Mobile Legends အကောင့် နှစ်ပေါင်း ၃၀ အထိ အပိတ်ခံရလို့ ငိုယိုနေတဲ့ကလေး

0
235
Mobile Legends ဂိမ်း
Mobile Legends ဂိမ်း

ယနေ့ခေတ် လူငယ်တွေကြား ရေပန်းအစားဆုံး Game ဆိုရင် Mobile Legends ပဲဖြစ်ပြီး လူတော်တော်များများ ကြိုက်နှစ်သက်တဲ့ မိုဘိုင်းဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ယခုပြောပြမဲ့ အဖြစ်အပျက်လေးဟာ Gamer တစ်ယောက်အတွက်တော့ဝမ်းနည်းရဆုံး အဖြစ်အပျက်တစ်ခုဖြစ်ပြီး ဂိမ်းကို စိတ်မဝင်စားသူအတွက်တော့ ရယ်ရွှင်စရာလို ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။

အဖြစ်အပျက်လေးကတော့ Mobile Legends ကို ဆွဲဆွဲမြဲမြဲဆော့နေတဲ့ ဖိလစ်ပိုင်းနိုင်ငံက ကောင်းလေးတစ်ယောက်ငိုယိုနေရတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါဂိမ်းဆော့နေတဲ့ ကောင်လေးရဲ့ Mobile Legends အကောင့်ကို ရက်ပေါင်း ၁၀၄၉၄ ရက်၊ ၁နာရီနဲ့ ၂၃မိနှစ်/ နှစ်ပေါင်းအားဖြင့် ၃၀နီးပါးလောက် အပိတ်ခံခဲ့ရလို့ပဲဖြစ်ပါတယ်။ ဂိမ်းကစားသူဘက်က ခွင့်မလွတ်နိုင်တဲ့ အမှားမျိုးတွေ ကျူးလွန်မိတဲ့အခါဂိမ်းကစားခွင့်ကို ပိတ်ပင်ခြင်းခံရတတ်ပြီး အချို့ဆို ရာသက်ပန်နီးပါ အပိတ်ခံရတာမျိုးတွေလည်း ရှိတတ်ပါတယ်။

အခု ဖိလစ်ပိုင်ကောင်လေးကတော့ သူ့ရဲ့အကောင့်ကို နှစ်ပေါင်း အတော်ကြာကြာ အပိတ် ခံရပြီး ပြန်ဆော့လို့ရခဲ့ရင်တောင် သူ့ရဲ့ အသက်လည်း တော်တော်လေး ကြီးနေလောက်ပါပြီ။ ဒီကောင်လေးရဲ့ အဖြစ်အပျက်ကိုတော့ ဖခင်ဖြစ်သူက ဗီဒီယိုရိုက်ယူပြီး အခုလို အွန်လိုင်းမှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် အခုလို နှစ်ရှည် လများ အပိတ်ခံရတယ်ဆိုတာ အတည်တကျမသိရပေမဲ့ Mobile Legends ဆော့တဲ့ အွန်လိုင်းသုံးစွဲသူအချို့ကတော့ အကြံအဖန်လုပ်ထားတဲ့ code တွေကို အသုံးပြုလို့ အban ခံရတာလို့ မှတ်ချက်ပေးကြပါတယ်။

အချို့ အွန်လိုင်းသုံးစွဲသူတွေကလည်း ကျောင်းတက်နေတဲ့ အရွယ်ဖြစ်တာကြောင့် ဖုန်းဂိမ်းကို ရပ်တန့်ပြီး ကျောင်းစာကို အာရုံပြန်စိုက်လို့ရတာပေါ့ ဆိုတဲ့ မှတ်ချက်တွေလည်း ပေးတာတွေ့ရပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ပြည့်တန်ဆာနေရာမှာ အစားဝင်ပြီး အချိန်ပိုင်းဝန်ဆောင်မှု့ပေးမဲ့ လိင်စက်ရုပ်တွေ

Zawgyi fonts

Mobile Legends အေကာင့္ ႏွစ္ေပါင္း ၃၀ အထိ အပိတ္ခံရလို႔ ငိုယိုေနတဲ့ကေလး
ယေန႔ေခတ္ လူငယ္ေတြၾကား ေရပန္းအစားဆုံး Game ဆိုရင္ Mobile Legends ပဲျဖစ္ၿပီး လူေတာ္ေတာ္မ်ားမ်ား ႀကိဳက္ႏွစ္သက္တဲ့ မိုဘိုင္းဂိမ္းတစ္ခုပဲျဖစ္ပါတယ္။ ယခုေျပာျပမဲ့ အျဖစ္အပ်က္ေလးဟာ Gamer တစ္ေယာက္အတြက္ေတာ့ဝမ္းနည္းရဆုံး အျဖစ္အပ်က္တစ္ခုျဖစ္ၿပီး ဂိမ္းကို စိတ္မဝင္စားသူအတြက္ေတာ့ ရယ္ရႊင္စရာလို ျဖစ္ခ်င္ ျဖစ္ေနပါလိမ့္မယ္။

အျဖစ္အပ်က္ေလးကေတာ့ Mobile Legends ကို ဆြဲဆြဲျမဲျမဲေဆာ့ေနတဲ့ ဖိလစ္ပိုင္းနိုင္ငံက ေကာင္းေလးတစ္ေယာက္ငိုယိုေနရတဲ့ အေၾကာင္းပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဆိုပါဂိမ္းေဆာ့ေနတဲ့ ေကာင္ေလးရဲ့ Mobile Legends အေကာင့္ကို ရက္ေပါင္း ၁၀၄၉၄ ရက္၊ ၁နာရီနဲ႔ ၂၃မိႏွစ္/ ႏွစ္ေပါင္းအားျဖင့္ ၃၀နီးပါးေလာက္ အပိတ္ခံခဲ့ရလို႔ပဲျဖစ္ပါတယ္။ ဂိမ္းကစားသူဘက္က ခြင့္မလြတ္နိုင္တဲ့ အမွားမ်ိဳးေတြ က်ဴးလြန္မိတဲ့အခါဂိမ္းကစားခြင့္ကို ပိတ္ပင္ျခင္းခံရတတ္ၿပီး အခ်ိဳ႕ဆို ရာသက္ပန္နီးပါ အပိတ္ခံရတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။

အခု ဖိလစ္ပိုင္ေကာင္ေလးကေတာ့ သူ႔ရဲ့အေကာင့္ကို ႏွစ္ေပါင္း အေတာ္ၾကာၾကာ အပိတ္ ခံရၿပီး ျပန္ေဆာ့လို႔ရခဲ့ရင္ေတာင္ သူ႔ရဲ့ အသက္လည္း ေတာ္ေတာ္ေလး ႀကီးေနေလာက္ပါၿပီ။ ဒီေကာင္ေလးရဲ့ အျဖစ္အပ်က္ကိုေတာ့ ဖခင္ျဖစ္သူက ဗီဒီယိုရိုက္ယူၿပီး အခုလို အြန္လိုင္းမွာ မၽွေဝေပးခဲ့တာျဖစ္ပါတယ္။ ဘာေၾကာင့္ အခုလို ႏွစ္ရွည္ လမ်ား အပိတ္ခံရတယ္ဆိုတာ အတည္တက်မသိရေပမဲ့ Mobile Legends ေဆာ့တဲ့ အြန္လိုင္းသုံးစြဲသူအခ်ိဳ႕ကေတာ့ အႀကံအဖန္လုပ္ထားတဲ့ code ေတြကို အသုံးျပဳလို႔ အban ခံရတာလို႔ မွတ္ခ်က္ေပးၾကပါတယ္။

အခ်ိဳ႕ အြန္လိုင္းသုံးစြဲသူေတြကလည္း ေက်ာင္းတက္ေနတဲ့ အရြယ္ျဖစ္တာေၾကာင့္ ဖုန္းဂိမ္းကို ရပ္တန္႔ၿပီး ေက်ာင္းစာကို အာ႐ုံျပန္စိုက္လို႔ရတာေပါ့ ဆိုတဲ့ မွတ္ခ်က္ေတြလည္း ေပးတာေတြ႕ရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here