HIV ဗိုင်းရပ်စ်ပိုးကို အမြစ်ပြကုသနိုင်တဲ့ နည်းပညာ သုတေသနပညာရှင်များ စမ်းသပ်အောင်မြင်

0
57
HIV ပိုး

HIV ပိုးရှိတဲ့ ကြွက်တွေရဲ့ DNA ကနေ HIV ပိုးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်လို့ သုတေသနပညာရှင်တွေ ထုတ်ပြန်လိုက်ပါတယ်။ AIDS ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို သက်ရှိတိရိစ္ဆာန်တွေဆီက အောင်အောင်မြင်မြင်နဲ့ ဖယ်ရှားနိုင်တဲ့တာ ဒါ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ အဆိုပါ စမ်းသပ်ကုသမှုကိုတော့ University of Nebraska Medical Center နဲ့ Lewis Katz School of Medicine at Temple University တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

-Advertisement-

လက်ရှိအသုံးပြုနေတဲ့ Antiretroviral ကုထုံးဟာ HIV ပိုးကို မပြန့်ပွားအောင်၊ မကူးစက်အောင် တားဆီးထားပေးလို့ပဲရတာပါ။ ရောဂါလုံးဝပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ နည်းလမ်းတစ်ခုမဟုတ်တာကြောင့် ဝေဒနာရှင်တွေအနေနဲ့ ရာသက်ပန် ဆေးကုသမှု ခံယူနေရမှာဖြစ်ပါတယ်။ အခုတော့ HIV ရောဂါခံစားနေရတဲ့ ကမ္ဘာပေါ်က လူဦးရေတွေ အားလုံးအတွက် မျော်လင့်ချက် ရောင်ခြည်လေး သမ်းလာတယ်လို့ ဆိုရမလိုပါပဲ။

ယခုကုသတဲ့ ကုထုံးကိုတော့ CRISPR-Cas9 လို့ အမည်ပေးထားတဲ့ ဗီဇပြောင်းလဲပစ်တဲ့နည်းကို အသုံးပြုပြီး HIV ပိုးရှိတဲ့ ကြွက်ခန္ဓာကိုယ်ထဲက DNA ကို ပြောင်းလဲကုသပေးခဲ့တာဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာ HIV ပိုးရှိတဲ့ ကြွက်တွေကို ရက်ပေါင်းများစွာ ဆေးဝါးတွေဓာတုကုထုံးတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။

ကြွက်ခန္ဓာကိုယ်အတွင်းရှိ သရက်ရွက်၊ ဦးနှောက်၊ ရိုးတွင်းချင်ဆီပါမကျန် HIV ပိုး ရှိမရှိ စစ်ဆေးခဲ့ပြီး HIV ပိုးရှိပေမဲ့ လက္ခဏာမပြသေးတဲ့ ဆဲလ်တွေကအစရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သုတေသနပညာရှင်တွေက CRISPR-Cas ဗီဇပြုပြင်တဲ့နည်းကို အသုံးချကာ HIVပိုးရှိပြီး လက္ခဏာမပြသေးတဲ့ ဆဲလ်တွေကအစ အောင်မြင်စွာ ဖယ်ရှားနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

လက်ရှိအခြေအနေမှာ ကြွက် ၂၃ကောင်ထဲကမှ HIV ပိုးရှိတဲ့ ကြွက် ၉ကောင်ကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုကြီးအောင်မြင်သွားရင်တော့ HIV ကူးစက်ခံနေရတဲ့ ဝေဒနာရှင်တွေကိုလည်း အမြစ်ပြတ်ကုသပေးနိုင်မယ်လို့ အားလုံးက ယုံကြည်နေကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

HIV ဗိုင္းရပ္စ္ပိုးကို အျမစ္ျပကုသနိုင္တဲ့ နည္းပညာ သုေတသနပညာရွင္မ်ား စမ္းသပ္ေအာင္ျမင္

HIV ပိုးရွိတဲ့ ႂကြက္ေတြရဲ့ DNA ကေန HIV ပိုးကို ေအာင္ျမင္စြာ ဖယ္ရွားနိုင္ခဲ့တယ္လို႔ သုေတသနပညာရွင္ေတြ ထုတ္ျပန္လိုက္ပါတယ္။ AIDS ေရာဂါျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုးကို သက္ရွိတိရိစၧာန္ေတြဆီက ေအာင္ေအာင္ျမင္ျမင္နဲ႔ ဖယ္ရွားနိုင္တဲ့တာ ဒါ ပထမဦးဆုံးအႀကိမ္ျဖစ္ပါတယ္။ အဆိုပါ စမ္းသပ္ကုသမွုကိုေတာ့ University of Nebraska Medical Center နဲ႔ Lewis Katz School of Medicine at Temple University တို႔က ပူးေပါင္းေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအသုံးျပဳေနတဲ့ Antiretroviral ကုထုံးဟာ HIV ပိုးကို မျပန္႔ပြားေအာင္၊ မကူးစက္ေအာင္ တားဆီးထားေပးလို႔ပဲရတာပါ။ ေရာဂါလုံးဝေပ်ာက္ကင္းေအာင္ ကုသေပးနိုင္တဲ့ နည္းလမ္းတစ္ခုမဟုတ္တာေၾကာင့္ ေဝဒနာရွင္ေတြအေနနဲ႔ ရာသက္ပန္ ေဆးကုသမွု ခံယူေနရမွာျဖစ္ပါတယ္။ အခုေတာ့ HIV ေရာဂါခံစားေနရတဲ့ ကမၻာေပၚက လူဦးေရေတြ အားလုံးအတြက္ ေမ်ာ္လင့္ခ်က္ ေရာင္ျခည္ေလး သမ္းလာတယ္လို႔ ဆိုရမလိုပါပဲ။

ယခုကုသတဲ့ ကုထုံးကိုေတာ့ CRISPR-Cas9 လို႔ အမည္ေပးထားတဲ့ ဗီဇေျပာင္းလဲပစ္တဲ့နည္းကို အသုံးျပဳၿပီး HIV ပိုးရွိတဲ့ ႂကြက္ခႏၶာကိုယ္ထဲက DNA ကို ေျပာင္းလဲကုသေပးခဲ့တာျဖစ္ပါတယ္။ သုေတသနပညာရွင္ေတြဟာ HIV ပိုးရွိတဲ့ ႂကြက္ေတြကို ရက္ေပါင္းမ်ားစြာ ေဆးဝါးေတြဓာတုကုထုံးေတြနဲ႔ စမ္းသပ္ခဲ့ပါတယ္။

ႂကြက္ခႏၶာကိုယ္အတြင္းရွိ သရက္ရြက္၊ ဦးေႏွာက္၊ ရိုးတြင္းခ်င္ဆီပါမက်န္ HIV ပိုး ရွိမရွိ စစ္ေဆးခဲ့ၿပီး HIV ပိုးရွိေပမဲ့ လကၡဏာမျပေသးတဲ့ ဆဲလ္ေတြကအစရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ သုေတသနပညာရွင္ေတြက CRISPR-Cas ဗီဇျပဳျပင္တဲ့နည္းကို အသုံးခ်ကာ HIVပိုးရွိၿပီး လကၡဏာမျပေသးတဲ့ ဆဲလ္ေတြကအစ ေအာင္ျမင္စြာ ဖယ္ရွားနိုင္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။

လက္ရွိအေျခအေနမွာ ႂကြက္ ၂၃ေကာင္ထဲကမွ HIV ပိုးရွိတဲ့ ႂကြက္ ၉ေကာင္ကို ေအာင္ျမင္စြာ ဖယ္ရွားပစ္နိုင္ခဲ့ပါတယ္။ ဒီစမ္းသပ္မွုႀကီးေအာင္ျမင္သြားရင္ေတာ့ HIV ကူးစက္ခံေနရတဲ့ ေဝဒနာရွင္ေတြကိုလည္း အျမစ္ျပတ္ကုသေပးနိုင္မယ္လို႔ အားလုံးက ယုံၾကည္ေနၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here