Gym မသွားချင်တဲ့ ပျိုမေတို့အတွက် တစ်ကိုယ်လုံးကို ထိရောက်မှုရှိစေမယ့် မိနစ် ၂၀ စာ Full Body Workout

0
1657

တကယ်လို့ Gym က ပျိုမေတို့နေတဲ့နေရာနဲ့ ဝေးနေရင် ဒါမှမဟုတ် သွားဖို့အဆင်မပြေတာတွေရှိရင် ကိုယ်ကာယအလှကို ထိန်းသိမ်းဖို့အတွက် စိတ်မပျက်စေချင်ပါဘူး။ အိမ်မှာပဲ နေရာကျဉ်းကျဉ်းလေးရှိရင်တောင်မှ သက်တောင့်သက်သာနဲ့ ပြုလုပ်နိုင်မယ့် မိနစ် ၂၀စာ လေ့ကျင့်ခန်းလေးရှိပါတယ်။ အိမ်မှာပဲ ကိရိယာလွတ်လေ့ကျင့်ခန်းလေးဖြစ်တဲ့အတွက်အထင်မသေးလိုက်ပါနဲ့ တကယ်လို့ယခုလေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ပျိုမေတို့အတွက် မယုံနိုင်လောက်စရာ ရလာဒ်တွေကို ရရှိစေမှာပါ။

-Advertisement-

သင့်ရဲ့ဗိုက်မှာ အဆီဖုံးနေတာ၊ အမောမခံနိုင်တာ၊ ဂျင်းဘောင်းဘီဝတ်လို့ သိပ်ကြည့်မလှတာတွေ စတဲ့ သင့်ရဲ့ဘယ်လိုပြဿနာတွေကိုပဲဖြစ်ဖြစ် ယခုလေ့ကျင့်ခန်းတွေက အသေအချာဖြေရှင်းပေးနိုင်ပါတယ်။ အလှပဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် လေ့ကျင့်ခန်းတစ်ခုစီကို တစ်မိနစ်စီ ပြုလုပ်ပေးရပါမယ်။ ဘယ်ဖက်ကို စက္ကန့်သုံးဆယ်ဆိုရင် ညာဖက်ကိုလည်း စက္ကန့်သုံးဆယ် လုပ်ပေးရမှာပါ။ လေ့ကျင့်ခန်းအကုန်လုံးကို တစ်ကျော့လုပ်ပြီးသွားတိုင်း တစ်မိနစ်နားပြီး နောက်ထပ်တစ်ကျော့ကို ပြုလုပ်ရပါမယ်။ စုစုပေါင်းပြုလုပ်ရမယ့် အကျော့က ၃ကျော့ ဖြစ်ပါတယ်။

1. Burpee

2. Lunge

3. Butterfly Crunch

4. Side Plank With Leg Lift

5. Triceps Dip

LM_Naung_Naung
Lifestyle_Myanmar
Source

Gym မသြားခ်င္တဲ့ ပ်ိဳေမတို႔အတြက္ တစ္ကိုယ္လုံးကို ထိေရာက္မႈရွိေစမယ့္ မိနစ္ ၂၀ စာ Full Body Workout
တကယ္လို႔ Gym က ပ်ိဳေမတို႔ေနတဲ့ေနရာနဲ႔ ေဝးေနရင္ ဒါမွမဟုတ္ သြားဖို႔အဆင္မေျပတာေတြရွိရင္ ကိုယ္ကာယအလွကို ထိန္းသိမ္းဖို႔အတြက္ စိတ္မပ်က္ေစခ်င္ပါဘူး။ အိမ္မွာပဲ ေနရာက်ဥ္းက်ဥ္းေလးရွိရင္ေတာင္မွ သက္ေတာင့္သက္သာနဲ႔ ျပဳလုပ္ႏိုင္မယ့္ မိနစ္ ၂၀စာ ေလ့က်င့္ခန္းေလးရွိပါတယ္။ အိမ္မွာပဲ ကိရိယာလြတ္ေလ့က်င့္ခန္းေလးျဖစ္တဲ့အတြက္ အထင္မေသးလိုက္ပါနဲ႔ တကယ္လို႔ယခုေလ့က်င့္ခန္းေတြကို ေန႔စည္ပုံမွန္ ျပဳလုပ္ေပးမယ္ဆိုရင္ ပ်ိဳေမတို႔အတြက္ မယုံႏိုင္ေလာက္စရာ ရလာဒ္ေတြကို ရရွိေစမွာပါ။ 
သင့္ရဲ႕ဗိုက္မွာ အဆီဖုံးေနတာ၊ အေမာမခံႏိုင္တာ၊ ဂ်င္းေဘာင္းဘီဝတ္လို႔ သိပ္ၾကည့္မလွတာေတြ စတဲ့ သင့္ရဲ႕ဘယ္လိုျပႆနာေတြကိုပဲျဖစ္ျဖစ္ ယခုေလ့က်င့္ခန္းေတြက အေသအခ်ာေျဖရွင္းေပးႏိုင္ပါတယ္။
အလွပဆုံး ခႏၶာကိုယ္ကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ေလ့က်င့္ခန္းတစ္ခုစီကို တစ္မိနစ္စီ ျပဳလုပ္ေပးရပါမယ္။ ဘယ္ဖက္ကို စကၠန္႔သုံးဆယ္ဆိုရင္ ညာဖက္ကိုလည္း စကၠန္႔သုံးဆယ္ လုပ္ေပးရမွာပါ။
ေလ့က်င့္ခန္းအကုန္လုံးကို တစ္ေက်ာ့လုပ္ၿပီးသြားတိုင္း တစ္မိနစ္နားၿပီး ေနာက္ထပ္တစ္ေက်ာ့ကို ျပဳလုပ္ရပါမယ္။ စုစုေပါင္းျပဳလုပ္ရမယ့္ အေက်ာ့က ၃ေက်ာ့ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here