• Latest
  • Trending
  • All
  • News
  • Lifestyle
end-to-end encryption က ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလုံခြုံအောင်ပိုကာကွယ်ပေးနိုင်ပေမယ့် စာတိုပို့ဆောင်ရေး အက်ပလီကေးရှင်းတွေအားလုံးက ဘာလို့ ဒီစနစ်ကို အသုံးမပြုကြသေးတာလဲ?

end-to-end encryption က ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလုံခြုံအောင်ပိုကာကွယ်ပေးနိုင်ပေမယ့် စာတိုပို့ဆောင်ရေး အက်ပလီကေးရှင်းတွေအားလုံးက ဘာလို့ ဒီစနစ်ကို အသုံးမပြုကြသေးတာလဲ?

May 25, 2022
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Thursday, March 23, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည်းစားဟောင်း

    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    မိန်းမချော့နည်း

    မိန်းမချော့နည်း

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home News

end-to-end encryption က ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလုံခြုံအောင်ပိုကာကွယ်ပေးနိုင်ပေမယ့် စာတိုပို့ဆောင်ရေး အက်ပလီကေးရှင်းတွေအားလုံးက ဘာလို့ ဒီစနစ်ကို အသုံးမပြုကြသေးတာလဲ?

by Nandar Lwin
May 25, 2022
in News
0
end-to-end encryption က ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလုံခြုံအောင်ပိုကာကွယ်ပေးနိုင်ပေမယ့် စာတိုပို့ဆောင်ရေး အက်ပလီကေးရှင်းတွေအားလုံးက ဘာလို့ ဒီစနစ်ကို အသုံးမပြုကြသေးတာလဲ?
0
SHARES
247
VIEWS
Share on FacebookShare on Twitter

ပြောကြားသူ – Rakuten Viber ၏ General counsel ဖြစ်သူ Idit Arad

ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှုက လူသားတိုင်း ရရှိသင့်တဲ့ အခြေခံ လူ့အခွင့်အရေးတစ်ခုပါပဲ။ end-to-end encryption ဆိုတာ သန်းပေါင်းများစွာသော သူတွေရဲ့ နေ့စဥ်ဘဝမှာ လူ့အခွင့်အရေး ချိုးဖောက်မခံရဖို့အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးနေတဲ့ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်ကသူတွေက နေ့စဥ်နဲ့အမျှ စာတိုပေးပို့ရေး ပလက်ဖောင်းတွေကို အသုံးပြုနေကြရတဲ့အတွက် ကိုယ်ပေးပို့လိုက်တာတွေ လုံခြုံမှုရှိစေဖို့က အရမ်းအရေးကြီးလာပါတယ်။ အခြေခံအားဖြင့် encryption ပြုလုပ်ထားရင် ကိုယ်ပေးပို့ထားတဲ့ စာအသွားအလာတွေကို စောင့်ကြည့်စစ်ဆေးတာ၊ အချက်အလက်တွေကို တခြားအဖွဲ့အစည်းတစ်ခုကို ရောင်းချတာ၊ ဖော်ထုတ်ပြသတာ စတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုနည်းပညာတွေက ဥရောပသမ္မဂရဲ့ အထွေထွေ ဒေတာကာကွယ်ရေးစည်းကမ်းလိုမျိုး ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာ မူဝါဒတွ၊ ဆိုက်ဘာဥပဒေနဲ့ စည်းမျဥ်းအသစ်တွေ ရေးဆွဲလျက်ရှိတဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အနှံ့က နိုင်ငံတွေအတွက် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒါကြောင့် end-to-end encryption ကို default အနေနဲ့ ထားပေးတဲ့ စာတိုပေးပို့ရေး အက်ပလီကေးရှင်းတွေကိုသာ အသုံးပြုသင့်ပါတယ်။

နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတိုင်းမှာ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ ရှိပါတယ်။ ဒါပေမယ့် end-to-end encryption မဖြစ်မနေ အသုံးပြုရမယ်ဆိုတဲ့စည်းကမ်းကိုတော့ မချမှတ်ထားပါဘူး။ ဒါကြောင့် end-to-encryption အသုံးပြုမပြုက စာတိုပေးပို့ရေး ပလက်ဖောင်းတွေနဲ့သာ ဆိုင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တစ်ပါးသူမှ ရယူမျှဝေခြင်း မပြုလုပ်နိုင်ကြဖို့ စည်းမျဥ်းစည်းကမ်းအရ သတ်မှတ်ထားပေမယ့် တကယ်တမ်းကာကွယ်နိုင်ဖို့အတွက်က လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

ADVERTISEMENT

Encryption မပြုလုပ်ထားတဲ့ ပလက်ဖောင်းတွေက အချက်အလက် ခိုးယူမှုတွေကို မကာကွယ်ပေးနိုင်ကြပါဘူး။ ဟက်ကာတွေနဲ့ ရာဇဝတ်မှုကျူးလွန်လိုသူတွေက တစ်ပါးသူရဲ့ အချက်အလက်တွေကို ဝင်ရောက်ခိုးယူပြီး လိမ်လည်မှုနဲ့ တခြား ဥပဒေနဲ့မကင်းလွတ်တဲ့ လုပ်ဆောင်ချက်တွေအတွက် မသမာသူလက်ထဲကိုရောင်းချတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အက်ပလီကေးရှင်းတွေအနေနဲ့ အချက်အလက်တွေကို ရယူလို့မရတဲ့ နည်းပညာအသုံးပြုလိုက်မယ်ဆိုရင် ဒီလိုမသမာမှု ဖြစ်ပွားနိုင်ချေတွေကို လျှော့ချပေးနိုင်မှာပါ။ ဒါကြောင့် စာတိုပေးပို့ရေး အက်ပလီကေးရှင်းတွေက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ဖို့နဲ့ ဒီအချက်အလက်တွေကို ကုမ္ပဏီအနေနဲ့ ထိန်းသိမ်းထားခြင်းကိုလည်း လျှော့ချဖို့အတွက် ဆောင်ရွက်သင့်ပါတယ်။ end-to-end encryption ကို default ပြုလုပ်ထားမယ်ဆိုရင် အချက်အလက် ခိုးယူမှု၊ လိမ်လည်မှု၊ စောင့်ကြည့်နေမှု စတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ပိုမိုကော်းမွန်စွာနဲ့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အခုခေတ်မှာ စာတိုပေးပို့ရေး အက်ပလီကေးရှင်းတွေကို အသုံးပြုပြီး ရာဇဝတ်မှုကျူးလွန်တဲ့ ကိစ္စရပ်တွေ အများအပြားရှိနေပါတယ်။ လန်ဒန်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတစ်ခုကိုဆိုရင် အီးမေးလ်ကနေ ဆက်သွယ်ပြောဆို ထည့်သွင်းထားတဲ့ အချက်အလက်တွေကတစ်ဆင့် သိရှိပြီး ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ ရာဇဝတ်မှုကျူးလွန်လိုသူ၊ အဖွဲ့အစည်းတွေက ကိုယ်တိုင်ဖန်တီးထားတဲ့ စာတိုပေးပို့ရေးအက်ပလီကေးရှင်း တွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ အက်ပလီကေးရှင်းတွေ အသုံးပြုကြဖို့ လိုအပ်ပါတယ်။

end-to-end encryption အသုံးပြုကြမယ်ဆိုရင် ရာဇဝတ်မှုတွေကို လျှော့ချတားဆီးနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေမှာ ဒီအချက်ကို ထည့်သွင်းရေးဆွဲထားတာမျိုး မတွေ့ရသေးပါဘူး။ လက်ရှိ လုံခြုံရေးဆိုင်ရာ စည်းမျဥ်းတွေက ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ဖို့ အလုံးစုံဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ယေဘုယျအားဖြင့် ချမှတ်ထားတဲ့ စည်းမျဥ်းတွေသာ ဖြစ်ပါတယ်။ တိတိကျကျ သတ်မှတ်ထားခြင်းမရှိတဲ့အတွက် အဖွဲ့အစည်းတွေအနေနဲ့ ဒီစည်းမျဥ်းဘောင်တွေကို ကျော်လွန်ဖို့ ကြိုးစားကြတာမျိုးလည်း ရှိနိုင်ပါတယ်။

ဒါကြောင့် end-to-end encryption ကို စာတိုပေးပို့ရေး အက်ပလီကေးရှင်းတွေမှာထည့်သွင်းဖို့က အက်ပလီ‌ကေးရှင်း တည်ဆောက်သူတွေရဲ့ တာဝန်ဖြစ်လာပြီး ဒီလို အက်ပလီကေးရှင်းတွေ ရွေးချယ်သုံးစွဲဖို့ကလည်း အသုံးပြုသူတွေရဲ့ တာဝန်ဖြစ်လာပါတယ်။ အသုံးပြုသူတွေက end-to-end encryption ကို default အနေနဲ့ထည့်သွင်းထားတဲ့ ပလက်ဖောင်းတွေကိုသာ အသုံးပြုကြမယ်ဆိုရင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေ မသမာသူလက်ထဲရောက်ရှိသွားနိုင်ချေလျှော့ချပေးနိုင်ပြီး ကိုယ့်ရဲ့ အချက်အလက်တွေကို တစ်စုံတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုမှ စောင့်ကြည့်ရယူပြီး သူတို့အကျိုးအမြတ်အတွက် အသုံးပြုကြတာမျိုးကိုလည်း ကန့်သတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာ ဥပဒေတွေမှာ end-to-end encryption နည်းပညာကို ထည့်သွင်းအသုံးမပြုကြသေးမီမှာ အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ကာကွယ်ဖို့ နည်းလမ်းတွေ သိရှိထားဖို့ လိုပါတယ်။ အသုံးပြုသူတွေက လုံခြုံစိတ်ချရတဲ့ အက်ပလီကေးရှင်းတစ်ခုကို မရွေးချယ်နိုင်ခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ပြောဆိုဆက်သွယ်ထားမှုတွေက ပေါက်ကြားနိုင်ချေ ရှိနေပါတယ်။ အချုပ်အားဖြင့် နောင်ပြဌာန်းလာမယ့် လုံခြုံရေးဆိုင်ရာ ဥပဒေ၊ စည်းမျဥ်းတွေမှာ end-to-end encryption ကို default အနေနဲ့ ထည့်သွင်းလာကြမယ်ဆိုရင် အချက်အလက်တွေကာကွယ်ဖို့ များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

Viber

ShareTweetShare
Nandar Lwin

Nandar Lwin

Related Posts

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး၏ ပထမဆုံးဘဏ်ခွဲကို မန္တလေးမြို့တွင်ဖွင့်လှစ်

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး၏ ပထမဆုံးဘဏ်ခွဲကို မန္တလေးမြို့တွင်ဖွင့်လှစ်

by Nandar Lwin
May 20, 2022
0

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် - မန္တလေး၏ ပထမဆုံး ဘဏ်ခွဲကို ဒီဇင်ဘာ ၂၉ ရက် ၂၀၂၁ မှစတင်၍ မန္တလေးမြို့၏ စီးပွါးရေးအချက်အချာကျသောနေရာ၌ ဘဏ်ဝန်ဆောင်မှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းဘဏ်သည် မြန်မာနိုင်ငံရှိ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက်...

ယူကရိန်း နိုင်ငံသားတွေ မိမိတို့ကလေးတွေနဲ့ စစ်ဇုန်အတွင်းမှာ ဖိအားတွေနဲ့ရင်ဆိုင်နေရ

ယူကရိန်း နိုင်ငံသားတွေ မိမိတို့ကလေးတွေနဲ့ စစ်ဇုန်အတွင်းမှာ ဖိအားတွေနဲ့ရင်ဆိုင်နေရ

by Shin Nadi
March 11, 2022
0

ရုရှားနဲ့ ယူကရိန်း စစ်ပွဲဖြစ်ပွားနေချိန်မှာ ယူကရိန်းနိုင်ငံသား အများအပြား စစ်ပွဲအတွင်း အဖက်ဖက်မှ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအပြင် ရုရှားက ဆက်လက် ကျူးကျော်နေတာကြောင့် စစ်ပွဲဇုန်အတွင်း ဆက်နေရန် သူတို့ကလေးတွေရဲ့ ဘဝအတွက် အခက်ခဲဆုံးသော ရွေးချယ်မှုများ ပြုလုပ်ရန်...

ဆေးပညာအရ သမိုင်းတစ်လျှောက် အံ့သြစရာအကောင်းဆုံး Bionic မိန်းကလေး

ဆေးပညာအရ သမိုင်းတစ်လျှောက် အံ့သြစရာအကောင်းဆုံး Bionic မိန်းကလေး

by Shin Nadi
January 27, 2022
0

Olivia Farnsworth ဆိုတဲ့ကောင်မလေးရဲ့ ဖြစ်ရပ်က သမိုင်းတစ်လျှောက် အံ့သြစရာ အကောင်းဆုံး ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ ဗြိတိန်မိန်းကလေး Olivia Farnsworth ဟာ ဆာလောင်မှု၊ နာကျင်မှုကို မခံစားရတဲ့ UK နိုင်ငံက မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို...

2021 MAMA(Mnet Asian Music Awards) ပွဲကို တက်ရောက်ဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ Ed Sheeran

2021 MAMA(Mnet Asian Music Awards) ပွဲကို တက်ရောက်ဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ Ed Sheeran

by Nyein Thu
November 16, 2021
0

ဗြိတိန်တေးရေးဆရာတစ်ဦးဖြစ်သလို အောင်မြင်တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ Ed Sheeran က ၂၀၂၁ ခုနှစ် MAMA ပွဲမှာ ၎င်းရဲ့ အရည်အချင်းအသစ်တွေ၊ စွမ်းဆောင်ရည်အသစ်တွေကို ချပြဖျော်ဖြေသွားဦးမှာပါ။ Mnet အနေနဲ့ ဒီကနေ့ နိုဝင်ဘာလ (၁၆) ရက်နေ့...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!