတိရပါ

လူငယ်ပရဟိတအဖွဲ့များနှင့်အတူ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာ ပြီးတော့ တိရစ္ဆာန်စောင့်ရှောက်တဲ့ နေရာလေးတွေမှာ လုပ်အားပေးနိုင်ပါတယ်။ ဒီလိုနေ့မျိုးများမှာ တစ်ယောက်တည်းနေခြင်းက ပိုမိုဆိုး၀ါးတဲ့ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ပြီးတော့ စောင်ခြုံထဲ ဖုန်းသုံးနေမယ်ဆိုရင် တစ်ခြားသူတွေ ရိုနေကြတာကြည့်ပြီး စိတ်ဓာတ်တွေကျလာကြဖို့ပဲရှိပါတယ်။ ဒါ့ကြောင့် ဒါတွေကို အားသာချက်အဖြစ်ပြောင်းလဲပြီးတော့ ကျွန်မတို့လောက် ကံမကောင်းတဲ့သူတွေကို ကူညီဖို့ ကြိုးစားပါ။

တစ်နှစ်မှာ တစ်ကြိမ်သာဖြစ်ကြောင်းသတိရပါ

တစ်ခြားအားလပ်ရက်တွေလိုပါပဲ။ မကြာခင်မှာပြီးဆုံးသွားတော့မယ်ဆိုရင် သတိရဖို့အရေးကြီးပါတယ်။ ဒါဟာ စီးပွားဖြစ်အားလပ်ရက်တစ်ရက်ပါပဲ၊ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့ ပဲ လုပ်သင့်ပါတယ်။ စတိုးဆိုင်တွေမှာ ချိတ်ဆွဲထားတဲ့ ပန်းရောင်နှလုံးသားပုံပူဖောင်းလေးတွေ ဆိုင်ရှေ့မှာ ခင်းကျင်းထားသော ၀က်၀ံရုပ်အကြီးကြီးတွေနှင့် အချိန်ကုန်ခံပြီးအချစ်သီချင်းကို ဖွင့်လှစ်ထားတဲ့ ကမ္ဘာကြီးက သင့်ကို ဆွဲဆောင်နေပါလိမ့်မယ်။ သို့သော်လည်း ဖေဖော်၀ါရီလ ၁၅ရက်နေ့မှာ နှလုံးသားထဲက မက်ဆေ့ချ်တွေ ပါတဲ့ အဲ့ဒီ့ကဒ်တွေက တစ်နေရာရာမှာ အမှိုက်ပုံးနှင့် တစ်စစီ၊ တစ်ခုစီဖြစ်နေပါလိမ့်မယ်။

သူငယ်ချင်းများနှင့် ကုန်ဆုံးပါ

Sexpert Kryss Shaneက တစ်ကိုယ်ရေဘ၀မှာ ချစ်ခြင်းမေတ္တာကို ပြန့်ပွားစေသောနည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ Valentine Dayကို သူငယ်ချင်းတွေနဲ့ ဖြတ်သန်းပါ။ အဲဒီ့နေ့မှာ လူတိုင်းပျော်ရွှင်နိုင်ကြပါလိမ့်မယ်။ တစ်ကိုယ်ရေဘ၀နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာဖြစ်နေတာ ရှက်စရာအကြောင်းလုံး၀မရှိပါဘူး။ ကိုယ့်ဘ၀ကို အကောင်းဆုံးရှင်သန်ပြီး ကိုယ့်ရဲ့တန်ဖိုးကို ဆက်လက်ထိန်းသိမ်းထားပါ။

Lifestyle_Myanmar

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here