Home Funny Game Of Throne ထဲက သံပုလ္လင်ကို ကြောင်အိပ်ဖို့အတွက် စက္ကူပုံးခွံနဲ့ တည်ဆောက်ပေးခဲ့သူ

Game Of Throne ထဲက သံပုလ္လင်ကို ကြောင်အိပ်ဖို့အတွက် စက္ကူပုံးခွံနဲ့ တည်ဆောက်ပေးခဲ့သူ

0
0

Elly မှာအသက် ၁၇နှစ်ရှိပြီဖြစ်တဲ့ Authur လို့ခေါ်တဲ့ ဝတုတ်တုတ်ကြောင်တစ်ကောင်ရှိပြီး သူမရဲ့ကြောင်အတွက် အိပ်ရာအဖြစ် ဖိနပ်ထည့်တဲ့စက္ကူဗူးခွံကို အသုံးပြုပြီး Game Of Throne ထဲက သံပုလ္လင်ကိုပြုလုပ်ခဲ့လို့ အင်တာနက်ပေါ်မှာ လူကြိုက်များနေခဲ့ပါတယ်။

သူမပြုလုပ်ခဲ့တဲ့ သံပုလ္လင်အိပ်ရာကို ဝတုတ် Authur ကအရမ်းနှစ်သက်ပြီး အဲ့ဒီ့ပေါ်မှာပဲ အမြဲနေကြောင်း သူမကပြောပါတယ်။

အခုဆိုရင် Authur ဟာ ခုနှစ်ပြည်ထောင်ကို အုပ်ချုပ်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဓါတ်ပုံနဲ့တကွ သူမကဆိုရှယ်မီဒီယာမှာတင်ခဲ့လို့ လူတွေသဘောကျခဲ့ပါတယ်။

အနက်ရောင်ဆေးသုတ်ပြီး အခြောက်ခံထားစဉ်

#LM_Naung_Naung #Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here