Jimin(ဂျီမင်း) ဆိုတဲ့နာမည်လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ဆယ်လီ (၆)ယောက်

0
35

Jimin (ဂျီမင်း) ဆိုတဲ့ နာမည်လေးတွေက ကိုရီးယားမှာ အသုံးများတဲ့ နာမည်တစ်ခု ဖြစ်ပုံရပါတယ်။ နာမည်ကြီး ဆယ်လီအတော်များများရဲ့ နာမည်လေးတွေမှာ ဒီ (ဂျီမင်း) ဆိုတဲ့ နာမည်လေးတွေပါရှိတာ အံသြစရာပါပဲ။ Jimin ဆိုတာ ကံကောင်းစေတဲ့ အဆောင်သဘောမျိုး ဖြစ်ပုံရပါတယ်။ Jimin ဆိုသော နာမည်လေးတွေရှိကြတဲ့ ဒီစတားလေးတွေဟာ သူတို့အရည်အချင်း၊ သူတို့ ရုပ်ရည်နှင့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ချစ်ကြပါတယ်။ ချစ်စရာကောင်းတဲ့ (ဂျီမင်း) ၆ယောက်က ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ပါဦး။

၁။ Han Ji Min

ဟန်ဂျီမင်းဟာ သရုပ်ဆောင်အရမ်းကောင်းတဲ့ ကိုရီးယား နာမည်ကြီးမင်းသမီးတစ်ယောက်ပါ။ သူမဟာ ဘယ်မင်းသားနှင့်မဆို သရုပ်ဆောင်တဲ့နေရာမှာ တွဲဖက်ညီညီ သရုပ်ဆောင်တတ်တဲ့ အရည်အချင်းရှိသော မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ နောက်ဆုံးထွက် ဒရမ်မာကတော့ မင်းသား Jung Hae In နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ “One Spring Night” ဖြစ်ပါတယ်။

၂။ Kim Ji Min

ကင်မ်ဂျီမင်း ဟာ သူမရဲ့ဟာသတွေနှင့်အတူ ပရိတ်သတ်တွေကို ရယ်မောစေတဲ့ ဟာသ သရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ “You know that feeling,” ဆိုတဲ့ သူမရဲ့ ပေါ်ပင်စကားလုံးက ၂၀၁၃ခုနှစ် ကိုရီးယားမှာ ရေပန်းအစားဆုံး စကားအသုံးအနှုန်းတစ်ခု ဖြစ်ခဲ့ပြီး ယနေ့တိုင် သုံးစွဲနေဆဲပါ။

၃။ AOA ရဲ့ Jimin

ဂျီမင်းကို AOA ရဲ့ရက်ပ်ပါတစ်ယောက်အဖြစ် လူအတော်များများ ချစ်ကြပါတယ်။ ၂၀၁၅ခုနှစ်မှာ Mnet ရဲ့ “Unpretty Rapstar” ပေါ်မှာ သူမရဲ့ ရက်ပ်ကျွမ်းကျင်မှုကို မိတ်ဆက်ခဲ့ပြီး သူမဟာ အဖွဲ့ဝင်တွေနှင့်အတူ လက်ရှိ “Queendom”ပေါ်မှာ ယှဉ်ပြိုင်နေပါတယ်။

၄။ BTSရဲ့ Jimin

BTS အဖွဲ့ဝင် ဂျီမင်းဟာ သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်၊ ထူးခြားတဲ့အသံတွေနဲ့ အံသြဖွယ် အကကျွမ်းကျင်မှုတို့ကြောင့် နိုင်ငံအသီးသီးက ဆယ်လီတွေနဲ့ ပရိတ်သတ်တွေက ချစ်မြတ်နိုးကြပါတယ်။ အမျိုးသားတွေချည်းပဲ ဖွဲ့ထားတဲ့ BTS ရဲ့ ဂုဏ်သတင်းဟာ မကြာခဏဆိုသလို ထိပ်ဆုံးအဆင့်မှာ ရောက်ရှိနေတတ်ပါတယ်။ “The Return of Superman.”မှ Si An လိုပဲ သူဟာ ကလေးအတော်များများရဲ့ စံပြမော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

၅။ Park Jimin

ပတ်ခ် ဂျီမင်းဟာ SBS ရဲ့ “K-Pop Star.”နှင့်အတူ ပရိတ်သတ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ survival show တွေမှာ အနိုင်ရခဲ့သလို ၂၀၁၂မှာ JYP Entertainment နှင့်အတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပတ်ခ်ဂျီမင်းဟာ ဒီသြဂုတ်လတုန်းက အေဂျင်စီနှင့် လမ်းမခွဲခင် JYP Entertainment အောက်မှာ တစ်ကိုယ်တော် solo တစ်ခွေကို ထုတ်ပြန်ခဲ့ပါတယ်။

၆။ Lim Jimin

လင်းဂျီမင်းဟာ Play M Wntertainment အောက်က တောင်ကိုရီးယား အဆိုတော်သစ်လေး ဖြစ်ပါတယ်။ PlayM BOYS အမျိုးသား group ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ SBS survival show ဖြစ်တဲ့ “The Fan”မှာ နံပါတ် ၃နေရာက နေရာယူထားပြီး “Loveholic” နှင့်အတူ မေလက ပွဲဦးထွက် မိတ်ဆက်ခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

Jimin(ဂ်ီမင္း) ဆိုတဲ့နာမည္ေလးေတြနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ ဆယ္လီ (၆)ေယာက္
Jimin (ဂ်ီမင္း) ဆိုတဲ့ နာမည္ေလးေတြက ကိုရီးယားမွာ အသုံးမ်ားတဲ့ နာမည္တစ္ခု ျဖစ္ပုံရပါတယ္။ နာမည္ႀကီး ဆယ္လီအေတာ္မ်ားမ်ားရဲ႕ နာမည္ေလးေတြမွာ ဒီ (ဂ်ီမင္း) ဆိုတဲ့ နာမည္ေလးေတြပါရွိတာ အံၾသစရာပါပဲ။ Jimin ဆိုတာ ကံေကာင္းေစတဲ့ အေဆာင္သေဘာမ်ိဳး ျဖစ္ပုံရပါတယ္။ Jimin ဆိုေသာ နာမည္ေလးေတြရွိၾကတဲ့ ဒီစတားေလးေတြဟာ သူတို႔အရည္အခ်င္း၊ သူတို႔ ႐ုပ္ရည္ႏွင့္ သူတို႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြေၾကာင့္ ကမာၻတစ္ဝွမ္းက ခ်စ္ၾကပါတယ္။ ခ်စ္စရာေကာင္းတဲ့ (ဂ်ီမင္း) ၆ေယာက္က ဘယ္သူေတြလဲဆိုတာ ၾကည့္လိုက္ပါဦး။

၁။ Han Ji Min

ဟန္ဂ်ီမင္းဟာ သ႐ုပ္ေဆာင္အရမ္းေကာင္းတဲ့ ကိုရီးယား နာမည္ႀကီးမင္းသမီးတစ္ေယာက္ပါ။ သူမဟာ ဘယ္မင္းသားႏွင့္မဆို သ႐ုပ္ေဆာင္တဲ့ေနရာမွာ တြဲဖက္ညီညီ သ႐ုပ္ေဆာင္တတ္တဲ့ အရည္အခ်င္းရွိေသာ မင္းသမီးတစ္ဦးျဖစ္ပါတယ္။ သူမရဲ႕ ေနာက္ဆုံးထြက္ ဒရမ္မာကေတာ့ မင္းသား Jung Hae In ႏွင့္အတူ တြဲဖက္သ႐ုပ္ေဆာင္ထားတဲ့ “One Spring Night” ျဖစ္ပါတယ္။

၂။ Kim Ji Min

ကင္မ္ဂ်ီမင္း ဟာ သူမရဲ႕ဟာသေတြႏွင့္အတူ ပရိတ္သတ္ေတြကို ရယ္ေမာေစတဲ့ ဟာသ သ႐ုပ္ေဆာင္တစ္ေယာက္ဆိုလည္း မမွားပါဘူး။ “You know that feeling,” ဆိုတဲ့ သူမရဲ႕ ေပၚပင္စကားလုံးက ၂၀၁၃ခုႏွစ္ ကိုရီးယားမွာ ေရပန္းအစားဆုံး စကားအသုံးအႏႈန္းတစ္ခု ျဖစ္ခဲ့ၿပီး ယေန႔တိုင္ သုံးစြဲေနဆဲပါ။

၃။ AOA ရဲ႕ Jimin

ဂ်ီမင္းကို AOA ရဲ႕ရက္ပ္ပါတစ္ေယာက္အျဖစ္ လူအေတာ္မ်ားမ်ား ခ်စ္ၾကပါတယ္။ ၂၀၁၅ခုႏွစ္မွာ Mnet ရဲ႕ “Unpretty Rapstar” ေပၚမွာ သူမရဲ႕ ရက္ပ္ကြၽမ္းက်င္မႈကို မိတ္ဆက္ခဲ့ၿပီး သူမဟာ အဖြဲ႕ဝင္ေတြႏွင့္အတူ လက္ရွိ “Queendom”ေပၚမွာ ယွဥ္ၿပိဳင္ေနပါတယ္။

၄။ BTSရဲ႕ Jimin

BTS အဖြဲ႕ဝင္ ဂ်ီမင္းဟာ သူ႔ရဲ႕ ေခ်ာေမာတဲ့ ႐ုပ္ရည္၊ ထူးျခားတဲ့အသံေတြနဲ႔ အံၾသဖြယ္ အကကြၽမ္းက်င္မႈတို႔ေၾကာင့္ ႏိုင္ငံအသီးသီးက ဆယ္လီေတြနဲ႔ ပရိတ္သတ္ေတြက ခ်စ္ျမတ္ႏိုးၾကပါတယ္။ အမ်ိဳးသားေတြခ်ည္းပဲ ဖြဲ႕ထားတဲ့ BTS ရဲ႕ ဂုဏ္သတင္းဟာ မၾကာခဏဆိုသလို ထိပ္ဆုံးအဆင့္မွာ ေရာက္ရွိေနတတ္ပါတယ္။ “The Return of Superman.”မွ Si An လိုပဲ သူဟာ ကေလးအေတာ္မ်ားမ်ားရဲ႕ စံျပေမာ္ဒယ္တစ္ေယာက္လည္း ျဖစ္ပါတယ္။

၅။ Park Jimin

ပတ္ခ္ ဂ်ီမင္းဟာ SBS ရဲ႕ “K-Pop Star.”ႏွင့္အတူ ပရိတ္သတ္ေတြရဲ႕ အာ႐ုံကို ဆြဲေဆာင္ႏိုင္တဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ survival show ေတြမွာ အႏိုင္ရခဲ့သလို ၂၀၁၂မွာ JYP Entertainment ႏွင့္အတူ လက္မွတ္ေရးထိုးခဲ့ပါတယ္။ ပတ္ခ္ဂ်ီမင္းဟာ ဒီၾသဂုတ္လတုန္းက ေအဂ်င္စီႏွင့္ လမ္းမခြဲခင္ JYP Entertainment ေအာက္မွာ တစ္ကိုယ္ေတာ္ solo တစ္ေခြကို ထုတ္ျပန္ခဲ့ပါတယ္။

၆။ Lim Jimin

လင္းဂ်ီမင္းဟာ Play M Wntertainment ေအာက္က ေတာင္ကိုရီးယား အဆိုေတာ္သစ္ေလး ျဖစ္ပါတယ္။ PlayM BOYS အမ်ိဳးသား group ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ပါတယ္။ SBS survival show ျဖစ္တဲ့ “The Fan”မွာ နံပါတ္ ၃ေနရာက ေနရာယူထားၿပီး “Loveholic” ႏွင့္အတူ ေမလက ပြဲဦးထြက္ မိတ္ဆက္ခဲ့ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here