ေတာင္ကိုရီးယားႏိုင္ငံက Twice K-pop အဖြဲ႕ဟာ အဖြဲ႕၀င္ ၉ဦးႏွင့္ဖြဲ႕စည္းထားၿပီး JYP Entertainment ေအာက္မွာ 2015ခုႏွစ္ ေအာက္တိုဘာလ 20ရက္ေန႔က ပထမဆံုးပြဲထုတ္ခဲ့တာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့Twice မိန္းကေလးအဖြဲ႕၀င္ထဲက အဓိက အကေခါင္းေဆာင္ျဖစ္တဲ့ Sana ရဲ႕အေၾကာင္းေလးႏွင့္ သူမရဲ႕ေလဆိပ္သြားဖက္ရွင္ဒီဇိုင္းေလးေတြကို မွ်ေ၀ေပးလုိက္ပါတယ္။
TWICE အဖြဲ႕၀င္ Nayeon ရဲ႕ခရီးသြားဖက္ရွင္ဒီဇိုင္းမ်ား
Sana ရဲ႕နာမည္အျပည့္အစံုက Minatozaki Sana ျဖစ္ၿပီး သူမဟာ ဂ်ပန္လူမ်ိဳးျဖစ္ပါတယ္။ အဖြဲ႕ထဲမွာ သူမဟာအကေခါင္းေဆာင္ျဖစ္ၿပီး သီခ်င္းလည္းပိုင္ႏိုင္စြာ သီဆိုတတ္သူ ျဖစ္ပါတယ္။ သူမကို ဂ်ပန္ႏိုင္ငံ အိုဆာကာမွာေမြးဖြားခဲ့ၿပီး သူမရဲ႕ ေမြးေန႔ကေတာ့ 1996 ဒီဇင္ဘာလ ၂၉ရက္ေန႔ျဖစ္ပါတယ္။ သူမရဲ႕အရပ္အျမင့္ကေတာ့ ၅ေပ၅လက္မရွိၿပီး ကိုယ္အေလးခ်ိန္ ၁၀၆ေပါင္ပါ။ သူမေသြးအမ်ိဳးအစားက ဘီေသြးျဖစ္ပါတယ္။ Sana ဟာတစ္ဦးတည္းေသာသမီးျဖစ္ပါတယ္။
၉တန္းေက်ာင္းသူအရြယ္မွာ သူမရဲ႕သူငယ္ခ်င္းေတြႏွင့္အတူ ေစ်း၀ယ္ထြက္ရင္း သရုပ္ေဆာင္အေရြးခံခဲ့ရပါတယ္။သူမသည္ 2012 ဧၿပီလ 13ရက္ေန႔မွာ အသံစစ္ေဆးမႈ ေအာင္ျမင္ခဲ့ပါတယ္။ Sana ရဲ႕အထူးကၽြမ္းက်င္မႈကေတာ့ လက္ေရးလွေရးျခင္းျဖစ္ၿပီး သူမ မူလတန္းေက်ာင္းထဲက ေလ့လာခဲ့တာျဖစ္ပါတယ္။ သူမမွာ အေကာင္းျမင္တတ္တဲ့ ပင္ကိုစရိုက္ရွိပါတယ္။ သူမရဲ႕၀ါသနာကေတာ့ ေရေမႊးႏွင့္ Body mists စုေဆာင္းရတာျဖစ္ပါတယ္။ သူမႀကိဳက္တတ္တဲ့ အေရာင္ေတြကေတာ့ ခရမ္းေရာင္၊ ပန္းေရာင္၊ အျဖဴေရာင္၊ အနက္ေရာင္ႏွင့္ အ၀ါႏုေရာင္တို႔ျဖစ္ေပမယ့္ ခရမ္းေရာင္ကို အ၀တ္အစား၀တ္ရတာ မႏွစ္သက္ဘူးလို႔ ဆိုပါတယ္။
Jihyo, Neyeon ,Sana ႏွင့္ Mina တို႔ဟာ အခန္းက်ယ္ႀကီးတစ္ခန္းထဲမွာ အတူတူ စုအိပ္ၾကတဲ့သူေတြျဖစ္ၿပီး ညီအစ္မအရင္းေတြလို ခ်စ္ခင္ၾကသူေတြ ျဖစ္ပါတယ္။ Sana သည္ GOT7ရဲ႕ “A” MV, Junhoရဲ႕ “Feel” (ဂ်ပန္) MV ႏွင့္Junhoရဲ႕“Candy” (ဂ်ပန္) MV တို႔မွာ ပါ၀င္ခဲ့ပါေသးတယ္။ Sana ဟာ “2017ရဲ႕ မ်က္ႏွာအလွဆံုး100″စာရင္းထဲမွာ 21ေနရာမွာ ရွိခဲ့ပါတယ္။ Sana ရဲ႕ လက္တြဲေဖာ္ျဖစ္ရမယ့္ စံနမူနာပံုစံဟာ “သူ႔မိဘတြကို ေကာင္းေကာင္း ဆက္ဆံတတ္သူတစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕အသက္ေမြး၀မ္းေက်ာင္းက ခက္ခဲတဲ့အလုပ္ေတြႏွင့္ ကၽြမ္းက်င္ပညာရွင္တစ္ေယာက္” လို႔ဆိုပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Unicode
K-Pop Idol တွေထဲမှာ အလှဆုံးဖြစ်တဲ့ Twice အဖွဲ့ဝင် Sana ရဲ့ လေဆိပ်သွားဖက်ရှင်ဒီဇိုင်းများ
တောင်ကိုရီးယားနိုင်ငံက Twice K-pop အဖွဲ့ဟာ အဖွဲ့ဝင် ၉ဦးနှင့်ဖွဲ့စည်းထားပြီး JYP Entertainment အောက်မှာ 2015ခုနှစ် အောက်တိုဘာလ 20ရက်နေ့က ပထမဆုံးပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့Twice မိန်းကလေးအဖွဲ့ဝင်ထဲက အဓိက အကခေါင်းဆောင်ဖြစ်တဲ့ Sana ရဲ့အကြောင်းလေးနှင့် သူမရဲ့လေဆိပ်သွားဖက်ရှင်ဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
Sana ရဲ့နာမည်အပြည့်အစုံက Minatozaki Sana ဖြစ်ပြီး သူမဟာ ဂျပန်လူမျိုးဖြစ်ပါတယ်။ အဖွဲ့ထဲမှာ သူမဟာအကခေါင်းဆောင်ဖြစ်ပြီး သီချင်းလည်းပိုင်နိုင်စွာ သီဆိုတတ်သူ ဖြစ်ပါတယ်။ သူမကို ဂျပန်နိုင်ငံ အိုဆာကာမှာမွေးဖွားခဲ့ပြီး သူမရဲ့ မွေးနေ့ကတော့ 1996 ဒီဇင်ဘာလ ၂၉ရက်နေ့ဖြစ်ပါတယ်။ သူမရဲ့အရပ်အမြင့်ကတော့ ၅ပေ၅လက်မရှိပြီး ကိုယ်အလေးချိန် ၁၀၆ပေါင်ပါ။ သူမသွေးအမျိုးအစားက ဘီသွေးဖြစ်ပါတယ်။ Sana ဟာတစ်ဦးတည်းသောသမီးဖြစ်ပါတယ်။
၉တန်းကျောင်းသူအရွယ်မှာ သူမရဲ့သူငယ်ချင်းတွေနှင့်အတူ စျေးဝယ်ထွက်ရင်း သရုပ်ဆောင်အရွေးခံခဲ့ရပါတယ်။သူမသည် 2012 ဧပြီလ 13ရက်နေ့မှာ အသံစစ်ဆေးမှု အောင်မြင်ခဲ့ပါတယ်။ Sana ရဲ့အထူးကျွမ်းကျင်မှုကတော့ လက်ရေးလှရေးခြင်းဖြစ်ပြီး သူမ မူလတန်းကျောင်းထဲက လေ့လာခဲ့တာဖြစ်ပါတယ်။ သူမမှာ အကောင်းမြင်တတ်တဲ့ ပင်ကိုစရိုက်ရှိပါတယ်။ သူမရဲ့ဝါသနာကတော့ ရေမွှေးနှင့် Body mists စုဆောင်းရတာဖြစ်ပါတယ်။ သူမကြိုက်တတ်တဲ့ အရောင်တွေကတော့ ခရမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နှင့် အဝါနုရောင်တို့ဖြစ်ပေမယ့် ခရမ်းရောင်ကို အဝတ်အစားဝတ်ရတာ မနှစ်သက်ဘူးလို့ ဆိုပါတယ်။
Jihyo, Neyeon ,Sana နှင့် Mina တို့ဟာ အခန်းကျယ်ကြီးတစ်ခန်းထဲမှာ အတူတူ စုအိပ်ကြတဲ့သူတွေဖြစ်ပြီး ညီအစ်မအရင်းတွေလို ချစ်ခင်ကြသူတွေ ဖြစ်ပါတယ်။ Sana သည် GOT7ရဲ့ “A” MV, Junhoရဲ့ “Feel” (ဂျပန်) MV နှင့်Junhoရဲ့“Candy” (ဂျပန်) MV တို့မှာ ပါဝင်ခဲ့ပါသေးတယ်။ Sana ဟာ “2017ရဲ့ မျက်နှာအလှဆုံး100″စာရင်းထဲမှာ 21နေရာမှာ ရှိခဲ့ပါတယ်။ Sana ရဲ့ လက်တွဲဖော်ဖြစ်ရမယ့် စံနမူနာပုံစံဟာ “သူ့မိဘတွကို ကောင်းကောင်း ဆက်ဆံတတ်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အသက်မွေးဝမ်းကျောင်းက ခက်ခဲတဲ့အလုပ်တွေနှင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်” လို့ဆိုပါတယ်။
#Lifestyle_Myanmar
#TB_Nandar