Gym မဆော့ဘဲ Sixpack ထွက်အောင် ပလပ်စတစ်ဆာဂျရီပြုလုပ်မှုများ ဘန်ကောက်မှာ ခေတ်စားလာ

0
1685
Sixpack ရှိတဲ့ ယောကျ်ားလေး
Sixpack ရှိတဲ့ ယောကျ်ားလေး

ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ် ကြံခိုင်ဖို့နဲ့ Body ကို ထိန်သိမ်းတတ်တဲ့ အမျိုးသားတိုင်းမှာ Sixpack ကမရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ Sixpack ရှိတဲ့ ယောကျ်ားလေးတိုင်းဟာ စွဲဆောင်မှုရှိတယ်လို အများက ယူဆထားတဲ့အတွက် Body လှချင်တဲ့ သူအဖို့တော့ ခက်ခက်ခဲခဲနဲ့ Gym ရုံမှာ sixpack ရဖို့ အသည်းအသန်လေ့ကျင့်ခန်းပြုလုပ်ရပါတယ်။ ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ sixpack ရဖို့ အချိန် ၆လ၊ ၇လလောက် စောင့်စရာမလိုဘဲ နာရီပိုင်းလောက် ရယူတဲ့ ခွဲစိတ်မှုနည်းလမ်းတွေရှိနေပါပြီ။

-Advertisement-

ဘန်ကောက်မြို့ Coconuts Website ရဲ့ ဖော်ပြချက်အရ sixpack ရဖို့အတွက်အချိန်က ၂နာရီကနေ ၄နာရီလောက်ပဲ ပေးရပါတယ်လို့ သိရပါတယ်။ ထိုကဲ့သို့ sixpack ရဖို့အတွက် ခွဲစိတ်ပြုပြင်ပေးတဲ့နေရာကတော့ ထိုင်းနိုင်ငံ Dusit ခရိုင်မှရှိတဲ့ Sib Clinic နဲ့ Kamol Cosmetic ဆေးရုံတို့မှာပဲဖြစ်ပါတယ်။

ထိုဆေးရုံရဲ့ ခွဲစိတ်ဆရာဝန် စီအီးအိုရဲ့ ပြောဆိုချက်အရ Sixpack ရရှိဖို့အတွက် ပလက်စတစ်ဆာဂျရီပြုလုပ်နေတာ လွန်ခဲ့တဲ့ သုံးလေး နှစ်ကတည်းကဖြစ်ပြီး တစ်လကို လူဦးရေ ၂၀မှ ၃၀အထိ လာရောက် ခွဲစိတ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကတော့ သိပ့်မသက်သာလှပါဘူး။ တစ်ခါခွဲစိပ်ပြုပြင်ရင် အမေရိကန်ဒေါ်လာ ၃၇၀၀ နှုန်း ကုန်ကျတယ်လို့ ဆိုပါတယ်။ အဆိုပါ ကုသနည်းဟာ ဝမ်းဗိုက်မှာ ရှိတဲ့ အဆီတွေကို စုပ်ထုတ်ပြီး ကုသရတာဖြစ်ပါတယ်။ နာကျင်ပြီး အန္တရာယ်များတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ နာလဲ မကျင်သလို အန္တရာယ်လည်း မဖြစ်စေပါဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပုံမှာပြထားတဲ့ပုံကတော့ သွေးအနည်းငယ်ထွက်တာကိုတွေ့ရမှာဖြစ်ပါတယ်။

ရင်သားခွဲစိတ်မှုမျိုးနဲ့ မတူဘဲ Sixpack ခွဲစိတ်ကုသရာမှာ ဆီလီကွန် လုံးဝ သုံးစွဲထားခြင်း မရှိပါဘူး။ ထိုကဲ့သို့ပြုလုပ်တာတာဟာ ကောင်းလဲ မကောင်းသလို ကြာရှည်လည်း ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါ့ကြောင့် ဒီမှာ လာရောက်ခွဲစိတ်သွားတဲ့ ဖောက်သည်တွေအားလုံးကတော့စိတ်ကျေနပ်မှု အပြည့်အဝရရှိကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူတို့ဆေးရုံဟာ အရေသွေးမြင့်မားတဲ့ ဆေးဝါးတွေ၊ ထုံးဆေးတွေကို အသုံးပြုထားပြီး တရားဝင် လိုင်စင်ရရှိထားတဲ့ ဆေးရုံတစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက မော်ဒယ်တစ်ဦးဖြစ်တဲ့ Ome Pangpaparn ကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ဝမ်းဗိုက်က အဆီတွတွေကို ဖယ်ရှားပေမဲ့ လိုချင်တဲ့ပုံစံမျိုးမရရှိတာကြောင့် သူလိုချင်တဲ့ Sixpack ပုံစံမျိုးရရှိအောင် ခွဲစိတ်ကုသမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ အခုလို ခွဲစိတ်ပြီးမှ ရရှိလာတယ်ဆိုတဲ့ Sixpack ကို ဘယ်လိုပုံစံမျိုးနဲ့ ရရှိလာတယ်ဆိုတာ ထုတ်ဖော်ပြောပြဖို့လည်း ရှက်ကြောက်တဲ့စိတ် လုံးဝ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

(သင့်အနေနဲ့ရော အခုလို ခွဲစိတ်ကုသမှုနည်းတွေနဲ့ Sixpack ရရှိအောင် ပြုလုပ်တဲ့အပေါ် ဘယ်လိုမြင်လဲ။ ကောင်းလား မကောင်းဘူးလားဆိုတာ အောက်က comment မှာ ဝင်ရောက်ဝေဖန်နိုင်ပါတယ်နော်။)

#Lifestyle_Myanmar

#Thar_Nage

အိပ်စက်မှု ပြဿနာအားလုံး အဝေးရောက်သွားစေမယ့် သိပ္ပံနည်းကျနည်းလမ်း(၉)ခု

Zawgyi fonts

Gym မေဆာ့ဘဲ Sixpack ထြက္ေအာင္ ပလပ္စတစ္ဆာဂ်ရီျပဳလုပ္မွုမ်ား ဘန္ေကာက္မွာ ေခတ္စားလာ
က်န္းမာေရးလိုက္စားၿပီး ခႏၶာကိုယ္ ႀကံခိုင္ဖို႔နဲ႔ Body ကို ထိန္သိမ္းတတ္တဲ့ အမ်ိဳးသားတိုင္းမွာ Sixpack ကမရွိမျဖစ္လိုအပ္တဲ့ အရာတစ္ခုပဲျဖစ္ပါတယ္။ Sixpack ရွိတဲ့ ေယာက်္ားေလးတိုင္းဟာ စြဲေဆာင္မွုရွိတယ္လို အမ်ားက ယူဆထားတဲ့အတြက္ Body လွခ်င္တဲ့ သူအဖို႔ေတာ့ ခက္ခက္ခဲခဲနဲ႔ Gym ႐ုံမွာ sixpack ရဖို႔ အသည္းအသန္ေလ့က်င့္ခန္းျပဳလုပ္ရပါတယ္။ ဒါေပမဲ့ ယခုေနာက္ပိုင္းမွာေတာ့ sixpack ရဖို႔ အခ်ိန္ ၆လ၊ ၇လေလာက္ ေစာင့္စရာမလိုဘဲ နာရီပိုင္းေလာက္ ရယူတဲ့ ခြဲစိတ္မွုနည္းလမ္းေတြရွိေနပါၿပီ။

ဘန္ေကာက္ၿမိဳ႕ Coconuts Website ရဲ့ ေဖာ္ျပခ်က္အရ sixpack ရဖို႔အတြက္အခ်ိန္က ၂နာရီကေန ၄နာရီေလာက္ပဲ ေပးရပါတယ္လို႔ သိရပါတယ္။ ထိုကဲ့သို႔ sixpack ရဖို႔အတြက္ ခြဲစိတ္ျပဳျပင္ေပးတဲ့ေနရာကေတာ့ ထိုင္းနိုင္ငံ Dusit ခရိုင္မွရွိတဲ့ Sib Clinic နဲ႔ Kamol Cosmetic ေဆး႐ုံတို႔မွာပဲျဖစ္ပါတယ္။

ထိုေဆး႐ုံရဲ့ ခြဲစိတ္ဆရာဝန္ စီအီးအိုရဲ့ ေျပာဆိုခ်က္အရ Sixpack ရရွိဖို႔အတြက္ ပလက္စတစ္ဆာဂ်ရီျပဳလုပ္ေနတာ လြန္ခဲ့တဲ့ သုံးေလး ႏွစ္ကတည္းကျဖစ္ၿပီး တစ္လကို လူဦးေရ ၂၀မွ ၃၀အထိ လာေရာက္ ခြဲစိတ္ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ကုန္က်စရိတ္ကေတာ့ သိပ့္မသက္သာလွပါဘူး။ တစ္ခါခြဲစိပ္ျပဳျပင္ရင္ အေမရိကန္ေဒၚလာ ၃၇၀၀ ႏွုန္း ကုန္က်တယ္လို႔ ဆိုပါတယ္။ အဆိုပါ ကုသနည္းဟာ ဝမ္းဗိုက္မွာ ရွိတဲ့ အဆီေတြကို စုပ္ထုတ္ၿပီး ကုသရတာျဖစ္ပါတယ္။ နာက်င္ၿပီး အႏၲရာယ္မ်ားတယ္လို႔ ထင္ရေပမဲ့ တကယ္တမ္းေတာ့ နာလဲ မက်င္သလို အႏၲရာယ္လည္း မျဖစ္ေစပါဘူးလို႔ ဆိုပါတယ္။ ဒါေပမဲ့ ပုံမွာျပထားတဲ့ပုံကေတာ့ ေသြးအနည္းငယ္ထြက္တာကိုေတြ႕ရမွာျဖစ္ပါတယ္။

ရင္သားခြဲစိတ္မွုမ်ိဳးနဲ႔ မတူဘဲ Sixpack ခြဲစိတ္ကုသရာမွာ ဆီလီကြန္ လုံးဝ သုံးစြဲထားျခင္း မရွိပါဘူး။ ထိုကဲ့သို႔ျပဳလုပ္တာတာဟာ ေကာင္းလဲ မေကာင္းသလို ၾကာရွည္လည္း ခံမွာမဟုတ္ဘူးလို႔ဆိုပါတယ္။ ဒါ့ေၾကာင့္ ဒီမွာ လာေရာက္ခြဲစိတ္သြားတဲ့ ေဖာက္သည္ေတြအားလုံးကေတာ့စိတ္ေက်နပ္မွု အျပည့္အဝရရွိၾကတယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ သူတို႔ေဆး႐ုံဟာ အေရေသြးျမင့္မားတဲ့ ေဆးဝါးေတြ၊ ထုံးေဆးေတြကို အသုံးျပဳထားၿပီး တရားဝင္ လိုင္စင္ရရွိထားတဲ့ ေဆး႐ုံတစ္ခုပဲျဖစ္တယ္လို႔ ဆိုပါတယ္။

ထိုင္းနိုင္ငံက ေမာ္ဒယ္တစ္ဦးျဖစ္တဲ့ Ome Pangpaparn ကေတာ့ ပုံမွန္ေလ့က်င့္ခန္းလုပ္ၿပီး ဝမ္းဗိုက္က အဆီတြေတြကို ဖယ္ရွားေပမဲ့ လိုခ်င္တဲ့ပုံစံမ်ိဳးမရရွိတာေၾကာင့္ သူလိုခ်င္တဲ့ Sixpack ပုံစံမ်ိဳးရရွိေအာင္ ခြဲစိတ္ကုသမွုေတြျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔ အခုလို ခြဲစိတ္ၿပီးမွ ရရွိလာတယ္ဆိုတဲ့ Sixpack ကို ဘယ္လိုပုံစံမ်ိဳးနဲ႔ ရရွိလာတယ္ဆိုတာ ထုတ္ေဖာ္ေျပာျပဖို႔လည္း ရွက္ေၾကာက္တဲ့စိတ္ လုံးဝ မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

(သင့္အေနနဲ႔ေရာ အခုလို ခြဲစိတ္ကုသမွုနည္းေတြနဲ႔ Sixpack ရရွိေအာင္ ျပဳလုပ္တဲ့အေပၚ ဘယ္လိုျမင္လဲ။ ေကာင္းလား မေကာင္းဘူးလားဆိုတာ ေအာက္က comment မွာ ဝင္ေရာက္ေဝဖန္နိုင္ပါတယ္ေနာ္။)

LEAVE A REPLY

Please enter your comment!
Please enter your name here