K-Pop Stars ဖြစ်ဖို့ ကိုရီးယားကိုသွားခဲ့ပေမယ့် ပြည့်တန်ဆာတွေအဖြစ် အတင်းအကျပ်ရောင်းစားခြင်းခံခဲ့ရတဲ့ ဘရာဇီးသူ ၇ ဦး

0
548

ဘရာဇီးနိုင်ငံသူ အမျိုးသမီး ၇ယောက်ဟာ နာမည်ကျော်K-Pop စတားတွေဖြစ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံကို သွားခဲ့ကြပေမယ့် ကံဆိုးစွာနဲ့ပဲ ပြည့်တန်ဆာလုပ်ငန်းအတွက် ရောင်းစားခြင်းခံခဲ့ရပါတယ်။ အဆိုပါအမျိုးသမီး ၇ ယောက်အုပ်စုဟာ အသက်အရွယ်အားဖြင့် ၂၀ ကနေ ၃၀ ကြား အမျိုးသမီးတွေ ဖြစ်ကြပြီး လွန်ခဲ့တဲ့ဇူလိုင်လက ဆိုရှယ်မီဒီယာကနေ အမျိုးသားတစ်ယောက်ရဲ့ ဖျားယောင်းသွေးဆောင်ခြင်းကို ယုံကြည်ခဲ့ကြတဲ့အတွက် ယခုလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ သူတို့တွေ ကိုရီးယားကို လာရောက်ဖို့အတွက် လေယာဉ်စားရိတ်ကို အဆိုပါအမျိုးသားက တာဝန်ယူပြီး K-Pop အဆိုတော်ဖြစ်ဖို့ အခွင့်အရေးနဲ့ သူတို့ကိုမျှားခေါ်ခဲ့တာဖြစ်ပါတယ်။

သူတို့တွေ ကိုရီးယားကို ရောက်လာတဲ့အခါမှာတော့ သူတို့ရဲ့ပတ်စ်ပို့တွေကို သိမ်းယူခံခဲ့ရပြီး llsan နဲ့ Paju မြို့နှစ်မြို့ရဲ့ အိမ်နှစ်လုံးအတွင်းမှာ လှောင်ပိတ်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ထို့နောက် တစ်ဦးကို ကိုရီးယားဝမ် ၂သန်း ($1678) နဲ့ မာဆတ်တွေကို ရောင်းစားခဲ့ပါတယ်။ ဘရာဇီးအမျိုးသမီးတစ်ယောက်ကတော့ လွန်ခဲ့တဲ့လက တောင်ကိုရီးယားမှာရှိတဲ့ ဘရာဇီးသံရုံးကို ဖုန်းဆက်အကြောင်းကြားနိုင်ခဲ့တာကြောင့် ရဲတွေက llsan မှာရှိတဲ့ မာဆတ်ကိုဝင်စီးခဲ့ကြပြီး ဘရာဇီး အမျိုးသမီး ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြပါတယ်။ နောက်ရက်အနည်းငယ်မှာပဲ ရဲတွေဟာ Paju မှာရှိတဲ့ မာဆတ်ကို ထပ်မံရှာဖွေနိုင်ခဲ့ကြတာကြောင့် နောက်ထပ်ဘရာဇီးအမျိုးသမီး ၄ ဦးကို ကယ်တင်နိုင်ခဲ့ကြပါတယ်။

သူတို့တွေ လွတ်မြောက်ခဲ့ကြပေမယ့် တုန်လှုပ်ခြောက်ခြားဖွယ် အတွေ့အကြုံ၊ အကြိမ်ကြိမ်မုဒိန်းကျင့်ခံရမှုတွေနဲ့ ဒုက္ခသုက္ခ တွေများစွာ ကြုံခဲ့ရတာကြောင့် စိတ်ဒါဏ်ရာရပြီး ကြောက်လန့်နေကြတာကြောင့် လုံခြုံတဲ့အိမ်တစ်ခုကို ရဲတွေကပို့ဆောင်ပေးခဲ့ကြရပါတယ်။ အဆိုပါအမှုနဲ့ ပတ်သတ်ပြီး ကိုရီးယားအာဏာပိုင်တွေဟာ အမျိုးသမီးလူကုန်ကူမှုမှာ သံသယရှိသူ တရားခံ ၅ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက်စုံစမ်းစစ်ဆေးနေလျှက်ရှိပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုရဲ့ နောက်ကွယ်မှာ ဂိုဏ်းဖွဲ့ပြီးကျူးလွန်နေတဲ့ လူတွေ အများအပြားရှိကြောင်း အာဏာပိုင်တွေက သုံးသပ်ခဲ့ကြပြီး တောင်ကိုရီးယားနိုင်ငံမှာ လိင်လုပ်သားအဖြစ်ရောင်းချခံရသူတွေထဲမှာ အမေရိကန်တောင်ပိုင်းက အမျိုးသမီးတွေ ပိုများကြောင်း သူက ပြောဆိုခဲ့ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

K-Pop Stars ျဖစ္ဖို႔ ကိုရီးယားကိုသြားခဲ့ေပမယ့္ ျပည့္တန္ဆာေတြအျဖစ္ အတင္းအက်ပ္ေရာင္းစားျခင္းခံခဲ့ရတဲ့ ဘရာဇီးသူ ၇ ဦး
ဘရာဇီးႏိုင္ငံသူ အမ်ိဳးသမီး ၇ေယာက္ဟာ နာမည္ေက်ာ္K-Pop စတားေတြျဖစ္ဖို႔အတြက္ ေတာင္ကိုရီးယားႏိုင္ငံကို သြားခဲ့ၾကေပမယ့္ ကံဆိုးစြာနဲ႔ပဲ ျပည့္တန္ဆာလုပ္ငန္းအတြက္ ေရာင္းစားျခင္းခံခဲ့ရပါတယ္။ အဆိုပါအမ်ိဳးသမီး ၇ ေယာက္အုပ္စုဟာ အသက္အ႐ြယ္အားျဖင့္ ၂၀ ကေန ၃၀ ၾကား အမ်ိဳးသမီးေတြ ျဖစ္ၾကၿပီး လြန္ခဲ့တဲ့ဇူလိုင္လက ဆိုရွယ္မီဒီယာကေန အမ်ိဳးသားတစ္ေယာက္ရဲ႕ ဖ်ားေယာင္းေသြးေဆာင္ျခင္းကို ယုံၾကည္ခဲ့ၾကတဲ့အတြက္ ယခုလိုအျဖစ္ဆိုးနဲ႔ ႀကဳံခဲ့ရတာျဖစ္ပါတယ္။ သူတို႔ေတြ ကိုရီးယားကို လာေရာက္ဖို႔အတြက္ ေလယာဥ္စားရိတ္ကို အဆိုပါအမ်ိဳးသားက တာဝန္ယူၿပီး K-Pop အဆိုေတာ္ျဖစ္ဖို႔ အခြင့္အေရးနဲ႔ သူတို႔ကိုမွ်ားေခၚခဲ့တာျဖစ္ပါတယ္။
သူတို႔ေတြ ကိုရီးယားကို ေရာက္လာတဲ့အခါမွာေတာ့ သူတို႔ရဲ႕ပတ္စ္ပို႔ေတြကို သိမ္းယူခံခဲ့ရၿပီး llsan နဲ႔ Paju ၿမိဳ႕ႏွစ္ၿမိဳ႕ရဲ႕ အိမ္ႏွစ္လုံးအတြင္းမွာ ေလွာင္ပိတ္ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။ ထို႔ေနာက္ တစ္ဦးကို ကိုရီးယားဝမ္ ၂သန္း ($1678) နဲ႔ မာဆတ္ေတြကို ေရာင္းစားခဲ့ပါတယ္။ ဘရာဇီးအမ်ိဳးသမီးတစ္ေယာက္ကေတာ့ လြန္ခဲ့တဲ့လက ေတာင္ကိုရီးယားမွာရွိတဲ့ ဘရာဇီးသံ႐ုံးကို ဖုန္းဆက္အေၾကာင္းၾကားႏိုင္ခဲ့တာေၾကာင့္ ရဲေတြက llsan မွာရွိတဲ့ မာဆတ္ကိုဝင္စီးခဲ့ၾကၿပီး ဘရာဇီး အမ်ိဳးသမီး ၃ ဦးကို ကယ္တင္ႏိုင္ခဲ့ၾကပါတယ္။

ေနာက္ရက္အနည္းငယ္မွာပဲ ရဲေတြဟာ Paju မွာရွိတဲ့ မာဆတ္ကို ထပ္မံရွာေဖြႏိုင္ခဲ့ၾကတာေၾကာင့္ ေနာက္ထပ္ဘရာဇီးအမ်ိဳးသမီး ၄ ဦးကို ကယ္တင္ႏိုင္ခဲ့ၾကပါတယ္။ သူတို႔ေတြ လြတ္ေျမာက္ခဲ့ၾကေပမယ့္ တုန္လႈပ္ေျခာက္ျခားဖြယ္ အေတြ႕အႀကဳံ၊ အႀကိမ္ႀကိမ္မုဒိန္းက်င့္ခံရမႈေတြနဲ႔ ဒုကၡသုကၡ ေတြမ်ားစြာ ႀကဳံခဲ့ရတာေၾကာင့္ စိတ္ဒါဏ္ရာရၿပီး ေၾကာက္လန္႔ေနၾကတာေၾကာင့္ လုံၿခဳံတဲ့အိမ္တစ္ခုကို ရဲေတြကပို႔ေဆာင္ေပးခဲ့ၾကရပါတယ္။ အဆိုပါအမႈနဲ႔ ပတ္သတ္ၿပီး ကိုရီးယားအာဏာပိုင္ေတြဟာ အမ်ိဳးသမီးလူကုန္ကူမႈမွာ သံသယရွိသူ တရားခံ ၅ဦးကို ဖမ္းဆီးထိန္းသိမ္းထားၿပီး ဆက္လက္စုံစမ္းစစ္ေဆးေနလွ်က္ရွိပါတယ္။ ယခုျဖစ္ပြားခဲ့တဲ့ လူကုန္ကူးမႈရဲ႕ ေနာက္ကြယ္မွာ ဂိုဏ္းဖြဲ႕ၿပီးက်ဴးလြန္ေနတဲ့ လူေတြ အမ်ားအျပားရွိေၾကာင္း အာဏာပိုင္ေတြက သုံးသပ္ခဲ့ၾကၿပီး ေတာင္ကိုရီးယားႏိုင္ငံမွာ လိင္လုပ္သားအျဖစ္ေရာင္းခ်ခံရသူေတြထဲမွာ အေမရိကန္ေတာင္ပိုင္းက အမ်ိဳးသမီးေတြ ပိုမ်ားေၾကာင္း သူက ေျပာဆိုခဲ့ပါတယ္။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here