Happy couple ေတြ သူတို႔ရဲ႕ RS ခိုင္ျမဲဖို႔အတြက္ ထိန္းသိမ္းတတ္တဲ့ လႈိ႕ဝွက္ခ်က္ေတြက ဘာေတြလဲ

0
374

သင့္ရဲ႕လက္ရွိ Rs က အရမ္းကိုေပ်ာ္ရြင္စရာေကာင္းတယ္လို႔ ထင္ပါသလား? ေပ်ာ္ရြင္ေနၾကတဲ့ စံုတြဲေတြတုိင္း သူတို႔ေတြရဲ႕ အဆင္မေျပတဲ့ေန႔ေတြမွာေတာင္မွ တည္တည္ၿငိမ္ၿငိမ္ေလးနဲ႔ ျဖတ္သန္းသြားႏိုင္ၾကတာ သင္ဘာေၾကာင့္လို႔ထင္ပါသလဲ။ သူတို႔ရဲ႕ relationship နဲ႔ပတ္သတ္ၿပီး ဘယ္လိုေပ်ာ္ရြင္ေအာင္ ေဆာင္ရြက္ရမယ္ဆိုတာ သူတို႔သိၾကပါတယ္။ ဒါေၾကာင့္ Happy Couple ေတြျပဳလုပ္ေလ့ရွိတဲ့ အရာေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ အခ်ိန္ေတြကို အတူတကြကုန္ဆံုးတတ္တယ္
Happy Couple ေတြဟာ သူတို႔အတြက္ အခ်ိန္ေတြကို အျမဲတမ္းပဲ ရွာေဖြေနတတ္ၾကပါတယ္။ သူတို႔ရဲ႕ တန္ဖိုးရွိတဲ့ အခ်ိန္ေလးေတြမွာ တီဗြီထိုင္ၾကည့့္ေနၾကမဲ့အစား လႈပ္ရွားမႈေလးေတြကို အတူတကြေဆာင္ရြက္တတ္ၾကတယ္။ သူတို႔ေတြရဲ႕ ဘဝမွာခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းႏိုင္ဖို႔ ေႏွာင္ႀကိဳးေတြျဖစ္ေစတဲ့ ကေလးေလးေတြ၊ အိမ္ေမြးတိရိစာၦန္ေလးေတြ မရွိရင္ေတာင္မွ ႏွစ္ေယာက္သားတစ္ေယာက္ကိုတစ္ေယာက္ ျဖည့္ဆည္းေပးတတ္ၾကပါတယ္။

၂။ ဆက္သြယ္ေျပာဆိုတယ္
Relationship ေတြက်႐ႈံးရျခင္းရဲ႕ အမ်ားဆံုးအေၾကာင္းျပခ်က္တစ္ခုက communication ေပ်ာက္ဆံုးရတာေၾကာင့္ျဖစ္ပါတယ္။ ဒါကို Happy couple ေတြေကာင္းေကာင္းနားလည္ၾကပါတယ္။ ဒါေၾကာင့္ပဲ လက္တြဲေဖာ္ရဲ႕စကားကို ၾကားျဖတ္ေျပာျခင္း မရွိၾကပဲ အေသအခ်ာနားေထာင္တတ္ၾကပါတယ္။ နားေထာင္ၿပီးတာနဲ႔ အတိုခ်ံဳးနားလည္ၾကၿပီး စာနာေပးတတ္ၾကတယ္။ သူတို႔ေတြဟာအေၾကာင္းအရာတိုင္းေတာ့ သေဘာမတူတတ္ၾကပါဘူး၊ ဒါေပမယ့္ တသက္သားရဲ႕အျမင္ကို ေလးစားမႈရွိၿပီး အျခားတစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကို ထည့္သြင္းစဥ္းစားျခင္းျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ communicate လုပ္တတ္ၾကပါတယ္။ ရန္ျဖစ္ဖို႔အစား အေျဖရွာဖို႔ကိုသာ ေရြးခ်ယ္တတ္ၾကပါတယ္။

၃။ ႐ိုးသားၾကတယ္
ယံုၾကည္မႈေပ်ာက္ဆံုးျခင္းဟာ relationship တစ္ခုကိုပ်က္စီးေစႏိုင္ပါတယ္။ Happy Couple ေတြကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ႐ိုးသားတတ္ၾကၿပီး နားေထာင္လို႔မေကာင္းတဲ့ သတင္းစကားေတြ၊ အေၾကာင္းအရာေတြေတာင္မွ တစ္ေယာက္ကိုတစ္ေယာက္ ႐ိုးသားစြာမွ်ေဝတတ္ၾကပါတယ္။ ယံုၾကည္မႈနဲ႔ ႐ိုးသားမႈဟာ သူတို႔ရဲ႕  relationship အတြက္ အေရးအပါဆံုး အစိတ္အပိုင္းျဖစ္ေၾကာင္း သူတို႔သိၾကပါတယ္။

၄။ တစ္ေယာက္ကိုတစ္ေယာက္ သြန္သင္တတ္ၾကတယ္
ဒီလိုစံုတြဲေတြဟာ သူတို႔ရဲ႕လက္တြဲေဖာ္ဆီကေန အမ်ားႀကီးေလ့လာလို႔ ရတယ္ဆိုတာ သိၾကပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ရဲ႕အားနည္းခ်က္ေတြ လိုအပ္ခ်က္ေတြကို ဝန္ခံဖို႔ဝန္မေလးတတ္ၾကပဲ တစ္ေယာက္ကိုတစ္ေယာက္ ကူညီဖို႔ႀကိဳးစားတာကိုလည္း ခြင့္ျပဳတတ္ၾကပါတယ္။ သူတို႔ေတြအတူတူ တိုးတက္လာရင္ သူတို႔ရဲ႕ Relationship လည္း ပိုမိုခိုင္ျမဲလာမယ္ဆိုတာကို နားလည္တတ္ၾကပါတယ္။

၅။ ျပႆနာေတြမွတဆင့္ ေျပာဆိုတတ္ၾကတယ္
Happy couple ေတြဟာျပႆနာေတြကို လ်စ္လ်ဴမ႐ႈတတ္ၾကပါဘူး။ ဒါေပမယ့္ သူတို႔ရဲ႕ျပႆနာတိုင္းကို ျမန္ႏိုင္သမွ်ျမန္ေအာင္ ရင္ဆိုင္တတ္ၾကပါတယ္။ သူတို႔ရဲ႕ျပႆနာေတြကို အေျဖေပၚလာတဲ့ အခ်ိန္ထိ သို႔မဟုတ္ ေစ့စပ္ညွိႏိႈင္းလို႔ ရမယ့္အခ်ိန္ထိ ေျပာဆိုတတ္ၾကပါတယ္။

၆။ အခ်စ္ကို သူတို႔ကိုယ္တိုင္ အျမဲသတိေပးတတ္ၾကတယ္
ဒီလိုစံုတြဲေတြဟာ လက္ခ်င္းကိုင္းထားတာ၊ နမ္းတာေတြနဲ႔ ေပြ႕ဖက္တာေတြကို ဘယ္ေတာ့မွ ရပ္တန္႔သြားမွာ မဟုတ္ၾကပါဘူး။ ဒီလိုၾကင္နာမႈအရိပ္အေယာင္ေတြက Rs တိုင္းအတြက္ မရွိမျဖစ္အေရးပါတဲ့ သတိေပးမႈေတြဆိုတာကို သူတို႔သိၾကပါတယ္။

၇။ခြင့္လႊတ္တတ္ၾကတယ္
တစ္ေယာက္ကိုတစ္ေယာက္ သတိလစ္ၿပီးမွားယြင္းမိ၊ နာက်င္ေစတာေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ ယံုၾကည္စိတ္ခ်စြာနဲ႔ ခြင့္လႊတ္ေပးရမယ္ဆိုတာ သူတို႔သိၾကပါတယ္။ ဒီလိုျပႆနာေတြ ၾကံဳလာတိုင္း ယခုလိုကိစၥကို ေျပာဆိုၾကၿပီး ဒီအခိုက္အတန္႔ကေန ေက်ာ္ျဖတ္ႏိုင္မယ့္ နည္းလမ္းကို အတူတကြ ရွာေဖြတတ္ၾကပါတယ္။ ဒီလိုမွမဟုတ္ပဲ အာဃာတတရားကို လက္ကိုင္ထားေနရင္ ကြဲရဖို႔သားရွိပါလိမ့္မယ္။

၈။ အျပဳသေဘာေဆာင္တဲ့ ႐ႈေထာင့္ကို Focus ထားတတ္တယ္
ၿပီးျပည့္စံုေအာင္ေကာင္းမြန္သူဆိုတာ မရွိပဲ ကၽြန္ေတာ္တို႔ဟာ လူတိုင္း အျပစ္အနာအဆာမ်ား ရွိၾကပါတယ္။ ဒီလိုအျပစ္အနာအဆာေလးေတြကိုပဲ ျမင္တတ္ရင္ေတာ့ စိတ္ပ်က္စရာေတြနဲ႔ မေကာင္းတဲ့ရလာဒ္ေတြကိုပဲ ၾကံဳေတြ႕ရမွာပါ။ ဒီလိုအျပစ္ေတြခ်ည္း ျမင္မယ့္အစား happy couple ေတြကေတာ့ ခ်စ္သူရဲ႕အားသာခ်က္ေလးေတြ၊ ဆြဲေဆာင္မႈရွိတာေလးေတြကို မၾကာခဏသတိေပးေျပာဆိုတတ္ၾကပါတယ္။

၉။ တစ္ေယာက္ကိုတစ္ေယာက္ ေလးစားၾကတယ္
Relationship တစ္ခုကိုတည္ေဆာက္ဖို႔အတြက္ တစ္ေယာက္ကိုတစ္ေယာက္ ေလးစားျခင္းဟာ အေျခခံက်တဲ့ အုတ္ျမစ္တစ္ခုျဖစ္ေၾကာင္း သူတို႔ေတြ သိၾကပါတယ္။ ဒီလိုေလးစားမႈကို ကိုယ္ကေပးမွသာ ကိုယ္ျပန္ရႏိုင္ေၾကာင္းေကာင္းေကာင္းသိၾကပါတယ္။ လူတိုင္းဟာ ေလးစားခံရဖို႔ ထိုက္တန္ပါတယ္။ ဒါေပမယ့္ relationship အတြင္းမွာေတာ့ ေလးစားျခင္းရဲ႕ အဓိပၸာယ္ဟာ ရင့္က်က္ျခင္း၊ လြတ္လပ္ျခင္းနဲ႔ ေပ်ာ္ရြင္ျခင္း အျဖစ္အဓိပၸာယ္ေဆာင္ေနပါတယ္။ ေပ်ာ္ရြင္စရာေကာင္းတဲ့ relationship အတြက္ အဓိကေသာ့ခ်က္တစ္ခုပါ။

၁၀။ တစ္ေယာက္ကိုတစ္ေယာက္ မၾကခဏနမ္းတယ္
ေပ်ာ္ရြင္ေနၾကတဲ့ စံုတြဲေတြဟာ သူတို႔ႏိုးလာတဲ့အခ်ိန္၊ အလုပ္မသြားခင္အခ်ိန္၊ နဲ႔အိပ္ရာမဝင္ခင္အခ်ိန္ေတြမွာ ခ်စ္သူကို နမ္းတတ္ၾကပါတယ္။ ဒီလိုခ်စ္စရာေကာင္းတဲ့ အမူအက်င့္ေလးက relationship တစ္ခု ခိုင္ျမဲဖို႔၊ ေပ်ာ္ရြင္ရဖို႔အတြက္ သံသယျဖစ္စရာမလိုပါဘူး။

ကိုယ္ခ်စ္ရတဲ့သူရဲ႕ ျငင္းဆန္ျခင္းခံရတဲ့အခါ ေျဖရွင္းဖို႔အတြက္ နည္းလမ္း ၄ ခ်က္

#LM_Naung_Naung
#Lifestyle_Myanmar
Source- gottadotherightthings
Unicode

Happy couple တွေ သူတို့ရဲ့ RS ခိုင်မြဲဖို့အတွက် ထိန်းသိမ်းတတ်တဲ့ လှို့ဝှက်ချက်တွေက ဘာတွေလဲ
သင့်ရဲ့လက်ရှိ Rs က အရမ်းကိုပျော်ရွင်စရာကောင်းတယ်လို့ ထင်ပါသလား? ပျော်ရွင်နေကြတဲ့ စုံတွဲတွေတိုင်း သူတို့တွေရဲ့ အဆင်မပြေတဲ့နေ့တွေမှာတောင်မှ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဖြတ်သန်းသွားနိုင်ကြတာ သင်ဘာကြောင့်လို့ထင်ပါသလဲ။ သူတို့ရဲ့ relationship နဲ့ပတ်သတ်ပြီး ဘယ်လိုပျော်ရွင်အောင် ဆောင်ရွက်ရမယ်ဆိုတာ သူတို့သိကြပါတယ်။ ဒါကြောင့် Happy Couple တွေပြုလုပ်လေ့ရှိတဲ့ အရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ အချိန်တွေကို အတူတကွကုန်ဆုံးတတ်တယ်
Happy Couple တွေဟာ သူတို့အတွက် အချိန်တွေကို အမြဲတမ်းပဲ ရှာဖွေနေတတ်ကြပါတယ်။ သူတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေမှာ တီဗွီထိုင်ကြည့်နေကြမဲ့အစား လှုပ်ရှားမှုလေးတွေကို အတူတကွဆောင်ရွက်တတ်ကြတယ်။ သူတို့တွေရဲ့ ဘဝမှာခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနိုင်ဖို့ နှောင်ကြိုးတွေဖြစ်စေတဲ့ ကလေးလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေ မရှိရင်တောင်မှ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးတတ်ကြပါတယ်။

၂။ ဆက်သွယ်ပြောဆိုတယ်
Relationship တွေကျရှုံးရခြင်းရဲ့ အများဆုံးအကြောင်းပြချက်တစ်ခုက communication ပျောက်ဆုံးရတာကြောင့်ဖြစ်ပါတယ်။ ဒါကို Happy couple တွေကောင်းကောင်းနားလည်ကြပါတယ်။ ဒါကြောင့်ပဲ လက်တွဲဖော်ရဲ့စကားကို ကြားဖြတ်ပြောခြင်း မရှိကြပဲ အသေအချာနားထောင်တတ်ကြပါတယ်။ နားထောင်ပြီးတာနဲ့ အတိုချုံးနားလည်ကြပြီး စာနာပေးတတ်ကြတယ်။ သူတို့တွေဟာအကြောင်းအရာတိုင်းတော့ သဘောမတူတတ်ကြပါဘူး၊ ဒါပေမယ့် တသက်သားရဲ့အမြင်ကို လေးစားမှုရှိပြီး အခြားတစ်ယောက်ရဲ့ ခံစားချက်တွေကို ထည့်သွင်းစဉ်းစားခြင်းဖြင့် တစ်ယောက်ကိုတစ်ယောက် communicate လုပ်တတ်ကြပါတယ်။ ရန်ဖြစ်ဖို့အစား အဖြေရှာဖို့ကိုသာ ရွေးချယ်တတ်ကြပါတယ်။

၃။ ရိုးသားကြတယ်
ယုံကြည်မှုပျောက်ဆုံးခြင်းဟာ relationship တစ်ခုကိုပျက်စီးစေနိုင်ပါတယ်။ Happy Couple တွေကတော့ တစ်ယောက်ကိုတစ်ယောက် ရိုးသားတတ်ကြပြီး နားထောင်လို့မကောင်းတဲ့ သတင်းစကားတွေ၊ အကြောင်းအရာတွေတောင်မှ တစ်ယောက်ကိုတစ်ယောက် ရိုးသားစွာမျှဝေတတ်ကြပါတယ်။ ယုံကြည်မှုနဲ့ ရိုးသားမှုဟာ သူတို့ရဲ့  relationship အတွက် အရေးအပါဆုံး အစိတ်အပိုင်းဖြစ်ကြောင်း သူတို့သိကြပါတယ်။

၄။ တစ်ယောက်ကိုတစ်ယောက် သွန်သင်တတ်ကြတယ်
ဒီလိုစုံတွဲတွေဟာ သူတို့ရဲ့လက်တွဲဖော်ဆီကနေ အများကြီးလေ့လာလို့ ရတယ်ဆိုတာ သိကြပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့အားနည်းချက်တွေ လိုအပ်ချက်တွေကို ဝန်ခံဖို့ဝန်မလေးတတ်ကြပဲ တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ကြိုးစားတာကိုလည်း ခွင့်ပြုတတ်ကြပါတယ်။ သူတို့တွေအတူတူ တိုးတက်လာရင် သူတို့ရဲ့ Relationship လည်း ပိုမိုခိုင်မြဲလာမယ်ဆိုတာကို နားလည်တတ်ကြပါတယ်။

၅။ ပြဿနာတွေမှတဆင့် ပြောဆိုတတ်ကြတယ်
Happy couple တွေဟာပြဿနာတွေကို လျစ်လျူမရှုတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပြဿနာတိုင်းကို မြန်နိုင်သမျှမြန်အောင် ရင်ဆိုင်တတ်ကြပါတယ်။ သူတို့ရဲ့ပြဿနာတွေကို အဖြေပေါ်လာတဲ့ အချိန်ထိ သို့မဟုတ် စေ့စပ်ညှိနှိုင်းလို့ ရမယ့်အချိန်ထိ ပြောဆိုတတ်ကြပါတယ်။

၆။ အချစ်ကို သူတို့ကိုယ်တိုင် အမြဲသတိပေးတတ်ကြတယ်
ဒီလိုစုံတွဲတွေဟာ လက်ချင်းကိုင်းထားတာ၊ နမ်းတာတွေနဲ့ ပွေ့ဖက်တာတွေကို ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ကြပါဘူး။ ဒီလိုကြင်နာမှုအရိပ်အယောင်တွေက Rs တိုင်းအတွက် မရှိမဖြစ်အရေးပါတဲ့ သတိပေးမှုတွေဆိုတာကို သူတို့သိကြပါတယ်။

၇။ခွင့်လွှတ်တတ်ကြတယ်
တစ်ယောက်ကိုတစ်ယောက် သတိလစ်ပြီးမှားယွင်းမိ၊ နာကျင်စေတာတွေမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချစွာနဲ့ ခွင့်လွှတ်ပေးရမယ်ဆိုတာ သူတို့သိကြပါတယ်။ ဒီလိုပြဿနာတွေ ကြုံလာတိုင်း ယခုလိုကိစ္စကို ပြောဆိုကြပြီး ဒီအခိုက်အတန့်ကနေ ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကို အတူတကွ ရှာဖွေတတ်ကြပါတယ်။ ဒီလိုမှမဟုတ်ပဲ အာဃာတတရားကို လက်ကိုင်ထားနေရင် ကွဲရဖို့သားရှိပါလိမ့်မယ်။

၈။ အပြုသဘောဆောင်တဲ့ ရှုထောင့်ကို Focus ထားတတ်တယ်
ပြီးပြည့်စုံအောင်ကောင်းမွန်သူဆိုတာ မရှိပဲ ကျွန်တော်တို့ဟာ လူတိုင်း အပြစ်အနာအဆာများ ရှိကြပါတယ်။ ဒီလိုအပြစ်အနာအဆာလေးတွေကိုပဲ မြင်တတ်ရင်တော့ စိတ်ပျက်စရာတွေနဲ့ မကောင်းတဲ့ရလာဒ်တွေကိုပဲ ကြုံတွေ့ရမှာပါ။ ဒီလိုအပြစ်တွေချည်း မြင်မယ့်အစား happy couple တွေကတော့ ချစ်သူရဲ့အားသာချက်လေးတွေ၊ ဆွဲဆောင်မှုရှိတာလေးတွေကို မကြာခဏသတိပေးပြောဆိုတတ်ကြပါတယ်။

၉။ တစ်ယောက်ကိုတစ်ယောက် လေးစားကြတယ်
Relationship တစ်ခုကိုတည်ဆောက်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် လေးစားခြင်းဟာ အခြေခံကျတဲ့ အုတ်မြစ်တစ်ခုဖြစ်ကြောင်း သူတို့တွေ သိကြပါတယ်။ ဒီလိုလေးစားမှုကို ကိုယ်ကပေးမှသာ ကိုယ်ပြန်ရနိုင်ကြောင်းကောင်းကောင်းသိကြပါတယ်။ လူတိုင်းဟာ လေးစားခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် relationship အတွင်းမှာတော့ လေးစားခြင်းရဲ့ အဓိပ္ပာယ်ဟာ ရင့်ကျက်ခြင်း၊ လွတ်လပ်ခြင်းနဲ့ ပျော်ရွင်ခြင်း အဖြစ်အဓိပ္ပာယ်ဆောင်နေပါတယ်။ ပျော်ရွင်စရာကောင်းတဲ့ relationship အတွက် အဓိကသော့ချက်တစ်ခုပါ။

၁၀။ တစ်ယောက်ကိုတစ်ယောက် မကြခဏနမ်းတယ်
ပျော်ရွင်နေကြတဲ့ စုံတွဲတွေဟာ သူတို့နိုးလာတဲ့အချိန်၊ အလုပ်မသွားခင်အချိန်၊ နဲ့အိပ်ရာမဝင်ခင်အချိန်တွေမှာ ချစ်သူကို နမ်းတတ်ကြပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ အမူအကျင့်လေးက relationship တစ်ခု ခိုင်မြဲဖို့၊ ပျော်ရွင်ရဖို့အတွက် သံသယဖြစ်စရာမလိုပါဘူး။

#LM_Naung_Naung
#Lifestyle_Myanmar
Source- gottadotherightthings

LEAVE A REPLY

Please enter your comment!
Please enter your name here