PUBG ေဆာ့ရင္း အက္ဆစ္နဲ႔ ေရ မွားေသာက္မိတဲ့ ၂၅ႏွစ္အရြယ္ အႏၵိယအမ်ိဳးသား

0
123
PUBG ေဆာ့ရင္း အက္ဆစ္နဲ႔ ေရ မွားေသာက္မိသူ
PUBG ေဆာ့ရင္း အက္ဆစ္နဲ႔ ေရ မွားေသာက္မိသူ

ယခုေခတ္ လူငယ္ေတြၾကားမွာ mobile Games ေတြဟာ ေရပန္းစား႐ုံသာမက လူေတြရဲ႕ စိတ္ကိုပါ ရာႏႈန္းျပည့္စြဲေဆာင္ထားပါတယ္။ လူတစ္ေယာက္ ဂိမ္းေဆာ့တဲ့အခါ ေဘးနားမွာရွိတဲ့ အရာေတြအေပၚ ဘာကိုမွ အာ႐ုံမေရာက္ေတာ့ဘဲ ဂိမ္းထဲပဲ စိတ္ကေရာက္ၿပီး ဘာမွ မျမင္တတ္ေတာ့ပါဘူး။ မၾကာခဏဆိုသလို ဂိမ္းအေဆာ့လြန္တာေၾကာင့္ အိမ္ေထာင္ေရးအဆင္မေျပဘူးမႈေတြ၊ လူမႈေရးအဆင္မေျပမႈေတြ၊ အခ်စ္ေရးအဆင္မေျပမႈေတြ၊ စီးပြားေရးအဆင္မေျပမႈေတြအျပင္ ေနာက္ဆုံး အသက္အႏၱရာယ္ပါ ထိခိုက္လာႏိုင္တဲ့အထိ ျဖစ္ေပၚလာပါတယ္။

ယခု ေခတ္စားေနတဲ့ PUBG ဂိမ္းဟာ ဘယ္ေလာက္ထိ လူေတြရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ၿပီး ပ်က္စီးႏိုင္သလဲဆိုေတာ့ အဆို PUBG ဂိမ္းကို အေဆာ့လြန္မႈေၾကာင့္ အိမ္ေထာင္ေရးဘက္မွာ စိတ္အားထက္သန္မႈမရွိေတာ့ဘဲ ကိုယ္ဝန္ရွိတဲ့ဇနီးနဲ႔ မိသားစုကို စြန္႔ပစ္ၿပီး ထြက္သြားတဲ့အထိ တကယ့္အျဖစ္အပ်က္ေတြ ျဖစ္ခဲ့ပါတယ္။ ယခုလည္း မၾကာေသးမီးက အိႏၵိယႏိုင္ငံမွာရွိတဲ့ အသက္ ၂၅ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးဟာ PUBG ဂိမ္းေဆာ့ေနရင္း ဂိမ္းထဲ စ်ာန္ဝင္ၿပီး ေဘးနားမွာရွိတဲ့ အက္ဆစ္ပုလင္းနဲ႔ ေရပုလင္းကို မွားၿပီး ေသာက္ခဲ့မိပါတယ္။ Dr Manan Gogiya က အဆိုပါ အက္ဆစ္ပုလင္းနဲ႔ ေရပုလင္း မွားေသာက္မိတဲ့ လူနာကို ကယ္တင္ၿပီး သူဟာ ဂိမ္းေဆာ့ရင္ ဒီလို အသက္အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ အျဖစ္အပ်က္မ်ိဳးနဲ႔ ႀကံဳခဲ့ရတယ္ဆိုတဲ့အေၾကာင္းကို လူမႈကြန္ရက္မွာ ေဖာ္ျပေပးခဲ့တာျဖစ္ပါတယ္။

Dr Manan Gogiya ရဲ႕ ေဖာ္ျပထားတာေတာ့ ” သူဟာ အက္ဆစ္ထည့္ထားတဲ့ ေရသန္႔ဗူးနားမွာ ထိုင္ၿပီး PUBG ေဆာ့ေနခဲ့ပါတယ္။ အဲ့ဒီေနာက္ ဂိမ္းထဲမွာ အာ႐ုံေရာက္ၿပီး အလုပ္႐ႈပ္ေနတဲ့အခ်ိန္ ေရဆာတာေၾကာင့္ ေဘးနားမွာရွိတဲ့ အက္ဆစ္ဗူးကို ေရဗူးနဲ႔ မွားၿပီး ေသာက္ခဲ့မိတာပါ။ အဲ့ဒီေနာက္ သိသိခ်င္းမွာပဲ ေဆး႐ုံကို အျမန္ပို႔ေဆာင္ခဲ့ပါတယ္” ဒါေပမဲ့ အခုဆိုရင္ ထိုလူနာရဲ႕ အစာအိမ္အနာကို ခြဲစိတ္ကုသၿပီး တျဖည္းျဖည္း ထူထူေထာင္ေထာင္ျပန္ျဖစ္ေနပါၿပီလို႔ ေျပာဆိုပါတယ္။ Dr Gogiya ဟာ ယခုအျဖစ္အပ်က္ကိုၾကည့္ၿပီး ဂိမ္းေဆာ့ေနတဲ့သူေတြကို ဂိမ္းေဆာ့တဲ့အခါ ကိုယ့္စိတ္ကိုယ္ ကို ထိန္းခ်ဳပ္ႏိုင္ေအာင္ အရင္ႀကိဳးစားပါလို႔ အႀကံေပးထားပါတယ္။ ဒါ့အျပင္ ဂိမ္းကို စိတ္အပန္းေျဖတဲ့အေနနဲ႔ ခဏတစ္ျဖဳတ္သာေဆာ့သင့္ၿပီး ရာႏႈန္းျပည့္ ဂိမ္းထဲမွာ စိတ္မႏွစ္ၾကဖို႔ တိုက္တြန္းထားပါေသးတယ္။

#Lifestyle_Myanmar

#Thar_Nage

Facebook တည္ေထာင္သူ Mark Zuckerberg ကို စံခ်ိန္ခ်ိဳးသြားတဲ့ ၂၁ႏွစ္အရြယ္ ဘီလ်ံနာမေလး

Unicode

PUBG ဆော့ရင်း အက်ဆစ်နဲ့ ရေ မှားသောက်မိတဲ့ ၂၅နှစ်အရွယ် အန္ဒိယအမျိုးသား
ယခုခေတ် လူငယ်တွေကြားမှာ mobile Games တွေဟာ ရေပန်းစားရုံသာမက လူတွေရဲ့ စိတ်ကိုပါ ရာနှုန်းပြည့်စွဲဆောင်ထားပါတယ်။ လူတစ်ယောက် ဂိမ်းဆော့တဲ့အခါ ဘေးနားမှာရှိတဲ့ အရာတွေအပေါ် ဘာကိုမှ အာရုံမရောက်တော့ဘဲ ဂိမ်းထဲပဲ စိတ်ကရောက်ပြီး ဘာမှ မမြင်တတ်တော့ပါဘူး။ မကြာခဏဆိုသလို ဂိမ်းအဆော့လွန်တာကြောင့် အိမ်ထောင်ရေးအဆင်မပြေဘူးမှုတွေ၊ လူမှုရေးအဆင်မပြေမှုတွေ၊ အချစ်ရေးအဆင်မပြေမှုတွေ၊ စီးပွားရေးအဆင်မပြေမှုတွေအပြင် နောက်ဆုံး အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်တဲ့အထိ ဖြစ်ပေါ်လာပါတယ်။

ယခု ခေတ်စားနေတဲ့ PUBG ဂိမ်းဟာ ဘယ်လောက်ထိ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး ပျက်စီးနိုင်သလဲဆိုတော့ အဆို PUBG ဂိမ်းကို အဆော့လွန်မှုကြောင့် အိမ်ထောင်ရေးဘက်မှာ စိတ်အားထက်သန်မှုမရှိတော့ဘဲ ကိုယ်ဝန်ရှိတဲ့ဇနီးနဲ့ မိသားစုကို စွန့်ပစ်ပြီး ထွက်သွားတဲ့အထိ တကယ့်အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ယခုလည်း မကြာသေးမီးက အိန္ဒိယနိုင်ငံမှာရှိတဲ့ အသက် ၂၅နှစ်အရွယ်အမျိုးသားတစ်ဦးဟာ PUBG ဂိမ်းဆော့နေရင်း ဂိမ်းထဲ စျာန်ဝင်ပြီး ဘေးနားမှာရှိတဲ့ အက်ဆစ်ပုလင်းနဲ့ ရေပုလင်းကို မှားပြီး သောက်ခဲ့မိပါတယ်။ Dr Manan Gogiya က အဆိုပါ အက်ဆစ်ပုလင်းနဲ့ ရေပုလင်း မှားသောက်မိတဲ့ လူနာကို ကယ်တင်ပြီး သူဟာ ဂိမ်းဆော့ရင် ဒီလို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဖြစ်အပျက်မျိုးနဲ့ ကြုံခဲ့ရတယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ရက်မှာ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

Dr Manan Gogiya ရဲ့ ဖော်ပြထားတာတော့ ” သူဟာ အက်ဆစ်ထည့်ထားတဲ့ ရေသန့်ဗူးနားမှာ ထိုင်ပြီး PUBG ဆော့နေခဲ့ပါတယ်။ အဲ့ဒီနောက် ဂိမ်းထဲမှာ အာရုံရောက်ပြီး အလုပ်ရှုပ်နေတဲ့အချိန် ရေဆာတာကြောင့် ဘေးနားမှာရှိတဲ့ အက်ဆစ်ဗူးကို ရေဗူးနဲ့ မှားပြီး သောက်ခဲ့မိတာပါ။ အဲ့ဒီနောက် သိသိချင်းမှာပဲ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပါတယ်” ဒါပေမဲ့ အခုဆိုရင် ထိုလူနာရဲ့ အစာအိမ်အနာကို ခွဲစိတ်ကုသပြီး တဖြည်းဖြည်း ထူထူထောင်ထောင်ပြန်ဖြစ်နေပါပြီလို့ ပြောဆိုပါတယ်။ Dr Gogiya ဟာ ယခုအဖြစ်အပျက်ကိုကြည့်ပြီး ဂိမ်းဆော့နေတဲ့သူတွေကို ဂိမ်းဆော့တဲ့အခါ ကိုယ့်စိတ်ကိုယ် ကို ထိန်းချုပ်နိုင်အောင် အရင်ကြိုးစားပါလို့ အကြံပေးထားပါတယ်။ ဒါ့အပြင် ဂိမ်းကို စိတ်အပန်းဖြေတဲ့အနေနဲ့ ခဏတစ်ဖြုတ်သာဆော့သင့်ပြီး ရာနှုန်းပြည့် ဂိမ်းထဲမှာ စိတ်မနှစ်ကြဖို့ တိုက်တွန်းထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here