Home Health & Beauty Face Mask ကိုမျက်နှာပေါ်မှာ ကြာကြာထားတာက ကောင်းလား? မကောင်းဘူးလား?

Face Mask ကိုမျက်နှာပေါ်မှာ ကြာကြာထားတာက ကောင်းလား? မကောင်းဘူးလား?

0
111

Face mask ေတြဟာ နာရီဝက္မၾကာဘဲ ကြၽန္မတို႔ရဲ႕အသားအေရကို ပိုေကာင္းေစတဲ့ ေဈးသိပ္မႀကီးေသာ facials အေသးစား ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္မတို႔ေတြဟာ Face Mask လိမ္းၿပီး လုံးဝေျခာက္သြားတဲ့အထိ ေစာင့္တာ သို႔မဟုတ္ မ်က္ႏွာေပၚမွာ face mask လိမ္းၿပီး အိပ္တာက အက်ိဳးအာနိသင္ အမ်ားႀကီးရမယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါက လုံးဝမွားေနပါတယ္။ ကြၽန္မတို႔အသားအေရကို ေကာင္းတာထက္ ပိုၿပီး အႏၲရာယ္ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ face mask ကို အခ်ိန္အရမ္းၾကာၾကာ ထားတာက ေကာင္းလား? face mask (မ်က္ႏွာေပါင္းတင္ေဆး) ကို ဘယ္အခ်ိန္အကန႔္အသတ္ထိ ထားသင့္သလဲ? ဆိုတာကို ပ်ိဳေမတို႔ သိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

face mask (မ်က္ႏွာေပါင္းတင္ေဆး) ေတြဟာ ႐ႊံ႕ကေန Gel Mask, Homemade Mask(DIY), Sheet Mask, Peel Off Mask စသျဖင့္ ပုံစံအမ်ိဳးမ်ိဳးနဲ႔လာပါတယ္။ ဒါ့အျပင္ face Mask ေတြရဲ႕ ရည္႐ြယ္ခ်က္မ်ားကလည္း အမ်ိဳးမ်ိဳးရွိပါတယ္။ hydrating mask မ်ားက အစိုဓါတ္ေပးၿပီး တခ်ိဳ႕ mask မ်ားမွာ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး exfoliate လုပ္ေပးတဲ့ ပါဝင္ပစၥည္းမ်ား ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္အကန႔္အသတ္က အကုန္လုံး မတူပါဘူး။ ဒါ့ေၾကာင့္ mask အမ်ိဳးအစားတစ္ခုစီအတြက္ အခ်ိန္အကန႔္အသတ္ကို ပ်ိဳေမတို႔သိရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

`၁။ Clay Masks (႐ႊံ႕ေပါင္းတင္ေဆး)

Clay Masks မ်ားက သင့္အသားအေရကို သန႔္ရွင္း၊ စင္ၾကယ္ေစပါတယ္။ ၎၏ အညစ္အေၾကးကို စုပ္ယူႏိုင္စြမ္းေတြေၾကာင့္ clay mask ကိုမ်က္ႏွာေပၚမွာ ဘယ္ေတာ့မွ အရမ္းၾကာၾကာ မထားသင့္ပါဘူး။ clay mask ရဲ႕အဆင့္ သုံးဆင့္ရွိပါတယ္။ ပထမအဆင့္က အျပင္ကေန အက်ိဳးျပဳ သတၱဳဓါတ္ေတြကို သင့္အသားအေရက စုပ္ယူတဲ့ စိုစြတ္မႈ အဆင့္ျဖစ္ပါတယ္။ ၿပီးေနာက္ mask ရဲ႕ ေအးျမမႈႏွင့္ ထိေတြ႕မႈေၾကာင့္ ေသြးစီးဆင္းမႈကို လႈံ႕ေဆာ္ေပးၿပီး သင့္ရဲ႕ဆံခ်ည္မွ်င္ေသြးေၾကာေလးမ်ားကို exercises လုပ္ေပးတဲ့ ေျခာက္ေသြ႕မႈအဆင့္ စတင္ပါတယ္။ ဒါေပမယ့္ သင့္အသားအေရမ်က္ႏွာျပင္ကေန အစိုဓါတ္ေတြကို စုပ္ယူတဲ့ ေျခာက္ေသြ႕မႈအဆင့္ၿပီးေနာက္ ၾကာလာတဲ့အခါ ယားယံျခင္းႏွင့္ ေရဓါတ္ခန္းေျခာက္ျခင္း ျဖစ္ေပၚပါတယ္။ ဒါ့ေၾကာင့္ ေနာက္တစ္ခ်ိန္ ႐ႊံေပါင္းတင္ေဆးသုံးတဲ့အခါ အလႊာလိုက္ကြာက်တဲ့အထိ ေစာင့္ၿပီး မ်က္ႏွာမသစ္ပါနဲ႔။ အနည္းဆုံး ၃မိနစ္ေလာက္ပဲ အေျခာက္ခံပါ။ မိနစ္ ၂၀ထက္ ပိုမၾကာသင့္ပါဘူး။

၂။ ဓါတု exfoliantေတြ မပါတဲ့ Cream/gel masks

ဒီေပါင္းတင္ mask ေတြမွာ ဆိုး႐ြားတဲ့ မည္သည့္ပါဝင္ပစၥည္းမွ မရွိပါဘူး။ သူတို႔ဟာ အသားအေရကို အစိုဓါတ္ေကာင္းေကာင္း ရရွိေစယုံသာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီ mask ကို သင္ႀကိဳက္တဲ့အခ်ိန္ထိထားႏိုင္ပါတယ္။ တခ်ိဳ႕ ခရမ္နဲ႔ ဂ်ယ္ mask ေတြက တစ္ညလုံးေတာင္ ထားႏိုင္ၿပီး မ်က္ႏွာျပန္သစ္စရာ မလိုပါဘူး။ ဒါ့ေၾကာင့္ ဒီ mask ေတြက အသုံးျပဳတာက ေဘးကင္းၿပီး သင္ၾကာၾကာထားရင္ ရလဒ္က ပိုေကာင္းပါတယ္။

၃။ exfoliating အက္ဆစ္မ်ား, အင္ဇိုင္းဓါတ္မ်ား, or retinoids

exfoliating ingredients, enzymes or retinoids ပါဝင္တဲ့ face mask မ်ားက မ်က္ႏွာေပၚမွာ တင္းတင္းေလးျဖစ္သြားတဲ့အထိ ထားေပးရင္ ေကာင္းတဲ့အက်ိဳးသက္ေရာက္မႈေတြ ရရွိပါတယ္။ Exfoliating Mask ရဲ႕ အဓိက ရည္႐ြယ္ခ်က္ကေတာ့ exfoliating ဆိုတဲ့ အတိုင္း exfoliating နဲ႔ cleansing လုပ္ေပးႏိုင္တာပါပဲ။ သူ႔ကိုေတာ့ အသားညစ္ညမ္းေနတဲ့ သူေတြ ဆားဝက္ၿခံ အမဲစက္ ရွိတဲ့ သူေတြ သုံးေပးသင့္ပါတယ္။ အခ်ိန္အကန႔္အသတ္အေနနဲ႔ ၁၀ မိနစ္အတြင္း သို႔မဟုတ္ ယားယံျခင္း၊ ေျခာက္ေသြ႕ျခင္း၊ တင္းက်ပ္ျခင္း ခံစားရလွ်င္ ဖယ္ရွားေပးတာ ျပဳလုပ္ေပးပါ။ ဒါက သင့္ရဲ႕သဘာဝအသားအေရ အတားအဆီးကို ထိခိုက္မႈျဖစ္လာေစတဲ့ လကၡဏာ ျဖစ္ပါလိမ့္မယ္။

၄။ Sheet Masks

Sheet Masks ကိုအခ်ိန္ၾကာၾကာထားျခင္းက တကယ္ေတာ့ သင့္အသားအေရထဲက အစိုဓါတ္ကို ျပန္ၿပီးစုပ္ယူႏိုင္တဲ့ ေျပာင္းျပန္သက္ေရာက္မႈ ရွိပါတယ္။ ဒါ့ေၾကာင့္ သင့္အသားအေရကေန သတၱဳဓါတ္မ်ားနဲ႔ ဗီတာမင္မ်ား ဆြဲယူႏိုင္တာေၾကာင့္ sheet ကိုေျခာက္ေသြ႕တဲ့အထိ ဘယ္ေတာ့မွ မေစာင့္ပါနဲ႔။ မိနစ္ ၂၀ အခ်ိန္ကန႔္သတ္ၿပီး မိနစ္ ၃၀ထက္ပိုၿပီး မထားသင့္ပါဘူး။ over essence ထားခ်င္ရင္ေတာ့ သင့္လည္ပင္း၊ လက္မ်ားႏွင့္ ေျခေထာက္ေတြေပၚမွာ လိမ္းႏိုင္ပါတယ္။ အေရးအႀကီးဆုံးက sheet masks ႏွင့္ဘယ္ေတာ့မွ မအိပ္သင့္ပါဘူး။ skin care အေနနဲ႔ သုံးမယ္ဆိုရင္ေတာ့ တစ္ပတ္ တစ္ႀကိမ္ ကေန ႏွစ္ႀကိမ္ထိ သုံးႏိုင္ပါတယ္။

၅။ Peel Off Mask

Peel Off Mask ေတြက အသားအေရရဲ႕ အေပၚယံအလႊာကို ခြာပစ္တာေၾကာင့္ နည္းနည္းထိခိုက္မႈ ျဖစ္ႏိုင္ပါတယ္။ ေခၽြးေပါက္ျပႆနာမ်ား ျဖစ္ေစတာေၾကာင့္ အသားအေရပံုမွန္အမ်ိဳးအစား ရွိသူေတြသာ သံုးသင့္ၿပီး အဆီျပန္တဲ့သူ၊ အသားေျခာက္တဲ့သူေတြ မသံုးသင့္ပါဘူး။

face mask သုံးတဲ့အခါ သင့္အသားအေရကို မထိခိုက္ေစဖို႔ သတိရပါ။ ဒါ့ေၾကာင့္ အခ်ိန္ျပည့္ရင္ mask ကို ဖယ္ရွားၿပီး ခ်က္ခ်င္း မ်က္ႏွာသစ္ေပးပါ။ အေကာင္းဆုံးကေတာ့ မိနစ္ ၂၀ထက္ပိုၿပီး mask ကို မထားပါနဲ႔။

LM_Nandar

Lifestyle_Myanmar

Unicode

Face Mask ကိုမျက်နှာပေါ်မှာ ကြာကြာထားတာက ကောင်းလား? မကောင်းဘူးလား?
Face mask တွေဟာ နာရီဝက်မကြာဘဲ ကျွန်မတို့ရဲ့အသားအရေကို ပိုကောင်းစေတဲ့ ဈေးသိပ်မကြီးသော facials အသေးစား ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့တွေဟာ Face Mask လိမ်းပြီး လုံးဝခြောက်သွားတဲ့အထိ စောင့်တာ သို့မဟုတ် မျက်နှာပေါ်မှာ face mask လိမ်းပြီး အိပ်တာက အကျိုးအာနိသင် အများကြီးရမယ်လို့ ယုံကြည်ကြပါတယ်။ ဒါက လုံးဝမှားနေပါတယ်။ ကျွန်မတို့အသားအရေကို ကောင်းတာထက် ပိုပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် face mask ကို အချိန်အရမ်းကြာကြာ ထားတာက ကောင်းလား? face mask (မျက်နှာပေါင်းတင်ဆေး) ကို ဘယ်အချိန်အကန့်အသတ်ထိ ထားသင့်သလဲ? ဆိုတာကို ပျိုမေတို့ သိစေဖို့ မျှဝေပေးလိုက်ပါတယ်။

face mask (မျက်နှာပေါင်းတင်ဆေး) တွေဟာ ရွှံ့ကနေ Gel Mask, Homemade Mask(DIY), Sheet Mask, Peel Off Mask စသဖြင့် ပုံစံအမျိုးမျိုးနဲ့လာပါတယ်။ ဒါ့အပြင် face Mask တွေရဲ့ ရည်ရွယ်ချက်များကလည်း အမျိုးမျိုးရှိပါတယ်။ hydrating mask များက အစိုဓါတ်ပေးပြီး တချို့ mask များမှာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး exfoliate လုပ်ပေးတဲ့ ပါဝင်ပစ္စည်းများ ပါဝင်ပါတယ်။ ဒါ့ကြောင့် အချိန်အကန့်အသတ်က အကုန်လုံး မတူပါဘူး။ ဒါ့ကြောင့် mask အမျိုးအစားတစ်ခုစီအတွက် အချိန်အကန့်အသတ်ကို ပျိုမေတို့သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

`၁။ Clay Masks (ရွှံ့ပေါင်းတင်ဆေး)
Clay Masks များက သင့်အသားအရေကို သန့်ရှင်း၊ စင်ကြယ်စေပါတယ်။ ၎င်း၏ အညစ်အကြေးကို စုပ်ယူနိုင်စွမ်းတွေကြောင့် clay mask ကိုမျက်နှာပေါ်မှာ ဘယ်တော့မှ အရမ်းကြာကြာ မထားသင့်ပါဘူး။ clay mask ရဲ့အဆင့် သုံးဆင့်ရှိပါတယ်။ ပထမအဆင့်က အပြင်ကနေ အကျိုးပြု သတ္တုဓါတ်တွေကို သင့်အသားအရေက စုပ်ယူတဲ့ စိုစွတ်မှု အဆင့်ဖြစ်ပါတယ်။ ပြီးနောက် mask ရဲ့ အေးမြမှုနှင့် ထိတွေ့မှုကြောင့် သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးပြီး သင့်ရဲ့ဆံချည်မျှင်သွေးကြောလေးများကို exercises လုပ်ပေးတဲ့ ခြောက်သွေ့မှုအဆင့် စတင်ပါတယ်။ ဒါပေမယ့် သင့်အသားအရေမျက်နှာပြင်ကနေ အစိုဓါတ်တွေကို စုပ်ယူတဲ့ ခြောက်သွေ့မှုအဆင့်ပြီးနောက် ကြာလာတဲ့အခါ ယားယံခြင်းနှင့် ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ ဒါ့ကြောင့် နောက်တစ်ချိန် ရွှံပေါင်းတင်ဆေးသုံးတဲ့အခါ အလွှာလိုက်ကွာကျတဲ့အထိ စောင့်ပြီး မျက်နှာမသစ်ပါနဲ့။ အနည်းဆုံး ၃မိနစ်လောက်ပဲ အခြောက်ခံပါ။ မိနစ် ၂၀ထက် ပိုမကြာသင့်ပါဘူး။

၂။ ဓါတု exfoliantတွေ မပါတဲ့ Cream/gel masks
ဒီပေါင်းတင် mask တွေမှာ ဆိုးရွားတဲ့ မည်သည့်ပါဝင်ပစ္စည်းမှ မရှိပါဘူး။ သူတို့ဟာ အသားအရေကို အစိုဓါတ်ကောင်းကောင်း ရရှိစေယုံသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ mask ကို သင်ကြိုက်တဲ့အချိန်ထိထားနိုင်ပါတယ်။ တချို့ ခရမ်နဲ့ ဂျယ် mask တွေက တစ်ညလုံးတောင် ထားနိုင်ပြီး မျက်နှာပြန်သစ်စရာ မလိုပါဘူး။ ဒါ့ကြောင့် ဒီ mask တွေက အသုံးပြုတာက ဘေးကင်းပြီး သင်ကြာကြာထားရင် ရလဒ်က ပိုကောင်းပါတယ်။

၃။ exfoliating အက်ဆစ်များ, အင်ဇိုင်းဓါတ်များ, or retinoids
exfoliating ingredients, enzymes or retinoids ပါဝင်တဲ့ face mask များက မျက်နှာပေါ်မှာ တင်းတင်းလေးဖြစ်သွားတဲ့အထိ ထားပေးရင် ကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရရှိပါတယ်။ Exfoliating Mask ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ exfoliating ဆိုတဲ့ အတိုင်း exfoliating နဲ့ cleansing လုပ်ပေးနိုင်တာပါပဲ။ သူ့ကိုတော့ အသားညစ်ညမ်းနေတဲ့ သူတွေ ဆားဝက်ခြံ အမဲစက် ရှိတဲ့ သူတွေ သုံးပေးသင့်ပါတယ်။ အချိန်အကန့်အသတ်အနေနဲ့ ၁၀ မိနစ်အတွင်း သို့မဟုတ် ယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ တင်းကျပ်ခြင်း ခံစားရလျှင် ဖယ်ရှားပေးတာ ပြုလုပ်ပေးပါ။ ဒါက သင့်ရဲ့သဘာဝအသားအရေ အတားအဆီးကို ထိခိုက်မှုဖြစ်လာစေတဲ့ လက္ခဏာ ဖြစ်ပါလိမ့်မယ်။

၄။ Sheet Masks
Sheet Masks ကိုအချိန်ကြာကြာထားခြင်းက တကယ်တော့ သင့်အသားအရေထဲက အစိုဓါတ်ကို ပြန်ပြီးစုပ်ယူနိုင်တဲ့ ပြောင်းပြန်သက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် သင့်အသားအရေကနေ သတ္တုဓါတ်များနဲ့ ဗီတာမင်များ ဆွဲယူနိုင်တာကြောင့် sheet ကိုခြောက်သွေ့တဲ့အထိ ဘယ်တော့မှ မစောင့်ပါနဲ့။ မိနစ် ၂၀ အချိန်ကန့်သတ်ပြီး မိနစ် ၃၀ထက်ပိုပြီး မထားသင့်ပါဘူး။ over essence ထားချင်ရင်တော့ သင့်လည်ပင်း၊ လက်များနှင့် ခြေထောက်တွေပေါ်မှာ လိမ်းနိုင်ပါတယ်။ အရေးအကြီးဆုံးက sheet masks နှင့်ဘယ်တော့မှ မအိပ်သင့်ပါဘူး။ skin care အနေနဲ့ သုံးမယ်ဆိုရင်တော့ တစ်ပတ် တစ်ကြိမ် ကနေ နှစ်ကြိမ်ထိ သုံးနိုင်ပါတယ်။

၅။ Peel Off Mask
Peel Off Mask တွေက အသားအရေရဲ့ အပေါ်ယံအလွှာကို ခွာပစ်တာကြောင့် နည်းနည်းထိခိုက်မှု ဖြစ်နိုင်ပါတယ်။ ချွေးပေါက်ပြဿနာများ ဖြစ်စေတာကြောင့် အသားအရေပုံမှန်အမျိုးအစား ရှိသူတွေသာ သုံးသင့်ပြီး အဆီပြန်တဲ့သူ၊ အသားခြောက်တဲ့သူတွေ မသုံးသင့်ပါဘူး။

face mask သုံးတဲ့အခါ သင့်အသားအရေကို မထိခိုက်စေဖို့ သတိရပါ။ ဒါ့ကြောင့် အချိန်ပြည့်ရင် mask ကို ဖယ်ရှားပြီး ချက်ချင်း မျက်နှာသစ်ပေးပါ။ အကောင်းဆုံးကတော့ မိနစ် ၂၀ထက်ပိုပြီး mask ကို မထားပါနဲ့။

LM_Nandar

Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here