Recycle ပလပ်စတစ်တွေနဲ့ ကျူရှင်လခပေးလို့ရတဲ့ အိန္ဒိယနိုင်ငံက ကျောင်း

0
107

ဘယ္ေလာက္ဆင္းရဲတဲ့မိဘျဖစ္ပါေစ ကိုယ့္ရဲ႕သားသမီးကိုေတာ့ ေက်ာင္းေကာင္းေကာင္းမွာ ထားႏိုင္ဖို႔အတြက္ အိပ္မက္ေတြ ရွိၾကပါတယ္။ ဒါေပမယ့္ စားဝတ္ေနေရးအတြက္ေတာင္ မနည္း႐ုန္းကန္ေနရတဲ့ အေျခအေနမွာ ကေလးေတြရဲ႕ ေက်ာင္းစားရိတ္ဆိုတာဟာ ဝန္ထုပ္ဝန္ပိုးႀကီးတစ္ခုကဲ့သို႔ ခက္ခဲေနၾကရပါတယ္။ ဒီလိုဆင္းရဲခ်ိဳ႕တဲ့တဲ့ မိဘေတြရဲ႕ကေလးေတြရဲ႕ ပညာေရးအတြက္ ပရဟိတေက်ာင္းေတြ အေျမာက္အမ်ား ေပၚေပါက္ေနတဲ့ အထဲကမွ အိႏၵိယႏိုင္ငံမွာရွိတဲ့ ေသးငယ္တဲ့ေက်ာင္းကေလးကေတာ့ ထူးထူးျခားျခား ပလပ္စတစ္ေတြကို ေက်ာင္းလခအျဖစ္ သြင္းခြင့္ျပဳခဲ့ပါတယ္။

-Advertisement-

Akshar ဖိုရမ္ဟာ အိႏၵိယႏိုင္ငံ Guwahati ရဲ႕ ႐ြာေလးတစ္႐ြာျဖစ္တဲ့ Pamohi မွာတည္ရွိေနၿပီး လြန္ခဲ့တဲ့ ၆လေလာက္ကတည္းက စတင္ခဲ့တဲ့ Recycling အစီအစဥ္ကို မၾကာမီကပဲ အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ အဆိုပါေက်ာင္းကို Parmita Sharma နဲ႔ Mazin Mukhatar တို႔ႏွစ္ေယာက္က ပူးတြဲတည္ေထာင္ခဲ့ၿပီး လူတိုင္းအသက္ေမြးဝမ္းေက်ာင္းပညာနဲ႔ ဝင္ေငြရရွိဖို႔အတြက္ ရည္႐ြယ္ခဲ့ၾကပါတယ္။

အဆိုပါေက်ာင္းမွာ ေက်ာင္းစာအျပင္ ကေလးေတြရဲ႕ ကိုယ္ပိုင္တီထြင္ဖန္တီးမႈနဲ႔ စူးစမ္းမႈ လက္မႈပညာ အစရွိတဲ့အရာေတြကို သင္ၾကားေပးလွ်က္ရွိၿပီး သင္႐ိုးၫႊန္းတမ္းကိုလည္း ကန္႔သတ္ထားျခင္းမရွိပဲ ကေလးေတြရဲ႕ကိုယ္ပိုင္ကြၽမ္းက်င္မႈေတြ အရည္အခ်င္းေတြကို ေဖာ္ထုတ္ေပးလ်က္ ရွိပါတယ္။

ေက်ာင္းအုပ္ႀကီးရဲ႕ ေျပာျပခ်က္အရ လြန္ခဲ့တဲ့ ၆လေလာက္ကတည္းက ေက်ာင္းသားေတြစုေပါင္းၿပီး အနီးတဝိုက္အိမ္ေထာင္စုေတြကေန ပလစ္စတစ္ေတြကို စုေဆာင္းမႈ စတင္ခဲ့သလို အမႈိက္စိုနဲ႔ အမႈိက္ေျခာက္ ခြဲျခားပစ္ႏိုင္ေအာင္ ပညာေပးခဲ့ၾကပါတယ္။

ဒါ့အျပင္ ေက်ာင္းလခကိုလည္း စြန္႔ပစ္ပလပ္စတစ္ေတြနဲ႔ ေပးသြင္းႏိုင္ဖို႔ စိတ္ကူးကိုအေကာင္အထည္ေဖာ္ခဲ့ပါတယ္။ စြန္႔ပစ္ပလပ္စတစ္ေတြကို အသုံးျပဳၿပီး တီတြင္ဖန္တီးမႈေတြ၊ ျပန္လည္အသုံးခ်မႈနဲ႔ စြမ္းအင္ထုတ္လုပ္မႈေတြကို သင္ၾကားေပးလွ်က္ရွိၿပီး ယခုလိုေဆာင္႐ြက္မႈဟာ ႐ြာေလးရဲ႕သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းရာေရာက္သလိုပဲ ခ်ိဳ႕တဲ့တဲ့ကေလးေတြအတြက္လည္း ပညာေရးကိုအားေပးရာေရာက္ေၾကာင္း ေက်ာင္းအုပ္ႀကီးကဆိုပါတယ္။

LM_Naung_Naung
Lifestyle_Myanmar
Source

Recycle ပလပ်စတစ်တွေနဲ့ ကျူရှင်လခပေးလို့ရတဲ့ အိန္ဒိယနိုင်ငံက ကျောင်း
ဘယ်လောက်ဆင်းရဲတဲ့မိဘဖြစ်ပါစေ ကိုယ့်ရဲ့သားသမီးကိုတော့ ကျောင်းကောင်းကောင်းမှာ ထားနိုင်ဖို့အတွက် အိပ်မက်တွေ ရှိကြပါတယ်။ ဒါပေမယ့် စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန်နေရတဲ့ အခြေအနေမှာ ကလေးတွေရဲ့ ကျောင်းစားရိတ်ဆိုတာဟာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကဲ့သို့ ခက်ခဲနေကြရပါတယ်။ ဒီလိုဆင်းရဲချို့တဲ့တဲ့ မိဘတွေရဲ့ကလေးတွေရဲ့ ပညာရေးအတွက် ပရဟိတကျောင်းတွေ အမြောက်အများ ပေါ်ပေါက်နေတဲ့ အထဲကမှ အိန္ဒိယနိုင်ငံမှာရှိတဲ့ သေးငယ်တဲ့ကျောင်းကလေးကတော့ ထူးထူးခြားခြား ပလပ်စတစ်တွေကို ကျောင်းလခအဖြစ် သွင်းခွင့်ပြုခဲ့ပါတယ်။
Akshar ဖိုရမ်ဟာ အိန္ဒိယနိုင်ငံ Guwahati ရဲ့ ရွာလေးတစ်ရွာဖြစ်တဲ့ Pamohi မှာတည်ရှိနေပြီး လွန်ခဲ့တဲ့ ၆လလောက်ကတည်းက စတင်ခဲ့တဲ့ Recycling အစီအစဉ်ကို မကြာမီကပဲ အကောင်အထည်ဖော်ခဲ့ပါတယ်။ အဆိုပါကျောင်းကို Parmita Sharma နဲ့ Mazin Mukhatar တို့နှစ်ယောက်က ပူးတွဲတည်ထောင်ခဲ့ပြီး လူတိုင်းအသက်မွေးဝမ်းကျောင်းပညာနဲ့ ဝင်ငွေရရှိဖို့အတွက် ရည်ရွယ်ခဲ့ကြပါတယ်။ အဆိုပါကျောင်းမှာ ကျောင်းစာအပြင် ကလေးတွေရဲ့ ကိုယ်ပိုင်တီထွင်ဖန်တီးမှုနဲ့ စူးစမ်းမှု လက်မှုပညာ အစရှိတဲ့အရာတွေကို သင်ကြားပေးလျှက်ရှိပြီး သင်ရိုးညွှန်းတမ်းကိုလည်း ကန့်သတ်ထားခြင်းမရှိပဲ ကလေးတွေရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုတွေ အရည်အချင်းတွေကို ဖော်ထုတ်ပေးလျက် ရှိပါတယ်။
ကျောင်းအုပ်ကြီးရဲ့ ပြောပြချက်အရ လွန်ခဲ့တဲ့ ၆လလောက်ကတည်းက ကျောင်းသားတွေစုပေါင်းပြီး အနီးတဝိုက်အိမ်ထောင်စုတွေကနေ ပလစ်စတစ်တွေကို စုဆောင်းမှု စတင်ခဲ့သလို အမှိုက်စိုနဲ့ အမှိုက်ခြောက် ခွဲခြားပစ်နိုင်အောင် ပညာပေးခဲ့ကြပါတယ်။ ဒါ့အပြင် ကျောင်းလခကိုလည်း စွန့်ပစ်ပလပ်စတစ်တွေနဲ့ ပေးသွင်းနိုင်ဖို့ စိတ်ကူးကိုအကောင်အထည်ဖော်ခဲ့ပါတယ်။ စွန့်ပစ်ပလပ်စတစ်တွေကို အသုံးပြုပြီး တီတွင်ဖန်တီးမှုတွေ၊ ပြန်လည်အသုံးချမှုနဲ့ စွမ်းအင်ထုတ်လုပ်မှုတွေကို သင်ကြားပေးလျှက်ရှိပြီး ယခုလိုဆောင်ရွက်မှုဟာ ရွာလေးရဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလိုပဲ ချို့တဲ့တဲ့ကလေးတွေအတွက်လည်း ပညာရေးကိုအားပေးရာရောက်ကြောင်း ကျောင်းအုပ်ကြီးကဆိုပါတယ်။

LM_Naung_Naung
Lifestyle_Myanmar
Source

LEAVE A REPLY

Please enter your comment!
Please enter your name here