Relationship ကေန Single ျဖစ္သြားတဲ့အခါ ေျပာင္းလဲသြားတဲ့ စိတ္အေျခအေန

0
589
relationship
relationship

၁။ အသည္းကြဲၿပီးေနာက္ ေျပာင္းလဲသြားတဲ့ အေျခအေန


အသည္းကြဲတဲ့အခါ ပထမပိုင္းေတာ့ ဝမ္းနည္းေနသလိုလိုခံစားရပါလိမ့္မယ္။ အတူတူရွိခဲ့တဲ့ အခ်ိန္ေတြကို စဥ္းစားၿပီးဝမ္းနည္းေၾကကြဲမႈေတြ ျဖစ္ေပၚလာပါလိမ့္မယ္။ အဲ့ဒီေနာက္ မိမိရဲ႕ သူငယ္ခ်င္းေတြကို ရင္ဖြင့္မယ္။ အိပ္ေရးေတြပ်က္မယ္၊ အစားစားခ်င္စိတ္ေတြ မရွိေတာ့ဘူး။ ဒါေပမဲ့ဒီအခ်က္ေတြက ခဏတာေလးပါပဲ။ အသည္းကြဲၿပီး ၃လေလာက္က ေတာ္ေတာ္ခံရခက္ခဲတယ္။ အဲ့ဒီ ၃လေလာက္ေက်ာ္သြားရင္ေတာ့ သူမရဲ႕ ဘဝကို တစ္ဖန္အသက္ျပန္သြင္းတတ္ၾကတယ္။ မလိုလားအပ္တဲ့ အရာေတြကို ေခါင္းထဲက ဖယ္ရွားၿပီး မိမိရဲ႕ အသြင္အျပင္နဲ႔ က်န္းမာေရးကို ပိုဂ႐ုစိုက္တတ္လာပါတယ္။

၂။ ကိုယ္လုပ္ခ်င္တဲ့အရာေတြ ေရြးလုပ္လာၾကတယ္။


တြဲလာတဲ့ ကာလတစ္ေလွ်ာက္မွာ ကိုယ့္ရဲ႕ ခ်စ္သူ စိတ္ပ်က္မိမွာဆိုးလို႔ သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္ လိုက္ေလွ်ာညီေထြေအာင္ ေနထိုင္လာေပမဲ့ မိမိရဲ႕ Relationship ပ်က္စီးသြားတဲ့အခါမွာေတာ့ မိမိရဲ႕ အႀကိဳက္ေတြပဲ ေရြးၿပီး ျပဳလုပ္တတ္ၾကပါတယ္။ သူနဲ႔အတူရွိေနတဲ့အခ်ိန္တုန္းက ကိုယ္မႀကိဳက္ေပမဲ့ လက္ခံလိုက္ရတဲ့ အခန္းအျပင္အဆင္ ဒီဇိုင္းေလး သူမရွိေတာ့ ကိုယ့္စိတ္ႀကိဳက္ျပန္ျပင္ဆင္တာမ်ိဳး၊ ႏွစ္တိုင္းသူနဲ႔ အတူ ေတာင္တက္ခရီးေတြ သူ႔အႀကိဳက္လိုက္ထြက္ေနရေပမဲ့ သူနဲ႔ ျပတ္သြားတဲ့အခါ ကိုယ္သြားခ်င္တဲ့ ကမ္းေျခတစ္ခုခုမွာ အပန္းေျဖတာမ်ိဳး စတဲ့ ကိုယ့္ႀကိဳက္တဲ့ အရာေတြပဲ ေရြးလုပ္လာတတ္ပါတယ္။

၃။ Relationship ဘဝမွာ အထီးက်န္တာထက္ Single ဘဝမွာ အထီးက်န္ရတာ ပိုေကာင္းလာပါတယ္။


ခ်စ္သူရွိေနတဲ့ အခ်ိန္ကာလတစ္ေလွ်ာက္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အေျခအေနေတြမေပးတဲ့အခါ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အနားမွာ မေနေပးႏိုင္တဲ့အခါ ေၾကာက္ရြံ႕စိတ္ေတြ၊ ဝမ္းနည္းစိတ္ေတြ ေထြးပိုက္ၿပီး အထီးက်န္ ေနရတာ မေကာင္းေပမဲ့ Relationship တစ္ခုပ်က္စီးသြားၿပီး တစ္ေယာက္တည္းျဖစ္သြားတဲ့အခါမွာေတာ့ အထီးက်န္ရတာ သင့္အတြက္ အဓိပၸာယ္ရွိသလိုလို ခံစားရပါလိမ့္မယ္။ ဘာအပူပင္မွ မရွိဘဲ ေကာ္ဖီးဆိုင္တစ္ဆိုင္မွာထိုင္ၿပီး ေတြးရင္ ေငးရင္း တစ္ေယာက္တည္း အထီးက်န္ရတာကို ပိုၿပီး သေဘာက်လာတတ္ၾကပါတယ္။

၄။ ယခင္ကထက္ ပိုၿပီး အရာအားလုံး လုပ္လာႏိုင္ပါတယ္။


Relationship ကာလမွာ မိမိရဲ႕ အခ်ိန္ေတြ သုံးပုံ တစ္ပုံေလာက္ကို မိမိရဲ႕ ခ်စ္သူအတြက္ ဖဲ့ေပးေနရတဲ့အခါ မိမိလုပ္ခ်င္တဲ့ အရာေတြ၊ အိမ္မက္ေတြ၊ ဆႏၵေတြကို ေတာ္ေတာ္နဲ႔ မျဖည့္ဆည္းေပးႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ Relationship ျပတ္စဲသြားၿပီး မိမိရဲ႕ ဘဝကို အသစ္တစ္ဖန္ျပန္စတဲ့အခ်ိန္မွာေတာ့ ယခင္က မလုပ္ခဲ့တဲ့ အရာေတြ၊ လိုအပ္ခ်က္ေတြ၊ မိမိရဲ႕ မိသားစု၊ သူငယ္ခ်င္း စတဲ့ အေပၚမွာ အခ်ိန္ပိုေပးလာႏိုင္ၿပီး မိမိရဲ႕ ရည္းမွန္းခ်က္ကိုလည္း ယခင္ကထက္ပိုၿပီး အေကာင္အထည္ေဖာ္လာႏိုင္ပါတယ္။

၅။ တစ္ဦးတည္းနဲ႔ မိမိကိုယ္ကို ေပ်ာ္ရႊင္ေအာင္ေနတတ္လာပါတယ္။


ယခင္က ၂ေယာက္အတူရွိတဲ့အခ်ိန္ေတြက အေပ်ာ္ရႊင္ဆုံးလို႔သတ္မွတ္ထားၿပီး သူနဲ႔ အတူမရွိတဲ့အခ်ိန္ေတြဆို စိတ္မွာက စိုးရိမ္ပူပန္မႈေတြ၊ ဝမ္းနည္းမႈေတြနဲ႔ ႀကံဳေတြ႕ရတတ္ပါတယ္။ ၂ေယာက္သာအတူရွိေနတဲ့အခ်ိန္က ကိုယ့္အတြက္ အေပ်ာ္ရႊင္ဆုံးလို႔ သတ္မွတ္ထားေပမဲ့ ဒီလို အေပ်ာ္ရႊင္ဆုံးအခ်ိန္က ကိုယ့္အတြက္ အမ်ားႀကီးမရရွိပါဘူး။ ဒါေပမဲ့ ခ်စ္သူနဲ႔ ျပတ္စဲသြားတဲ့အခါ ကိုယ့္ဘဝကို အသစ္ျပန္ထူေထာင္လာတဲ့အခ်ိန္မွာေတာ့ တစ္ေယာက္တည္းနဲ႔လည္း ကိုယ့္ကိုကိုယ္ေပ်ာ္ရႊင္ေအာင္ ဘယ္လိုေနရမလည္းဖန္တီးတတ္လာပါတယ္။

#Lifestle_Myanmar

#Thar_Nage

သင့္ရဲ႕ BFF ေလးကသင့္ကို Crush ေနေၾကာင္းသိႏိုင္မယ့္ အခ်က္ (၉) ခ်က္


Unicode

Relationship ကနေ Single ဖြစ်သွားတဲ့အခါ ပြောင်းလဲသွားတဲ့ စိတ်အခြေအနေ
၁။ အသည်းကွဲပြီးနောက် ပြောင်းလဲသွားတဲ့ အခြေအနေ
အသည်းကွဲတဲ့အခါ ပထမပိုင်းတော့ ဝမ်းနည်းနေသလိုလိုခံစားရပါလိမ့်မယ်။ အတူတူရှိခဲ့တဲ့ အချိန်တွေကို စဉ်းစားပြီးဝမ်းနည်းကြေကွဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ အဲ့ဒီနောက် မိမိရဲ့ သူငယ်ချင်းတွေကို ရင်ဖွင့်မယ်။ အိပ်ရေးတွေပျက်မယ်၊ အစားစားချင်စိတ်တွေ မရှိတော့ဘူး။ ဒါပေမဲ့ဒီအချက်တွေက ခဏတာလေးပါပဲ။ အသည်းကွဲပြီး ၃လလောက်က တော်တော်ခံရခက်ခဲတယ်။ အဲ့ဒီ ၃လလောက်ကျော်သွားရင်တော့ သူမရဲ့ ဘဝကို တစ်ဖန်အသက်ပြန်သွင်းတတ်ကြတယ်။ မလိုလားအပ်တဲ့ အရာတွေကို ခေါင်းထဲက ဖယ်ရှားပြီး မိမိရဲ့ အသွင်အပြင်နဲ့ ကျန်းမာရေးကို ပိုဂရုစိုက်တတ်လာပါတယ်။

၂။ ကိုယ်လုပ်ချင်တဲ့အရာတွေ ရွေးလုပ်လာကြတယ်။
တွဲလာတဲ့ ကာလတစ်လျှောက်မှာ ကိုယ့်ရဲ့ ချစ်သူ စိတ်ပျက်မိမှာဆိုးလို့ သူ့အကြိုက် ကိုယ့်အကြိုက် လိုက်လျှောညီထွေအောင် နေထိုင်လာပေမဲ့ မိမိရဲ့ Relationship ပျက်စီးသွားတဲ့အခါမှာတော့ မိမိရဲ့ အကြိုက်တွေပဲ ရွေးပြီး ပြုလုပ်တတ်ကြပါတယ်။ သူနဲ့အတူရှိနေတဲ့အချိန်တုန်းက ကိုယ်မကြိုက်ပေမဲ့ လက်ခံလိုက်ရတဲ့ အခန်းအပြင်အဆင် ဒီဇိုင်းလေး သူမရှိတော့ ကိုယ့်စိတ်ကြိုက်ပြန်ပြင်ဆင်တာမျိုး၊ နှစ်တိုင်းသူနဲ့ အတူ တောင်တက်ခရီးတွေ သူ့အကြိုက်လိုက်ထွက်နေရပေမဲ့ သူနဲ့ ပြတ်သွားတဲ့အခါ ကိုယ်သွားချင်တဲ့ ကမ်းခြေတစ်ခုခုမှာ အပန်းဖြေတာမျိုး စတဲ့ ကိုယ့်ကြိုက်တဲ့ အရာတွေပဲ ရွေးလုပ်လာတတ်ပါတယ်။

၃။ Relationship ဘဝမှာ အထီးကျန်တာထက် Single ဘဝမှာ အထီးကျန်ရတာ ပိုကောင်းလာပါတယ်။
ချစ်သူရှိနေတဲ့ အချိန်ကာလတစ်လျှောက်မှာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေမပေးတဲ့အခါ၊ အကြောင်းအမျိုးမျိုးကြောင့် အနားမှာ မနေပေးနိုင်တဲ့အခါ ကြောက်ရွံ့စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ ထွေးပိုက်ပြီး အထီးကျန် နေရတာ မကောင်းပေမဲ့ Relationship တစ်ခုပျက်စီးသွားပြီး တစ်ယောက်တည်းဖြစ်သွားတဲ့အခါမှာတော့ အထီးကျန်ရတာ သင့်အတွက် အဓိပ္ပာယ်ရှိသလိုလို ခံစားရပါလိမ့်မယ်။ ဘာအပူပင်မှ မရှိဘဲ ကော်ဖီးဆိုင်တစ်ဆိုင်မှာထိုင်ပြီး တွေးရင် ငေးရင်း တစ်ယောက်တည်း အထီးကျန်ရတာကို ပိုပြီး သဘောကျလာတတ်ကြပါတယ်။

၄။ ယခင်ကထက် ပိုပြီး အရာအားလုံး လုပ်လာနိုင်ပါတယ်။
Relationship ကာလမှာ မိမိရဲ့ အချိန်တွေ သုံးပုံ တစ်ပုံလောက်ကို မိမိရဲ့ ချစ်သူအတွက် ဖဲ့ပေးနေရတဲ့အခါ မိမိလုပ်ချင်တဲ့ အရာတွေ၊ အိမ်မက်တွေ၊ ဆန္ဒတွေကို တော်တော်နဲ့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ Relationship ပြတ်စဲသွားပြီး မိမိရဲ့ ဘဝကို အသစ်တစ်ဖန်ပြန်စတဲ့အချိန်မှာတော့ ယခင်က မလုပ်ခဲ့တဲ့ အရာတွေ၊ လိုအပ်ချက်တွေ၊ မိမိရဲ့ မိသားစု၊ သူငယ်ချင်း စတဲ့ အပေါ်မှာ အချိန်ပိုပေးလာနိုင်ပြီး မိမိရဲ့ ရည်းမှန်းချက်ကိုလည်း ယခင်ကထက်ပိုပြီး အကောင်အထည်ဖော်လာနိုင်ပါတယ်။

၅။ တစ်ဦးတည်းနဲ့ မိမိကိုယ်ကို ပျော်ရွှင်အောင်နေတတ်လာပါတယ်။
ယခင်က ၂ယောက်အတူရှိတဲ့အချိန်တွေက အပျော်ရွှင်ဆုံးလို့သတ်မှတ်ထားပြီး သူနဲ့ အတူမရှိတဲ့အချိန်တွေဆို စိတ်မှာက စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ၂ယောက်သာအတူရှိနေတဲ့အချိန်က ကိုယ့်အတွက် အပျော်ရွှင်ဆုံးလို့ သတ်မှတ်ထားပေမဲ့ ဒီလို အပျော်ရွှင်ဆုံးအချိန်က ကိုယ့်အတွက် အများကြီးမရရှိပါဘူး။ ဒါပေမဲ့ ချစ်သူနဲ့ ပြတ်စဲသွားတဲ့အခါ ကိုယ့်ဘဝကို အသစ်ပြန်ထူထောင်လာတဲ့အချိန်မှာတော့ တစ်ယောက်တည်းနဲ့လည်း ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင် ဘယ်လိုနေရမလည်းဖန်တီးတတ်လာပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here