Goblin ဇာတ္ေကာင္နဲ႔ တူေအာင္ မ်က္ႏွာကို ေဒၚလာ ၄သိန္းခြဲအကုန္က်ခံၿပီး ခြဲစိတ္ျပဳျပင္ခဲ့တဲ့ အမ်ိဳးသား

0
3522
Goblin ဇာတ္ေကာင္
Goblin ဇာတ္ေကာင္

ခြဲစိတ္ျပဳျပင္မႈေတြကို ယခုေခတ္မွာ အမ်ိဳးသမီးေတြပါမက အမ်ိဳးသားေတြကပါ ခြဲစိတ္ျပဳျပင္မႈေတြျပဳလုပ္လာၾကပါတယ္။ အခုလည္း အာဂ်င္တီနားၿမိဳ႕ေတာ္မွာေနထိုသူ အသက္ ၂၅ႏွစ္အရြယ္ Luis Padron ဆိုတဲ့ ေကာင္ေလးဟာ ပင္ကိုယ္လွပတဲ့မ်က္ႏွာကိုေဒၚလာ ၄သိန္းခြဲအကုန္က်ခံၿပီး Goblin ဇာတ္ေကာင္နဲ႔တူေအာင္ ေတာင္ကိုရီးယားမွာသြားေရာက္ ခြဲစိတ္ျပဳျပင္ခဲ့ပါတယ္။ သူ႔ရဲ႕ ေျပာင္းလဲခြဲစိတ္မႈဟာ လူမႈကြန္ယက္ေပၚမွာေတာ့ မ်ားစြာေသာလူေတြရဲ႕ စိတ္ဝင္စားခ်င္းကို ခံခဲ့ရပါတယ္။

Goblin ကဲ့သို႔ နားရြက္ခၽြန္ခၽြန္၊ မ်က္လုံးအိမ္ႀကီးႀကီး ပုံစံမ်ိဳးရရွိေအာင္ နားရြက္၊ ႏွာေခါင္း၊ မ်က္လုံး၊ ေမး႐ိုး အားလုံးကို ခြဲစိတ္ျပဳျပင္ခဲ့ရပါတယ္။ ကေလးဘဝက သူငယ္ခ်င္းအခ်ိဳ႕ရဲ႕ ေလွာင္ေျပာင္ေႏွာက္ယွက္ျခင္းကို ခံခဲ့ရတာေၾကာင့္ အခုအခါသူ႔ကိုသူဒ႑ာရီလာနတ္ဘုရားတစ္ေယာက္လို အေကာင္းဆုံးဇာတ္ေကာင္ကို ေရြးခ်ယ္ၿပီး ခြဲစိတ္ျပဳျပင္ခဲ့တာျဖစ္ပါတယ္။

ခြဲစိတ္ၿပီးစီးသြားတဲ့အခ်ိန္မွာလည္း သူ႔ရဲ႕ ဝတ္စားဆင္ယင္မႈကအစ Goblin တစ္ေယာက္လို ဝတ္စားဆင္ယင္ခဲ့ပါတယ္။ အားလုံးခြဲစိတ္ျပဳျပင္ၿပီးတဲ့အခါမွာေတာ့ သူ႔ရဲ႕ ပုံစံကို သူကိုယ္တိုင္ေက်နပ္မႈရွိခဲ့ပါတယ္။ ေနာက္ထပ္ ၾကြက္သားေတြ ျဖည့္စြက္ဖို႔ ဒါမွမဟုတ္ နံ႐ိုးေတြ ျဖတ္ထုတ္ဖို႔ ခြဲစိတ္ျပဳျပင္မႈေတြ ဆက္လက္လုပ္ဖို႔လည္း အစီအစဥ္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ေခၽြးနံ႔၊ ကိုယ္နံ႔၊ ပါးစပ္နံ႔အရမ္းျပင္းေနတဲ့သူေတြ အစားထုိး စားသုံးသင့္တဲ့အစားအစာ

Unicode

Goblin ဇာတ်ကောင်နဲ့ တူအောင် မျက်နှာကို ဒေါ်လာ ၄သိန်းခွဲအကုန်ကျခံပြီး ခွဲစိတ်ပြုပြင်ခဲ့တဲ့ အမျိုးသား
ခွဲစိတ်ပြုပြင်မှုတွေကို ယခုခေတ်မှာ အမျိုးသမီးတွေပါမက အမျိုးသားတွေကပါ ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်လာကြပါတယ်။ အခုလည်း အာဂျင်တီနားမြို့တော်မှာနေထိုသူ အသက် ၂၅နှစ်အရွယ် Luis Padron ဆိုတဲ့ ကောင်လေးဟာ ပင်ကိုယ်လှပတဲ့မျက်နှာကိုဒေါ်လာ ၄သိန်းခွဲအကုန်ကျခံပြီး Goblin ဇာတ်ကောင်နဲ့တူအောင် တောင်ကိုရီးယားမှာသွားရောက် ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ သူ့ရဲ့ ပြောင်းလဲခွဲစိတ်မှုဟာ လူမှုကွန်ယက်ပေါ်မှာတော့ များစွာသောလူတွေရဲ့ စိတ်ဝင်စားချင်းကို ခံခဲ့ရပါတယ်။

Goblin ကဲ့သို့ နားရွက်ချွန်ချွန်၊ မျက်လုံးအိမ်ကြီးကြီး ပုံစံမျိုးရရှိအောင် နားရွက်၊ နှာခေါင်း၊ မျက်လုံး၊ မေးရိုး အားလုံးကို ခွဲစိတ်ပြုပြင်ခဲ့ရပါတယ်။ ကလေးဘဝက သူငယ်ချင်းအချို့ရဲ့ လှောင်ပြောင်နှောက်ယှက်ခြင်းကို ခံခဲ့ရတာကြောင့် အခုအခါသူ့ကိုသူဒဏ္ဍာရီလာနတ်ဘုရားတစ်ယောက်လို အကောင်းဆုံးဇာတ်ကောင်ကို ရွေးချယ်ပြီး ခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပါတယ်။

ခွဲစိတ်ပြီးစီးသွားတဲ့အချိန်မှာလည်း သူ့ရဲ့ ဝတ်စားဆင်ယင်မှုကအစ Goblin တစ်ယောက်လို ဝတ်စားဆင်ယင်ခဲ့ပါတယ်။ အားလုံးခွဲစိတ်ပြုပြင်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ ပုံစံကို သူကိုယ်တိုင်ကျေနပ်မှုရှိခဲ့ပါတယ်။ နောက်ထပ် ကြွက်သားတွေ ဖြည့်စွက်ဖို့ ဒါမှမဟုတ် နံရိုးတွေ ဖြတ်ထုတ်ဖို့ ခွဲစိတ်ပြုပြင်မှုတွေ ဆက်လက်လုပ်ဖို့လည်း အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here