Relationship အတွက်နဲ့ မစတေးသင့်တဲ့ သင့်ရဲ့ကိုယ်ပိုင်အခွင့်အရေး (၁၀) ချက်

0
34

Relationship တစ်ခုဟာ အပြန်အလှန်ကြင်နာမှုတွေနဲ့ ပျော်ရွင်စရာကောင်းချင်ကောင်းနေပါလိမ့်မယ်၊ သို့မဟုတ် တစ်ယောက်က အရမ်းကိုမွန်းကျပ်ပြီး နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံချင်ကြုံနေပါလိမ့်မယ်။ ဘယ်လို relationship တိုင်းပဲဖြစ်ဖြစ် ပျော်ရွင်စရာကောင်းပြီး ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့အတွက်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးမှု၊ အားပေးမှု၊ စာနာမှု နဲ့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် တစ်ယောက်ကိုတစ်ယောက် ဖေးမပေးနေသင့်ပါတယ်။
ဒီလိုမဟုတ်ပဲ တစ်ယောက်က ကိုယ့်ကိုယ်ကိုပိုပြီးဆိုးဝါးသွားတယ် သို့မဟုတ် ပိုင်ဆိုင်တာတွေလွတ်လပ်ခွင်တွေ မရှိတော့ဘူးလို့ ခံစားနေရရင် ကိုယ့်ရဲ့ relationship ကိုပြန်ပြီးအဖြေရှာဖို့ လိုပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ရဲ့ relationship အတွက် မစတေးသင့်တဲ့ အရာတွေကို သိရှိထားဖို့လိုပါတယ်။ ဒါမှသာယခုလိုအဖြစ်တွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။

လွတ်လပ်ခွင့်
တကယ်လို့ သင့်ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ တစ်နေရာရာသွားတာတွေ၊ တွေ့ဆုံတာတွေရှိတဲ့အခါ သင့်ရဲ့လက်တွဲဖော်ကိုအကဲခတ်နေရမယ်၊ ဒါမှမဟုတ် ဒီကိစ္စနဲ့ပတ်သတ်ပြီး တခုခုအပြစ်ရှိသလိုမျိုး ခံစားနေရမယ်ဆိုရင် သင့်ကိုယုံကြည်မှုမရှိခြင်းကြောင့် ဖြစ်နိုင်ပြီး သင့်ရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရပါပြီ။ ဒီလိုဆက်ဆံရေးမျိုးဟာ သင်တို့နှစ်ယောက်ရဲ့ရေရှည်အတွက် မကောင်းသလို ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ထိန်းချုပ်ခံရခြင်းကိုလည်း သင်ဒီအတိုင်း စိတ်ညစ်ခံပြီး လျော့ပေးလိုက်လို့မရဘူးဆိုတာ သိဖို့လိုပါတယ်။ သူ့အတွက်လည်း ယခုလိုခံစားချက်ဟာ ဘယ်လိုမှမကောင်းနိုင်တဲ့အတွက် အတတ်နိုင်ဆုံး နားလည်အောင်ဖြောင်းဖျသင့်ပါတယ်။

သင်ကိုယ်တိုင်
အခြားတစ်ယောက်အတွက်နဲ့ သင့်ကိုယ်သင်အရာအားလုံး ပြောင်းလဲသင့်ရဲ့လား။ သင့်အတွက်စစ်မှန်တဲ့သူဟာ သင်ကိုယ်တိုင်ဘာမှမရှိတဲ့ သုညဖြစ်နေရင်တောင်မှ သင်ဖြစ်နေလို့ ရွေးချယ်ခဲ့တာပါ။ ဘာမှမပြောင်းရင်တောင်မှ သင့်ကိုချစ်နေမယ့်သူ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ သင့်ကိုသူလိုချင်တဲ့ သူတစ်ယောက်ပုံစံမျိုး ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုလျှင် သင်လက်ခံနိုင်ရဲ့လား။ တချို့ကိစ္စတွေမှာ တစ်ယောက်နဲ့တစ်ယောက် သဘောတူညီမှုတွေ အပေးအယူတွေရှိပေမယ့် သင့်ပုံစံအတိုင်းမဟုတ်ပဲ
နောက်တစ်ယောက်လိုမျိုး ပြောင်းဖို့ကြိုးစားနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်းပဲ ရှေ့ဆက်ဖို့လိုပါလိမ့်မယ်။

ပျော်ရွင်မှု
သင်ရွေးချယ်လိုက်တဲ့သူက သင့်ဘဝကိုကူညီပြီး မြှင့်တင်ပေးဖို့ နေနေသာသာ ကိုယ့်မှာရှိတဲ့ပျော်ရွင်မှုလေးတွေတောင် ပျောက်ဆုံးနေရတယ်ဆိုရင် ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ။ ကိုယ့်ရဲ့ပျော်ရွင်မှုလေးတွေကို relationship တစ်ခုအတွက် မစတေးလိုက်ပါနဲ့။

Fun
ကိုယ့်ရဲ့လက်တွဲဖော်နဲ့ အတူတူပျော်ရွင်မယ်၊ ရယ်မောမယ်၊ကစားမယ်၊ အသစ်အသစ်တွေကိုစမ်းကြည့်မယ် စသဖြင့် ကိုယ့်နဲ့ထပ်တူညီမယ့် အဖွဲပလေးတစ်ခုကို စုံတွဲတိုင်း လိုချင်ကြမှာပါ။ Relationship တစ်ခုဟာ မကြာခဏဆိုသလိုသဘောမတူမှုတွေ နားလည်မှုလွဲတာတွေ ကြုံရမှာပါ။ ဒါပေမယ့် အဓိကသက်ဆုံးတိုင် တစ်ယောက်အနားမှာတစ်ယောက် ရှိနေဖို့ လိုပါတယ်။ သူက ဒီလိုကိုယ်နဲ့ထာဝရလက်တွဲမယ့် fun တစ်ယောက် မဖြစ်လာရင် relationship ကလည်း ပျော်ဖို့ ကောင်းမှာမဟုတ်တော့ပါဘူး။

သင့်ရဲ့အိမ်မက်တွေ
စံပြစုံတွဲတွေမှာ တူညီတဲ့မစ်ရှင် ရှိနေတတ်ပြီး ခြေလှမ်းတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမတတ်ကြပြီး တကယ်လို့သူတို့ရဲ့အိမ်မက်တွေ မတူညီရင်တောင်မှ တစ်ယောက်ကိုတစ်ယောက် အားပေးတတ်ကြပါတယ်။ တကယ်လို့ သင့်ရဲ့လက်တွဲဖော်က သင့်ရဲ့အိမ်မက်စိတ်ကူးတွေကို ဥပေက္ခာပြုပြီး သင့်ကိုလည်း ဆောင်ရွက်ခွင့်မပေးရင် ဘယ်လိုမှအဆင်ပြေနိုင်မှာ မဟုတ်သလို သင်ကိုယ်တိုင်လည်း ကိုယ့်ရဲ့အိမ်မက်တွေစိတ်ကူးတွေကို relationship အတွက်နဲ့ မစတေးပစ်သင့်ပါဘူး။

အတွင်းစိတ်ငြိမ်းချမ်းမှု
သင့်ရဲ့လက်တွဲဖော်ဟာ သင့်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အေးချမ်းတည်ငြိမ်စွာ ခံစားရအောင် ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ မကြာခဏသင့်ကို စိတ်ဆိုးအောင်၊ ဒေါသထွက်အောင် စိတ်ညစ်အောင် ပြုလုပ်နေမယ်ဆိုရင် သင့်ရဲ့အေးချမ်းမှုဟာလည်း ပျောက်ကွယ်နေပါလိမ့်မယ်။ ဒါကြောင့် rs တည်မြဲဖို့အတွက် အတွင်းစိတ်ငြိမ်းချမ်းမှုကို မစတေးသင့်ပါဘူး။

စူးစမ်းလေ့လာလိုတဲ့ အလိုဆန္ဒ
ဘဝရဲ့အဓိပ္ပာယ်ဟာ အတွေ့အကြုံအသစ်တွေကို ရှာဖွေနေရခြင်းဖြစ်ပါတယ်။ တကယ်လို့ သင့်ချစ်သူက သင့်ကိုကိုယ်ပိုင် adventure အသစ်တွေ ရှာဖွေခွင့်မပေးပဲ နောက်ကိုပဲပြန်ဆွဲနေရင် ဘဝရဲ့အဓိပ္ပာယ်လည်း ပျောက်ဆုံးနိုင်ပါတယ်။

သင့်ရဲ့အခြား relationship များ
Relationship တစ်ခုအတွက် သင့်ရဲ့ အခြား relationship တွေဖြစ်တဲ့ မိသားစု၊ သူငယ်ချင်း စတဲ့အရာတွေကို အဆုံးရှုံးမခံပါနဲ့။ တချို့က ချစ်သူကိုဘေးနားမှာပဲ နေစေချင်ကြပါတယ်။ ဒါပေမယ့် ဘဝမှာ မိသားစု၊ သူငယ်ချင်းစတဲ့ အသိုင်းအဝိုင်းတွေကလည်း ထပ်တူအရေးပါတာကြောင့် ထိန်းချုပ်မှုကို ကာကွယ်ပါ။

ဘာသာရေးယုံကြည်မှု
အချို့က ဘာသာမတူရင် သူတို့ဘာသာဖြစ်အောင် သင့်ကိုစည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနိုင်ပါတယ်။ ဒီအတွက်နဲ့တော့ ကိုယ့်ရဲ့ယုံကြည်မှုကို မစတေးလိုက်ပါနဲ့။
LM_Naung_Naung
Lifestyle_Myanmar

Relationship အတြက္နဲ႔ မစေတးသင့္တဲ့ သင့္ရဲ႕ကိုယ္ပိုင္အခြင့္အေရး (၁၀) ခ်က္
Relationship တစ္ခုဟာ အျပန္အလွန္ၾကင္နာမႈေတြနဲ႔ ေပ်ာ္႐ြင္စရာေကာင္းခ်င္ေကာင္းေနပါလိမ့္မယ္၊ သို႔မဟုတ္ တစ္ေယာက္က အရမ္းကိုမြန္းက်ပ္ၿပီး နစ္နာဆုံးရႈံးမႈေတြနဲ႔ ႀကဳံခ်င္ႀကဳံေနပါလိမ့္မယ္။ ဘယ္လို relationship တိုင္းပဲျဖစ္ျဖစ္ ေပ်ာ္႐ြင္စရာေကာင္းၿပီး ေကာင္းမြန္စြာျဖတ္သန္းႏိုင္ဖို႔အတြက္ဆိုရင္ တစ္ေယာက္ကိုတစ္ေယာက္ ေထာက္ပံ့ေပးမႈ၊ အားေပးမႈ၊ စာနာမႈ နဲ႔ ပိုေကာင္းတဲ့လူတစ္ေယာက္ျဖစ္ေအာင္ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမေပးေနသင့္ပါတယ္။
ဒီလိုမဟုတ္ပဲ တစ္ေယာက္က ကိုယ့္ကိုယ္ကိုပိုၿပီးဆိုးဝါးသြားတယ္ သို႔မဟုတ္ ပိုင္ဆိုင္တာေတြလြတ္လပ္ခြင္ေတြ မရွိေတာ့ဘူးလို႔ ခံစားေနရရင္ ကိုယ့္ရဲ႕ relationship ကိုျပန္ၿပီးအေျဖရွာဖို႔ လိုပါၿပီ။ ဘယ္လိုပဲျဖစ္ျဖစ္ သင့္ရဲ႕ relationship အတြက္ မစေတးသင့္တဲ့ အရာေတြကို သိရွိထားဖို႔လိုပါတယ္။ ဒါမွသာယခုလိုအျဖစ္ေတြကေန ကင္းေဝးမွာျဖစ္ပါတယ္။

လြတ္လပ္ခြင့္
တကယ္လို႔ သင့္ရဲ႕မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ တစ္ေနရာရာသြားတာေတြ၊ ေတြ႕ဆုံတာေတြရွိတဲ့အခါ သင့္ရဲ႕လက္တြဲေဖာ္ကိုအကဲခတ္ေနရမယ္၊ ဒါမွမဟုတ္ ဒီကိစၥနဲ႔ပတ္သတ္ၿပီး တခုခုအျပစ္ရွိသလိုမ်ိဳး ခံစားေနရမယ္ဆိုရင္ သင့္ကိုယုံၾကည္မႈမရွိျခင္းေၾကာင့္ ျဖစ္ႏိုင္ၿပီး သင့္ရဲ႕လြတ္လပ္ခြင့္ေတြ ဆုံးရႈံးေနရပါၿပီ။ ဒီလိုဆက္ဆံေရးမ်ိဳးဟာ သင္တို႔ႏွစ္ေယာက္ရဲ႕ေရရွည္အတြက္ မေကာင္းသလို ကိုယ့္ရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ေတြ ထိန္းခ်ဳပ္ခံရျခင္းကိုလည္း သင္ဒီအတိုင္း စိတ္ညစ္ခံၿပီး ေလ်ာ့ေပးလိုက္လို႔မရဘူးဆိုတာ သိဖို႔လိုပါတယ္။ သူ႔အတြက္လည္း ယခုလိုခံစားခ်က္ဟာ ဘယ္လိုမွမေကာင္းႏိုင္တဲ့အတြက္ အတတ္ႏိုင္ဆုံး နားလည္ေအာင္ေျဖာင္းဖ်သင့္ပါတယ္။

သင္ကိုယ္တိုင္
အျခားတစ္ေယာက္အတြက္နဲ႔ သင့္ကိုယ္သင္အရာအားလုံး ေျပာင္းလဲသင့္ရဲ႕လား။ သင့္အတြက္စစ္မွန္တဲ့သူဟာ သင္ကိုယ္တိုင္ဘာမွမရွိတဲ့ သုညျဖစ္ေနရင္ေတာင္မွ သင္ျဖစ္ေနလို႔ ေ႐ြးခ်ယ္ခဲ့တာပါ။ ဘာမွမေျပာင္းရင္ေတာင္မွ သင့္ကိုခ်စ္ေနမယ့္သူ ျဖစ္ပါတယ္။ ဒီလိုမဟုတ္ပဲ သင့္ကိုသူလိုခ်င္တဲ့ သူတစ္ေယာက္ပုံစံမ်ိဳး ေျပာင္းလဲဖို႔ ႀကိဳးစားမယ္ဆိုလွ်င္ သင္လက္ခံႏိုင္ရဲ႕လား။ တခ်ိဳ႕ကိစၥေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာတူညီမႈေတြ အေပးအယူေတြရွိေပမယ့္ သင့္ပုံစံအတိုင္းမဟုတ္ပဲ ေနာက္တစ္ေယာက္လိုမ်ိဳး ေျပာင္းဖို႔ႀကိဳးစားေနမယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ယုံၾကည္ခ်က္အတိုင္းပဲ ေရွ႕ဆက္ဖို႔လိုပါလိမ့္မယ္။

ေပ်ာ္႐ြင္မႈ
သင္ေ႐ြးခ်ယ္လိုက္တဲ့သူက သင့္ဘဝကိုကူညီၿပီး ျမႇင့္တင္ေပးဖို႔ ေနေနသာသာ ကိုယ့္မွာရွိတဲ့ေပ်ာ္႐ြင္မႈေလးေတြေတာင္ ေပ်ာက္ဆုံးေနရတယ္ဆိုရင္ ဘယ္လိုလုပ္ေကာင္းႏိုင္မွာလဲ။ ကိုယ့္ရဲ႕ေပ်ာ္႐ြင္မႈေလးေတြကို relationship တစ္ခုအတြက္ မစေတးလိုက္ပါနဲ႔။

Fun
ကိုယ့္ရဲ႕လက္တြဲေဖာ္နဲ႔ အတူတူေပ်ာ္႐ြင္မယ္၊ ရယ္ေမာမယ္၊ကစားမယ္၊ အသစ္အသစ္ေတြကိုစမ္းၾကည့္မယ္ စသျဖင့္ ကိုယ့္နဲ႔ထပ္တူညီမယ့္ အဖြဲပေလးတစ္ခုကို စုံတြဲတိုင္း လိုခ်င္ၾကမွာပါ။ Relationship တစ္ခုဟာ မၾကာခဏဆိုသလိုသေဘာမတူမႈေတြ နားလည္မႈလြဲတာေတြ ႀကဳံရမွာပါ။ ဒါေပမယ့္ အဓိကသက္ဆုံးတိုင္ တစ္ေယာက္အနားမွာတစ္ေယာက္ ရွိေနဖို႔ လိုပါတယ္။ သူက ဒီလိုကိုယ္နဲ႔ထာဝရလက္တြဲမယ့္ fun တစ္ေယာက္ မျဖစ္လာရင္ relationship ကလည္း ေပ်ာ္ဖို႔ ေကာင္းမွာမဟုတ္ေတာ့ပါဘူး။

သင့္ရဲ႕အိမ္မက္ေတြ
စံျပစုံတြဲေတြမွာ တူညီတဲ့မစ္ရွင္ ရွိေနတတ္ၿပီး ေျခလွမ္းတိုင္းမွာ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမတတ္ၾကၿပီး တကယ္လို႔သူတို႔ရဲ႕အိမ္မက္ေတြ မတူညီရင္ေတာင္မွ တစ္ေယာက္ကိုတစ္ေယာက္ အားေပးတတ္ၾကပါတယ္။ တကယ္လို႔ သင့္ရဲ႕လက္တြဲေဖာ္က သင့္ရဲ႕အိမ္မက္စိတ္ကူးေတြကို ဥေပကၡာျပဳၿပီး သင့္ကိုလည္း ေဆာင္႐ြက္ခြင့္မေပးရင္ ဘယ္လိုမွအဆင္ေျပႏိုင္မွာ မဟုတ္သလို သင္ကိုယ္တိုင္လည္း ကိုယ့္ရဲ႕အိမ္မက္ေတြစိတ္ကူးေတြကို relationship အတြက္နဲ႔ မစေတးပစ္သင့္ပါဘူး။

အတြင္းစိတ္ၿငိမ္းခ်မ္းမႈ
သင့္ရဲ႕လက္တြဲေဖာ္ဟာ သင့္ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို ေအးခ်မ္းတည္ၿငိမ္စြာ ခံစားရေအာင္ ျပဳလုပ္ေပးသင့္ပါတယ္။ ဒီလိုမဟုတ္ပဲ မၾကာခဏသင့္ကို စိတ္ဆိုးေအာင္၊ ေဒါသထြက္ေအာင္ စိတ္ညစ္ေအာင္ ျပဳလုပ္ေနမယ္ဆိုရင္ သင့္ရဲ႕ေအးခ်မ္းမႈဟာလည္း ေပ်ာက္ကြယ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ rs တည္ၿမဲဖို႔အတြက္ အတြင္းစိတ္ၿငိမ္းခ်မ္းမႈကို မစေတးသင့္ပါဘူး။

စူးစမ္းေလ့လာလိုတဲ့ အလိုဆႏၵ
ဘဝရဲ႕အဓိပၸာယ္ဟာ အေတြ႕အႀကဳံအသစ္ေတြကို ရွာေဖြေနရျခင္းျဖစ္ပါတယ္။ တကယ္လို႔ သင့္ခ်စ္သူက သင့္ကိုကိုယ္ပိုင္ adventure အသစ္ေတြ ရွာေဖြခြင့္မေပးပဲ ေနာက္ကိုပဲျပန္ဆြဲေနရင္ ဘဝရဲ႕အဓိပၸာယ္လည္း ေပ်ာက္ဆုံးႏိုင္ပါတယ္။

သင့္ရဲ႕အျခား relationship မ်ား
Relationship တစ္ခုအတြက္ သင့္ရဲ႕ အျခား relationship ေတြျဖစ္တဲ့ မိသားစု၊ သူငယ္ခ်င္း စတဲ့အရာေတြကို အဆုံးရႈံးမခံပါနဲ႔။ တခ်ိဳ႕က ခ်စ္သူကိုေဘးနားမွာပဲ ေနေစခ်င္ၾကပါတယ္။ ဒါေပမယ့္ ဘဝမွာ မိသားစု၊ သူငယ္ခ်င္းစတဲ့ အသိုင္းအဝိုင္းေတြကလည္း ထပ္တူအေရးပါတာေၾကာင့္ ထိန္းခ်ဳပ္မႈကို ကာကြယ္ပါ။

ဘာသာေရးယုံၾကည္မႈ
အခ်ိဳ႕က ဘာသာမတူရင္ သူတို႔ဘာသာျဖစ္ေအာင္ သင့္ကိုစည္း႐ုံးသိမ္းသြင္းဖို႔ ႀကိဳးစားႏိုင္ပါတယ္။ ဒီအတြက္နဲ႔ေတာ့ ကိုယ့္ရဲ႕ယုံၾကည္မႈကို မစေတးလိုက္ပါနဲ႔။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here