1954ခုႏွစ္မွာ ခရစ္စတင္းဒိုရာဟာ ကမၻာ့ပထမဆံုး pencil skirtကို ဖန္တီးခဲ့ၿပီး အမ်ိဳးသမီးဖက္ရွင္ကို တစ္ေခတ္ဆန္းေစခဲ့ပါတယ္။ အမ်ိဳးသမီးသမီးတစ္ေယာက္ရဲ႕ခႏၶာကိုယ္အခ်ိဳးအစားကို ခ်ပ္ခ်ပ္ရပ္ရပ္ႏွင့္ ေကာက္ေၾကာင္းကို ေပၚလြင္ေစတာေၾကာင့္ Pencil စကတ္က ဖက္ရွင္ေစ်းကြက္မွာ ယေန႔တိုင္ လူႀကိဳက္မ်ားခဲ့ပါတယ္။ Pencil စကတ္ကို ရံုးယူနီေဖာင္းေတြ၊ ေက်ာင္းယူနီေဖာင္းေတြအျဖစ္ အမ်ားဆံုး၀တ္ဆင္ၾကပါတယ္။ Pencil စကတ္ကိုမွ ဒီဇိုင္းအမ်ိဳးမ်ိဳး၊ ဖက္ရွင္အမ်ိဳးမ်ိဳးျဖင့္ ၀တ္ဆင္လို႔ရပါတယ္။
ဒီ၂၀၁၈မွာ အ၀တ္အစားအေရာင္ေတြကို အေကာင္းဆံုး ဘယ္လိုေပါင္းစပ္ ၀တ္ဆင္မလဲ?
၁။ ဂ်င္း Pencil စကတ္
ဂ်င္း Pencil စကတ္ေလးေတြက ေပါ့ေပါ့ပါးပါးနဲ႔ ေႏြရာသီမွာ ၀တ္ဆင္ဖို႔အတြက္ အေကာင္းဆုံးပါ။ ဒီဖက္ရွင္က ႏွစ္ေတြဘယ္ေလာက္ေျပာင္းေျပာင္း ရိုးမသြားတဲ့ ဖက္ရွင္ပါ။ အျဖဴေရာင္အက်ီ ၤေလးနဲ႔တြဲဖက္၀တ္ဆင္ပါ။
၂။ လယ္သာ Pencil စကတ္
ဒီလယ္သာ Pencil စကတ္ကို ၀တ္ဆင္တဲ့အခါ လက္ရွည္၊ လည္ပင္းအပိတ္အက်ီ ၤေလးေတြကို ေရြးခ်ယ္ပါ။ ၀တ္စံုႏွင့္လိုက္ဖက္ေအာင္ အနက္ေရာင္သားေရလက္ကိုင္အိတ္ႏွင့္အတူ ေျခခ်င္း၀တ္အထိရွိတဲ့ ဘြတ္ဖိနပ္အျမင့္ကို ၀တ္ဆင္ပါက သင့္ဖက္ရွင္က လံုး၀ၿပီးျပည့္စံုေနမွာပါ။
၃။ Pencil စကတ္အပြင့္ဆင္
ဒီေႏြရာသီအတြက္ မိန္းမဆန္ဆန္နဲ႔ ၾကည့္ေကာင္းေနဖို႔အတြက္ ဒီလိုအပြင့္ေလးေတြနဲ႔ Pencil စကတ္ေလးေတြကို ေရြးခ်ယ္ႏိုင္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ အက်ီၤေလးေတြ၊ ရွပ္အက်ီ ၤေတြ၊ Crop tops ႏွင့္ ဘေလဇာကုတ္ေလးေတြနဲ႔အတူ ေပါင္းစပ္၀တ္ဆင္ႏိုင္ပါတယ္။
၄။ စီးကြင့္ Pencil စကတ္
ေျပာင္ေျပာင္လက္လက္ စီးကြင့္ေလးေတြနဲ႔ Pencil စကတ္ကိုေတာ့ nightout ထြက္ရင္ပဲျဖစ္ျဖစ္၊ ေမြးေန႔၊ မဂၤလာပြဲ ဒင္နာေတြ တတ္ေရာက္တဲ့ အခါ ၀တ္ဆင္လုိ႔ ရပါတယ္။ အနက္ေရာင္စီးကြင့္စကတ္ေလးကို တီရွပ္မီးခိုေရာင္ေလးႏွင့္အတူ အျဖဴေရာင္ကုတ္အက်ီ ၤေလးကို တြဲဖက္၀တ္ဆင္ပါ။ ရွပ္အက်ီ ၤ၊ Crop top၊ ဆြယ္တာေလးေတြနဲ႔လည္း တြဲဖက္၀တ္ဆင္လို႔ရပါတယ္။
၅။ ဇာ Pencil စကတ္
ဇာ၀မ္းဆက္၀တ္ရတာ ေခတ္မမီေတာ့ဘူးလို႔ ထင္တဲ့သူေတြအတြက္ ဒီလို Pencil စကတ္ေလးေတြ ခ်ဳပ္၀တ္ႏိုင္ပါတယ္။ ဒီလို ဇာpencil စကတ္ေလးေတြကို ေမြးေန႔၊ ဧည့္ခံပြဲ သြားတာပဲျဖစ္ျဖစ္ ၊ အျပင္သြားတဲ့အခါ ျဖစ္ျဖစ္ ေပါ့ေပါ့ပါးပါး ၀တ္ဆင္လို႔ရပါတယ္။
၆။ Pencil စကတ္အကြက္
အကြက္ဒီဇိုင္းႏွစ္သက္တဲ့သူေတြအတြက္ Pencil စကတ္ေလးေတြကို ဒီဇိုင္းအမ်ိဳးမ်ိဳး ခ်ဳပ္၀တ္လို႔ရပါတယ္။ ဒီအကြက္ဒီဇို္င္းကို ရွပ္အက်ီ ၤေလးေတြႏွင့္ ၀တ္ဆင္ႏိုင္သလို ဆြယ္တာအက်ီ ၤ၊ဂ်ာကင္အက်ီ ၤေလးေတြနဲ႔ ၀တ္ဆင္ႏုိင္ပါတယ္။
၇။ Pencil စကတ္အရွည္
အရပ္ျမင့္ျမင့္မိန္းကေလးေတြအတြက္ သြယ္လ်တဲ့ေျခတံကို ေပၚလြင္ေစတာေၾကာင့္ Pencil စကတ္အရွည္က အလိုက္ဖက္ဆံုးပါ။ သင္ဟာ နဂိုထဲက အရပ္ျမင့္တဲ့သူဆိုလွ်င္ ဒီPencil စကတ္အရွည္ေလးေတြ ၀တ္တဲ့အခါ စကတ္အရွည္က သင့္အရပ္ကို ထင္းေနေစတာေၾကာင့္ ဖိနပ္ကို ေဒါက္အနိမ့္ေလးေတြပဲ စီးေပးပါ။
– ဖက္ရွင္ေရစီးေၾကာင္းေပၚမွာ ေခတ္မီဆန္းသစ္ေနဖို႔ဆိုရင္ Pencil စကတ္ကို ဒူးဖံုး သို႔မဟုတ္ ဒူးအထက္ေလးေတြ ၀တ္ဆင္ႏိုင္ပါတယ္။
– ရိုးရွင္းၿပီး ဂႏၱ၀င္ဆန္ေနေစဖို႔ဆိုရင္ လယ္သာ၊ စီးကြင့္ ႏွင့္ဇာ Pencil စကတ္ေလးေတြက အသင့္ေတာ္ဆံုးပါ။
– မိန္းမပီသတဲ့ အသြင္အျပင္ကို ေပၚလြင္ေစဖို႔ဆိုရင္ pencil စကတ္တစ္ထည္ႏွင့္အတူ ေဒါက္ျမင့္ဖိနပ္ သို႔မဟုတ္ ဘြတ္ဖိနပ္အျမင့္ေလးေတြကို စီးေပးပါ။
#Lifestyle_Myanmar
#TB_Nandar
Unicode
Pencil စကတ်လေးတွေကို စတိုင်ကျကျ ဝတ်ဆင်နိုင်မယ့် နည်းလမ်း ရခု
1954ခုနှစ်မှာ ခရစ်စတင်းဒိုရာဟာ ကမ္ဘာ့ပထမဆုံး pencil skirtကို ဖန်တီးခဲ့ပြီး အမျိုးသမီးဖက်ရှင်ကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ အမျိုးသမီးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်အချိုးအစားကို ချပ်ချပ်ရပ်ရပ်နှင့် ကောက်ကြောင်းကို ပေါ်လွင်စေတာကြောင့် Pencil စကတ်က ဖက်ရှင်စျေးကွက်မှာ ယနေ့တိုင် လူကြိုက်များခဲ့ပါတယ်။ Pencil စကတ်ကို ရုံးယူနီဖောင်းတွေ၊ ကျောင်းယူနီဖောင်းတွေအဖြစ် အများဆုံးဝတ်ဆင်ကြပါတယ်။ Pencil စကတ်ကိုမှ ဒီဇိုင်းအမျိုးမျိုး၊ ဖက်ရှင်အမျိုးမျိုးဖြင့် ဝတ်ဆင်လို့ရပါတယ်။
၁။ ဂျင်း Pencil စကတ်
ဂျင်း Pencil စကတ်လေးတွေက ပေါ့ပေါ့ပါးပါးနဲ့ နွေရာသီမှာ ဝတ်ဆင်ဖို့အတွက် အကောင်းဆုံးပါ။ ဒီဖက်ရှင်က နှစ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားတဲ့ ဖက်ရှင်ပါ။ အဖြူရောင်အကျီ င်္လေးနဲ့တွဲဖက်ဝတ်ဆင်ပါ။
၂။ လယ်သာ Pencil စကတ်
ဒီလယ်သာ Pencil စကတ်ကို ဝတ်ဆင်တဲ့အခါ လက်ရှည်၊ လည်ပင်းအပိတ်အကျီ င်္လေးတွေကို ရွေးချယ်ပါ။ ဝတ်စုံနှင့်လိုက်ဖက်အောင် အနက်ရောင်သားရေလက်ကိုင်အိတ်နှင့်အတူ ခြေချင်းဝတ်အထိရှိတဲ့ ဘွတ်ဖိနပ်အမြင့်ကို ဝတ်ဆင်ပါက သင့်ဖက်ရှင်က လုံးဝပြီးပြည့်စုံနေမှာပါ။
၃။ Pencil စကတ်အပွင့်ဆင်
ဒီနွေရာသီအတွက် မိန်းမဆန်ဆန်နဲ့ ကြည့်ကောင်းနေဖို့အတွက် ဒီလိုအပွင့်လေးတွေနဲ့ Pencil စကတ်လေးတွေကို ရွေးချယ်နိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ အကျီင်္လေးတွေ၊ ရှပ်အကျီ င်္တွေ၊ Crop tops နှင့် ဘလေဇာကုတ်လေးတွေနဲ့အတူ ပေါင်းစပ်ဝတ်ဆင်နိုင်ပါတယ်။
၄။ စီးကွင့် Pencil စကတ်
ပြောင်ပြောင်လက်လက် စီးကွင့်လေးတွေနဲ့ Pencil စကတ်ကိုတော့ nightout ထွက်ရင်ပဲဖြစ်ဖြစ်၊ မွေးနေ့၊ မင်္ဂလာပွဲ ဒင်နာတွေ တတ်ရောက်တဲ့ အခါ ဝတ်ဆင်လို့ ရပါတယ်။ အနက်ရောင်စီးကွင့်စကတ်လေးကို တီရှပ်မီးခိုရောင်လေးနှင့်အတူ အဖြူရောင်ကုတ်အကျီ င်္လေးကို တွဲဖက်ဝတ်ဆင်ပါ။ ရှပ်အကျီ င်္၊ Crop top၊ ဆွယ်တာလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်လို့ရပါတယ်။
၅။ ဇာ Pencil စကတ်
ဇာဝမ်းဆက်ဝတ်ရတာ ခေတ်မမီတော့ဘူးလို့ ထင်တဲ့သူတွေအတွက် ဒီလို Pencil စကတ်လေးတွေ ချုပ်ဝတ်နိုင်ပါတယ်။ ဒီလို ဇာpencil စကတ်လေးတွေကို မွေးနေ့၊ ဧည့်ခံပွဲ သွားတာပဲဖြစ်ဖြစ် ၊ အပြင်သွားတဲ့အခါ ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရပါတယ်။
၆။ Pencil စကတ်အကွက်
အကွက်ဒီဇိုင်းနှစ်သက်တဲ့သူတွေအတွက် Pencil စကတ်လေးတွေကို ဒီဇိုင်းအမျိုးမျိုး ချုပ်ဝတ်လို့ရပါတယ်။ ဒီအကွက်ဒီဇို်င်းကို ရှပ်အကျီ င်္လေးတွေနှင့် ဝတ်ဆင်နိုင်သလို ဆွယ်တာအကျီ င်္၊ဂျာကင်အကျီ င်္လေးတွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။
၇။ Pencil စကတ်အရှည်
အရပ်မြင့်မြင့်မိန်းကလေးတွေအတွက် သွယ်လျတဲ့ခြေတံကို ပေါ်လွင်စေတာကြောင့် Pencil စကတ်အရှည်က အလိုက်ဖက်ဆုံးပါ။ သင်ဟာ နဂိုထဲက အရပ်မြင့်တဲ့သူဆိုလျှင် ဒီPencil စကတ်အရှည်လေးတွေ ဝတ်တဲ့အခါ စကတ်အရှည်က သင့်အရပ်ကို ထင်းနေစေတာကြောင့် ဖိနပ်ကို ဒေါက်အနိမ့်လေးတွေပဲ စီးပေးပါ။
– ဖက်ရှင်ရေစီးကြောင်းပေါ်မှာ ခေတ်မီဆန်းသစ်နေဖို့ဆိုရင် Pencil စကတ်ကို ဒူးဖုံး သို့မဟုတ် ဒူးအထက်လေးတွေ ဝတ်ဆင်နိုင်ပါတယ်။
– ရိုးရှင်းပြီး ဂန္တဝင်ဆန်နေစေဖို့ဆိုရင် လယ်သာ၊ စီးကွင့် နှင့်ဇာ Pencil စကတ်လေးတွေက အသင့်တော်ဆုံးပါ။
– မိန်းမပီသတဲ့ အသွင်အပြင်ကို ပေါ်လွင်စေဖို့ဆိုရင် pencil စကတ်တစ်ထည်နှင့်အတူ ဒေါက်မြင့်ဖိနပ် သို့မဟုတ် ဘွတ်ဖိနပ်အမြင့်လေးတွေကို စီးပေးပါ။
#Lifestyle_Myanmar
#TB_Nandar