Home Funny Lamborghini ပြိုင်ကားမောင်းပြီး ဂေါ်နေတဲ့ အသက် ၇၀ကျော် အဖွားအို ၂ယောက်

Lamborghini ပြိုင်ကားမောင်းပြီး ဂေါ်နေတဲ့ အသက် ၇၀ကျော် အဖွားအို ၂ယောက်

0
0
Lamborghini ပြိုင်ကား
Lamborghini ပြိုင်ကား

Lamborghini ပြိုင်ကားဟာ လူတိုင်းလိုလို ဝယ်မစီးနိုင်တဲ့ စျေးကြီး စူပါဇိမ်ခံကားတစ်စင်းဖြစ်တာကြောင့် လူတော်တော်များများက မျက်စိကျ မက်မောနေမှာတော့ အမှန်ပါပဲ။

သာမန်အားဖြင့် ဒီလိုကားကို အဖွားအို တစ်ယောက်ယောက်က ပိုင်ဆိုင်ထားခဲ့ရင်တောင် အခုလိုတွေ လိုက်မောင်းနေမှာတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ အခု Video ထဲမှာပါတဲ့ အဖွားအို ၂ယောက်ကတော့ အဆိုပါ Lamborghini ပြိုင်ကားကို မောင်းပြီး လူအများ အားကျမက်မောလာအောင် စွဲဆောင်နိုင်ခဲ့ပါတယ်။

ဒီ ဗီဒီယိုဖိုင်ထဲမှာ အသက် ၇၅နှစ်အရွယ် မင်းသမီးကြီး Peggy Glenn ဟာ Lamborghini ကားကိုမောင်းပြီး သူ့ရဲ့ သူငယ်ချင်း Audrey Linden က ဘေးမှာ လိုက်စီးနေတာတွေ့ရမှာပါ။

မြို့လမ်းတစ်လျှောက်ကို ကားတစ်စင်းနဲ့ ပတ်ပြီး လမ်းသွားလမ်းလာ လူတွေကိုလည်းရယ်ရယ်မောမောနဲ့ လက်ပြနှုတ်ဆက်နေတာလည်း တွေ့ရမှာပါ။

ပြိုင်ကားတွေ့လို့ လူတွေက စိတ်ဝင်စားနေတဲ့အပြင် ဒီကားကို မောင်းနှင်နေတာ အဖွားကြီးနှစ်ယောက်ဖြစ်တာတစ်ကြောင့် လူတွေက မယုံနိုင်လောက်အောင် ပိုပြီး စိတ်ဝင်စားနေကြပါတယ်။

ကားထဲမှာ သူတို့ကို သူတို့ “Lamborghini Queens” လို့ ရယ်ရယ်မောမောနဲ့ ကြွေးကြော်ခဲ့ပါတယ်။

အဲ့ဒီနောက် ဆိုင်တစ်ဆိုင်ကနေ စျေးဝယ်ပြီးအပြန်မှာတော့ ဝယ်လာတဲ့ပစ္စည်းတွေကို ထည့်ဖို့ ကားအနောက်ဖုံးကို ဘယ်လိုဖွင့်ရမလဲ မသိဘဲ နှစ်ယောက်သား တိုင်ပတ်တဲ့ပြီး ရယ်စရာအဖြစ်ကို ရောက်ခဲ့ရပါသေးတယ်။

#Lifestyle_Myanmar

#Thar_Nage

ခံစားဖူးသူတိုင်း သိတဲ့ အွန်းလိုင်းရှော့ပင်က ပေးတဲ့ သင်ခန်းစာအချို့

Zawgyi fonts

Lamborghini ၿပိဳင္ကားေမာင္းၿပီး ေဂၚေနတဲ့ အသက္ ၇၀ေက်ာ္ အဖြားအို ၂ေယာက္

Lamborghini ၿပိဳင္ကားဟာ လူတိုင္းလိုလို ဝယ္မစီးနိုင္တဲ့ ေစ်းႀကီး စူပါဇိမ္ခံကားတစ္စင္းျဖစ္တာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက မ်က္စိက် မက္ေမာေနမွာေတာ့ အမွန္ပါပဲ။ သာမန္အားျဖင့္ ဒီလိုကားကို အဖြားအို တစ္ေယာက္ေယာက္က ပိုင္ဆိုင္ထားခဲ့ရင္ေတာင္ အခုလိုေတြ လိုက္ေမာင္းေနမွာေတာ့ မဟုတ္ေလာက္ပါဘူး။ ဒါေပမဲ့ အခု Video ထဲမွာပါတဲ့ အဖြားအို ၂ေယာက္ကေတာ့ အဆိုပါ Lamborghini ၿပိဳင္ကားကို ေမာင္းၿပီး လူအမ်ား အားက်မက္ေမာလာေအာင္ စြဲေဆာင္နိုင္ခဲ့ပါတယ္။

ဒီ ဗီဒီယိုဖိုင္ထဲမွာ အသက္ ၇၅ႏွစ္အရြယ္ မင္းသမီးႀကီး Peggy Glenn ဟာ Lamborghini ကားကိုေမာင္းၿပီး သူ႔ရဲ့ သူငယ္ခ်င္း Audrey Linden က ေဘးမွာ လိုက္စီးေနတာေတြ႕ရမွာပါ။ ၿမိဳ႕လမ္းတစ္ေလၽွာက္ကို ကားတစ္စင္းနဲ႔ ပတ္ၿပီး လမ္းသြားလမ္းလာ လူေတြကိုလည္းရယ္ရယ္ေမာေမာနဲ႔ လက္ျပႏွုတ္ဆက္ေနတာလည္း ေတြ႕ရမွာပါ။ ၿပိဳင္ကားေတြ႕လို႔ လူေတြက စိတ္ဝင္စားေနတဲ့အျပင္ ဒီကားကို ေမာင္းႏွင္ေနတာ အဖြားႀကီးႏွစ္ေယာက္ျဖစ္တာတစ္ေၾကာင့္ လူေတြက မယုံနိုင္ေလာက္ေအာင္ ပိုၿပီး စိတ္ဝင္စားေနၾကပါတယ္။

ကားထဲမွာ သူတို႔ကို သူတို႔ “Lamborghini Queens” လို႔ ရယ္ရယ္ေမာေမာနဲ႔ ေႂကြးေၾကာ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ဆိုင္တစ္ဆိုင္ကေန ေစ်းဝယ္ၿပီးအျပန္မွာေတာ့ ဝယ္လာတဲ့ပစၥည္းေတြကို ထည့္ဖို႔ ကားအေနာက္ဖုံးကို ဘယ္လိုဖြင့္ရမလဲ မသိဘဲ ႏွစ္ေယာက္သား တိုင္ပတ္တဲ့ၿပီး ရယ္စရာအျဖစ္ကို ေရာက္ခဲ့ရပါေသးတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here