mom short ေလးေတြက တစ္ေက်ာ့ျပန္ ေခတ္စားလာတဲ့ 90ခုႏွစ္ေလာက္ ဖက္ရွင္ ျဖစ္ပံုရပါတယ္။ ဒီ mom short လို႔ေခၚတဲ့ ဂ်င္းအတိုေလးေတြက ဒီဇိုင္း၊ ကာလာ၊ စတိုင္အမ်ိဳးမ်ိဳးနဲ႔လာၿပီး ေႏြရာသီမွာ ဆယ္ေက်ာ္သက္ ေကာင္မေလးေတြ ၊ပိန္ပိန္သြယ္သြယ္္ေလးေတြ အဝတ္မ်ားတဲ့ ဖက္ရွင္လညး္ျဖစ္ပါတယ္။ ဒီဂ်င္းေဘာင္းဘီတိုေလးေတြကို ဖက္ရွင္က်က် တြဲဖက္ဝတ္ဆင္ႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။
၁။ ဂရပ္ဖစ္တီရွပ္ေလးေတြ
ဂရပ္ဖစ္တီရွပ္ေလးေတြကို ဂ်င္းစကတ္ သို႔မဟုတ္ ေဘာင္းဘီတိုေလးေတြႏွင့္အတူ ဝတ္ဆင္ႏိုင္ပါတယ္။ အမ်ားစုႏွစ္သက္ၾကတဲ့ စတိုင္ကေတာ့ Mom ဂ်င္းအတိုေလးေတြနဲ႔ ဝတ္ဆင္တာျဖစ္ပါတယ္။
၂။ ရွပ္အကၤ်ီနဲ႔တြဲဝတ္တာ
ဒီဂ်င္းအတိုေလးနဲ႔ အလိုက္ဖက္ဆံုးက ရွပ္အကၤ်ီေလးနဲ႔ တြဲဖက္ဝတ္ဆင္တာျဖစ္ပါတယ္။ ရွပ္အကၤ်ီေလးကို အျပင္မထုတ္ဘဲ ေဘာင္းဘီထဲထည့္ ဝတ္ဆင္ပါ။ ရွပ္အကၤ်ီလက္ေလးကို ေခါက္ၿပီး ဝတ္ဆင္တာက သင့္ကို ရိိုးရိုးရွင္းရွင္းေလးနဲ႔ ေခတ္မွီေစမွာပါ။
၃။ လက္ျပတ္အကၤ်ီ/ကုတ္အကၤ်ီ
ဒီ mom short ေလးေတြကို လက္ျပတ္အကၤ်ီ ဒါမွမဟုတ္ တီရွပ္ႏွင့္ ကုတ္အကၤ်ီ တြဲဝတ္လိုက္ရင္ ပိုၿပီးေတာ့ေတာင္ စတိုင္က်ပါေသးတယ္။ ပံုထဲကအတိုင္း အေရာင္တူ ေဘာင္းဘီႏွင့္ ကုတ္အကၤ်ီအၾကား တီရွပ္အျဖဴေရာင္ေလးကို တြဲဝတ္ၾကည့္ပါ။
၄။ ခါးပတ္ႏွင့္အတူ Street Style Mom Shorts
ေဘာင္းဘီတိုကို ခါးပတ္နဲ႔ တြဲဝတ္တာသိပ္မရွိၾကပါဘူး။ ခါးျမင့္ဂ်င္းတိုေတြကို ခါးပတ္ႏွင့္အတူ တြဲဝတ္တာက ယခုအခ်ိန္မွာ ေတာ္ေတာ္ေလး trend ျဖစ္ေနပါတယ္။ ဒါကေတာ့ စူပါေမာ္ဒယ္ Kendall Jenner ႀကိဳက္ႏွစ္သက္တဲ့ ဖက္ရွင္တစ္ခုလည္း ျဖစ္ပါတယ္။
၅။ Oversized ရွပ္အကၤ်ီ
Oversized ရွပ္အကၤ်ီတစ္ထည္က စတိုင္က်ဖို႔ အရမး္ခက္ခဲႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီလို ဂ်င္းအတိုေလးေတြနဲ႔ တြဲဖက္ ဝတ္ဆင္ဖို႔ အႀကံျပဳပါတယ္။ ရွပ္အကၤ်ီက အရမ္းပြေနလို႔ crop top လိုဖန္တီးခ်င္ရင္ အေရွ႕မွာ စည္းေႏွာင္ေပးထားႏိုင္ပါတယ္။
၆။ ခါးတိုအကၤ်ီေလးေတြ
အမ်ားစုက ဂ်င္းအတိုေလးေတြကို ခါးတိုအကၤ်ီေလးေတြနဲ႔ တြဲဖက္ဝတ္ဆင္ၿပီး ကမ္းေျခသြားဖို႔ ႏွစ္သက္ၾကပါတယ္။
၇။ အစက္အေျပာက္မ်ားျဖင့္ေဖာ္ထားေသာအထည္ဆင္ေလးေတြ
အစက္အေျပာက္မ်ားျဖင့္ ေဖာ္ထားေသာအဆင္ေလးေတြက ဖက္ရွင္ထဲက ဘယ္ေတာ့မွထြက္မသြားဘဲ အခ်ိန္တိုင္း အႀကိုက္ဆံုးဖက္ရွင္တစ္ခုပါ။ 80-90 ေလာက္က စတိုင္ႏွင့္အတူ ယခုတစ္ေက်ာ့ျပန္ေခတ္စားလာတာ ျဖစ္ပါတယ္။
၈။ အစင္းက်ားေလးေတြ
ၿပီးျပည့္စံုတဲ့ တနဂၤေႏြေလးကို ဖန္တီးဖို႔ ေဘာင္းဘီအတိုေလးနဲ႔ အစင္းက်ားေလးကို တြဲဖက္ဝတ္ၾကည့္ပါ။ အစင္းက်ားေလးေတြက ဖက္ရွင္ေလာကထဲက ဘယ္ေတာ့မွထြက္သြားတာေၾကာင့္ ရာသီတိုင္းနဲ႔ ကိုက္ညီတဲ့ ဝတ္စံုတစ္စံု ဖန္တီးဖို႔ အသံုးျပဳႏိုင္ပါတယ္။
၉။ ခါးျမင့္ Mom Shortsဂ်င္းေလးေတြ
K-Pop မေလးေတြကို ဖက္ရွင္က်ေအာင္ ခါးျမင့္ Mom Shortsဂ်င္းေလးေတြကို ခါးပတ္ႏွင့္အတူ ဝတ္ဆင္ႏိုင္ပါတယ္။ အလန္းစားဒီဇိုင္းေလးျဖစ္သြားေအာင္ မိုးျပာေရာင္ ဂ်င္းဂ်ာကင္အတိုေလးနဲ႔ တြဲဖက္ပါ။
၁၀။ ပခံုးေပ်ာက္ေလးေတြ
ပခံုးေပ်ာက္အကၤ်ီေလးက 2018ရဲ႕ ေႏြရာသီအတြင္း ေခတ္အစားဆံုး trend တစ္ခုပါ။ ဒီအကၤ်ီေလးေတြကို ဂ်င္းအတိုေလးေတြနဲ႔ တြဲစပ္ဝတ္ဆင္ႏိုင္ပါတယ္။
၁၁။ ခ်စ္စရာေကာင္းတဲ့ အကၤ်ီလက္ေဖာင္းေလးေတြ
ဒီဖက္ရွင္ျမင္ကြင္းက ႏွစ္ေပါင္္းအေတာ္ၾကာေပမယ့္ ယခုတိုင္ဝတ္ဆင္ေနၾကဆဲပါ။ အကၤ်ီလက္ေလးေတြမွာ ပူေဖာင္းဒီဇိုင္း၊ ေခါင္းေလာင္းဒီဇိုင္းလက္ဆိုၿပီး အမ်ိဳးမ်ိဳးရွိပါတယ္။ လက္ေဖာင္း crop top တစ္ထည္က သင့္ကို ခ်စ္စရာေကာင္မေလးတစ္ေယာက္အျဖစ္ ဖန္တီးေပးႏိုင္ပါတယ္။
၁၂။ Mom Shortsႏွင့္အတူူ ခရီးသြားဝတ္စံု
2018ရဲ႕အႀကီးမားဆံုး trend တစ္ခုက လက္အနားတြန္႔ေလးေတြ၊ လည္ပင္းႀကိဳးခ်ည္ပံုစံေလးေတြျဖစ္ပါတယ္။ ဒီခ်စ္စရာေကာင္းတဲ့ အကၤ်ီေလးေတြကို မိုးျပာေရာင္ Mom Shortsေလးေတြနဲ႔ တြဲစပ္ဝတ္ဆင္မယ္ဆိုရင္ သင့္ကိုၿပီးျပည့္စံုတဲ့ ဖက္ရွင္တစ္ခုျဖစ္ေစမွာပါ။
#Lifestyle_Myanmar
#LM_Nandar
Unicode
mom ဂျင်းအတိုလေးတွေကို စတိုင်ကျကျ ဝတ််ဆင်နိုင်မယ့် နည်းလမ်းလေးတွေ
mom short လေးတွေက တစ်ကျော့ပြန် ခေတ်စားလာတဲ့ 90ခုနှစ်လောက် ဖက်ရှင် ဖြစ်ပုံရပါတယ်။ ဒီ mom short လို့ခေါ်တဲ့ ဂျင်းအတိုလေးတွေက ဒီဇိုင်း၊ ကာလာ၊ စတိုင်အမျိုးမျိုးနဲ့လာပြီး နွေရာသီမှာ ဆယ်ကျော်သက် ကောင်မလေးတွေ ၊ပိန်ပိန်သွယ်သွယ််လေးတွေ အဝတ်များတဲ့ ဖက်ရှင်လညး်ဖြစ်ပါတယ်။ ဒီဂျင်းဘောင်းဘီတိုလေးတွေကို ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဂရပ်ဖစ်တီရှပ်လေးတွေ
ဂရပ်ဖစ်တီရှပ်လေးတွေကို ဂျင်းစကတ် သို့မဟုတ် ဘောင်းဘီတိုလေးတွေနှင့်အတူ ဝတ်ဆင်နိုင်ပါတယ်။ အများစုနှစ်သက်ကြတဲ့ စတိုင်ကတော့ Mom ဂျင်းအတိုလေးတွေနဲ့ ဝတ်ဆင်တာဖြစ်ပါတယ်။
၂။ ရှပ်အင်္ကျီနဲ့တွဲဝတ်တာ
ဒီဂျင်းအတိုလေးနဲ့ အလိုက်ဖက်ဆုံးက ရှပ်အင်္ကျီလေးနဲ့ တွဲဖက်ဝတ်ဆင်တာဖြစ်ပါတယ်။ ရှပ်အင်္ကျီလေးကို အပြင်မထုတ်ဘဲ ဘောင်းဘီထဲထည့် ဝတ်ဆင်ပါ။ ရှပ်အင်္ကျီလက်လေးကို ခေါက်ပြီး ဝတ်ဆင်တာက သင့်ကို ရိိုးရိုးရှင်းရှင်းလေးနဲ့ ခေတ်မှီစေမှာပါ။
၃။ လက်ပြတ်အင်္ကျီ/ကုတ်အင်္ကျီ
ဒီ mom short လေးတွေကို လက်ပြတ်အင်္ကျီ ဒါမှမဟုတ် တီရှပ်နှင့် ကုတ်အင်္ကျီ တွဲဝတ်လိုက်ရင် ပိုပြီးတော့တောင် စတိုင်ကျပါသေးတယ်။ ပုံထဲကအတိုင်း အရောင်တူ ဘောင်းဘီနှင့် ကုတ်အင်္ကျီအကြား တီရှပ်အဖြူရောင်လေးကို တွဲဝတ်ကြည့်ပါ။
၄။ ခါးပတ်နှင့်အတူ Street Style Mom Shorts
ဘောင်းဘီတိုကို ခါးပတ်နဲ့ တွဲဝတ်တာသိပ်မရှိကြပါဘူး။ ခါးမြင့်ဂျင်းတိုတွေကို ခါးပတ်နှင့်အတူ တွဲဝတ်တာက ယခုအချိန်မှာ တော်တော်လေး trend ဖြစ်နေပါတယ်။ ဒါကတော့ စူပါမော်ဒယ် Kendall Jenner ကြိုက်နှစ်သက်တဲ့ ဖက်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။
၅။ Oversized ရှပ်အင်္ကျီ
Oversized ရှပ်အင်္ကျီတစ်ထည်က စတိုင်ကျဖို့ အရမး်ခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ဂျင်းအတိုလေးတွေနဲ့ တွဲဖက် ဝတ်ဆင်ဖို့ အကြံပြုပါတယ်။ ရှပ်အင်္ကျီက အရမ်းပွနေလို့ crop top လိုဖန်တီးချင်ရင် အရှေ့မှာ စည်းနှောင်ပေးထားနိုင်ပါတယ်။
၆။ ခါးတိုအင်္ကျီလေးတွေ
အများစုက ဂျင်းအတိုလေးတွေကို ခါးတိုအင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပြီး ကမ်းခြေသွားဖို့ နှစ်သက်ကြပါတယ်။
၇။ အစက်အပြောက်များဖြင့်ဖော်ထားသောအထည်ဆင်လေးတွေ
အစက်အပြောက်များဖြင့် ဖော်ထားသောအဆင်လေးတွေက ဖက်ရှင်ထဲက ဘယ်တော့မှထွက်မသွားဘဲ အချိန်တိုင်း အကြိုက်ဆုံးဖက်ရှင်တစ်ခုပါ။ 80-90 လောက်က စတိုင်နှင့်အတူ ယခုတစ်ကျော့ပြန်ခေတ်စားလာတာ ဖြစ်ပါတယ်။
၈။ အစင်းကျားလေးတွေ
ပြီးပြည့်စုံတဲ့ တနင်္ဂနွေလေးကို ဖန်တီးဖို့ ဘောင်းဘီအတိုလေးနဲ့ အစင်းကျားလေးကို တွဲဖက်ဝတ်ကြည့်ပါ။ အစင်းကျားလေးတွေက ဖက်ရှင်လောကထဲက ဘယ်တော့မှထွက်သွားတာကြောင့် ရာသီတိုင်းနဲ့ ကိုက်ညီတဲ့ ဝတ်စုံတစ်စုံ ဖန်တီးဖို့ အသုံးပြုနိုင်ပါတယ်။
၉။ ခါးမြင့် Mom Shortsဂျင်းလေးတွေ
K-Pop မလေးတွေကို ဖက်ရှင်ကျအောင် ခါးမြင့် Mom Shortsဂျင်းလေးတွေကို ခါးပတ်နှင့်အတူ ဝတ်ဆင်နိုင်ပါတယ်။ အလန်းစားဒီဇိုင်းလေးဖြစ်သွားအောင် မိုးပြာရောင် ဂျင်းဂျာကင်အတိုလေးနဲ့ တွဲဖက်ပါ။
၁၀။ ပခုံးပျောက်လေးတွေ
ပခုံးပျောက်အင်္ကျီလေးက 2018ရဲ့ နွေရာသီအတွင်း ခေတ်အစားဆုံး trend တစ်ခုပါ။ ဒီအင်္ကျီလေးတွေကို ဂျင်းအတိုလေးတွေနဲ့ တွဲစပ်ဝတ်ဆင်နိုင်ပါတယ်။
၁၁။ ချစ်စရာကောင်းတဲ့ အင်္ကျီလက်ဖောင်းလေးတွေ
ဒီဖက်ရှင်မြင်ကွင်းက နှစ်ပေါင််းအတော်ကြာပေမယ့် ယခုတိုင်ဝတ်ဆင်နေကြဆဲပါ။ အင်္ကျီလက်လေးတွေမှာ ပူဖောင်းဒီဇိုင်း၊ ခေါင်းလောင်းဒီဇိုင်းလက်ဆိုပြီး အမျိုးမျိုးရှိပါတယ်။ လက်ဖောင်း crop top တစ်ထည်က သင့်ကို ချစ်စရာကောင်မလေးတစ်ယောက်အဖြစ် ဖန်တီးပေးနိုင်ပါတယ်။
၁၂။ Mom Shortsနှင့်အတူူ ခရီးသွားဝတ်စုံ
2018ရဲ့အကြီးမားဆုံး trend တစ်ခုက လက်အနားတွန့်လေးတွေ၊ လည်ပင်းကြိုးချည်ပုံစံလေးတွေဖြစ်ပါတယ်။ ဒီချစ်စရာကောင်းတဲ့ အင်္ကျီလေးတွေကို မိုးပြာရောင် Mom Shortsလေးတွေနဲ့ တွဲစပ်ဝတ်ဆင်မယ်ဆိုရင် သင့်ကိုပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုဖြစ်စေမှာပါ။
#Lifestyle_Myanmar
#LM_Nandar