Extrovert လေးတွေက ပေါင်းသင်းဝင်ဆံ့ပြီး လူမှုဆက်ဆံရေးကောင်းတာက လူတိုင်းသိပြီးသားဆိုပေမယ့် ကိုယ့်ဘာသာတစ်ယောက်တည်း အေးအေးဆေးဆေးနေတတ်တဲ့ Introvert လေးတွေမှာလည်း ကောင်းကွက်လေးတွေ ရှိတယ်ဆိုတာလည်း မမေ့ထားလိုက်ပါနဲ့။ အခုပြောပြပေးသွားမယ့် အချက် (၄) ချက်ကို ဖတ်ပြီးရင် Introvert လေးတွေကို ဘာကြောင့် အသိအမှတ်ပြုပြီး အလေးထားဆက်ဆံသင့်လဲဆိုတာ သိလာပါလိမ့်မယ်။
နားထောင်သူကောင်းတွေ
Extrovert တွေက မရပ်တမ်းစကားပြောနိုင်သူလေးတွေပါ။ သူတို့ပြောတာကို နားထောင်ပေးဖို့ Introvert လေးတွေ လိုကိုလိုအပ်ပါတယ်။ ဒါမှလည်း နားလည်မှုရှိပြီး အပေးအယူမျှတဲ့ ပေါင်းသင်းဆက်ဆံရေးကို ဖန်တီးနိုင်မှာမို့လို့ပါ။

သူငယ်ချင်းကောင်းလေးတွေပါ
Introvert လေးတွေနဲ့ အပြင်လျှောက်လည်ရင်တော့ သိပ်ပျော်စရာမကောင်းပေမဲ့လို့ စောစောကပြောထားသလိုဆိုရင်တော့ သူတို့လေးတွေက စိတ်ရှည်လက်ရှည်နဲ့နားထောင်ပေးသူတွေဖြစ်တယ်။ ဒါ့ကြောင့်သူငယ်ချင်းကောင်းမဖြစ်မှာ မပူပါနဲ့တော့။ သင်စိတ်ညစ်ရတဲ့အချိန်တိုင်း သင့်အခက်အခဲပြဿနာတွေကို သေချာနားထောင်ပေးမှာပါ။ ပြီးရင် သေချာတွေးတောပေးမယ်၊ လိုအပ်တဲ့အကြံဉာဏ်ကောင်းတွေလည်း ပေးနိုင်ပါသေးတယ်။

အမှီအခိုကင်းမဲ့သူတွေပါ
ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့ဆိုရင် Introvert လေးတွေက ဘယ်သူ့အကူအညီမှ မလိုဘဲ သူတို့တစ်ယောက်တည်းနေပြီး အားပြန်ဖြည့်ကြပါတယ်။ အခုလို ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာနဲ့အမျှ Introvert လေးတွေက သူများကိုဂရုမစိုက်ခင် ကိုယ့်ကိုယ်ကို အရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သင်ပေးပါလိမ့်မယ်။

ဖုံးကွယ်ထားတဲ့ စွမ်းအားတွေရှိတယ်
Introvert လေးတွေက စကားသိပ်မပြောလို့ဆိုပြီး သူတို့မှာ ပြောစရာစကားမရှိလို့ မပြောတာလို့ထင်ရင် အမှားကြီးမှားလိမ့်မယ်နော်။ သူတို့ရဲ့ တခြားသူငယ်ချင်းတွေ မနားတမ်းစကားပြောတဲ့အချိန်မှာ Introvert လေးတွေက သေချာစမ်းစစ်သုံးသပ်နေကြတာပါ။ တခါတရံမှာ သူတို့လေးတွေက လူတွေရဲ့ စိတ်ကိုတောင်ဖတ်တတ်ကြပါတယ်။ သူတို့ရဲ့ အတွေးထဲမှာ အကြံကောင်းဉာဏ်ကောင်းတွေနဲ့ ပြည့်နေပြီးတော့ သူတို့ထုတ်ပြောလို့ရမယ့် အချိန်ကောင်းကို စောင့်နေကြတာပါ။

Lifestyle_Myanmar
ref-huffpost