Plantar ကြွက်နို့ကို ဖယ်ရှားနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းလေးများ

0
421

Plantar ကြွက်နို့ကဘာလဲ
Plantar ကြွက်နို့ဆိုတာ ခြေဘဝါး ဒါမှမဟုတ် ခြေချောင်းများတွင်ပေါက်လေ့ရှိတဲ့ ကြွက်နို့တစ်မျိုးပဲဖြစ်ပါတယ်။ ၎င်းကြွက်နို့ကို ဆေးဘက်ဆိုင်ရာ အသုံးအနှုန်ရ Verruca ကြွက်နို့လို့ ခေါ်ပြီး Papilloma Virus (HPV) ပိုးကြောင့်ဖြစ်ရတာပါ။ ခြေဘဝါး နဲ့ ခြေချောင်း စတဲ့အစိတ်အပိုင်းမျိုးမှာ ပေါက်ရောက်တဲ့အတွက် Plantar ကြွက်နို့ဟာ နာကျင်ခြင်း၊ ယားယံခြင်းကိုမကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ Papilloma virus ဟာ စိုထိုင်းတဲ့နေရာများအတွင် အဖြစ်များပြီး အဆိုပါကြွက်နို့ရှိတဲ့နေရာကို ကုတ်ခြင်း၊ ဆိတ်ခြင်းမှတဆင့် တစ်ဦးမှ တစ်ဦးကို ကူဆက်နိုင်ပါတယ်။ HPV ပိုးဟာ အရေးပြာဆဲလ်တစ်ဝှိုက်မှာရှိတဲ့ သွေးကြောများကို ဖျက်ဆီးတတ်ပြီး အရေပြားရဲ့ epithelium အလွှာကို တိုက်ခိုက်တတ်ပါတယ်။ Plantar ကြွက်နို့ဟာ မည်သူမဆိုပေါက်ရောက်တတ်ပြီး ကိုယ်ခံအားစနစ်ကျဆင်းတဲ့အခါမှာ ရောဂါပိုးကိုပိုပြီး ပွားများစေပါတယ်။

-Advertisement-

အိမ်မှာနေရင် Plantar ကြွက်နို့ကို ဘယ်လိုကုစားမလဲ
အဆိုပါ Plantar ကြွက်နို့ရဲ့ ဗိုင်းရပ်စ်ပိုးများတိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်များကျဆင်းသွားပြီး ၂နှစ်အထိကြာနိုင်တာကြောင့် လမ်းလျှောက်တဲ့အခါမှာ နာကျင်မှုများနဲ့ အဆင်မပြေ မှုများဖြစ်ပေါ်ပါတယ်။

၁။ Duct တိပ်ခွေ


Plantar ကြွက်နို့ကို ဖယ်ရှားဖို့အတွက် Duct တိပ်/ စာအုပ်ကပ်တဲ့ အနှောက်တိပ် ကိုအသုံးပြုနိုင်ပါတယ်။ ကြွက်နို့ပေါက်တဲ့ခြေထောက်ကို ရေနွေးထဲမှာ ၁၀-၂၀ ခန့်စိမ်ထားပေးပါ။ ပြီးလျှင် သင့်ရဲ့ခြေထောက်ကို ခြောက်သွေ့အောင်သုတ်ပြီး ကြွက်နို့ရှိတဲ့ နေရာတဝှိုက်ကို Duct တိပ်ဖြင့်ကပ်ထားပေးလိုက်ပါ။ ၂လအတွင်းမှာ သင့်ရဲ့ ကြွက်နို့ကို ပျောက်ကင်းစေပါတယ်။

၂။ ကြက်သွန်ဖြူ


ကြက်သွန်ဖြူဟာ ရောဂါတော်တော်များများအတွက် အသုံးဝင်တဲ့ ဆေးဝါးတစ်လတ်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီး ဗိုင်းရပ်စ်ပိုးကို သေစေရုံသာမက ကိုယ်ခံအားစနစ်ကောင်းအောင်ကူညီပေးပါတယ်။ ညဘက်အိပ်တဲ့အခါမှာ ကြက်သွန်ဖြူကိုထုချေကာ ကြွက်နို့ အနာဝပေါ်တွင်အုံထားပေးပြီး တိပ်ခွေ သို့မဟုတ် ပတ်တီးစည်းပြီး အိပ်ပါ။ နံနက်အိပ်ယာထတဲ့အချိန်မှအဆိုပါ ပတ်တီးကိုခွာပြီး ရေဖြင့်စင်ကြယ်အောင် သန့်စင်ပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေတာကြောင့် အစားအစာများတွင်လည်း ကြက်သွန်ဖြူကို ထည့်သွင်းစားသုံးသင့်ပါတယ်။

၃။ ငှက်ပျောခွံ


ငှက်ပျောခွံကလည်း ကြွက်နို့ကိုပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးကောင်းတစ်လတ်ပဲဖြစ်ပါတယ်။ အဆိုပါ ကြွက်နို့ အနာဝကို အုပ်မိသလောက် ငှက်ပျောခွံကိုပိုင်းဖြတ်ပြီး ညဘက်အိပ်ရာဝင်တဲ့အချိန်မှာ ပတ်တီးဖြင့်စည်းထားပေးလိုက်ပါ။ မိုလင်းတဲ့အခါမှ အဆိုပါအနာကို သန့်စင်အောင်ရေဖြင့်ဆေးကြောပါ။ Plantar ကြွက်နို့လုံးဝကျွတ်ထွက်သွားသည်အထိ ပြုလုပ်နိုင်ပါတယ်။

၎။ ရှားစောင်းလက်ပတ်


သင်သိတဲ့အတိုင်းပဲ ရှားစောင်းလက်ပတ်ဟာ အရေပြားအတွက် အရမ်းကိုအသုံးဝင်ပြီး အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရှားစောင်းလက်ပတ်ကို အရေအတွက် လိမ်းဆေးနဲ့အလှအပအတွက် ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်နေကြတာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဟာ ကြွက်နို့ပေါက်တဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာကိုဖယ်ရှားနိုင်ဖို့အတွက် အများကြီးအထောက်အကူပြုပါတယ်။ အိပ်ခါနီးအချိန်တွင် ရှားစောင်းလက်ပတ်ကို ကြွက်နို့ကို အုပ်မိသလောက်အရွယ် အလျားလိုက်တစ်ဝက်ပိုင်းဖြတ်ပြီး ပတ်တီးစည်းပြီးအိပ်ပေးပေါ။ နံနက်မိုးလင်းတဲ့အချိန်ကျမှ အုပ်ထားတဲ့ရှားစောင်းလက်ပတ်ကိုဖယ်ရှားပြီး ရေဖြင့်သန့်စင်ပေးပါ။

၅။ Magnesium Sulfate


မဂ္ဂနီစီယမ် Sulfate ဒါမှမဟုတ် Epsom ဆားမှာပါဝင်တဲ့ အက်ဆစ်ဟာ အရေပြားအတွင်းမှာရှိတဲ့ ကြွက်နို့ကိုဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ အိပ်ယာမဝင်ခင် ရေနွေးထဲကို Epsom ဆား
တစ်ဇွန်းထည့်ပြီး ကြွက်နို့ပေါက်တဲ့ခြေထောက်ကို မိနစ် ၃၀ခန့်လောက် စိမ်ထားပေးပါ။

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာ (၁၁) ချက်

 #Lifestyle_Myanmar

#Thar_Nage


Unicode

 

LEAVE A REPLY

Please enter your comment!
Please enter your name here