Ghibli ကာတြန္းရုပ္ရွင္ခ်စ္ျမတ္ႏိုးသူေတြအတြက္၂၀၂၂ခုႏွစ္မွာဖြင့္လွစ္မွာျဖစ္တဲ့ Studio Ghibli အပန္းေျဖဥယ်ာဥ္

0
2140

ဂ်ပန္ႏိုင္ငံရဲ႕ထိပ္တန္း Animation Studio ျဖစ္တဲ့ Studio Ghibli ကထြက္ရွိတဲ့ ကာတြန္းရုပ္ရွင္ေလးေတြကို ၾကည့္ဖူးၾကမယ္ ထင္ပါတယ္။ နာမည္ႀကီးဂ်ပန္ကာတြန္းရုပ္ရွင္ရဲ႕ ေမွာ္ကမာၻေလးက ေနာက္ဆံုးမွာ တကယ့္လက္ေတြ႕ဘဝျဖစ္လာမွာကို ၾကားရရင္ Hayao Miyazaki ရဲ႕ဖန္ေတြကေတာ့ ရင္ဖိုေနမွာ အမွန္ပါပဲ။
Hayao Miyazaki ဆိုတာ ကမာၻေပၚမွာ နာမည္အႀကီးဆံုးကာတြန္းေတြကို ဖန္တီးတဲ့ Studio Ghibli ရဲ႕ေနာက္ကြယ္က စီစဥ္ညြန္ၾကားသူတစ္ေယာက္ျဖစ္ပါတယ္။ ေအာ္စကာဆုရရွိတဲ့ ‘Spirited Away’ or ‘My Neighbour Totoro.’ ကဲ့သို႔ စတူဒီယိုရဲ႕လက္ရာအခ်ိဳ႕ကို သင္ၾကည့္ဖူးေကာင္း ၾကည့္ဘူးပါလိမ့္မယ္။ ဒီအပန္းေျဖဥယ်ာဥ္ကို ၂၀၂၂ မွာ အမ်ားျပည္သူအတြက္ ဖြင့္လွစ္ဖို႔ သတ္မွတ္ထားပါတယ္။ ေဒသအစိုးရရဲ႕ ေျပာၾကားခ်က္အရ Nagakute ၿမိဳ႕က အာခီအထိမ္းအမွတ္ပန္းၿခံရဲ႕ ေျမျပင္ေပၚမွာ တည္ေဆာက္မွာ ျဖစ္ပါတယ္။

Youth Hill Area

ပန္းၿခံက 2005ခုႏွစ္တုန္းက ကမာၻ႔ကုန္စည္ျပပြဲအတြက္ ဆုိဒ္အျဖစ္အသံုးျပဳခဲ့တဲ့ ဧက ၅၀၀မွာ ျဖစ္ပါတယ္။ ဧည့္သည္ေတြကို သဘာဝအလွအပေတြ ခံစားရေစဖို႔ စတူဒီယို Ghibli ကယူေဆာင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ပန္းၿခံမွာ 2005ခုႏွစ္ကမာၻ႔ကုန္စည္ျပပြဲအတြက္ တည္ေဆာက္ခဲ့တဲ့ ‘My Neighbor Totoro,’ကေန ပံုစံတူအိမ္ ရွိထားၿပီးသား ျဖစ္ပါတယ္။

Ghibli Large Warehouse Area

ေဒသအစိုးရရဲ႕ ေျပာၾကားခ်က္အရ ပန္းၿခံကို အသံုးမျပဳဘဲထားတဲ့ ေျမနဲ႔ လက္ရွိအေဆာက္အဦးေတြကို အက်ိဳးရွိိရွိ အသံုးျပဳမွာျဖစ္သလို သဘာဝ ပတ္ဝန္းက်င္ကို မထိခိုက္ေစဘဲ တည္ေဆာက္ဖို႔ ရည္ရြယ္ထားပါတယ္။

Witches’ Valley Area

အပန္းေျဖပန္းၿခံဟာ စတူဒီယိုရုပ္ရွင္ေတြမွာ မၾကာခဏပါဝင္တဲ့ ဥေရာပစတုိင္ အုတ္အေဆာက္အဦးဒီဇိုင္းေတြ ပါဝင္မွာျဖစ္ပါတယ္။
ဥပမာ- ‘Howl’s Moving Castle’က အေဆာက္အဦးနဲ႔ဆင္တူ အဓိကဂိတ္ေပါက္ေတြ ပါဝင္မွာ ျဖစ္ပါတယ္။ ပန္းၿခံကို Youth Hill ၊ Ghibli အႀကီးစား ဂိုေဒါင္၊ မိုႏိုႏိုကီရဲ႕ေက်းရြာ၊ Dondoko သစ္ေတာနဲ႔ စုန္းမခ်ိဳင့္ဝွမ္း ဆိုၿပီး ေနရာငါးေနရာ ပိုင္းျခားထားမွာ ျဖစ္ပါတယ္။

စတူဒီယို Ghibli ရဲ႕ပန္းၿခံမွာ အပန္းေျဖေနရာေတြ၊ ျပဇာတ္ရံုေတြ၊ ျပခန္းေနရာလပ္မ်ားႏွင့္အတူ Ghibli ဂိုေဒါင္ႀကီးတစ္ခုႏွင့္ ‘Whisper of the Heart’ ကာတြန္းရုပ္ရွင္ထဲက ေရွးဟာင္းပစၥည္းဆိုင္ကို အပန္းေျဖ feature တစ္ခုအျဖစ္လည္း ထည့္သြင္းမွာ ျဖစ္ပါတယ္။

Mononoke’s Village Area

စတူဒီယိုရဲ႕ အန္နီေမးရွင္းေတြျဖစ္တဲ့ (ပင့္ကူႏွင့္တျခားသတၱဝါမ်ား) ရုပ္ထုေတြကို ပန္းၿခံတစ္ေလွ်ာက္မွာ ထားရွိမွာ ျဖစ္ပါတယ္။

အဆိုပါပန္းၿခံဟာ တိုက်ိဳမွာ 2001ခုႏွစ္က ဖြင့္လွစ္ခဲ့တဲ့ Ghibli ျပတိုက္ရဲ႕ေအာက္ျမင္မႈ ေနာက္ကိုလိုက္ဖို႔ ေမွ်ာ္လင့္ရပါတယ္။ ျပတိုက္မွာ ျပပြဲေနရာေတြ၊ ကေလးေတြေလ့လာဖို႔ အေဆာက္အဦးေတြနဲ႔ ျပဇာတ္ရံုတစ္ရံု ပါဝင္ပါတယ္။

Dondoko Forest Area

ေဒသဆိုင္ရာအစိုးရက စီမံကိန္းရဲ႕ ကုန္က်စရိတ္ႏွင့္ပတ္သတ္ၿပီး မေသခ်ာေသးဘူးလို႔ ဆိုပါတယ္။ ဗိသုကာေတြကလည္း အတည္မျပဳရေသးပါဘူး။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

Unicode

Ghibli ကာတွန်းရုပ်ရှင်ချစ်မြတ်နိုးသူတွေအတွက်၂၀၂၂ခုနှစ်မှာဖွင့်လှစ်မှာဖြစ်တဲ့ Studio Ghibli အပန်းဖြေဥယျာဉ်
ဂျပန်နိုင်ငံရဲ့ထိပ်တန်း Animation Studio ဖြစ်တဲ့ Studio Ghibli ကထွက်ရှိတဲ့ ကာတွန်းရုပ်ရှင်လေးတွေကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ နာမည်ကြီးဂျပန်ကာတွန်းရုပ်ရှင်ရဲ့ မှော်ကမ္ဘာလေးက နောက်ဆုံးမှာ တကယ့်လက်တွေ့ဘဝဖြစ်လာမှာကို ကြားရရင် Hayao Miyazaki ရဲ့ဖန်တွေကတော့ ရင်ဖိုနေမှာ အမှန်ပါပဲ။
Hayao Miyazaki ဆိုတာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးကာတွန်းတွေကို ဖန်တီးတဲ့ Studio Ghibli ရဲ့နောက်ကွယ်က စီစဉ်ညွန်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ အော်စကာဆုရရှိတဲ့ ‘Spirited Away’ or ‘My Neighbour Totoro.’ ကဲ့သို့ စတူဒီယိုရဲ့လက်ရာအချို့ကို သင်ကြည့်ဖူးကောင်း ကြည့်ဘူးပါလိမ့်မယ်။ ဒီအပန်းဖြေဥယျာဉ်ကို ၂၀၂၂ မှာ အများပြည်သူအတွက် ဖွင့်လှစ်ဖို့ သတ်မှတ်ထားပါတယ်။ ဒေသအစိုးရရဲ့ ပြောကြားချက်အရ Nagakute မြို့က အာခီအထိမ်းအမှတ်ပန်းခြံရဲ့ မြေပြင်ပေါ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ပန်းခြံက 2005ခုနှစ်တုန်းက ကမ္ဘာ့ကုန်စည်ပြပွဲအတွက် ဆိုဒ်အဖြစ်အသုံးပြုခဲ့တဲ့ ဧက ၅၀၀မှာ ဖြစ်ပါတယ်။ ဧည့်သည်တွေကို သဘာဝအလှအပတွေ ခံစားရစေဖို့ စတူဒီယို Ghibli ကယူဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။
ပန်းခြံမှာ 2005ခုနှစ်ကမ္ဘာ့ကုန်စည်ပြပွဲအတွက် တည်ဆောက်ခဲ့တဲ့ ‘My Neighbor Totoro,’ကနေ ပုံစံတူအိမ် ရှိထားပြီးသား ဖြစ်ပါတယ်။
ဒေသအစိုးရရဲ့ ပြောကြားချက်အရ ပန်းခြံကို အသုံးမပြုဘဲထားတဲ့ မြေနဲ့ လက်ရှိအဆောက်အဦးတွေကို အကျိုးရှိိရှိ အသုံးပြုမှာဖြစ်သလို သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။
အပန်းဖြေပန်းခြံဟာ စတူဒီယိုရုပ်ရှင်တွေမှာ မကြာခဏပါဝင်တဲ့ ဥရောပစတိုင် အုတ်အဆောက်အဦးဒီဇိုင်းတွေ ပါဝင်မှာဖြစ်ပါတယ်။
ဥပမာ- ‘Howl’s Moving Castle’က အဆောက်အဦးနဲ့ဆင်တူ အဓိကဂိတ်ပေါက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ပန်းခြံကို Youth Hill ၊ Ghibli အကြီးစား ဂိုဒေါင်၊ မိုနိုနိုကီရဲ့ကျေးရွာ၊ Dondoko သစ်တောနဲ့ စုန်းမချိုင့်ဝှမ်း ဆိုပြီး နေရာငါးနေရာ ပိုင်းခြားထားမှာ ဖြစ်ပါတယ်။
စတူဒီယို Ghibli ရဲ့ပန်းခြံမှာ အပန်းဖြေနေရာတွေ၊ ပြဇာတ်ရုံတွေ၊ ပြခန်းနေရာလပ်များနှင့်အတူ Ghibli ဂိုဒေါင်ကြီးတစ်ခုနှင့် ‘Whisper of the Heart’ ကာတွန်းရုပ်ရှင်ထဲက ရှေးဟာင်းပစ္စည်းဆိုင်ကို အပန်းဖြေ feature တစ်ခုအဖြစ်လည်း ထည့်သွင်းမှာ ဖြစ်ပါတယ်။
စတူဒီယိုရဲ့ အန်နီမေးရှင်းတွေဖြစ်တဲ့ (ပင့်ကူနှင့်တခြားသတ္တဝါများ) ရုပ်ထုတွေကို ပန်းခြံတစ်လျှောက်မှာ ထားရှိမှာ ဖြစ်ပါတယ်။
အဆိုပါပန်းခြံဟာ တိုကျိုမှာ 2001ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ Ghibli ပြတိုက်ရဲ့အောက်မြင်မှု နောက်ကိုလိုက်ဖို့ မျှော်လင့်ရပါတယ်။ ပြတိုက်မှာ ပြပွဲနေရာတွေ၊ ကလေးတွေလေ့လာဖို့ အဆောက်အဦးတွေနဲ့ ပြဇာတ်ရုံတစ်ရုံ ပါဝင်ပါတယ်။
ဒေသဆိုင်ရာအစိုးရက စီမံကိန်းရဲ့ ကုန်ကျစရိတ်နှင့်ပတ်သတ်ပြီး မသေချာသေးဘူးလို့ ဆိုပါတယ်။ ဗိသုကာတွေကလည်း အတည်မပြုရသေးပါဘူး။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here