Facebook တည္ေထာင္သူ Mark Zuckerberg ကို စံခ်ိန္ခ်ိဳးသြားတဲ့ ၂၁ႏွစ္အရြယ္ ဘီလ်ံနာမေလး

0
308
ကမာၻ႕အသက္အငယ္ဆုံး ဘီလ်ံနာ
ကမာၻ႕အသက္အငယ္ဆုံး ဘီလ်ံနာ

Kylie Jenner ဆိုတဲ့ အသက္ ၂၁ႏွစ္အရြယ္ မိန္းကေလးဟာ Cosmetics ထုတ္ကုန္ေရာင္းခ်ၿပီး ကမာၻ႕အသက္အငယ္ဆုံး ဘီလ်ံနာတစ္ဦးျဖစ္လာခဲ့ပါၿပီ။ Forbes မဂၢဇင္းရဲ႕ ထုတ္ျပန္ခ်က္အရ Kylie Jenner ရဲ႕ အလွကုန္ထုတ္လုပ္တဲ့ ကုမၸဏီကို တည္ေထာင္တာ ၃ႏွစ္ေက်ာ္ဝန္က်င္ရွိၿပီး သူမရဲ႕ ထုတ္ကုန္ကို ၿပီးခဲ့တဲ့ ႏွစ္က ေဒၚလာ သန္း ၉၀၀ဖိုး ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း ခန္႔မွန္းထားပါတယ္။

Forbes မဂၢဇင္းရဲ႕ အဆိုအရ facebook တည္ေထာင္သူ Mark Zuckerberg ဟာ အသက္ ၂၃ႏွစ္မွာ ဘီလ်ံနာတစ္ဦးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီး အခု Kylie Jenner ကေတာ့ အသက္ ၂၁ႏွစ္မွာ ဘီလ်ံနာတစ္ဦးျဖစ္လာတာေၾကာင့္ Mark Zuckerberg ရဲ႕ စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ သူမဟာ ကမာၻေပၚမွာ ကိုယ့္အားကိုယ္ကိုးၿပီး ဘီလ်ံနာျဖစ္လာတဲ့ အသက္အငယ္ဆုံး အမ်ိဳးသမီးတစ္ဦးလည္းျဖစ္ပါတယ္။ Bloomberg စီးပြားေရးနဲ႔ ေစ်းကြက္သတင္းမ်ားအရ Kylie Jenner ရဲ႕ တစ္ႏွစ္ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၁.၀၂ ဘီလီယံ ဝန္းက်င္ရွိတယ္လို႔ ခန္႔မွန္းအတည္ျပဳထားၾကပါတယ္။

သူမရဲ႕ အလွကုန္ပစၥည္းေတြရဲ႕ ေရာင္းအားဟာ တစ္မိနစ္ကို တစ္ခုႏႈန္းမကတဲ့ ေရာင္းအားကို ပိုင္ဆိုင္ထားတယ္ဆိုတာ ယခုေအာင္ျမင္မႈႀကီးက သက္ေသျပခဲ့တာပဲျဖစ္ပါတယ္။ အေမရိကန္မွာရွိတဲ့ စတိုးဆိုင္ေပါင္း ၁၀၀၀ေက်ာ္ေလာက္က သူမရဲ႕ထုတ္ကုန္ကိုေရာင္းခ်ေပးတဲ့အတြက္ ဝင္ေငြက တစ္ႏွစ္အတြင္းမွာ ၉% အထိျမင့္တက္ခဲ့တာပဲျဖစ္ပါတယ္။ သူမရဲ႕ ဒီလိုႀကီးထြားလာတဲ့ စီးပြားေရးလုပ္ငန္းရဲ႕ အဓိကေသာ့ခ်က္ကေတာ့ မီဒီယာေတြရဲ႕ ဗ်ဴဟာေတြေၾကာင့္ပါ။ သူတို႔ေၾကာင့္ သူမရဲ႕ ထုတ္ကုန္ေစ်းကြက္မွာ followers သန္း ၁၇၅ ေက်ာ္ ရွိလာခဲ့တာပါလို႔ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ေျမးျဖစ္သူဘြဲ႕ယူတာကို ဂုဏ္ျပဳခ်င္လို႔ မိုင္ေပါင္း ၂၀၀၀ နီးပါး ခရီးႏွင္လာတဲ့ အဘိုးအို

Unicode

Facebook တည်ထောင်သူ Mark Zuckerberg ကို စံချိန်ချိုးသွားတဲ့ ၂၁နှစ်အရွယ် ဘီလျံနာမလေး
Kylie Jenner ဆိုတဲ့ အသက် ၂၁နှစ်အရွယ် မိန်းကလေးဟာ Cosmetics ထုတ်ကုန်ရောင်းချပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးဖြစ်လာခဲ့ပါပြီ။ Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ Kylie Jenner ရဲ့ အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီကို တည်ထောင်တာ ၃နှစ်ကျော်ဝန်ကျင်ရှိပြီး သူမရဲ့ ထုတ်ကုန်ကို ပြီးခဲ့တဲ့ နှစ်က ဒေါ်လာ သန်း ၉၀၀ဖိုး ရောင်းချနိုင်ခဲ့ကြောင်း ခန့်မှန်းထားပါတယ်။

Forbes မဂ္ဂဇင်းရဲ့ အဆိုအရ facebook တည်ထောင်သူ Mark Zuckerberg ဟာ အသက် ၂၃နှစ်မှာ ဘီလျံနာတစ်ဦးအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး အခု Kylie Jenner ကတော့ အသက် ၂၁နှစ်မှာ ဘီလျံနာတစ်ဦးဖြစ်လာတာကြောင့် Mark Zuckerberg ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ကမ္ဘာပေါ်မှာ ကိုယ့်အားကိုယ်ကိုးပြီး ဘီလျံနာဖြစ်လာတဲ့ အသက်အငယ်ဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ Bloomberg စီးပွားရေးနဲ့ စျေးကွက်သတင်းများအရ Kylie Jenner ရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံ ဝန်းကျင်ရှိတယ်လို့ ခန့်မှန်းအတည်ပြုထားကြပါတယ်။

သူမရဲ့ အလှကုန်ပစ္စည်းတွေရဲ့ ရောင်းအားဟာ တစ်မိနစ်ကို တစ်ခုနှုန်းမကတဲ့ ရောင်းအားကို ပိုင်ဆိုင်ထားတယ်ဆိုတာ ယခုအောင်မြင်မှုကြီးက သက်သေပြခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့ စတိုးဆိုင်ပေါင်း ၁၀၀၀ကျော်လောက်က သူမရဲ့ထုတ်ကုန်ကိုရောင်းချပေးတဲ့အတွက် ဝင်ငွေက တစ်နှစ်အတွင်းမှာ ၉% အထိမြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ဒီလိုကြီးထွားလာတဲ့ စီးပွားရေးလုပ်ငန်းရဲ့ အဓိကသော့ချက်ကတော့ မီဒီယာတွေရဲ့ ဗျူဟာတွေကြောင့်ပါ။ သူတို့ကြောင့် သူမရဲ့ ထုတ်ကုန်စျေးကွက်မှာ followers သန်း ၁၇၅ ကျော် ရှိလာခဲ့တာပါလို့ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here