လူအများစုက (၇) စက္ကန့်ဆိုတဲ့ အချိန်အတွင်းမှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုလူမျိုးဖြစ်နိုင်မလဲဆိုတာ မှန်းဆသတ်မှတ်လေ့ရှိပါတယ်။ ဒီမှန်းဆသတ်မှတ်ချက်ပေါ်မှာ မူတည်ပြီး သင့်အပေါ်လူတွေရဲ့ ပြောဆိုဆက်ဆံပုံ ပြောင်းလဲကွာခြားသွားတာပါ။ ဒါကြောင့်အလုပ်ခွင် အင်တာဗျူးမှာပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံနှုတ်ဆက်ကြရာမှာပဲ ဖြစ်ဖြစ် First Impression ကောင်းဖို့ အလွန်အရးကြီးပါတယ်။
(၁) ပြုံးပါ
လူတယောက်ရဲ့ မျက်နှာသွင်ပြင် အနေအထားဟာ First Impression ကောင်းမွန်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ သင်ဟာ ပွင့်လင်းပြီး ဖော်ရွှေသူတစ်ယောက်ဖြစ်ကြောင်း သင့်ရဲ့ အပြုံးက ကူညီပေးနိူင်ပါတယ်။ အပြုံးဟာ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ စိတ်ထဲမှာ သက်သောင့်သက်သာ ဖြစ်စေရုံသာမက သင့်ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေတဲ့ တချို့သော ဟော်မုန်းတွေကိုလည်း လျှော့နည်းစေပါတယ်။

(၂) မှန်မှန်ကန်ကန် လက်ဆွဲ နှုတ်ဆက်ပါ
လက်ဆွဲနှုတ်ဆက်ခြင်းကို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ယဉ်ကျေးသိမ်မွေ့မှုလက္ခဏာတစ်ခုအဖြစ် အများက ယုံကြည်ထားကြပါတယ်။ မှန်ကန်စွာ လက်ဆွဲနှုတ်ဆက်တတ်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မူမြင့်မားစေဖို့ အထောက်အကူဖြစ်စေနိူင်ပါတယ်။ လက်ဆွဲ နှုတ်ဆက်တဲ့အခါမှာ တစ်ဖက်လူရဲ့လက်ကို လျှော့တိလျှော့ရဲကိုင်တာ၊ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်တာမျိုး မလုပ်သင့်ပါဘူး။ တစ်ဖက်လူရဲ့ မျက်လုံးကို ကြည့်ပါ၊ လက်ကို ခိုင်မြဲစွာကိုင်ပါ၊ ပြီးနောက် (၂) စက္ကန့် သို့မဟုတ် (၃) စက္ကန့် လောက် လက်ကို လှုပ်ခါလိုက်ရင် အဆင်ပြေပါပြီ။

(၃) မိတ်ဆက်ခြင်း
ပထမဆုံးတွေ့တဲ့အချိန် (၇) စက္ကန့်ကို အကျိုးရှိစေချင်တယ်ဆိုရင် ပါးစပ်ကနေ မိတ်ဆက်စကားပြောနိုင်အောင်ကြိုးစားပါ။ “တွေ့ရတာဝမ်းသာပါတယ်” ဆိုတဲ့စကားဟာ ရိုးရှင်းပေမဲ့ တစ်ဖက်လူရဲ့ ခပ်တန်းတန်းအနေအထားကို အထိုက်အလျှောက် ဖြေလျှော့ပေးနိူင်ပါတယ်။ စကားပြောတဲ့အချိန်မှာ တစ်ဖက်လူရဲ့ နာမည်ကို မကြာခဏဆိုသလို ထည့်သွင်းပြောကြားပေးပါ။

(၄) ရှင်းလင်းစွာပြောပါ
လူအများစုမှာ ပြောစရာတွေ အများကြီးရှိတတ်ပါတယ်။ ဒါပေမဲ့သူတို့ပြောချင်တဲ့ အရာတွေကို ရှင်းလင်းစွာ မပြောတတ်ကြတာက ပြဿနာတစ်ခုပါ။ စကားပြောတဲ့အချိန်မှာ တတ်နိူင်သမျှ အမှားနည်းအောင်း ကြိုစားပြီးပြောပါ။ အသံကို ကျယ်လောင်စွာ မပြောပါနဲ့။ အေးဆေးတည်ငြိမ်ပြီး ၊ နက်ရှိုင်းတဲ့ လေသံနဲ့ စကားပြောဆိုတတ်သောသူများကို အခြားလူများက ဂရုတစိုက်နားထောင် ပေးကြကြောင်းလေ့လာတွေ့ရှိချက်များအရ သိရပါတယ်။

(၅) မျက်လုံးချင်း ဆုံအောင်ကြည့်ပါ
တစ်ဖက်လူနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ခြင်းက သင်ဟာ မိမိကိုယ်ကို ယုံကြည်မူရှိတဲ့သူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြရာရောက်သလို တစ်ဖက်လူပြောလာမဲ့ (သို့) လက်ရှိပြောနေတဲ့ အကြောင်းအရာများအပေါ် စိတ်ဝင်စားမူရှိကြောင်းကိုလည်း ဖော်ပြရာရောက်ပါတယ်။ အနောက်နိုင်ငံ တချို့တွေမှာ စကားပြောတဲ့ အချိန် မျက်လုံးချင်းဆုံအောင် ကြည့်ခြင်းဟာ တဖက်လူအပေါ်လေးစားမူရှိကြောင်း ဖော်ပြရာရောက်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့အချိန်အကြာကြီး စိုက်ကြည့်တာမျိုးတော့ မဖြစ်ပါစေနဲ့။

(၆) Body Language သုံးပါ
သင့်ရဲ့ ခန္ဓာကိုယ်အနေအထား၊ လက်ဟန်ခြေဟန်အမူအရာလှုပ်ရှားမှုတွေက သင် ပြောဆိုနေတဲ့ အကြောင်းအရာအပေါ် မည်မျှစိတ်အားထက်သန်မူရှိကြောင်း၊ စိတ်ဝင်စားကြောင်း၊ သင်ဟာအမြဲ တက်ကြွနေသူဖြစ်ကြောင်းဖော်ပြရာရောက်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါမှာ Body Language ဟာ First Impression မှာ အလွန်အရေးပါပါတယ်။
Lifestyle_Myanmar
ref-betterup