အမျိုးသားတွေအနေနဲ့ ခန္ဓာကိုယ်ကြွက်သားတွေ တောင့်တင်းသန်မာအောင် Gym ကစား တတ်ကြပြီး အမျိုးသမီးတွေကျတော့လည်း အဆီပိုတွေမရှိဘဲ သွယ်လျလှပတဲ့ခန္ဓာကိုယ်အချိုးအစားကို ရရှိဖို့အတွက် Gym ကစားကြတာဖြစ်ပါတယ်။ ဒီလိုအားကစားပြုလုပ်တဲ့အခါမှာ တချို့က အကျိုးရလဒ်ကောင်းတွေရရှိပြီး တချို့တော့ အချည်းနှီးဖြစ်သွားတတ်တာကို တွေ့ရပါလိမ့်မယ်။ Gym ကစားတဲ့အခါမှာ အကျိုးရလဒ်ကောင်းအောင် ဘယ်လိုနည်းလမ်းတွေ လိုအပ်ပါသလဲ။
Gym မှာ လေ့ကျင့်ခန်းပြုလုပ်တာကြာချိန်
Gym ကစားတဲ့အခါမှာ ရလဒ်ကောင်းတွေပေါ်ထွက်နိုင်ဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ဘယ်လောက်ကြာအောင် ကစားသလဲဆိုတဲ့ ကြာချိန်ပေါ် မူတည်ပါတယ်။ အချိန်များများပေးနိုင်လေ ရလဒ်ကောင်းရဖို့ နီးစပ်လေပဲဖြစ်ပါတယ်။

နည်းစနစ်တကျလုပ်ဆောင်မှု
Gym ကစားတဲ့အခါ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့အတွက် နည်းစနစ်တကျ လေ့ကျင့်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ နည်းစနစ်မကျတဲ့အခါ အချိန်ကုန်၊ လူပင်ပန်းဖြစ်ရပြီး မျှော်လင့်ထားသလို ခန္ဓာကိုယ်အချိုးအစားလည်း ရရှိနိုင်ဖို့မလွယ်ကူပါဘူး။

စိတ်ဝင်စားအာရုံစိုက်မှု
သင့်ရဲ့အာရုံစူးစိုက်မှုနဲ့ Gym အပေါ် စိတ်ဝင်စားမှုဟာလည်း ရလဒ်ကောင်းရမရ ဆိုတဲ့အချက်ကို များစွာအထောက်အကူ ပြုစေနိင်ပါတယ်။ ဂရုတစိုက်အာရုံထားပြီး လေ့ကျင့်ပေးမယ်ဆိုရင် ရလဒ်ကောင်းတွေ ရရှိလာမှာပဲဖြစ်ပါတယ်။

မှန်ကန်တဲ့အစားအသောက်
Gym ကစားနေတဲ့ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဟာ နေ့စဉ်အစားအသောက်တွေအပေါ်မှာလည်း ဂရုပြုရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဆောင်နေပြီး မှန်ကန်တဲ့အစားအသောက်ကို ရွေးချယ်စားသုံးမပေးဘူးဆိုရင် ရလဒ်ကောင်းတွေ ရနိုင်မှာမဟုတ်ပါဘူး။

Lifestyle_Myanmar
ref-self.com