ျမန္မာႏိုင္ငံသူ Bozhena Antoniyar က လာမည့္ စေနေန႔ညတြင္ Rika Ishige ကို အေကာင္းဆံုးရင္ဆုိင္ယွဥ္ၿပိဳင္
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၊ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၂ ရက္။ ။ အာ႐ွသမုိင္းတြင္ အႀကီးမားဆုံး ကမာၻ႔အားကစား ၿပိဳင္ပြဲမ်ားကို ဦးစီးက်င္းပလ်က္ရွိေသာ ONE Championship™ (ONE) သည္ ONE: KINGDOM OF HEROES ၿပိဳင္ပြဲဝင္အားကစားသမားမ်ားႏွ
ONE: KINGDOM OF HEROES ၿပိဳင္ပြဲႀကီးကို လာမည့္ ေအာက္တိုဘာလ ၆ ရက္၊ စေနေန႔တြင္ ဘန္ေကာက္ရွိ Impact Arena အားကစားရံုတြင္ က်င္းပသြားမည္ျဖစ္ကာ ျပည္တြင္းျပည္ပ ကိုယ္ခံပညာသိုင္းေပါင္းစံုအား
Bozhena Antoniyar က ျမန္မာႏိုင္ငံကို ကိုယ္စားျပဳ၍ယွဥ္ၿပိဳင္သည့္ ပထမဦးဆံုးျပည္ပပြဲစဥ္ျဖစ္သည့္
ေပ်ာ္ရြင္ရတဲ့ ဘဝကိုပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ႐ိုးရွင္းတဲ့ေန႔စဥ္အေလ့အထ (၈) ခ်က္
Bozhena Antoniyar က “ဒီပြဲအတြက္ ကၽြန္မအမ်ားႀကီးျပင္ဆင္ထားသလို ယွဥ္ၿပိဳင္ဖို႔လည္း ရင္ခုန္စိတ္လႈပ္ရွားေနပါတယ္။ Rika က ကၽြန္မအတြက္ ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ပါ။ အခု ကၽြန္မ MMA က ဆရာေတြနဲ႔ ေသခ်ာေလ့က်င့္ေနပါတယ္။ ကၽြန္မ အဓိက Boxing ကစားသမားျဖစ္ေပမယ့္ MMA မွာက အားကစားနည္းေပါင္းစံုဖြဲ႔စည္းထာ
Bozhena Antoniyar သည္ ONE Championship ၿပိဳင္ပြဲႀကီးတြင္ ယွဥ္ၿပိဳင္သည့္ ျမန္မာအမ်ိဳးသမီးကစားသမားႏွစ္ေ
လာမည့္ စေနေန႔၊ ေအာက္တိုဘာလ ၆ ရက္ေန႔တြင္ က်င္းပျပဳလုပ္သြားမည့္ ONE: KINGDOM OF HEROES ၿပိဳင္ပြဲႀကီးတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္အားကစားသမား
Rika Ishige က “ကၽြန္မ ဒီပြဲအတြက္ ၆ လေလာက္ အခ်ိန္ယူၿပီး ေလ့က်င့္ခဲ့ပါတယ္။ ေလ့က်င့္တဲ့ေနရာမွာလည္း အေကာင္းဆံုးပံုစံနဲ႔ ေလ့က်င့္ခဲ့ပါတယ္။ ကၽြန္မ ဒီပြဲကို အႏိုင္ရလိမ့္မယ္လို႔ ၁၀၀ ရာခိုင္ႏႈန္းယံုၾကည္ထားပါတယ္။ Bozhena Antoniyar က တိုက္ခိုက္ပံု သိပ္ေကာင္းတဲ့သူပါ။ သူက သန္လည္းသန္မာပါတယ္။ ကၽြန္မတို႔ႏွစ္ေယာက္ရဲ႕ ပြဲက သိပ္ကို ၾကည့္လို႔ေကာင္းတဲ့ပြဲတစ္ပြဲျ
ONE: KINGDOM OF HEROES ပြဲႀကီးတြင္ ထိုင္းႏိုင္ငံသား The Ring Magazine ႏွင့္ WBC စူပါ ဖလိုင္းဝိတ္ကမာၻ႔ခ်န္ပီယံ Srisaket Sor Rungvisai ႏွင့္ ၎အားစိန္ေခၚသူ မက္ဆီကိုႏိုင္ငံသား Iran “MagnifiKO” Diaz တို႔က အဓိကပြဲစဥ္ႀကီးတြင္ ထိုးသတ္သြားမည္ျဖစ္သည္။ မိတ္ဆက္ပြဲႀကီးသို႔ ONE Championship ၏ ဥကၠဌႏွင့္ စီအီးအိုျဖစ္သူ Chatri Sityodtong ၊ Nong-O Gaiyanghadao ၊ Mehdi Zatout ၊ Petchmorrakot Wor. Sangprapai ၊ Alaverdi Ramazanov ၊ Shinya Aoki ၊ Ev Ting ၊ Singtongnoi Por Telakkun ၊ Mashashida Kudo ၊ Rika Ishige ၊ Bozhena Antoniyar ၊ Petchdam Kaiyanghadao ၊ Kenny Tse တို႔အပါအဝင္ လာမည့္ စေနေန႔ညပြဲႀကီးတြင္ ယွဥ္ၿပိဳင္ၾကမည့္ အားကစားသမားအခ်ိဳ႕လည္း တက္ေရာက္ခဲ့ၾကသည္။
#Lifestyle_Myanmar
မြန်မာနိုင်ငံသူ Bozhena Antoniyar က လာမည့် စနေနေ့ညတွင် Rika Ishige ကို အကောင်းဆုံးရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဟု ဆို
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်။ ။ အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစား ပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသော ONE Championship™ (ONE) သည် ONE: KINGDOM OF HEROES ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိတ်ဆက်ပွဲကြီးကို အောက်တိုဘာလ ၁ ရက်နေ့၌ ဘန်ကောက်မြို့ရှိ Central World Plaza တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကိုယ်စားပြု၍ဝင်ရောက်ယှဉ်ပြိုင်မည့် Bozhena Antoniyar နှင့် ၎င်း၏ပြိုင်ဘက် Rika Ishige တို့လည်း တက်ရောက်ခဲ့သည်။
ONE: KINGDOM OF HEROES ပြိုင်ပွဲကြီးကို လာမည့် အောက်တိုဘာလ ၆ ရက်၊ စနေနေ့တွင် ဘန်ကောက်ရှိ Impact Arena အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ကာ ပြည်တွင်းပြည်ပ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများ၏ အကောင်းဆုံးစွမ်းရည်ပြယှဉ်ပြိုင်မှုများကို တင်ဆက်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကြီးတွင် အမျိုးသမီးတွဲဆိုင်း ၂ ခုပါဝင်ရာ၊ မြန်မာနိုင်ငံသူ Bozhena Antoniyar နှင့် ထိုင်းနိုင်ငံသူ Rika Ishige တို့က ပွဲဆိုင်းတစ်ခုအဖြစ် ရင်ဆိုင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
Bozhena Antoniyar က မြန်မာနိုင်ငံကို ကိုယ်စားပြု၍ယှဉ်ပြိုင်သည့် ပထမဦးဆုံးပြည်ပပွဲစဉ်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိသော်လည်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသောကြောင့် ပြိုင်ဘက်ကို အကောင်းဆုံးရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
Bozhena Antoniyar က “ဒီပွဲအတွက် ကျွန်မအများကြီးပြင်ဆင်ထားသလို ယှဉ်ပြိုင်ဖို့လည်း ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ Rika က ကျွန်မအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ အခု ကျွန်မ MMA က ဆရာတွေနဲ့ သေချာလေ့ကျင့်နေပါတယ်။ ကျွန်မ အဓိက Boxing ကစားသမားဖြစ်ပေမယ့် MMA မှာက အားကစားနည်းပေါင်းစုံဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ကျန်တဲ့အားကစားနည်းတွေကိုလည်း လေ့လာပြီး သင်ယူနေပါတယ်။ လူကိုယ်တိုင်လာရောက်ပြီး အားမပေးနိုင်ပေမယ့် အဝေးကနေအားပေးတဲ့ပရိတ်သတ်တွေအတွက် ဂုဏ်ယူနိုင်မယ့်ရလဒ်မျိုးရအောင် ကြိုးစားပါမယ်လို့ မြန်မာပြည်က ပရိတ်သတ်တွေကိုပြောချင်ပါတယ်။ ဒီပွဲက ကျွန်မရဲ့ပထမဦးဆုံး ပြည်ပပွဲဖြစ်လို့ ကျွန်မရှေ့ဆက်လျှောက်ရမယ့် ဘဝအတွက် သိပ်ကိုအရေးပါပါမယ်။ နောက်ပွဲတွေမှာလည်း မြန်မာနိုင်ငံအတွက် အကောင်းဆုံးဆက်ပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုတော့ ဒီပွဲအတွက်ကို အာရုံစိုက်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။” ဟု ပြောကြားသည်။
Bozhena Antoniyar သည် ONE Championship ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်သည့် မြန်မာအမျိုးသမီးကစားသမားနှစ်ယောက်ထဲတွင် တစ်ယောက်ဖြစ်လာရုံသာမကဘဲ ပြိုင်ပွဲကြီး၏ အက်တန်ဝိတ်တန်း (Atomweight) ၌ ပထမဦးဆုံးပြိုင်ရသည့်ပွဲတွင်ပင် ပြိုင်ဘက်ကို သမိုင်းဝင်မည့် အလျင်မြန်ဆုံး အလဲထိုးကွက်ဖြင့်လည်း အနိုင်ယူခဲ့သည့် ONE Championship ပြိုင်ပွဲဝင်ကစားသမားတစ်ဦးအနေဖြင့် မှတ်တမ်းတင်ထား နိုင်ခဲ့သည်။
လာမည့် စနေနေ့၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ONE: KINGDOM OF HEROES ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်မည့်အားကစားသမားများကို မိတ်ဆက်ပေးသည့် ဤပွဲကြီးတွင် Bozhena Antoniyar ၏ ပြိုင်ဘက် Rika Ishige က ပရိတ်သတ်များရှေ့တွင် သူ၏လက်ဝှေ့လေ့ကျင့်မှုများကို ဟန်ရေးပြကစားပြသွားခဲ့သည်။
Rika Ishige က “ကျွန်မ ဒီပွဲအတွက် ၆ လလောက် အချိန်ယူပြီး လေ့ကျင့်ခဲ့ပါတယ်။ လေ့ကျင့်တဲ့နေရာမှာလည်း အကောင်းဆုံးပုံစံနဲ့ လေ့ကျင့်ခဲ့ပါတယ်။ ကျွန်မ ဒီပွဲကို အနိုင်ရလိမ့်မယ်လို့ ၁၀၀ ရာခိုင်နှုန်းယုံကြည်ထားပါတယ်။ Bozhena Antoniyar က တိုက်ခိုက်ပုံ သိပ်ကောင်းတဲ့သူပါ။ သူက သန်လည်းသန်မာပါတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ ပွဲက သိပ်ကို ကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ ကျွန်မက သူ့ထက် အတွေ့အကြုံရှိတဲ့သူဆိုတာ မှန်ပေမယ့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားဘဝမှာ ကျွန်မ ၅ ကြိမ်ပဲ ထိုးသတ်ဖူးပါသေးတယ်။ သူကလည်း အရင်က ပြိုင်ပွဲဝင်ဖူးတာတွေရှိတာကြောင့် ဒီပွဲက မျှတတဲ့ပွဲပါပဲ။ ကျွန်မရဲ့ မွေးရပ်မြေမှာ တတိယအကြိမ်မြောက်ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်လို့ ကျွန်မ သိပ်ကို စိတ်လှုပ်ရှားနေမိပါတယ်။ ကျွန်မတို့နှစ်ယောက်လုံးက အကောင်းဆုံးပြင်ဆင်ထားကြတာကြောင့် ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်မပြောရဲပါတယ်။” ဟု ပြောကြားသည်။
ONE: KINGDOM OF HEROES ပွဲကြီးတွင် ထိုင်းနိုင်ငံသား The Ring Magazine နှင့် WBC စူပါ ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ Srisaket Sor Rungvisai နှင့် ၎င်းအားစိန်ခေါ်သူ မက်ဆီကိုနိုင်ငံသား Iran “MagnifiKO” Diaz တို့က အဓိကပွဲစဉ်ကြီးတွင် ထိုးသတ်သွားမည်ဖြစ်သည်။ မိတ်ဆက်ပွဲကြီးသို့ ONE Championship ၏ ဥက္ကဌနှင့် စီအီးအိုဖြစ်သူ Chatri Sityodtong ၊ Nong-O Gaiyanghadao ၊ Mehdi Zatout ၊ Petchmorrakot Wor. Sangprapai ၊ Alaverdi Ramazanov ၊ Shinya Aoki ၊ Ev Ting ၊ Singtongnoi Por Telakkun ၊ Mashashida Kudo ၊ Rika Ishige ၊ Bozhena Antoniyar ၊ Petchdam Kaiyanghadao ၊ Kenny Tse တို့အပါအဝင် လာမည့် စနေနေ့ညပွဲကြီးတွင် ယှဉ်ပြိုင်ကြမည့် အားကစားသမားအချို့လည်း တက်ရောက်ခဲ့ကြသည်။