Free Wi-Fiအသုံးပြုတဲ့အခါ သင်သတိထားရမယ့်အချက်(၅)ချက်

0
124
- Advertisement -

Free Wifiထက်ကောင်းတဲ့ အရာဘာများရှိပါဦးမလဲ။ အင်တာနက်ကြောင့် ပိုက်ဆံကုန်ဖို့ စိတ်မပူရတော့ဘူးလေ။ ဒါပေမယ့် သင့်အနေနဲ့ Free Wifiသုံးမယ်ဆိုရင် အခုဖော်ပြပေးမယ့် အရေးကြီးတဲ့ စည်းမျဥ်းငါးခုကို သတိရပါ။

-Advertisement-

၁။ အွန်လိုင်းဘဏ်လုပ်ငန်း (သို့) အွန်လိုင်းရှော့ပင်းများမလုပ်ပါနှင့်

အကယ်၍ သင်အမှန်တကယ်ဒေတာခိုးယူမှုကို ကာကွယ်ဖို့ နှင့် သင့်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို ကာကွယ်ချင်တယ်ဆိုရင် Free Wi-Fiဟာ အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်းတွေအတွက် အကောင်းဆုံးရွေးချယ်မှုမဟုတ်ပါဘူး။ သင့်ရဲ့ ဘဏ်အချက်အလက်တွေကို သင့်ရဲ့လုံခြုံစိတ်ချရတဲ့အကောင့်အတွက် အနည်းဆုံးဒေါ်လာအနည်းငယ်တော့ အကုန်ကျခံသင့်ပါတယ်။

၂။ လုံး၀ပွင့်လင်းသော ကွန်ယက်များအစား Semi-Openများကို သွားပါ

အခမဲ့၀ိုင်ဖိုင်နဲ့ပတ်သက်ရင် အမြဲတမ်းအတွက်ရွေးချယ်စရာရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် Semi-open Wi-Fiက ပိုပြီးတော့ လုံခြုံတဲ့ကွန်ယက်တစ်ခုဖြစ်ပါတယ်။ ၎င်းတို့ကို များသောအားဖြင့်လေဆိပ်ခန်းများ၊ ကော်ဖီဆိုင်များ စတဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။ စကား၀ှက်တွေကို များသောအားဖြင့် ပွင့်ပွင့်လင်းလင်းဖွင့်လို့မရပါဘူး။ ဥပမာအားဖြင့် ကော်ဖီဆိုင်တစ်ခုက သူတို့ရဲ့စကား၀ှက်တွေကို ငွေလက်ခံဖြတ်ပိုင်းတွေမှာ ထည့်သွင်းထားနိုင်ပါတယ်။

၃။ file-sharing optionsတွေကို ပိတ်ပါ

ဘယ်လိုကွန်ပျူတာအမျိုးအစားပဲဖြစ်နေပါစေ သင့်ရဲ့ PCက သင်ဟာ ယုံကြည်စိတ်ချရတဲ့ကွန်ယက်တစ်ခုမှာရှိတယ်လို့ ထင်နေတဲ့အတွက် activateလုပ်တဲ့ file sharing optionsအချို့ရှိနေပါလိမ့်မယ်။ ဒီစနစ်က သင့်systemရဲ့ built-in firewallsများကို enableလုပ်နိုင်တာကြောင့် ၎င်းကို ပိတ်ထားပါ။

၄။ အသုံးမပြုတဲ့အခါ ၀ိုင်ဖိုင်ကိုပိတ်ပါ

သင့်ရဲ့ကွန်ပျူတာကို အသုံးမပြုတဲ့အခါမှာ ၀ိုင်ဖိုင်ကိုပိတ်ထားပါ။ ၎င်းက သင့်အားဒစ်ဂျစ်တယ်အန္တရာယ်တွေက ကာကွယ်ပေးနိုင်ရုံမက ဘက်ထရီကိုလည်း သက်သာစေပါတယ်။

၅။ HTTPsကို သုံးပါ

HTTPsနှင့် သဟဇာတဖြစ်တဲ့ဘယ်၀က်ဘ်မဆို ပိုပြီးတော့ နှစ်သက်တတ်ကြပါတယ်။ သင့်အနေနဲ့ ဒီadd-onကို အသုံးပြုလိုက်တာနဲ့တစ်ပြိုင်နက် သင်ကြည့်ရှုနေတဲ့ siteရဲ့လုံခြုံတဲ့Versionကိုပေးပါတယ်။
သင့်အနေနဲ့ အွန်လိုင်းမှာရှိနေစဥ်မှာ လုံခြုံနေဖို့အရေးကြီးပါတယ်။ အခမဲ့ကွန်ယက်တွေကို အထူးဂရုပြုခြင်းဖြင့် သင့်ရဲ့ကွန်ပျူတာ၊ ကိုယ်ပိုင်အချက်အလက်နှင့် ငွေတွေကို ကာကွယ်ပါ။

Lifestyle_Myanmar

Nyein_Thu

sources-mambee

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here