Fitness App တစ်ခုပေါ်မှာ သမင်တစ်ကောင်ရဲ့ပုံရိပ်ဖန်တီးဖို့ လန်ဒန်တစ်ဝိုက်မှာ ၉နာရီကြာ စက်ဘီးစီးခဲ့တဲ့ စက်ဘီးစီးသမား

0
42

လူတွေအားလုံးမှာ ဖန်တီးမှု လယ်ဗယ်တစ်ချို့ ရှိတယ်လို့ အချို့တွေက ယုံကြည်ကြပါတယ်။ အန်သိုနီဟွိုက်ဆိုသူဟာ သူလုပ်ချင်တာ ကိုအချိန်ပေးလုပ်ရမှ ကျေနပ်သူဖြစ်ပြီး “Strava” လို့ခေါ်တဲ့ လေ့ကျင့်ခန်း အက်ပလီကေးရှင်းတစ်ခုပေါ်မှာ ပုံရိပ်တွေဖန်တီးဖို့ နာရီပေါင်းများစွာ စက်ဘီးခဲ့တဲ့ အပန်းဖြေစက်ဘီးစီးသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီနှစ်၊ ဒီအချိန်မှာ သာမန်ပုံတစ်ပုံ ဆွဲဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါ့ကြောင့် သူက လန်ဒန်တစ်ဝိုက်ကို စက်ဘီးစီးရင်း သမင်တစ်ကောင်ဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

-Advertisement-

အန်တိုနီဟာ သူ့ကိုယ်သူ အပန်းဖြေစက်ဘီးစီးသူ၊ ကလပ်စက်ဘီးစီးသမားလို့ ခေါ်သော်လည်း သူရဲ့ ဖန်တီးမှုပေါ်မှာ အချိန်နှင့် အားထုတ်မှုတွေ အများကြီး ထည့်ခဲ့ရပါတယ်။ သူ့ရဲ့ Strata အနုပညာဖန်တီးမှုတွေဟာ အစီအစဉ်ချဖို့ တော်တော်လေးကြာခဲ့ပေမယ့် အရေအတွက်ထက် အရည်အသွေးကိုသာ အာရုံစိုက်ဖို့ ကြိုးစားခဲ့တယ်လို့ သူကဆိုပါတယ်။ သူဟာ ကနေဒါနိုင်ငံမှ Stephen Lundနှင့် တခြားသူတွေ ဒီလိုလုပ်တာကို မြင်တွေ့ခဲ့ရတဲ့အတွက် ငါကြိုးစားသွားမယ် လို့ ဟွိုက် ကဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည််း သူဟာ ဒီစန်တာကလော့ ဘိုးဘိုးကြီးပုံကို ၄နာရီခွဲကြာအောင် ဖန်တီးခြင်းဖြင့် စက်ဘီးစီး ကမ္ဘာကြီးကို အံအားသင့်စေခဲ့ပါတယ်။

ဟွိုက်ဟာ ဒီဇိုင်းနာတစ်ယောက်အဖြစ် လေ့ကျင့်ခဲ့တာပါ။ ဒီလေ့ကျင့်ထားတာကို သူ့အလုပ်မှာ အသုံးမပြုခဲ့ပေမယ့် အနုပညာလက်ရာကို စီစဉ်ရာမှာ အကူအညီဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ များသောအားဖြင့် ဂူဂဲလ်နှင့် အခြားအွန်လိုင်းမြေပုံတွေကို လေ့လာခဲ့ပြီး ရှိပြီးသား လမ်းတွေရဲ့ ပုံစံတွေကို ရှာဖွေခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here