SM Entertainment ကအႏုပညာရွင္ေတြဟာ ဖိနပ္ဒီဇိုင္းထုတ္ၿပီး ျဖန္ခ်ီမွာျဖစ္ပါတယ္။ Singapore brand တစ္ခုျဖစ္တဲ့ YSNEAKERS က SM Entertainmentရဲ႕ culture street brand ျဖစ္တဲ့ ASTELL & ASPR ႏွင့္အတူ အကန္႔အသတ္ဖိနပ္ေတြကို ပူးေပါင္းထုတ္လုပ္မွာ ျဖစ္ပါတယ္။ EXO-CBX ႏွင့္ Girls’ Generation က Taeyeon, Sunny, Hyoyeon ႏွင့္ Yuri တို႔ဟာ sneaker (အားကစားဖိနပ္)ေတြကို နမူနာ ဒီဇိုင္းေရးဆြဲျခင္း၊ စီမံကိန္းေရးဆြဲျခင္းမွာ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။
“ဒါဟာ Sneaker ကို ကိုယ္တိုင္ဒီဇိုင္းေရးဆြဲရတဲ့ ကၽြန္ေတာ္တို႔ရဲ႕ပထမဆံုးအႀကိမ္ပါ။ ဒါက အရမ္းကြာျခားၿပီး ေပ်ာ္စရာအေတြ႕အႀကံဳလည္း ရခဲ့တယ္လို႔” အႏုပညာရွင္မ်ားက ဆိုပါတယ္။ လည္သာႏွင့္အတူ အႏုပညာရွင္မ်ားကိုယ္တိုင္ ေရြးခ်ယ္ထားတဲ့ ထူးျခားတဲ့ပံုစံႏွင့္ အေရာင္ကို အသံုးျပဳၿပီး အရည္အေသြးျမင့္မားတဲ့ sneaker ဖိနပ္ေတြကို ဖန္တီးသြားမယ္လို႔ သိရပါတယ္။
အဆိုပါ အကန္႔အသတ္ျဖင့္ ထုတ္တဲ့ဖိနပ္ေတြဟာ YSNEAKERS ရဲ႕ဝက္ဘ္ဆိုက္မွတဆင့္ ၾသဂုတ္လအတြင္း ကမာၻတစ္ဝွမ္းသို႔ ေရာင္းခ်သြားမွာျဖစ္ေၾကာင္း၊ ဇူလိုင္လ 25ရက္ေန႔မွာ preorders ေတြကို လက္ခံသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ပထမဆံုးလာ ဝယ္တဲ့သူေတြကိုလည္း အႏုပညာရွင္ရဲ႕ အမည္မ်ားႏွင့္အတူ shoe trees ကဲ့သို႔ ပရိုမိုးရွင္းရွိတယ္လို႔ သိရပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Unicode
EXO-CBX နှင့် Girls’ Generation အဖွဲ့ဝင်တို့ ပူးပေါင်းဒီဇိုင်းထုတ်ထားတဲ့ စကာင်္ပူ Brand အားကစားဖိနပ်
SM Entertainment ကအနုပညာရှင်တွေဟာ ဖိနပ်ဒီဇိုင်းထုတ်ပြီး ဖြန်ချီမှာဖြစ်ပါတယ်။ Singapore brand တစ်ခုဖြစ်တဲ့ YSNEAKERS က SM Entertainmentရဲ့ culture street brand ဖြစ်တဲ့ ASTELL & ASPR နှင့်အတူ အကန့်အသတ်ဖိနပ်တွေကို ပူးပေါင်းထုတ်လုပ်မှာ ဖြစ်ပါတယ်။ EXO-CBX နှင့် Girls’ Generation က Taeyeon, Sunny, Hyoyeon နှင့် Yuri တို့ဟာ sneaker (အားကစားဖိနပ်)တွေကို နမူနာ ဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်းရေးဆွဲခြင်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
“ဒါဟာ Sneaker ကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲရတဲ့ ကျွန်တော်တို့ရဲ့ပထမဆုံးအကြိမ်ပါ။ ဒါက အရမ်းကွာခြားပြီး ပျော်စရာအတွေ့အကြုံလည်း ရခဲ့တယ်လို့” အနုပညာရှင်များက ဆိုပါတယ်။ လည်သာနှင့်အတူ အနုပညာရှင်များကိုယ်တိုင် ရွေးချယ်ထားတဲ့ ထူးခြားတဲ့ပုံစံနှင့် အရောင်ကို အသုံးပြုပြီး အရည်အသွေးမြင့်မားတဲ့ sneaker ဖိနပ်တွေကို ဖန်တီးသွားမယ်လို့ သိရပါတယ်။
အဆိုပါ အကန့်အသတ်ဖြင့် ထုတ်တဲ့ဖိနပ်တွေဟာ YSNEAKERS ရဲ့ဝက်ဘ်ဆိုက်မှတဆင့် သြဂုတ်လအတွင်း ကမ္ဘာတစ်ဝှမ်းသို့ ရောင်းချသွားမှာဖြစ်ကြောင်း၊ ဇူလိုင်လ 25ရက်နေ့မှာ preorders တွေကို လက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။ ပထမဆုံးလာ ဝယ်တဲ့သူတွေကိုလည်း အနုပညာရှင်ရဲ့ အမည်များနှင့်အတူ shoe trees ကဲ့သို့ ပရိုမိုးရှင်းရှိတယ်လို့ သိရပါတယ်။
#Lifestyle_Myanmar
#LM_Nandar