အခုနောက်ပိုင်းမှာကလည်း မိန်းကလေးတော်တော်များများက နှုတ်ခမ်းနီတွေကိုရွေးချယ်တဲ့အခါမှာ Matte တွေကိုပဲရွေးချယ်လာတာကို တွေ့ရပါတယ်။ အရင်တုန်းကဆိုးနေကြ နှုတ်ခမ်းနီတွေက ဆိုးထားရင်ကြာရှည်မခံပါဘူး။ အခုခေတ်စားလာတဲ့ Matte ကကျတော့ ခြောက်ခြောက်လေး ဖြစ်နေတာဆိုတော့ အစားစားလည်း သိပ်မပျက်ဘူးဆိုတော့ မိန်းကလေးတိုင်းအကြိုက်တွေ့တာပေါ့။ ဒါပေမယ့် မိန်းကလေးတိုင်းရဲ့ တစ်နေ့တာအလှပြင်ဆင်မှုမှာ မပါမဖြစ်ပါဝင်နေတဲ့ နှုတ်ခမ်းနီဆိုးတာနဲ့ပတ်သက်ပြီး သိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အောက်ခံအနေနဲ့
အောက်ခံအနေနဲ့ဆိုးပေးဖို့ကတော့ မေ့မထားသင့်တဲ့အရာတစ်ခုပါ။ Matte နှုတ်ခမ်းနီတွေက ခြောက်သွေ့လွန်းတာကြောင့် အမြဲတမ်းဆိုးတဲ့အခါမှာ နှုတ်ခမ်းသားကွဲအက်ပြီး ခြောက်သွေ့တာတွေ ဖြစ်လာစေတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းကိုအားဖြည့်ပေးမယ့် Lip Blam လေးဆိုးပေးသင့်ပါတယ်။

လှပတဲ့နှုတ်ခမ်းနီအရောင်ထွက်အောင်
လူတစ်ယောက်နဲ့တစ်ယောက် နှုတ်ခမ်းသားအရောင်ချင်းမတူညီကြပါဘူး။ နှုတ်ခမ်းညိုတဲ့သူ၊ နှုတ်ခမ်းသားနီတဲ့သူနဲ့ ပုံမှန်နှုတ်ခမ်းအရောင်ဆိုပြီး အမျိုးမျိုးကွဲပါတယ်။ အရောင်ကွဲတဲ့အတိုင်းပဲ နှုတ်ခမ်းနီဆိုးတဲ့အခါမှာ အရောင်တွေကအနုအရင့်လိုက်ပြီး ပြောင်းလဲတတ်တာပေါ့။ ဒါကြောင့် နဂိုမူလနှုတ်ခမ်းနီရောင်ကို အရောင်တိတိကျကျထွက်ဖို့ဆိုရင် Concealar လေးနဲ့ နှုတ်ခမ်းသားကိုလိမ်းပေးပြီးမှ နှုတ်ခမ်းနီဆိုးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

သေသေသပ်သပ်ဆွဲတတ်ဖို့
နှုတ်ခမ်းနီဆိုးတာကလည်း သေသေသပ်သပ်ဆွဲတတ်ဖို့က အရေးကြီးပါတယ်။ Matte နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ပိုပြီးတောင်ညီညီညာညာဖြစ်အောင် ဆွဲတတ်ဖို့အရေးကြီးတာပေါ့။ ဘေးတွေကိုပေတာတွေဖြစ်သွားရင် ဖျက်ရလည်းခက်ပြီး မလှမပဖြစ်တာတော့ အမှန်ပဲလေ။ နှုတ်ခမ်းဘောင်လေးတွေကို ဘေးကနေကွပ်ပြီးဆိုးတဲ့အခါမှာ ပိုညီညာပြီး နှုတ်ခမ်းကိုလည်းထူထူလေးလို့ ထင်ရစေပါတယ်။

သေချာပြောင်အောင်ဖျက်ပါ
နှုတ်ခမ်းနီတွေကိုဆိုးပြီးသွားတဲ့အချိန်မှာလည်း အိမ်ပြန်ရောက်ပြီဆိုတာနဲ့ နှုတ်ခမ်းနီတွေကို သေချာပြောင်အောင်ဖျက်ပြီး ထိန်းသိမ်းမှုလေးလည်း ပုံမှန်လုပ်ပေးဖို့တော့လိုပါတယ်။ အမြဲခြောက်သွေ့တာတွေကိုပဲ လိမ်းနေရတော့ အိမ်ခါနီးမှာ Vaseline လေးကိုပုံမှန်လိမ်းပေးပြီး အိပ်လိုက်တာမျိုးက သင့်နှုတ်ခမ်းသားတွေကို နူးညံ့သွားစေပြီး ကွဲအက်တာမျိုးတွေလည်းမဖြစ်စေတော့ပါဘူး။

Matte နှုတ်ခမ်းနီဆိုးတဲ့သူတိုင်း ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင်တော့ လှပတဲ့နှုတ်ခမ်းလေးတွေကို အမြဲပိုင်ဆိုင်ထားနိုင်မှာပဲဖြစ်ပါတယ်။
Lifestyle_Myanmar
ref-masterclass