0
404
LM_Nandar
Lifestyle_Myanmar
Unicode
EXO အဖွဲ့ဝင် D.O နဲ့ပတ်သတ်ပြီး သူဘယ်လိုခံစားရတယ်ဆိုတာ မျှဝေခဲ့တဲ့ မင်းသား Jo Jungsuk
ဇန်နဝါရီလ ၂၃ရက်နေ့က Jo Jung suk ဟာ သူ့ရဲ့ဇာတ်ကားသစ် Hit-and-Run Squad နဲ့ပတ်သတ်ပြီး V Live‘s Actor&Chatter မှာအင်တာဗျူးဖြေဆိုခဲ့ပါတယ်။ အင်တာဗျူးနေစဉ်အတွင်းမှာ Lee Jaehoon, EXO’s D.O နှင့် Ryu Junyeol သုံးယောက်ထဲက ဘယ့်သူကို တကယ့်ညီအစ်ကိုတော်ချင်သလဲလို့ Jo Jungsuk ကို မေးခဲ့ပါတယ်။ မင်းသား Jo Jungsuk က EXO’s D.O လို့ထင်နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။ My Annoying Brother ဇာတ်ကားမှာ D.Oဟာ Jo Jungsuk ရဲ့ညီလေးအဖြစ် သရုပ်ဆောင်ခဲ့တာပါ။
“D.O ကိုကျွန်တော့်ရဲ့ ညီလေးအရင်းလို ခံစားနေရတုန်းပဲ။ ဇာတ်ကားမှာ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေက တကယ့်ဘဝမှာ relationship အပေါ် သက်ရောက်မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။”
သူ့မှာ ညီမတစ်ယောက်ရှိရင် Lee Jaehoon နဲ့ Ryu Junyeol ကိုကျော်ပြီး D.O နဲ့ သူမကို မိတ်ဆက်ပေးမိ လိမ့်မယ်လို့ Jo Jungsuk က ထပ်ပြောပါသေးတယ်။
“ဒါက ဖြေရခက်တဲ့မေးခွန်းပါ…သူက အငယ်ဆုံးဆိုတော့ တွန်းအားပေးသင့်တယ်လေ အစ်ကိုကြီးတွေက သူတို့ဘာသာ ရှာနိုင်တယ်” လို့ Jo Jungsuk ကဆိုပါတယ်။
Jo Jungsuk နဲ့ D.O ဟာ 2016 ခုနှစ်က My Annoying Brother ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ပြီးကတည်းက သူတို့ရဲ့ရင်းနှီးတဲ့ ဆက်ဆံရေးကို မျှဝေပေးခဲ့ပါတယ်။ အင်တာဗျူးပေါင်း မြောက်မြားစွာမှာ တစ်ယောက်နဲ့တစ်ယောက် mention ခဲ့ပြီး သူတို့ရဲ့ခင်မင်ရင်းနှီးမှုကို ကြွားဝါခဲ့ပါတယ်။
LM_Nandar
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here