Friend zone ကနေ လွတ်မြောက်ပြီး သူငယ်ချင်းအချစ်ထက် ပိုလာစေဖို့အတွက် နည်းလမ်း

0
112

အနေနီးတာကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ သူ့ကို သူငယ်ချင်းတစ်ယောက်ထက် ပိုချစ်လာမိတယ် ဆိုတာကို ဝန်ခံချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဖက်က အရိပ်အယောင်ပြလိုက်တိုင်း သူငယ်ချင်းဆိုတဲ့ အကြောင်းပြချက်နဲ့ သူကကြိုတင်ရှောင်သွားတတ်လို့ ရှေ့ဆက်တိုးမယ့် ခြေလှမ်းတွေလည်း အားလျော့နေပါပြီ။ ဒီလိုအခြေအနေမျိုးကို သင့်ဘဝမှာ ကြုံချင်ကြုံဖူးနိုင်ပါတယ်။ ကိုယ့်ဖက်က မရိုးသားတဲ့စိတ်ကို ဖုံးကွယ်ဖို့ ကြိုးစား၍သော်လည်ကောင်း၊ ကိုယ်ကဖွင့်ပြောပေမယ့် သူ့ဖက်ကငြင်းခဲ့ပြီး အရင်လိုသူငယ်ချင်းလိုပဲ နေဖို့ပြောနေမယ်ဆိုရင် ဒါဟာ သင့်အတွက် friend zone ထဲကျရောက်နေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

-Advertisement-

ဒီလိုအခြေအနေကနေ လွတ်မြောက်နိုင်ဖို့ဆိုရင် ယခုဖော်ပြမယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ကြိုးစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ friend zone ဆိုတဲ့နေရာဟာ ကိုယ်ချစ်တဲ့သူနဲ့ နီးလျှက်ဝေးနေပြီး ကျွန်တော်တို့ ရှင်သန်ဖို့ သိပ်မလွယ်ကူတဲ့ နေရာဖြစ်နေလို့ပါပဲ။

၁။ စိတ်ဝင်စားမှု လျှော့ချပေးပါ
အရင်တုန်းကဆိုရင် သူငယ်ချင်းလို နေလာတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုဆက်ဆံခဲ့ပါလိမ့်မယ်။ ဒါပေမယ့် သင်က သူငယ်ချင်းထက်ပိုပြီး သူ့ဆီကမျှော်လင့်လာတဲ့အခါ အရင်လို balance ဖြစ်တဲ့ relationship ကနေ balance မဖြစ်တော့တဲ့ relationship အဖြစ်သို့ ပြောင်းလဲလာပါတယ်။ သင်ကိုယ်တိုင်လည်း သူ့အပေါ် ပိုပြီး ဂရုစိုက်တန်ဖိုးထားလာပါလိမ့်မယ်။ ဒါပေမယ့် သင်သတိထားရမှာက သူငယ်ချင်းထက်ပိုတဲ့အချစ်ကို လိုချင်ရင် သူငယ်ချင်းလိုပေါင်းသင်းရာကနေ ချဉ်းကပ်လို့ မရနိုင်ဘူးဆိုတာကိုပါပဲ။ ဒါ့ကြောင့် သူနဲ့အရင်လိုပိုနီးကပ်ဖို့ကြိုးစားရင်း သူ့အချစ်ကိုမျှော်မှန်းတာထက် သင့်ရဲ့စိတ်ဝင်စားမှုကို နည်းနည်းလောက်လျှော့ချပြီး သူငယ်ချင်းထက် ပိုဝေးတဲ့နေရာကနေ ပြန်လည်ကြိုးစားခြင်းက သင့်ကို friend zone ကနေလွတ်မြောက်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

၂။ ရှောင်နိုင်ဖို့ ကြိုးစားပါ
လူရဲ့သဘာဝဟာ ကိုယ့်မှာရှိနေတဲ့ အရာတွေအပေါ် တန်ဖိုးထားမှုနည်းတတ်ပြီး ကိုယ့်မှာမရှိတောတဲ့ အချိန်ကြမှ တန်ဖိုးကိုပိုပြီး သိလာတတ်ပါတယ်။ သင်နဲ့သူဟာ သူငယ်ချင်းတွေ ဖြစ်ကြတဲ့အတွက် သင့်ဆီက ယုံကြည်မှု၊ အချိန်ပေးမှု၊ ဂရုစိုက်မှု၊ နားလည်မှုတွေကို သူကအလိုလိုရနေတဲ့အတွက် သင့်ရဲ့တန်ဖိုးတွေကို သူသိပ်ပြီး သတိထားမိမှာ မဟုတ်ပါဘူး။ တကယ်လို့သာ သင်ကရုတ်တရက် သူ့ကိုရှောင်လာပြီး အရင်ကထက်ဝေးအောင် နေမယ်ဆိုရင် သူ့ရဲ့ဆုံးရှုံးမှုအပေါ် ပိုပြီး ခံစားလာရသလို သင်နဲ့အရင်လိုပြန်နီးဖို့ ကြိုးစားလာပါလိမ့်မယ်။ ဒီလိုအချိန်ရောက်မှ သူ့အချစ်ကိုရရှိဖို့ ပြန်လည်ကြိုးစားမယ်ဆိုရင် ရလာဒ်ဟာ ကောင်းတဲ့ဆန့်ကျင်ဖက်ကို ရောက်လာဖို့ အခွင့်အရေးပိုများပါတယ်။

၃။ ပြိုင်ပွဲအချို့ကို ဖန်တီးပါ
ပြိုင်ဆိုင်ခြင်းနဲ့ အနာလိုမှုဟာ သင့်တို့ရဲ့ relationship ကိုပိုတိုးတက်စေလာမယ့် နည်းလမ်းတစ်ခုဖြစ်ချင် ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သင်ချစ်နေတဲ့ သူငယ်ချင်းဟာ မိန်းကလေးဆိုရင် အခြားမိန်းကလေးသူငယ်ချင်း အသစ်တွေထပ်ရှာပါ။ ပြီးရင် သူငယ်ချင်းအသစ်တွေရဲ့အကြောင်းကို သူမအားမကြာခဏပြောပြပါ။ တကယ်လို့သာ သင်ကသူငယ်ချင်းအသစ်တွေနဲ့ပဲ အလုပ်များနေမယ်ဆိုရင် သင့်အပေါ်သူက ပိုအာရုံစိုက်မှု၊ မနာလိုမှု၊ သင်နဲ့အချိန်ပိုရဖို့နဲ့ ယှဉ်ပြိုင်လိုမှုတွေ သူ့စိတ်မှာ ဖြစ်ပေါ်လာစေပါတယ်။ ကံကောင်းရင်တော့ သူ့ရဲ့မသိစိတ်မှာဖုံးကွယ်နေတတ်တဲ့ သင့်အပေါ်အချစ်တွေ အလိုလိုပေါ်လာပါလိမ့်မယ်။ သူ့ဖက်က မနာလိုမှုတစ်စုံတစ်ရာ သင်မမြင်ရရင်တော့ သင့်ကိုသူငယ်ချင်းထက်ပိုပြီး မလိုချင်တာသေချာနိုင်တဲ့အတွက် အသစ်ရှာခြင်း၊ ထပ်မံကြိုးစားကြည့်ခြင်းတွေကို သင့်စိတ်တိုင်းကျပြုလုပ်နိုင်ပါတယ်။

၄။ အပြန်အလှန် ကျေးဇူးရှိပါစေ
သင့်ရဲ့ဆန္ဒတစ်ခုခုကို သူကဖြည့်ဆည်းပေးတဲ့အခါတိုင်း ကျေးဇူးတင်ဖို့ မမေ့သင့်သလို့ သူ့အတွက်လည်း ကောင်းတာတစ်ခုခုပြန်လုပ်ပေးဖို့ ကြိုးစားပါ။ ယခုလိုအပြန်အလှန်ဖေးမမှုနဲ့ ကျေးဇူးသိတတ်မှုဟာ အမူအကျင့်တစ်ခုကဲ့သို့ ဖြစ်လာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အာရုံစိုက်မှုနဲ့ ကြင်နာမှုယုယမှု တိုးလာစေပါတယ်။ ဒါပေမယ့် ဘယ်တော့မှ တစ်ဖက်သတ်ဂရုစိုက်မှုတွေ မျက်နှာသာရအောင်ကြိုးစားမှုတွေကို မပြုလုပ်မိပါစေနဲ့။ သင့်ကိုတစ်ခြားတစ်ယောက်က အမှတ်ရနေဖို့ဆိုရင် သူ့အတွက်သင့်ရဲ့ space လေးကိုထားပေးဖို့လိုပါတယ်။ တိတ်တခိုးနဲ့ အမြဲတမ်းပိုနီးစပ်တဲ့နေရာကနေ ကြိုးစားခြင်းက သင့်ကိုအမှတ်ပိုမရသလို အဆင့်ပိုမတက်စေဖူးဆိုတာကို သတိရပါ။ သင်တို့နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်နေကြတဲ့အတွက် relationship ကို balance ဖြစ်နေမှသာ နောက်တဆင့်ကိုတက်ဖို့ အဆင်ပြေပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

Friend zone ကေန လြတ္ေျမာက္ၿပီး သူငယ္ခ်င္းအခ်စ္ထက္ ပိုလာေစဖို႔အတြက္ နည္းလမ္း
အေနနီးတာၾကာလာတာနဲ႔အမွ် တျဖည္းျဖည္းနဲ႔ သူ႔ကို သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုခ်စ္လာမိတယ္ ဆိုတာကို ဝန္ခံခ်င္ပါတယ္။ ဒါေပမယ့္ ကိုယ့္ဖက္က အရိပ္အေယာင္ျပလိုက္တိုင္း သူငယ္ခ်င္းဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သူကႀကိဳတင္ေရွာင္သြားတတ္လို႔ ေရွ႕ဆက္တိုးမယ့္ ေျခလွမ္းေတြလည္း အားေလ်ာ့ေနပါၿပီ။ ဒီလိုအေျခအေနမ်ိဳးကို သင့္ဘဝမွာ ႀကဳံခ်င္ႀကဳံဖူးႏိုင္ပါတယ္။ ကိုယ့္ဖက္က မ႐ိုးသားတဲ့စိတ္ကို ဖုံးကြယ္ဖို႔ ႀကိဳးစား၍ေသာ္လည္ေကာင္း၊ ကိုယ္ကဖြင့္ေျပာေပမယ့္ သူ႔ဖက္ကျငင္းခဲ့ၿပီး အရင္လိုသူငယ္ခ်င္းလိုပဲ ေနဖို႔ေျပာေနမယ္ဆိုရင္ ဒါဟာ သင့္အတြက္ friend zone ထဲက်ေရာက္ေနတဲ့ အေျခအေနတစ္ခုျဖစ္ပါတယ္။ ဒီလိုအေျခအေနကေန လြတ္ေျမာက္ႏိုင္ဖို႔ဆိုရင္ ယခုေဖာ္ျပမယ့္ ႐ိုးရွင္းတဲ့ နည္းလမ္းေတြနဲ႔ ႀကိဳးစားၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ friend zone ဆိုတဲ့ေနရာဟာ ကိုယ္ခ်စ္တဲ့သူနဲ႔ နီးလွ်က္ေဝးေနၿပီး ကြၽန္ေတာ္တို႔ ရွင္သန္ဖို႔ သိပ္မလြယ္ကူတဲ့ ေနရာျဖစ္ေနလို႔ပါပဲ။

၁။ စိတ္ဝင္စားမႈ ေလွ်ာ့ခ်ေပးပါ
အရင္တုန္းကဆိုရင္ သူငယ္ခ်င္းလို ေနလာတဲ့အတြက္ တစ္ေယာက္ကိုတစ္ေယာက္ ပြင့္ပြင့္လင္းလင္းနဲ႔ ေျပာဆိုဆက္ဆံခဲ့ပါလိမ့္မယ္။ ဒါေပမယ့္ သင္က သူငယ္ခ်င္းထက္ပိုၿပီး သူ႔ဆီကေမွ်ာ္လင့္လာတဲ့အခါ အရင္လို balance ျဖစ္တဲ့ relationship ကေန balance မျဖစ္ေတာ့တဲ့ relationship အျဖစ္သို႔ ေျပာင္းလဲလာပါတယ္။ သင္ကိုယ္တိုင္လည္း သူ႔အေပၚ ပိုၿပီး ဂ႐ုစိုက္တန္ဖိုးထားလာပါလိမ့္မယ္။ ဒါေပမယ့္ သင္သတိထားရမွာက သူငယ္ခ်င္းထက္ပိုတဲ့အခ်စ္ကို လိုခ်င္ရင္ သူငယ္ခ်င္းလိုေပါင္းသင္းရာကေန ခ်ဥ္းကပ္လို႔ မရႏိုင္ဘူးဆိုတာကိုပါပဲ။ ဒါ့ေၾကာင့္ သူနဲ႔အရင္လိုပိုနီးကပ္ဖို႔ႀကိဳးစားရင္း သူ႔အခ်စ္ကိုေမွ်ာ္မွန္းတာထက္ သင့္ရဲ႕စိတ္ဝင္စားမႈကို နည္းနည္းေလာက္ေလွ်ာ့ခ်ၿပီး သူငယ္ခ်င္းထက္ ပိုေဝးတဲ့ေနရာကေန ျပန္လည္ႀကိဳးစားျခင္းက သင့္ကို friend zone ကေနလြတ္ေျမာက္ေအာင္ ကူညီေပးႏိုင္ပါလိမ့္မယ္။

၂။ ေရွာင္ႏိုင္ဖို႔ ႀကိဳးစားပါ
လူရဲ႕သဘာဝဟာ ကိုယ့္မွာရွိေနတဲ့ အရာေတြအေပၚ တန္ဖိုးထားမႈနည္းတတ္ၿပီး ကိုယ့္မွာမရွိေတာတဲ့ အခ်ိန္ၾကမွ တန္ဖိုးကိုပိုၿပီး သိလာတတ္ပါတယ္။ သင္နဲ႔သူဟာ သူငယ္ခ်င္းေတြ ျဖစ္ၾကတဲ့အတြက္ သင့္ဆီက ယုံၾကည္မႈ၊ အခ်ိန္ေပးမႈ၊ ဂ႐ုစိုက္မႈ၊ နားလည္မႈေတြကို သူကအလိုလိုရေနတဲ့အတြက္ သင့္ရဲ႕တန္ဖိုးေတြကို သူသိပ္ၿပီး သတိထားမိမွာ မဟုတ္ပါဘူး။ တကယ္လို႔သာ သင္က႐ုတ္တရက္ သူ႔ကိုေရွာင္လာၿပီး အရင္ကထက္ေဝးေအာင္ ေနမယ္ဆိုရင္ သူ႔ရဲ႕ဆုံးရႈံးမႈအေပၚ ပိုၿပီး ခံစားလာရသလို သင္နဲ႔အရင္လိုျပန္နီးဖို႔ ႀကိဳးစားလာပါလိမ့္မယ္။ ဒီလိုအခ်ိန္ေရာက္မွ သူ႔အခ်စ္ကိုရရွိဖို႔ ျပန္လည္ႀကိဳးစားမယ္ဆိုရင္ ရလာဒ္ဟာ ေကာင္းတဲ့ဆန္႔က်င္ဖက္ကို ေရာက္လာဖို႔ အခြင့္အေရးပိုမ်ားပါတယ္။

၃။ ၿပိဳင္ပြဲအခ်ိဳ႕ကို ဖန္တီးပါ
ၿပိဳင္ဆိုင္ျခင္းနဲ႔ အနာလိုမႈဟာ သင့္တို႔ရဲ႕ relationship ကိုပိုတိုးတက္ေစလာမယ့္ နည္းလမ္းတစ္ခုျဖစ္ခ်င္ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင္ခ်စ္ေနတဲ့ သူငယ္ခ်င္းဟာ မိန္းကေလးဆိုရင္ အျခားမိန္းကေလးသူငယ္ခ်င္း အသစ္ေတြထပ္ရွာပါ။ ၿပီးရင္ သူငယ္ခ်င္းအသစ္ေတြရဲ႕အေၾကာင္းကို သူမအားမၾကာခဏေျပာျပပါ။ တကယ္လို႔သာ သင္ကသူငယ္ခ်င္းအသစ္ေတြနဲ႔ပဲ အလုပ္မ်ားေနမယ္ဆိုရင္ သင့္အေပၚသူက ပိုအာ႐ုံစိုက္မႈ၊ မနာလိုမႈ၊ သင္နဲ႔အခ်ိန္ပိုရဖို႔နဲ႔ ယွဥ္ၿပိဳင္လိုမႈေတြ သူ႔စိတ္မွာ ျဖစ္ေပၚလာေစပါတယ္။ ကံေကာင္းရင္ေတာ့ သူ႔ရဲ႕မသိစိတ္မွာဖုံးကြယ္ေနတတ္တဲ့ သင့္အေပၚအခ်စ္ေတြ အလိုလိုေပၚလာပါလိမ့္မယ္။ သူ႔ဖက္က မနာလိုမႈတစ္စုံတစ္ရာ သင္မျမင္ရရင္ေတာ့ သင့္ကိုသူငယ္ခ်င္းထက္ပိုၿပီး မလိုခ်င္တာေသခ်ာႏိုင္တဲ့အတြက္ အသစ္ရွာျခင္း၊ ထပ္မံႀကိဳးစားၾကည့္ျခင္းေတြကို သင့္စိတ္တိုင္းက်ျပဳလုပ္ႏိုင္ပါတယ္။

၄။ အျပန္အလွန္ ေက်းဇူးရွိပါေစ
သင့္ရဲ႕ဆႏၵတစ္ခုခုကို သူကျဖည့္ဆည္းေပးတဲ့အခါတိုင္း ေက်းဇူးတင္ဖို႔ မေမ့သင့္သလို႔ သူ႔အတြက္လည္း ေကာင္းတာတစ္ခုခုျပန္လုပ္ေပးဖို႔ ႀကိဳးစားပါ။ ယခုလိုအျပန္အလွန္ေဖးမမႈနဲ႔ ေက်းဇူးသိတတ္မႈဟာ အမူအက်င့္တစ္ခုကဲ့သို႔ ျဖစ္လာတဲ့အခါ တစ္ေယာက္ကိုတစ္ေယာက္ အာ႐ုံစိုက္မႈနဲ႔ ၾကင္နာမႈယုယမႈ တိုးလာေစပါတယ္။ ဒါေပမယ့္ ဘယ္ေတာ့မွ တစ္ဖက္သတ္ဂ႐ုစိုက္မႈေတြ မ်က္ႏွာသာရေအာင္ႀကိဳးစားမႈေတြကို မျပဳလုပ္မိပါေစနဲ႔။ သင့္ကိုတစ္ျခားတစ္ေယာက္က အမွတ္ရေနဖို႔ဆိုရင္ သူ႔အတြက္သင့္ရဲ႕ space ေလးကိုထားေပးဖို႔လိုပါတယ္။ တိတ္တခိုးနဲ႔ အၿမဲတမ္းပိုနီးစပ္တဲ့ေနရာကေန ႀကိဳးစားျခင္းက သင့္ကိုအမွတ္ပိုမရသလို အဆင့္ပိုမတက္ေစဖူးဆိုတာကို သတိရပါ။ သင္တို႔ႏွစ္ေယာက္ဟာ သူငယ္ခ်င္းေတြ ျဖစ္ေနၾကတဲ့အတြက္ relationship ကို balance ျဖစ္ေနမွသာ ေနာက္တဆင့္ကိုတက္ဖို႔ အဆင္ေျပပါလိမ့္မယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here