Relationship အတွင်း မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ဖို့ စမတ်ကျကျဟန်ဆောင်မယ်

0
87

တခ်ိဳ႕ကိစၥေတြမွာ အမ်ိဳးသားနဲ႔အမ်ိဳးသမီးၾကား ကြာျခားခ်က္ေတြ မ်ားစြာရွိပါတယ္။ ဥပမာအားျဖင့္ မိန္းကေလးေတြဟာ သူတို႔ေျပာတဲ့စကား စိတ္ဝင္စားစရာေကာင္းသည္ျဖစ္ေစ မေကာင္းသည္ျဖစ္ေစ ကိုယ့္ရဲ႕ခ်စ္သူကို ဂ႐ုတစိုက္နဲ႔ နားေထာင္ေစလိုၾကပါတယ္။ တကယ္လို႔ သူတို႔ေျပာေနတဲ့အခ်ိန္မွာပဲ သင္ဖက္ကစိတ္မဝင္စားေၾကာင္း ရိပ္မိတဲ့အခါ သင့္ကိုျပႆနာရွာဖို႔ စတင္ပါၿပီ။ ဒီလိုျပႆနာကို ေရွာင္ႏိုင္ဖို႔အတြက္ဆိုရင္ သင့္ဖက္က ပိရိေအာင္ ဟန္ေဆာင္တတ္ဖို႔ လိုပါလိမ့္မယ္။

၁။ အေရးထားတဲ့ပုံစံျဖစ္ေအာင္ မၾကာခဏေခါင္းညိမ့္ပါ
ခ်စ္သူေကာင္မေလးက ဘာေတြပဲအရည္မရ အဖတ္မရေျပာေနပါေစ၊ သင့္ရဲ႕ body language ကသင္ဘယ္လိုခံစားခ်က္ရွိေနတယ္ဆိုတာကို ဟန္ေဆာင္ျပေနလို႔ရပါတယ္။ သူမရဲ႕မ်က္ႏွာကို မၾကည့္ရင္ေတာင္မွ ေခါင္းကိုတဆတ္ဆတ္ လုပ္ေနျခင္းဟာ သင္စိတ္ဝင္တစားနားေထာင္ေနေၾကာင္း ထင္ရေစပါတယ္။

၂။ မ်က္လုံးျခင္းဆုံေပးပါ
မ်က္လုံးျခင္းဆုံၿပီး နားေထာင္ေပးျခင္းဟာ ေလးစားမႈနဲ႔ အေလးထားမႈရဲ႕ သကၤတျဖစ္ပါတယ္။ ဒီလိုမ်က္လုံးျခင္းဆုံေပးျခင္းေၾကာင့္ သင့္ခ်စ္သူကို လုံၿခဳံမႈနဲ႔ ယုံၾကည္စိတ္ခ်မႈကို ပိုခံစားရေစပါတယ္။

၃။ မၾကာခဏ မ်က္ေတာင္ခတ္ပါ
မ်က္ေတာင္ခတ္ျခင္းဟာ မ်က္လုံးဆုံျခင္း ဗ်ဴဟာကို ရပ္တန္႔လိုတဲ့အခါမွာ အသုံးဝင္ပါတယ္။ လူ႔သဘာဝအရ တစ္ခုခုကိုစိတ္ဝင္စားေနတဲ့အခ်ိန္နဲ႔ အေျဖကိုစဥ္းစားေနတဲ့အခ်ိန္ေတြမွာ မ်က္ေတာင္ကိုႀကိမ္ဖန္မ်ားစြာ ခတ္ေလ့ရွိၾကၿပီး သာမာန္အခ်ိန္မွာ လူတစ္ေယာက္ဟာ တစ္နာရီကို မ်က္ေတာင္ ၁၅ႀကိမ္ကေန အႀကိမ္ ၂၀ ထိခတ္ေလ့ရွိပါတယ္။

၄။ ၿပဳံးေနပါ
ၿပဳံးျခင္းဟာ အျခားသူတစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္ကို ပိုေကာင္းေစၿပီး လြတ္လြတ္လပ္လပ္ေျပာဆိုဆက္ဆံႏိုင္ဖို႔ တြန္းအားျဖစ္ေစပါတယ္။ သင့္ဖက္က ၿပဳံးျပေနျခင္းဟာ သူေျပာသမွ်မက္ေဆ့တိုင္းကို အျပည့္အဝနားလည္ေၾကာင္း ျပသရာေရာက္ပါတယ္။

၅။ သူမရယ္တဲ့အခ်ိန္မွာ လိုက္ရယ္ပါ
သူမေျပာတာ ရယ္စရာမေကာင္းတာပဲျဖစ္ေစ မၾကားလိုက္တာပဲျဖစ္ေစ သူမရယ္တဲ့အခ်ိန္မွာ ေဖာ္လိုလိုက္ၿပီး လိုက္ရယ္ေပးဖို႔ လိုပါတယ္။

၆။ ဖုန္းဝင္လာရင္ မသိက်ိဳးကြၽံျပဳေနပါ
သူမနဲ႔ စကားေျပာေနတဲ့အခ်ိန္ ဖုန္းကိုဂ႐ုမစိုက္ျခင္းဟာ သူမထက္ပိုၿပီးဘယ္သူမွအေရးမႀကီးေၾကာင္း၊ သူမကိုအေႏွာက္အယွက္ မျဖစ္ေစလိုေၾကာင္း ေပၚလြင္ေစပါတယ္။

၇။ အဓိကစကားလုံးေတြကို ေ႐ြးခ်ယ္နားေထာင္ပါ
သူမေျပာတာေတြအားလုံးကို နားမေထာင္ျဖစ္ရင္ေတာင္မွ စကားထဲမွာပါတဲ့ အဓိကအက်ဆုံးစကားလုံးေတြကို ဂ႐ုစိုက္ေ႐ြးခ်ယ္ၿပီးနားေထာင္ေပးဖို႔လိုပါတယ္။ ဒါမွသာ သူမဘာကိုေျပာလိုက္တယ္ဆိုတာကို သေဘာေပါက္ပါလိမ့္မယ္။

၈။ အံ့ၾသမႈပုံစံျပသပါ
သူမေျပာတဲ့စကားကို ပိုၿပီးအေထာက္အကူျဖစ္ေစဖို႔ တကယ္ႀကီးလား၊ ေနာက္ၿပီးေတာ့ေကာ၊ ဝိုး၊ ေကာင္းတာေပါ့စတဲ့ အံ့အားသင့္ေနတဲ့ စကားေတြကို သုံးေပးပါ။ အလြန္အကြၽံသုံးရင္ေတာ့ သူ႔ကို႐ြဲ႕ေျပာေနတယ္လို႔ ထင္မွတ္သြားႏိုင္ပါတယ္။

၉။ ေထာက္ခံေပးပါ
သင့္ရဲ႕စာနာနားလည္မႈကို ေဖာ္ျပတဲ့အေနနဲ႔ သူမမွန္ေၾကာင္း ေထာက္ခံတဲ့စကားမ်ိဳးသုံးေပးပါ။ သင္သေဘာမတူတဲ့အေၾကာင္းပါလာခဲ့ရင္” မင္းမွန္းပါတယ္၊ ဒါေပမယ့္…” စတဲ့စကားမ်ိဳးနဲ႔ ကိုယ့္ရဲ႕သေဘာထားကို ျဖည့္စြက္ပါ။

သူမနဲ႔စကားေျပာတဲ့အခ်ိန္တိုင္း ယခုလိုဗ်ဴဟာေတြသုံးၿပီး ဟန္ေဆာင္ျခင္းက အထင္အျမင္လြဲမႈေတြ မေက်နပ္မႈေတြကေန ေရွာင္ရွားႏိုင္ပါလိမ့္မယ္။
LM_Naung_Naung
Lifestyle_Myanmar

တချို့ကိစ္စတွေမှာ အမျိုးသားနဲ့အမျိုးသမီးကြား ကွာခြားချက်တွေ များစွာရှိပါတယ်။ ဥပမာအားဖြင့် မိန်းကလေးတွေဟာ သူတို့ပြောတဲ့စကား စိတ်ဝင်စားစရာကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ့်ရဲ့ချစ်သူကို ဂရုတစိုက်နဲ့ နားထောင်စေလိုကြပါတယ်။ တကယ်လို့ သူတို့ပြောနေတဲ့အချိန်မှာပဲ သင်ဖက်ကစိတ်မဝင်စားကြောင်း ရိပ်မိတဲ့အခါ သင့်ကိုပြဿနာရှာဖို့ စတင်ပါပြီ။ ဒီလိုပြဿနာကို ရှောင်နိုင်ဖို့အတွက်ဆိုရင် သင့်ဖက်က ပိရိအောင် ဟန်ဆောင်တတ်ဖို့ လိုပါလိမ့်မယ်။

၁။ အရေးထားတဲ့ပုံစံဖြစ်အောင် မကြာခဏခေါင်းညိမ့်ပါ
ချစ်သူကောင်မလေးက ဘာတွေပဲအရည်မရ အဖတ်မရပြောနေပါစေ၊ သင့်ရဲ့ body language ကသင်ဘယ်လိုခံစားချက်ရှိနေတယ်ဆိုတာကို ဟန်ဆောင်ပြနေလို့ရပါတယ်။ သူမရဲ့မျက်နှာကို မကြည့်ရင်တောင်မှ ခေါင်းကိုတဆတ်ဆတ် လုပ်နေခြင်းဟာ သင်စိတ်ဝင်တစားနားထောင်နေကြောင်း ထင်ရစေပါတယ်။

၂။ မျက်လုံးခြင်းဆုံပေးပါ
မျက်လုံးခြင်းဆုံပြီး နားထောင်ပေးခြင်းဟာ လေးစားမှုနဲ့ အလေးထားမှုရဲ့ သင်္ကတဖြစ်ပါတယ်။ ဒီလိုမျက်လုံးခြင်းဆုံပေးခြင်းကြောင့် သင့်ချစ်သူကို လုံခြုံမှုနဲ့ ယုံကြည်စိတ်ချမှုကို ပိုခံစားရစေပါတယ်။

၃။ မကြာခဏ မျက်တောင်ခတ်ပါ
မျက်တောင်ခတ်ခြင်းဟာ မျက်လုံးဆုံခြင်း ဗျူဟာကို ရပ်တန့်လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။ လူ့သဘာဝအရ တစ်ခုခုကိုစိတ်ဝင်စားနေတဲ့အချိန်နဲ့ အဖြေကိုစဥ်းစားနေတဲ့အချိန်တွေမှာ မျက်တောင်ကိုကြိမ်ဖန်များစွာ ခတ်လေ့ရှိကြပြီး သာမာန်အချိန်မှာ လူတစ်ယောက်ဟာ တစ်နာရီကို မျက်တောင် ၁၅ကြိမ်ကနေ အကြိမ် ၂၀ ထိခတ်လေ့ရှိပါတယ်။

၄။ ပြုံးနေပါ
ပြုံးခြင်းဟာ အခြားသူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ပိုကောင်းစေပြီး လွတ်လွတ်လပ်လပ်ပြောဆိုဆက်ဆံနိုင်ဖို့ တွန်းအားဖြစ်စေပါတယ်။ သင့်ဖက်က ပြုံးပြနေခြင်းဟာ သူပြောသမျှမက်ဆေ့တိုင်းကို အပြည့်အဝနားလည်ကြောင်း ပြသရာရောက်ပါတယ်။

၅။ သူမရယ်တဲ့အချိန်မှာ လိုက်ရယ်ပါ
သူမပြောတာ ရယ်စရာမကောင်းတာပဲဖြစ်စေ မကြားလိုက်တာပဲဖြစ်စေ သူမရယ်တဲ့အချိန်မှာ ဖော်လိုလိုက်ပြီး လိုက်ရယ်ပေးဖို့ လိုပါတယ်။

၆။ ဖုန်းဝင်လာရင် မသိကျိုးကျွံပြုနေပါ
သူမနဲ့ စကားပြောနေတဲ့အချိန် ဖုန်းကိုဂရုမစိုက်ခြင်းဟာ သူမထက်ပိုပြီးဘယ်သူမှအရေးမကြီးကြောင်း၊ သူမကိုအနှောက်အယှက် မဖြစ်စေလိုကြောင်း ပေါ်လွင်စေပါတယ်။

၇။ အဓိကစကားလုံးတွေကို ရွေးချယ်နားထောင်ပါ
သူမပြောတာတွေအားလုံးကို နားမထောင်ဖြစ်ရင်တောင်မှ စကားထဲမှာပါတဲ့ အဓိကအကျဆုံးစကားလုံးတွေကို ဂရုစိုက်ရွေးချယ်ပြီးနားထောင်ပေးဖို့လိုပါတယ်။ ဒါမှသာ သူမဘာကိုပြောလိုက်တယ်ဆိုတာကို သဘောပေါက်ပါလိမ့်မယ်။

၈။ အံ့သြမှုပုံစံပြသပါ
သူမပြောတဲ့စကားကို ပိုပြီးအထောက်အကူဖြစ်စေဖို့ တကယ်ကြီးလား၊ နောက်ပြီးတော့ကော၊ ဝိုး၊ ကောင်းတာပေါ့စတဲ့ အံ့အားသင့်နေတဲ့ စကားတွေကို သုံးပေးပါ။ အလွန်အကျွံသုံးရင်တော့ သူ့ကိုရွဲ့ပြောနေတယ်လို့ ထင်မှတ်သွားနိုင်ပါတယ်။

၉။ ထောက်ခံပေးပါ
သင့်ရဲ့စာနာနားလည်မှုကို ဖော်ပြတဲ့အနေနဲ့ သူမမှန်ကြောင်း ထောက်ခံတဲ့စကားမျိုးသုံးပေးပါ။ သင်သဘောမတူတဲ့အကြောင်းပါလာခဲ့ရင်” မင်းမှန်းပါတယ်၊ ဒါပေမယ့်…” စတဲ့စကားမျိုးနဲ့ ကိုယ့်ရဲ့သဘောထားကို ဖြည့်စွက်ပါ။

သူမနဲ့စကားပြောတဲ့အချိန်တိုင်း ယခုလိုဗျူဟာတွေသုံးပြီး ဟန်ဆောင်ခြင်းက အထင်အမြင်လွဲမှုတွေ မကျေနပ်မှုတွေကနေ ရှောင်ရှားနိုင်ပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here