pre-wedding ရိုက်ပေမဲ့ ဆေးထိုးကြမ်းတဲ့ ခွေးကြောင့် ဟာသဓာတ်ပုံတွေဖြစ်သွားတဲ့စုံတွဲ

0
254
pre-wedding

ဘရာဇီးစုံတွဲတစ်တွဲဟာ Pre-wedding အတွက် ဓာတ်ပုံရိုက်ပေမဲ့ သူတို့ မွေးထားတဲ့ ခွေးလေးကြောင့် ဆေးထိုးခံလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံရိုက်ခါနီး အချိန်တိုင်း ကင်မရာရှေ့မှာ ကိုးယို့ကားယား လာလာလုပ်တာကြောင့် Pre-Wedding အတွက်ဓာတ်ပုံက ရိုမန့်တစ်ဆန်ဆန် အလှပုံရိပ်မျိုး မဟုတ်တော့ဘဲ ဟာသပုံတွေ ဖြစ်ကုန်ပါတယ်။

အသက် ၃၂နှစ်အရွယ်ရှိတဲ့ Alfredo Garcia da Silva ဆိုသူ စီးပွားရေးသမားတစ်ယောက်နဲ့ အသက် ၂၆နှစ်အရွယ် ရှေ့နေမလေး Joyce Sabino နဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဦး စေ့စပ်ပြီးတဲ့အခါမှာတော့ မင်္ဂလာဆောင် အတွက် ဓာတ်ပုံရိုက်ဖို့စိတ်ကူး ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရိုက်ကူးတဲ့ ပုံရိပ်တွေဟာ သူများစုံတွဲတွေလိုတော့ အလှဓာတ်ပုံမျိုးမဟုတ်ဘဲ သဘာဝကျကျ Snap ပုံရိပ်မျိုးကို ရိုက်ကူးချင်ခဲ့တာပါ။

အဲ့ဒါကြောင့် ဓာတ်ပုံရိုက်ဖို့ သူတို့မွေးစားထားတဲ့ ခွေးလေး Thor ကိုလည်း ခေါ်ပြီး အတူတူဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဓာတ်ပုံထဲမှာ Alfredo နဲ့ Joyce ရဲ့ အေးအေးဆေးဆေးရိုက်ကူးထားတဲ့ ပုံမျိုးဆိုတာ ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ Thor ဟာဓာတ်ပုံရိုက်ခါနီးတိုင်း ကင်မရာရဲ့ ရှေ့တည့်တည့်မှာ နေပြီး ကို့ယို့ကားယားနဲ့ လိုက်ရှုပ်နေလို့ပါပဲ။

ချစ်သူနှစ်ဦး အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ဓာတ်ပုံ ရိုက်ရတာမျိုးမဟုတ်ဘဲ Thor က ပုံတိုင်းလိုလို ဆေးလိုက်ထိုးနေတာပါ။ ဓာတ်ပုံဆရာက မြင်ကွင်းထဲ မရှင်းလို့ မောင်းထုတ်ချင်ပေမဲ့ သူတို့နှစ်ဦးက ဒီအတိုင်းပဲ ရိုက်ကူးဖို့ လက်ခံခဲ့ပါတယ်။ အဲ့ဒါကြောင့် ဓာတ်ပုံ စုစုပေါင်း ၁၅၀၀ လောက်မှာ သူတို့နှစ်ဦးထဲ သီးသန့်ပါတဲ့ ပုံရိပ်က ၈၀လောက်ပဲ ရှိပါတယ်။

အခြားစုံတွဲတွေလို ခမ်းခမ်းနားနား လှလှပပ ဓာတ်ပုံမျိုးမဟုတ်ပေမဲ့ ဒီလို သဘာဝကျကျ လှုပ်ရှားနေတဲ့ Snap ပုံရိပ်တွေက ပိုပြီး စိတ်ဝင်စားမှု ကောင်းသလို ပိုပြီးလည်း ချစ်စရာလည်း ကောင်းပါတယ်။ ဒါ့ကြောင့် Alfredo ဟာ သူတို့ရဲ့ သာမန်ဓာတ်ပုံတွေထက် ဒီခွေးလေးနဲ့ရိုက်ထားတဲ့ ပုံရိပ်တွေက သူတို့ကို ပိုပြီးအမှတ်တရဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “ဒီပုံရိပ်တွေက အွန်လိုင်းပေါ်မှာ အချိန်မြန်မြန်ဆန်ဆန်နဲ့ ပျံ့နှံ့ပြီး လူကြိုက်များလိမ့်မယ် မထင်ထားဘူး။ အခုလို အောင်မြင်နေတာတွေ့တောင့် အရမ်းကို ဝမ်းသာပါတယ်။” ” ခွေးလေးဟာ ကျွန်တော်တို့ အလုပ်တွက်သာမက ကျွန်တော်တို့နှစ်ဦးရဲ့ သံယောဇဉ်ကိုလည်းပိုပြီး ခိုင်မြဲဖို့ အထောက်အကူဖြစ်စေတယ်”လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

pre-wedding ရိုက္ေပမဲ့ ေဆးထိုးၾကမ္းတဲ့ ေခြးေၾကာင့္ ဟာသဓာတ္ပုံေတြျဖစ္သြားတဲ့စုံတြဲ
ဘရာဇီးစုံတြဲတစ္တြဲဟာ Pre-wedding အတြက္ ဓာတ္ပုံရိုက္ေပမဲ့ သူတို႔ ေမြးထားတဲ့ ေခြးေလးေၾကာင့္ ေဆးထိုးခံလိုက္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဓာတ္ပုံရိုက္ခါနီး အခ်ိန္တိုင္း ကင္မရာေရွ႕မွာ ကိုးယို႔ကားယား လာလာလုပ္တာေၾကာင့္ Pre-Wedding အတြက္ဓာတ္ပုံက ရိုမန္႔တစ္ဆန္ဆန္ အလွပုံရိပ္မ်ိဳး မဟုတ္ေတာ့ဘဲ ဟာသပုံေတြ ျဖစ္ကုန္ပါတယ္။

အသက္ ၃၂ႏွစ္အရြယ္ရွိတဲ့ Alfredo Garcia da Silva ဆိုသူ စီးပြားေရးသမားတစ္ေယာက္နဲ႔ အသက္ ၂၆ႏွစ္အရြယ္ ေရွ႕ေနမေလး Joyce Sabino နဲ႔ ခ်စ္သူေတြျဖစ္ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဦး ေစ့စပ္ၿပီးတဲ့အခါမွာေတာ့ မဂၤလာေဆာင္ အတြက္ ဓာတ္ပုံရိုက္ဖို႔စိတ္ကူး ေပၚလာခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ရိုက္ကူးတဲ့ ပုံရိပ္ေတြဟာ သူမ်ားစုံတြဲေတြလိုေတာ့ အလွဓာတ္ပုံမ်ိဳးမဟုတ္ဘဲ သဘာဝက်က် Snap ပုံရိပ္မ်ိဳးကို ရိုက္ကူးခ်င္ခဲ့တာပါ။

အဲ့ဒါေၾကာင့္ ဓာတ္ပုံရိုက္ဖို႔ သူတို႔ေမြးစားထားတဲ့ ေခြးေလး Thor ကိုလည္း ေခၚၿပီး အတူတူဓာတ္ပုံရိုက္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ဓာတ္ပုံထဲမွာ Alfredo နဲ႔ Joyce ရဲ့ ေအးေအးေဆးေဆးရိုက္ကူးထားတဲ့ ပုံမ်ိဳးဆိုတာ ရွားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Thor ဟာဓာတ္ပုံရိုက္ခါနီးတိုင္း ကင္မရာရဲ့ ေရွ႕တည့္တည့္မွာ ေနၿပီး ကို႔ယို႔ကားယားနဲ႔ လိုက္ရွုပ္ေနလို႔ပါပဲ။

ခ်စ္သူႏွစ္ဦး ေအးေအးေဆးေဆး လြတ္လြတ္လပ္လပ္ ဓာတ္ပုံ ရိုက္ရတာမ်ိဳးမဟုတ္ဘဲ Thor က ပုံတိုင္းလိုလို ေဆးလိုက္ထိုးေနတာပါ။ ဓာတ္ပုံဆရာက ျမင္ကြင္းထဲ မရွင္းလို႔ ေမာင္းထုတ္ခ်င္ေပမဲ့ သူတို႔ႏွစ္ဦးက ဒီအတိုင္းပဲ ရိုက္ကူးဖို႔ လက္ခံခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဓာတ္ပုံ စုစုေပါင္း ၁၅၀၀ ေလာက္မွာ သူတို႔ႏွစ္ဦးထဲ သီးသန္႔ပါတဲ့ ပုံရိပ္က ၈၀ေလာက္ပဲ ရွိပါတယ္။

အျခားစုံတြဲေတြလို ခမ္းခမ္းနားနား လွလွပပ ဓာတ္ပုံမ်ိဳးမဟုတ္ေပမဲ့ ဒီလို သဘာဝက်က် လွုပ္ရွားေနတဲ့ Snap ပုံရိပ္ေတြက ပိုၿပီး စိတ္ဝင္စားမွု ေကာင္းသလို ပိုၿပီးလည္း ခ်စ္စရာလည္း ေကာင္းပါတယ္။ ဒါ့ေၾကာင့္ Alfredo ဟာ သူတို႔ရဲ့ သာမန္ဓာတ္ပုံေတြထက္ ဒီေခြးေလးနဲ႔ရိုက္ထားတဲ့ ပုံရိပ္ေတြက သူတို႔ကို ပိုၿပီးအမွတ္တရျဖစ္ေစတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ “ဒီပုံရိပ္ေတြက အြန္လိုင္းေပၚမွာ အခ်ိန္ျမန္ျမန္ဆန္ဆန္နဲ႔ ပ်ံ႕ႏွံ့ၿပီး လူႀကိဳက္မ်ားလိမ့္မယ္ မထင္ထားဘူး။ အခုလို ေအာင္ျမင္ေနတာေတြ႕ေတာင့္ အရမ္းကို ဝမ္းသာပါတယ္။” ” ေခြးေလးဟာ ကၽြန္ေတာ္တို႔ အလုပ္တြက္သာမက ကၽြန္ေတာ္တို႔ႏွစ္ဦးရဲ့ သံေယာဇဥ္ကိုလည္းပိုၿပီး ခိုင္ျမဲဖို႔ အေထာက္အကူျဖစ္ေစတယ္”လို႔ ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here