တရားဝင်မိတ်ဆက်ပွဲအား အဆင့်မြင့် 4.0 နည်းပညာများဖြင့် တစ်မူထူးခြားစွာ တင်ဆက်ပြသခဲ့တဲ့ Mytel

0
31

Mytel သည် ဗီယက်နမ် နိုင်ငံမှ Viettel ကုမ္ဗဏီနှင့်ပူပေါင်းပြီး တရားဝင်မိတ်ဆက်ပွဲမတိုင်မီကပင် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားသို့ 4G ကွန်ရက်အား အသင့်တင့်ဆုံးဈေးနှုန်းဖြင့် ဖြန့်ကျက်နိုင်ရန် ကြိုးပမ်းလျှက်ရှိပြီး ဇွန်လ ၉  ရက်နေ့တွင် တရားဝင် စတင်မိတ်ဆက်ကြေငြာခဲ့သည်။ ဖွင့်ပွဲအခန်းအနားတွင်လည်း အဆင့်မြင့် 4.0 နည်းပညာအသုံးပြုကာ တမူထူးခြားစွာတင်ဆက်ပြသခဲ့သည်။ ၄င်း အခန်းအနားအား ” တို့မြှင့်စွမ်းရည် တို့မြန်ပြည် ” ဟု အမည်ပေးခဲ့ကာ အဆင့်မြင့် နည်းပညာများဖြစ်သည့် 4.0 နည်းပညာများသာမက 3D mapping ဟု ခေါ်သည့် စွမ်းအားမြင့် ပရောဂျက်တာအသုံးပြု၍ ၂၇၀ ဒီဂရီ ဖန်သားပြင်ပေါ်တွင် ရုပ်ပုံထင်ဟပ်စေခဲ့သည်။ အဆိုပါနည်းပညာသည် အလင်းကျရောက်သော မျက်နှာပြင်ပေါ်တွင် 3D effect ဖြစ်ပေါ်စေပြီး လှုပ်ရှားပြေးကစားနေသည့် 3D ပုံရိပ်များအား ဖန်တီးပေးနိုင်သည်။

-Advertisement-

ကြည့်ရှုသူအမြင်တွင် စိတ်ဝင်စားဖွယ်ဖြစ်အောင် အထူးပြုလုပ်ထားသော အလင်းရောင်များနှင့် ပုံရိပ်များအား ကပြဖျော်ဖြေသ၏ကကွက်ဆန်းများဖြင့် သိမ်မွေ့စွာပေါင်းစပ်ထားပုံ

Mytel အခမ်းအနားတင်ဆက်မှု စင်မြင့်အား ၂၇၀ ဒီဂရီ ဖန်သားပြင်ပေါ်တွင် 3D mapping စနစ်အသုံးပြု၍ နောက်ဆုံးပေါ်ခေတ်မီနည်းပညာများပြသခဲ့

3D mapping စနစ်အသုံးပြုဖန်တီးထားသည့် မီးပုံးလေးများ လေပေါ်ဝဲပျံနေသည့် ပုံရိပ်

 

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာမှု၊ မြန်မာ့ဓလေ့များအား ဒီဂျစ်တယ်နည်းပညာများဖြင့် ပေါင်းစပ်ဖန်တီးခဲ့ခြင်းမှာ Mytel မှ မြန်မာနိုင်ငံသို့ 4G ကွန်ရက် အခြေခံအဆောက်အဦးတင်မကပဲ မြန်မာနိုင်ငံသို့ယူဆောင်လာမည့် နည်းပညာသစ်များကို မြင်သာလာအောင် ပုံဖေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် ပြသခဲ့သော ” ဒီဂျစ်တယ်မြန်မာ ” မြို့တော်ထဲတွင် Smart Light ဖြင့် ထိန်းချုပ်ပေးထားသော လမ်းမီးတိုင်များ၊ Smart Camera ဖြင့် ထိန်းချုပ်ပေးထားသော ယဉ်လမ်းကြောင်းများ၊ အီလက်ထရောနစ် ငွေကြေးဝန်ဆောင်မှု (e-wallet) ကြောင့် ပိုမိုလွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်တော့မည့် ငွေပေးချေမှုများ၊ Nextfarm ဖြင့် ထိန်းချုပ်ထားသော ဟင်းသီးဟင်းရွက်ဥယျာဉ်များကို ပြသခဲ့ခြင်မှာလည်း Mytel သည် လူနေမှုဘဝများ၏ တစ်ထောင့်တစ်နေရာတိုင်းအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာများကို အမှန်တကယ် ယူဆောင်လာပေးတော့မည်ကို ထင်ဟပ်စေခဲ့ခြင်းဖြစ်သည်။

Mytel ကိုယ်စားလှယ် ဦးဇော်မင်းဦး၏ တင်ဆက်ပြသမှုများသည် စင်မြင့်ထက်တွင် ပုံဖေါ်ထားသည့် သတင်းအချက်လက် လမ်းမကြီး (information highway) ကြေင့်ပိုမိုအသက်ဝင်ခဲ့သည်။

Mytel ၏ ” တို့မြှင့်စွမ်းရည် တို့မြန်ပြည် ” တရားဝင် မိတ်ဆက်ပွဲအခမ်းအနားအား  ပြည်တွင်း ရုပ်သံလိုင်း ၄ လိုင်းနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း Live ထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုသူပေါင်း ၂ သန်းကျော်ခဲ့ကြောင်း သိရသည်။

Viettel နှင့် မြန်မာ၏ ခေါင်းဆောင်များမှ integrated fingerprint recognition နည်းပညာအသုံးပြု၍ Mytel စာလုံးများ ဖေါ်ဆောင်ခဲ့ကြသည်။

#Lifestyle_Myanmar
#Mytel_Myanmar

Unicode

My tel သည် Viettel နှင့်ပူပေါင်းပြီး တရားဝင်မိတ်ဆက်ပွဲမတိုုင်မီကပင် မြန်မာနိုုင်ငံ၏ နေရာအနှံ့အပြားသုုိ့ 4G ကွန်ရက်အား အသင့်တင့်ဆုုံးစျေးနှုန်းဖြင့် ဖြန့်ကျက်နိုုင်ရန် ကြိုးပမ်းလ  ျှက်ရှိပြီး ဇွန်လ ၉  ရက်နေ့တွင် တရားဝင် စတင်မိတ်ဆက်ကြေငြာခဲ့သည်။ ဖွင့်ပွဲအခန်းအနားတွင်လည်း အဆင့်မြင့် 4.0 နည်းပညာအသုုံးပြုကာ တမူထူးခြားစွာတင်ဆက်ပြသခဲ့သည်။ ၄င်း အခန်းအနားအား ” တိုု့မြှင့်စွမ်းရည် တိုု့မြန်ပြည် ” ဟုု အမည်ပေးခဲ့ကာ အဆင့်မြင့် နည်းပညာများဖြစ်သည့် 4.0 နည်းပညာများသာမက 3D mapping ဟုု ခေါ်သည့် စွမ်းအားမြင့် ပရောဂျက်တာအသုုံးပြု၍ ၂၇၀ ဒီဂရီ ဖန်သားပြင်ပေါ်တွင် ရုုပ်ပုုံထင်ဟပ်စေခဲ့သည်။ အဆိုုပါနည်းပညာသည် အလင်းကျရောက်သော မျက်နှာပြင်ပေါ်တွင် 3D effect ဖြစ်ပေါ်စေပြီး လှုပ်ရှားပြေးကစားနေသည့် 3D ပုုံရိပ်များအား ဖန်တီးပေးနိုုင်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာမှု၊ မြန်မာ့ဓလေ့များအား ဒီဂျစ်တယ်နည်းပညာများဖြင့် ပေါင်းစပ်ဖန်တီးခဲ့ခြင်းမှာ My tel မှ မြန်မာနိုုင်ငံသိုု့ 4G ကွန်ရက် အခြေခံအဆောက်အဦးတင်မကပဲ မြန်မာနိုုင်ငံသုုိ့ယူဆောင်လာမည့် နည်းပညာသစ်များကိုု မြင်သာလာအောင် ပုုံဖေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုုပါပွဲတွင် ပြသခဲ့သော ” ဒီဂျစ်တယ်မြန်မာ ” မြို့တော်ထဲတွင် Smart Light ဖြင့် ထိန်းချုပ်ပေးထားသော လမ်းမီးတိုုင်များ၊ Smart Camera ဖြင့် ထိန်းချုပ်ပေးထားသော ယဉ်လမ်းကြောင်းများ၊ အီလက်ထရောနစ် ငွေကြေးဝန်ဆောင်မှု (e-wallet) ကြောင့် ပိုမိုလွယ်ကူမြန်ဆန်စွာ လုုပ်ဆောင်နုုိင်တော့မည့် ငွေပေးချေမှုများ၊ Nextfarm ဖြင့် ထိန်းချုပ်ထားသော ဟင်းသီးဟင်းရွက်ဥယျာဉ်များကို ပြသခဲ့ခြင်မှာလည်း My tel သည် လူနေမှုဘဝများ၏ တစ်ထောင့်တစ်နေရာတိုုင်းအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာများကိုု အမှန်တကယ် ယူဆောင်လာပေးတော့မည်ကိုု ထင်ဟပ်စေခဲ့ခြင်းဖြစ်သည်။

My tel ၏ ” တိုု့မြှင့်စွမ်းရည် တိုု့မြန်ပြည် ” တရားဝင် မိတ်ဆက်ပွဲအခမ်းအနားအား  ပြည်တွင်း ရုုပ်သံလိုုင်း ၄ လိုုင်းနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း Live ထုုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုသူပေါင်း ၂ သန်းကျော်ခဲ့ကြောင်း သိရသည်။

#Lifestyle_Myanmar
#Mytel_Myanmar

SMART ဖြစ်တဲ့အမျိုးသမီးတွေ အချစ်စစ်ကိုရှာတဲ့အခါ ဘာကြောင့်အရမ်းခက်ခဲရတာလဲ

LEAVE A REPLY

Please enter your comment!
Please enter your name here