Relationship ကိုမထိခိုက်စေဖို့အတွက် ချစ်သူနဲ့ ရန်ဖြစ်တဲ့အခါတိုင်း ပြုလုပ်သင့်တဲ့ အကြံပြုချက်အချို့

0
198

တစ်ကြိမ်တစ်ခါမှ သဘောထားမကွဲလွဲဖူးတဲ့ စုံတွဲဆိုတာ ဒီကမ္ဘာမှာ မရှိနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားခြင်းဟာ ငြင်းခုံရန်ဖြစ်ဖို့အတွက် လမ်းစတစ်ခုဖြစ်ပါတယ်။ စုံတွဲတိုင်း တစ်ယောက်နဲ့တစ်ယောက် စကားများရန်ဖြစ်ဖူးကြပြီး ဒေါသကိုမထိန်းနိုင်ကြတဲ့အခါ ပိုပြီးကြီးမားတဲ့ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုစကားများရန်ဖြစ်တဲ့အခါတိုင်း relationship မှာအက်ကြောင်းတစ်ခု မထင်စေဖို့အတွက် သတိပြုသင့်တဲ့ အရာလေးတွေကို မျှဝေပေးချင်ပါတယ်။

-Advertisement-

၁။ ၁၀ ထိရေပါ
ယခုနည်းလမ်းဟာ တကယ်ထိရောက်ပါတယ်။ သင့်ကိုထိခိုက်စေတဲ့ စကားလုံးတွေ သို့မဟုတ် သင်သဘောမတူနိုင်တဲ့ စကားတွေကို နားထောင်နေတဲ့အချိန်တိုင်း ၁၀ ထိရေနေဖို့လိုအပ်သလို
အသက်ကိုပြင်းပြင်းရှုဖို့လည်း မမေ့ပါနဲ့။ သင့်ရဲ့အာရုံကို တည်ငြိမ်စေဖို့ ရေတွက်နေတဲ့အချိန်မှာ ချစ်သူကိုချစ်တဲ့စိတ်နဲ့ တွေးတောနေပါ။ ယခုနည်းလမ်းဟာ သင့်ရဲ့အာရုံကို လွတ်ထွက်မသွားစေသလို ဉာဏ်အမြော်အမြင်ကိုလည်း ဒေါသကစိုးမိုးနိုင်မှာ မဟုတ်ပါဘူး။
ယခုလိုဒေါသထွက်နေတဲ့ အခိုက်အတန့်ရဲ့ စေ့ဆော်မှုက သင့်ချစ်ကိုမနာကျင်စေဖို့အတွက် ယခုနည်းလမ်းကို အသုံးပြုပေးပါ။

၂။ အနိုင်ရဖို့ မကြိုးစားပါနဲ့
ဒါဟာ သင်အမြဲတမ်းလုပ်နေနိုင်တဲ့ အကြီးမှားဆုံးအမှားတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့လက်တွဲဖော်နဲ့ ငြင်းခုံခြင်းဟာ အနိုင်ရခြင်း ရှုံးနိမ့်ခြင်း စတဲ့ ဘယ်တစ်ခုအတွက်မှ မရည်ရွယ်ထားသင့်ပါဘူး။ တကယ်လို့ သင်ရဲ့အမြင်ကို ယုံကြည်မှုရှိပြီး မှန်ကန်တယ်လို့ ယူဆရင်လည်း အနိုင်ရလိုဇောနဲ့ မပြောဆိုမိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ဖက်ကမှန်ကန်ကြောင်း ပေါ်လွင်သွားတဲ့ အချိန်မှာလည်း အနိုင်ရသူတစ်ယောက်လို “ငါပြောသားပဲ” ဆိုတဲ့ပုံစံနဲ့ စားမြုံပြန်ပြီး မပြောဆိုမိဖို့ အရေးကြီးပါတယ်။ သင်တို့နှစ်ယောက်ရဲ့ သဘောထားမတူညီခြင်းဟာ ပြိုင်ပွဲတစ်ခုလို ယှဉ်ပြိုင်စရာ မလိုအပ်ပါဘူး။ ဒီငြင်းခုံမှုမှာ သင်နိုင်သွားတယ်လို့ ဆိုရင်တောင်မှ သင့်ချစ်သူရဲ့နာကျင်မှုကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် သူမရဲ့အမြင်ကိုလည်း နားလည်ပေးပါ။ အနိုင်ယူဖို့ မကြိုးစားပဲ သူမနားလည်တဲ့အထိ စည်းရုံးပေးဖို့ လိုအပ်ပါတယ်။

၃။ လက်တွဲဖော်ကို ပွေ့ဖက်ပေးပါ
ဘယ်လိုပဲငြင်ခုံရန်ဖြစ်ခဲ့ပါစေ တင်းကျပ်စွာ ပွေ့ဖက်ခြင်းလောက် ထိရောက်တဲ့အရာမရှိနိုင်ပါဘူး။ ယခုလိုသူမကို ပွေ့ဖက်ပေးခြင်းဟာ မကြာခင်ကဖြစ်ပေါ်သွားတဲ့ နာကျင်မှုတွေ ဒေါသတွေကို အများကြီး လျော့ပါသွားစေပါတယ်။ သူမကိုယခုလိုပွေ့ဖက်နှစ်သိမ့်ပေးဖို့အတွက် ဘာခွင့်ပြုချက်မှ မတောင်းပါနဲ့။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုက သဘောထားတင်းမာမှုတွေထက် အချစ်က စွမ်းအားပိုကြီးကြောင်း သူမကိုအလိုလိုသဘောပေါက်သွားစေပါတယ်။ ရန်ပွဲပြီးတဲ့အချိန်မှာလည်း ဘယ်လိုနာကျင်မှုမျိုးမှ ရှိလာမှာမဟုတ်ပါဘူး။

၄။ စိတ်ဆိုးပြီးအိပ်ရာဝင်တာလည်း ကောင်းပါတယ်
စိတ်ဆိုးပြီး အိပ်ရာဝင်ခြင်းဟာ relationship အတွက်အဆိပ်အတောက် ဖြစ်စေတယ်လို့ သာမာန်အားဖြင့် လူတွေယုံကြည်ကြပါတယ်။ ဒါပေမယ့် ဘယ်လို့မှညှိနှိုင်းလို့မရတော့ပဲ ပြဿနာအကြီးအကျယ်တက်နေတဲ့အချိန်၊ စိတ်အရမ်းတိုနေတဲ့အချိန်မှာ ညှိနှိုင်းဖို့ကြိုးစားနေခြင်းထက် စိတ်ပိုမိုတည်ငြိမ်သွားအောင် နည်းနည်းလောက်တော့ အနားယူပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်နဲ့ သင့်ရဲ့လက်တွဲဖော်ကို အနားယူဖို့ အချိန်ပေးပါ။ စိတ်အနည်းငယ်ပြေသွားတဲ့အချိန်မှာ ဦးနှောက်ကအကောင်းဖက်ဆောင်တဲ့ စဉ်းစားမှုတွေကို ဆောင်ရွက်လာနိုင်ပါလိမ့်မယ်။

၅။ ရယ်စရာလုပ်ပစ်ပါ
ဟာသတစ်ခုဟာ သဘောထားကွဲလွဲမှုကို ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ဟာသရဲ့စွမ်းရည်တစ်ခုက စိတ်ဖိစီးမှု၊ ဒေါသနဲ့ ပူပန်မှုတွေကို လျော့ပါးသွားစေနိုင်တာပါ။ သဘောထားတင်းမာနေတဲ့ အချိန်မှာ သင့်ရဲ့ဟာသဆန်တဲ့စကားလုံး ဒါမှမဟုတ် အဖြစ်အပျက်တစ်ခုက သင့်ချစ်သူရဲ့နှလုံးသားကို အရည်ပျော်သွားစေနိုင်ပါတယ်။ ဥပမာ- မှောက်ထားတဲ့ရေခွက်ကို ခပ်တည်တည်နဲ့ ယူပြီး မှောက်လျှက်သားနဲ့ မှားသောက်မိသလိုပုံစံမျိုးပါ

၆။ တချို့ကိစ္စတွေဟာ ရန်ဖြစ်ဖို့အတွက် မထိုက်တန်ဘူး
တစ်ခါတစ်လေမှာ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ အကြီးကြီးတွေ ရန်ဖြစ်နေတတ်ကြပါတယ်။ သင့်ရဲ့ငြင်းခုံမှုမှာ အတ္တမပါဝင်သင့်သလို ရန်ဖြစ်ခြင်းဟာလည်း သက်သေပြဖို့အတွက် ထိရောက်တဲ့အရာမဟုတ်ကြောင်း နားလည်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုကိစ္စမျိုးက အရေးကြီးပြီး ဘယ်လိုကိစ္စမျိုးက အရေးမကြီးဖူးလည်းဆိုတာ အရင်ဆုံးဝေဖန်ပိုင်းခြားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဘဝမှာအေးချမ်းဖို့အတွက် အရေးမကြီးတာတွေကို ရှောင်သွားလို့ရမှာပါ။

LM_Naung_Naung
Lifestyle_Myanmar

Relationship ကိုမထိခိုက္ေစဖို႔အတြက္ ခ်စ္သူနဲ႔ ရန္ျဖစ္တဲ့အခါတိုင္း ျပဳလုပ္သင့္တဲ့ အႀကံျပဳခ်က္အခ်ိဳ႕
တႀကိမ္တခါမွ သေဘာထားမကြဲလြဲဖူးတဲ့ စုံတြဲဆိုတာ ဒီကမာၻမွာ မရွိႏိုင္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ မတူကြဲျပားျခင္းဟာ ျငင္းခုံရန္ျဖစ္ဖို႔အတြက္ လမ္းစတစ္ခုျဖစ္ပါတယ္။ စုံတြဲတိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ စကားမ်ားရန္ျဖစ္ဖူးၾကၿပီး ေဒါသကိုမထိန္းႏိုင္ၾကတဲ့အခါ ပိုၿပီးႀကီးမားတဲ့ ျပႆနာေတြကို ျဖစ္လာေစႏိုင္ပါတယ္။ ဒီလိုစကားမ်ားရန္ျဖစ္တဲ့အခါတိုင္း relationship မွာအက္ေၾကာင္းတစ္ခု မထင္ေစဖို႔အတြက္ သတိျပဳသင့္တဲ့ အရာေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ၁၀ ထိေရပါ
ယခုနည္းလမ္းဟာ တကယ္ထိေရာက္ပါတယ္။ သင့္ကိုထိခိုက္ေစတဲ့ စကားလုံးေတြ သို႔မဟုတ္ သင္သေဘာမတူႏိုင္တဲ့ စကားေတြကို နားေထာင္ေနတဲ့အခ်ိန္တိုင္း ၁၀ ထိေရေနဖို႔လိုအပ္သလို အသက္ကိုျပင္းျပင္းရႈဖို႔လည္း မေမ့ပါနဲ႔။ သင့္ရဲ႕အာ႐ုံကို တည္ၿငိမ္ေစဖို႔ ေရတြက္ေနတဲ့အခ်ိန္မွာ ခ်စ္သူကိုခ်စ္တဲ့စိတ္နဲ႔ ေတြးေတာေနပါ။ ယခုနည္းလမ္းဟာ သင့္ရဲ႕အာ႐ုံကို လြတ္ထြက္မသြားေစသလို ဉာဏ္ အေျမာ္အျမင္ကိုလည္း ေဒါသကစိုးမိုးႏိုင္မွာ မဟုတ္ပါဘူး။ ယခုလိုေဒါသထြက္ေနတဲ့ အခိုက္အတန္႔ရဲ႕ ေစ့ေဆာ္မႈက သင့္ခ်စ္ကိုမနာက်င္ေစဖို႔အတြက္ ယခုနည္းလမ္းကို အသုံးျပဳေပးပါ။

၂။ အႏိုင္ရဖို႔ မႀကိဳးစားပါနဲ႔
ဒါဟာ သင္အၿမဲတမ္းလုပ္ေနႏိုင္တဲ့ အႀကီးမွားဆုံးအမွားတစ္ခုျဖစ္ပါတယ္။ သင့္ရဲ႕လက္တြဲေဖာ္နဲ႔ ျငင္းခုံျခင္းဟာ အႏိုင္ရျခင္း ရႈံးနိမ့္ျခင္း စတဲ့ ဘယ္တစ္ခုအတြက္မွ မရည္႐ြယ္ထားသင့္ပါဘူး။
တကယ္လို႔ သင္ရဲ႕အျမင္ကို ယုံၾကည္မႈရွိၿပီး မွန္ကန္တယ္လို႔ ယူဆရင္လည္း အႏိုင္ရလိုေဇာနဲ႔ မေျပာဆိုမိဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ သင့္ရဲ႕ဖက္ကမွန္ကန္ေၾကာင္း ေပၚလြင္သြားတဲ့ အခ်ိန္မွာလည္း အႏိုင္ရသူတစ္ေယာက္လို “ငါေျပာသားပဲ” ဆိုတဲ့ပုံစံနဲ႔ စားၿမဳံျပန္ၿပီး မေျပာဆိုမိဖို႔ အေရးႀကီးပါတယ္။ သင္တို႔ႏွစ္ေယာက္ရဲ႕ သေဘာထားမတူညီျခင္းဟာ ၿပိဳင္ပြဲတစ္ခုလို ယွဥ္ၿပိဳင္စရာ မလိုအပ္ပါဘူး။ ဒီျငင္းခုံမႈမွာ သင္ႏိုင္သြားတယ္လို႔ ဆိုရင္ေတာင္မွ သင့္ခ်စ္သူရဲ႕နာက်င္မႈကို ႀကဳံေတြ႕ရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သူမရဲ႕အျမင္ကိုလည္း နားလည္ေပးပါ။ အႏိုင္ယူဖို႔ မႀကိဳးစားပဲ သူမနားလည္တဲ့အထိ စည္း႐ုံးေပးဖို႔ လိုအပ္ပါတယ္။

၃။ လက္တြဲေဖာ္ကို ေပြ႕ဖက္ေပးပါ
ဘယ္လိုပဲျငင္ခုံရန္ျဖစ္ခဲ့ပါေစ တင္းက်ပ္စြာ ေပြ႕ဖက္ျခင္းေလာက္ ထိေရာက္တဲ့အရာမရွိႏိုင္ပါဘူး။ ယခုလိုသူမကို ေပြ႕ဖက္ေပးျခင္းဟာ မၾကာခင္ကျဖစ္ေပၚသြားတဲ့ နာက်င္မႈေတြ ေဒါသေတြကို အမ်ားႀကီး ေလ်ာ့ပါသြားေစပါတယ္။ သူမကိုယခုလိုေပြ႕ဖက္ႏွစ္သိမ့္ေပးဖို႔အတြက္ ဘာခြင့္ျပဳခ်က္မွ မေတာင္းပါနဲ႔။ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈက သေဘာထားတင္းမာမႈေတြထက္ အခ်စ္က စြမ္းအားပိုႀကီးေၾကာင္း သူမကိုအလိုလိုသေဘာေပါက္သြားေစပါတယ္။ ရန္ပြဲၿပီးတဲ့အခ်ိန္မွာလည္း ဘယ္လိုနာက်င္မႈမ်ိဳးမွ ရွိလာမွာမဟုတ္ပါဘူး။

၄။ စိတ္ဆိုးၿပီးအိပ္ရာဝင္တာလည္း ေကာင္းပါတယ္
စိတ္ဆိုးၿပီး အိပ္ရာဝင္ျခင္းဟာ relationship အတြက္အဆိပ္အေတာက္ ျဖစ္ေစတယ္လို႔ သာမာန္အားျဖင့္ လူေတြယုံၾကည္ၾကပါတယ္။ ဒါေပမယ့္ ဘယ္လို႔မွညႇိႏႈိင္းလို႔မရေတာ့ပဲ ျပႆနာအႀကီးအက်ယ္တက္ေနတဲ့အခ်ိန္၊ စိတ္အရမ္းတိုေနတဲ့အခ်ိန္မွာ ညႇိႏႈိင္းဖို႔ႀကိဳးစားေနျခင္းထက္ စိတ္ပိုမိုတည္ၿငိမ္သြားေအာင္ နည္းနည္းေလာက္ေတာ့ အနားယူေပးဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ သင္ကိုယ္တိုင္နဲ႔ သင့္ရဲ႕လက္တြဲေဖာ္ကို အနားယူဖို႔ အခ်ိန္ေပးပါ။ စိတ္အနည္းငယ္ေျပသြားတဲ့အခ်ိန္မွာ ဦးေႏွာက္က အေကာင္းဖက္ေဆာင္တဲ့ စဥ္းစားမႈေတြကို ေဆာင္႐ြက္လာႏိုင္ပါလိမ့္မယ္။

၅။ ရယ္စရာလုပ္ပစ္ပါ
ဟာသတစ္ခုဟာ သေဘာထားကြဲလြဲမႈကို ေျဖရွင္းေပးႏိုင္စြမ္း ရွိပါတယ္။ဟာသရဲ႕စြမ္းရည္တစ္ခုက စိတ္ဖိစီးမႈ၊ ေဒါသနဲ႔ ပူပန္မႈေတြကို ေလ်ာ့ပါးသြားေစႏိုင္တာပါ။ သေဘာထားတင္းမာေနတဲ့ အခ်ိန္မွာ သင့္ရဲ႕ဟာသဆန္တဲ့စကားလုံး ဒါမွမဟုတ္ အျဖစ္အပ်က္တစ္ခုက သင့္ခ်စ္သူရဲ႕ႏွလုံးသားကို အရည္ေပ်ာ္သြားေစႏိုင္ပါတယ္။ ဥပမာ- ေမွာက္ထားတဲ့ေရခြက္ကို ခပ္တည္တည္နဲ႔ ယူၿပီး ေမွာက္လွ်က္သားနဲ႔ မွားေသာက္မိသလိုပုံစံမ်ိဳးပါ

၆။ တခ်ိဳ႕ကိစၥေတြဟာ ရန္ျဖစ္ဖို႔အတြက္ မထိုက္တန္ဘူး
တစ္ခါတစ္ေလမွာ ဘာမဟုတ္တဲ့ကိစၥေလးေတြနဲ႔ အႀကီးႀကီးေတြ ရန္ျဖစ္ေနတတ္ၾကပါတယ္။ သင့္ရဲ႕ျငင္းခုံမႈမွာ အတၱမပါဝင္သင့္သလို ရန္ျဖစ္ျခင္းဟာလည္း သက္ေသျပဖို႔အတြက္ ထိေရာက္တဲ့အရာမဟုတ္ေၾကာင္း နားလည္ဖို႔လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုကိစၥမ်ိဳးက အေရးႀကီးၿပီး ဘယ္လိုကိစၥမ်ိဳးက အေရးမႀကီးဖူးလည္းဆိုတာ အရင္ဆုံးေဝဖန္ပိုင္းျခားဖို႔ လိုအပ္ပါတယ္။ ဒါမွသာ ဘဝမွာေအးခ်မ္းဖို႔အတြက္ အေရးမႀကီးတာေတြကို ေရွာင္သြားလို႔ရမွာပါ။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here